ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 27, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

>
(Car bomb destroys police station in Pakistan, 6 dead)

**ပါကစ္စတန်ရှိ ရဲစခန်းတစ်ခုအား ဗုံးခွဲတိုက်ခိုက်၊ခြောက်ဦး သေဆုံး**
(ပက်ရှ်ဝါ၊ မေ ၂၅)
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့အနောက်မြောက်ပိုင်းရှိ ရဲတပ်ဖွဲ့စခန်းကို မေ ၂၅ ရက်နံနက်ပိုင်းက အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာ ခြောက်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်အရာရှိများက ပြောကြားသည်။ ဖြစ်ပွားမှုမှာ ဗုံးများအပါအ၀င် ပေါက်ကွဲစေတတ်သည့်ပစ္စည်းမျာအလေးချိန် ၂၅၀ ကီလိုဂရမ်ခန့်တင်ဆောင်ထားသော ထရပ်ကားတစ်စီးဖြင့် သုံးထပ်အဆောက်အအုံရဲစခန်းအတွင်း မောင်းဝင်ကာအ သေခံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

(Two foreigners injured, 500 evacuated in China's Beijing hotel fire – Xinhua)
Firefighters climb to a fire site on a tower ladder in Beijing, capital of China, May 24, 2011. A fire broke out at a high-rise hotel here Tuesday, forcing about 500 to be evacuated. Two were slightly injured in the fire. (Xinhua)
**ပေကျင်းမြို့၌ ဟိုတယ်မီးလောင် ၊လူ ၅၀၀ ကျော် ဘေးကင်းရာပြောင်းရွှေ့ပေးခဲ့ရ**
(ပေကျင်း၊ မေ ၂၅)
တရုတ်နိုင်ငံ ပေကျင်းမြို့အတွင်းရှိ ဟိုတယ်တစ်ခုတွင် မေ ၂၄ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားရာ နိုင်ငံခြားသားနှစ်ဦးဒဏ်ရာရရှိပြီးမီးသတ်တပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။ ပေကျင်းမြို့ အရှေ့မြောက်ပိုင်းရှိ သည် ထရိတ်ဒါးအပ်ပါးအိ(စ်) (The Traders Upper East HoteL ) ဟိုတယ်တွင် မွန်းတည့် ၁၂ နာရီက မီးစတင်လောင်ကျွန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ယင်းမီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်မီးသတ်ကား ၁၈ စီးအသုံးပြုပြီး တစ်နာရီကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ နိုင်ငံခြားသားနှစ်ဦးမှာ ဟိုတယ်၏ ၂၄ ထပ်မြောက်တွင် ပိတ်မိနေပြီး မီးသတ်တပ်ဖွဲ့ဝင်များက ၄င်းတို့အား ကျောပိုး၍ သယ်ဆောင်ပြီး မြေပြင်သို့ပို့ဆောင်ခဲ့ရကြောင်း၊ နိုင်ငံခြားသားနှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

**မလေးရှား၌ နွားနို့ကြောင့် ကလေးငယ် ၄၂ ဦးအစာအဆိပ်သင့်**
(ကွာလာလမ်ပူ၊ မေ ၂၅)
မလေးရှားနိုင်ငံ ဘန်ဒါဂျန်ကာမြို့ရှိစာသင်ကျောင်း တစ်ကျောင်း၌ မေ ၂၄ ရက်က နွားနို့များ သောက်ပြီးနောက် ကျောင်းသား ကျောင်းသူ ၄၂ ဦး အစာအဆိပ်သင့်မှုဖြစ်ပွား ခဲ့ကြောင်း မလေးရှားအရာရှိများက မေ ၂၅ ရက်၌ပြောကြားသည်။ အဆိုပါ စာသင်ကျောင်းမှ တိုက်ကျွေးသော နွားနို့များများကို သောက်ခဲ့ကြသည့် ရှစ်နှစ်၊ ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် ကျောင်းသားကျောင်သူလေးများ မှုးဝေ၊ အော့အန်မှုဖြစ်ပွားခဲ့ရာ ဘန်ဒါဂျန်ကာမြို့ ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှုခံယူခဲ့ရသည် (အင်တာနက်)

**အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ လှေတိမ်းမှောက၊်လေးဦးသေ ၁၁ ဦးပျောက်ဆုံး**
(နယူးဒေလီ၊ မေ ၂၅)
အိန္ဒိယနိုင်ငံ ဥတာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်း ဂန်ဂျပ်မြစ်အတွင်း မေ ၂၄ ရက်က ကူးတို့ယာဉ်တစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လေးဦး ရေနစ်သေဆုံးပြီး ၁၁ ဦးမှာ ပျောက်ဆုံး ရေနစ်သေဆုံးပြီး ၁၁ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ပြည်တွင်း မီဒီယာများက မေ ၂၅ ရက်၌ ဖော်ပြသည်။ ထိုကူးတို့ယာဉ်သည် ခရီးသည် ၂၅ ဦး တင်ဆောင်ထားခြင်းဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့မှ ခရီးသည် ၁၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ရေနစ်သေဆုံးသူ လေးဦးအားရှာဖွေတွေ့ရှိခဲ့သည်။ ၁၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ ထိုပျောက်ဆုံးသူများအား ကယ်ဆယ်ရေးအဖွဲ့မှ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။(အင်တာနက်)

**ဆောင်ဒါမုန်တိုင်း တိုက်ဖွန်းအဖြစ်သို့ရောက်ရှိ လူဇုန်ကျွန်းသို့ ၀င်ရောက်တိုက်ခတ်ဖွယ်ရှိ**
(မနီလာ၊ မေ ၂၅)
ဆောင်ဒါအမည်ရှိမုန်တိုင်းသည် မေ ၂၅ ရက်တွင် တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ အားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းပေါ်သို့မိုးသက်လေပြင်းများနှင့်အတူ ၀င်ရောက်လိမ့်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်မိုးလေ၀သဌာနက ကြေညာသည်။ ယင်းမုန်တိုင်းသည် တစ်နာရီ မိုင် နှုန်းဖြင့် တိုက်ခတ်နိုင်ပြီး မေ ၂၇ ရက်တွင် လူဇုန်ကျွန်းအရှေ့မြောက်ပိုင်း တောင်တန်းဒေသများသို့ ၀င်ရောက်ဖွယ်ရှိကြောင်း၊ မြို့တော်မနီလာသို့လည်းးလမ်းကြောင်းပြောင်းတိုက်ခတ်နိုင်ဖွယ်ရှိကြောင်း မိုးလေ၀သခန့်မှန်းသူများက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

စုစည်းဘာသာပြန်- လှိုင်လှိုင်သင်း၊ မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)