Thursday, December 17, 2015
**အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားနေ့ **
ကျွန်ုပ်တို့၏ မြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့ အစည်းများကွန်ရက်သည် ပြည်တွင်းလုပ်သားရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ စစ်တမ်းကောက်ယူသည့် အရပ်ဖက်အဖွဲ့ အစည်းများကွန်ရက်နှင့်အတူ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင်ကျရာက်သော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့တွင် “ကျွန်ုပ်တို့ အားလုံးသည် ရွှေ့ပြောင်းသူများဖြစ်ကြသည်။” ဟူသော ဆောင်ပုဒ်နှင့် ယနေ့အခမ်းအနားကို ကျင်းပကြခြင်းဖြစ်သည်။ အထူးသဖြင့်ယခုနှစ်သည် ၁၉၉၀ ခုနှစ်ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်အတည်ပြုပြဌာန်းလိုက်သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၄င်းတို့၏ မိသားစုဝင်များအတွက် အခွင့်အရေးများကာကွယ်မှုဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်(ICMW) ကို (၂၅)နှစ်ပြည့်အထိမ်းအမှတ်လည်း ဖြစ်သောကြောင့် ထူးခြားသောနှစ်မြန်မာနိုင်ငံရှိမိသားစုအများအပြားသည် စားဝတ်နေရေးအတွက် ဖြေရှင်းရန် မိသားစုဝင်တဦးဦးက ပြည်တွင်း၌သော်လည်းကောင်း နယ်စပ်ဖြတ်ကျော်ခြင်းဖြင့်လည်းကောင်း သို့မဟုတ်ပြည်ပနိုင်ငံများသို့ရွှေ့ပြောင်းသွားလာရန်ရွေးချယ် လုပ်ဆောင်လာခြင်းကြောင့် ရွှေ့ပြောင်းသွားလာခြင်းကို ကျေးဇူးတင်စွာဖြင့်ဤအခမ်းအနားကို ကျင်းပကြပါသည်။ ကျွန်ုပ်တို့အားလုံးသည်ရွှေ့ပြောင်း သွားလာခြင်း၏ အကျိုး သက်ရောက်မှုကို ခံစားနေရပြီး ကျွန်ုပ်တို့အားလုံးသည် ရွှေ့ပြောင်းသူများကျွန်ုပ်တို့ကွန်ရက်က ရွှေ့ပြောင်းအလုပ်သမား များသည်မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများရှိ မူရင်းရပ်ရွာဒေသများနှင့် ဆိုက်ရောက်ရာ ရပ်ရွာဒေသများ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် တထောင့်တနေရာမှ ပါဝင်ကူညီနေသူများဖြစ်သည်ကို အသိ အမှတ်ပြုကာ အခမ်းအနားကျင်းပခြင်းဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးအားကာကွယ်ပေးသည့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် ၂၅နှစ်ပြည့် အထိမ်းအမှတ်နေ့တွင်ကျွန်ုပ်တို့ကွန်ရက်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအား အောက်ပါ အကြံပြု ၁။ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၄င်းတို့မိသားစုဝင်များ၏ အခွင့်အရေးများကို အာမခံချက်ပေးနိုင်ရန် အတွက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးများ ကာကွယ်မှုဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်(၁၉၉၀) ICMW ကိုအတည်ပြု လက်မှတ်ရေးထိုးရန်။
၂။ ရွှေ့ပြောင်းအလုပ်သမားများသည် ကုန်ကျစရိတ်သက်သာပြီး ဘေးကင်း လုံခြုံစိတ်ချသည့် နည်းလမ်းများဖြင့်ရွှေ့ပြောင်းသွားလာနိုင်စေရန်အတွက် ဦးစားပေး ဆောင်ရွက်ပေးရန်။ ၃။ ရွှေ့ပြောင်းသွားလာခြင်းဖြစ်စဉ်တခုလုံးတွင်အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကိုအပြည့်အ၀ကာကွယ်စောင့်ရှောက်ပေးရန်။
၎။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့်အတူ မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တဆင့်ခံလုပ်သားစုဆောင်း သူများမှ ၀န်ဆောင်ခကောက်ယူခြင်းများ ရပ်တန့်ရေး အပါအ၀င်တဆင့်ခံလုပ်သားစုဆောင်းသူများအား စည်းကမ်းလိုက်နာစေရန်အတွက်ဆောင်ရွက်ပေးရန်။
၅။ အသက်မွေးဝမ်းကြောင်းမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းကျောင်းများကို နိုင်ငံအနှံ့တွင် အမျိုးအစား စုံလင်စွာ ဖြင့်ဖွင့်လှစ်ပေးသင့်ပြီး သင်တန်းကုန်ကျစရိတ်သည်အလုပ်သမားများတတ်နိုင် သည့်ပမာဏဖြစ်သင့်ကာနိုင်ငံတကာ အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များ ဖြစ်ရန်အတွက်ဆောင်ရွက်ပေးရန်။
၆။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအောက်ရှိရွှေ့ပြောင်းလုပ်သား ဌာနခွဲရှိတိုင်ကြား ရေးလက်ခံသည့် ဌာနများသည် ရွှေ့ပြောင်းလုပ်သမားများ၏ တိုင်ကြားမှုများကို အချိန်နှင့်တပြေးညီ ထိရောက် မြန်ဆန်စွာ တုံ့ပြန်ဆောင်ရွက်လာနိုင်စေရေးအတွက်ဆောင်ရွက်ပေးရန်။
၇။ ရွှေ့ပြောင်းကလေးများအား နိုင်ငံသားအခွင့်အရေးနှင့် အထူးသဖြင့် ကလေးငယ်များအပေါ် အကြမ်းဖက်အမြတ်ထုတ်ခြင်းများအား အထူးအကာအကွယ်ပေးရေး အပါအ၀င် ရွှေ့ပြောင်းကလေးများ၏ အခွင့်အရေးအားကာကွယ်မြှင့်တင်ရန်အတွက်အလုပ်ရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်။ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုနှင့် အလုပ်သမားများဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးကို သေချာဖော်ဆောင်ပေးနိုင်သဖြင့် ကျွန်ုပ်တို့ကွန်ရက်မှအထက်ပါအချက်များကိုအလေးထား ဆောင်ရွက်ပေးရန်တောင်းဆိုလိုက်ပါသည်။
ဒေါ်သက်သက်အောင် 09794932344
ဦးမျိုးမင်း 09795836249 ဒေါ်ထွေးထွေးသိန်း 09794617449
ကိုရဲရင့်နောင် 09258326090
++ကွန်ရက်အဖွဲ့ဝင်များ++
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM (ရွှေ့ပြောင်းအလုပ်သမားဌာန) Confederation of Trade Unions Myanmar
၂။ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) - အလုပ်သမားရေးရာ 88 Generation (Peace and Open Society) - Labour Department
၃။ မြန်မာနိုင်ငံအနာဂတ်ထွန်းလင်းတောက်ပမှုဖော်ဆောင်ရေးအဖွဲ့ Brilliant Future of Myanmar (BFM)
၎။ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်Migrant Worker Rights Network (MWRN) ၅။ မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Women’s Union)
၆။ ကရင်နှစ်ခြင်းခရစ်ယာန်သာသနာ အဖွဲ့ချုပ်(အမျိုးသမီးဌာန) Karen Baptist Convention (Women Department)
၇။ အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ Labour Rights Defenders and Promoters
၈။ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ(မြို့ပြကျေးလက် သာသနာ) Myanmar Council of Churches-Urban
၉။ မြန်မာနိုင်ငံတောင်သူလယ်သမား စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် Agriculture and Farmer Federation of Myanmar (AFFM-IUF) ၁၀။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့Association of Human Rights Defenders and Promoters (HRDP)
၁၁။ မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂအဖွဲ့ချုပ်Myanmar Maritime Trade Unions Federation (MMTUF)
၁၂။ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်AFFM-CTUM Agriculture and Farmers Federation of Myanmar – CTUM
၁၃။ မဲခေါင်ဒေသရွှေ့ပြောင်းသွားလာခြင်းကွန်ရက်- Mekong Migration Network (MMN)
၁၄။ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
- Myanmar Industrial Craft and Services -TUsF (MICS)
၁၅။ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ Joint Action Committee for Burmese Affairs(JACBA)
၁၆။ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း Foundation for Education and Development
၁၇။ ကလေးသူငယ်လူကုန်ကူးမှုတားဆီးရေး လူငယ်ပညာပေး အဖွဲ့United Against Child Trafficking (United ACT)
////////////////////////////////////
မှတ်ချက်။ ။*အပြည်ပြည်ဆိုင်ရာရွှေ့ ပြောင်းအလုပ်သမားနေ့ *အတွက် မြန်မာနိုင်ငံ(ရန်ကုန်)ILOရုံးတွင်
ဖွဲ့ စည်းထားသော မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအခြေစိုက်အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်အဖွဲ့ မှထုတ်ပြန်ကြေငြာချက်ဖြစ်ပါသည်။
Tuesday, June 3, 2014
==ထိုင်းနိုင်ငံရောက်၎နှစ်ဗီဇာသက်တမ်းပြည့်ရွှေ့ ပြောင်းအလုပ်သမားများအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ===
+သောင်ရင်းနဂါး(JACBA)+
Friday, January 3, 2014
--ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု---
နိုင်ငံတော်သမ်္မတရုံး
အမိန့်အမှတ် ၁/၂၀၁၄
၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် (၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်)
(၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေး သောအားဖြင့် လည်းကောင်း အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(က) အရ နိုင်ငံတော်သမ်္မတသည် ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်(ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်) မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်သည်-
(က) သေဒဏ်ချမှတ်စေခြင်းခံရသူများအတွက် ထောင်ဒဏ်တစ်သက်(နှစ်အကန့်အသတ်မရှိ) သို့ ပြောင်းလဲကျခံစေရန်။
( ခ ) နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်ကျခံနေရသည့် အကျဉ်းသားများ(သေဒဏ်မှ ထောင်ဒဏ် တစ်သက်နှင့် နှစ်အကန့်အသတ်မရှိသို့ လျှော့ပေါ့ကျခံနေသူများမပါ)နှင့် ထောင်ဒဏ်(၄၀)နှစ် အထက်ကျခံနေရသူများအား ထောင်ဒဏ်(၄၀)နှစ်သို့ လျှော့ပေါ့ကျခံစေရန်။
(ဂ) ထောင်ဒဏ်(၄၀)နှစ်နှင့်အောက် ကျခံနေရသည့် အကျဉ်းသားများအား ယင်းတို့ကျခံနေသော ထောင် ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန်။
(ပုံ)
သိန်းစိန်
နိုင်ငံတော်သမ်္မတ
ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော်
Ref-အစိုးရထုတ်သတင်းစာများမှ
Wednesday, December 18, 2013
--လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်ရေးအတွက်တောင်းဆိုချက်ထုတ်ပြန်ခြင်း--
ကမ္ဘာတစ်ဝှမ်းလုံးတွင် တစ်နေရာမှ တစ်နေရာသို့ရွှေ့ပြောင်းသွားလာမှုများသည် ရှေးယခင်ကပင်တည်ရှိခဲ့ပါ သည်။ ယနေ့လက်ရှိတွင်လည်း နိုင်ငံဖြတ်ကျော်ရွှေ့ပြောင်းသွားလာမှုများ၊ ရွှေ့ပြောင်းအလုပ်သမားများဦးရေ သည် သန်းပေါင်းရာချီလျက်ရှိနေပါသည်။ ထိုထိုသောရွှေ့ပြောင်းသွားလာသူများနှင့်ရွှေ့ပြောင်းအလုပ်သမားတို့ အပေါ်တွင် လူသားမဆန်သောခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများ၊ လူ့အခွင့်အရေးနှင့်အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခြင်းများ၊ ခွဲခြားဆက်ဆံခြင်းများ၊ လူကုန်ကူးခြင်းများ အစရှိသည်တို့ပြုမူခံနေကြရပါသည်။ လူ့အသိုင်း အ၀ိုင်းတွင် ဤကဲ့သို့သော မလိုလားဖွယ်ဖြစ်ရပ်များကို အလေးထားတိုက်ဖျက်ရန်နှင့်ကာကွယ်စောင့်ရှောက်ရန် အတွက် ၂၀၀၀ခုနှစ် ဒီဇင်ဘာ၎ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ္ဂညီလာခံက နှစ်စဉ်ဒီဇင်ဘာလ ၁၈ရက်နေ့ကို အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အဖြစ်သတ်မှတ်ပေးခဲ့ပြီး ကမ္ဘာအရပ်ရပ်တွင် အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံသားများဦးရေ ၅-၆ သန်းခန့်တို့သည် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအရပ်ရပ်သို့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်လျက်ရှိပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၁၀%ရှိသော ထိုရွှေ့ပြောင်းအလုပ်သမားတို့သွားလာရာတွင် အများစုမှာ မူလထွက်ခွာရာနိုင်ငံနှင့် သွားရောက်အလုပ်လုပ်သည့်နိုင်ငံ ၂နေရာလုံးတွင် ခေါင်းပုံဖြတ်အကျိုးမြတ်ရှာခံရခြင်းနှင့် အခွင့်အရေးချိုးဖေါက်ခံနေရလျက်ရှိပါသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းများစွာရှိသည့်အနက် အဓိကကျသောအကြောင်းအရာများမှာ _ (က)လုံခြုံစိတ်ချရသောရွှေ့ပြောင်းသွားလာမှုအတွက်ကောင်းမွန်သောစီမံခန့်ခွဲနိုင်သည့်စနစ်မရှိခြင်း (ခ)ပွဲစားများနှင့်အကျင့်ပျက် အလုပ်အကိုင်အေဂျင်စီများအားထိန်းချုပ် အရေးယူမှုအားနည်းခြင်း (ဂ)ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် ဥပဒေ၊ မူဝါဒများအားနည်းခြင်း
(ဃ) တာဝန်ရှိသူများ၏ အဂတိလိုက်စားမှုများကိုမထိန်းချုပ်နိုင်ခြင်း ၊ (င)သံရုံး၊အလုပ်သမားသံအရာရှိများ၏ရွှေ့ပြောင်းအလုပ်သမားများအပေါ်ကာကွယ်ပေးသော အခန်းကဏ္ဍ အားနည်းခြင်း၊
(စ) ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များပြဿနာ စသည်တို့ဖြစ်သည်။ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတို့၏၀င်ငွေနှင့် ပြန်ပို့ငွေများသည် ၎င်းတို့၏မိသားစုများအတွက်သာမကပဲ နိုင်ငံတော်၏အကျိုးစီးပွားအတွက်လည်း များစွာအထောက်အကူပြုလျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံ တော်အစိုးရအနေဖြင့် မိမိနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင်ကောင်းမွန်သော၊စနစ်ကျသောကာကွယ်စောင့်ရှောက်
မှုများပေးရန်အတွက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့တွင် ကျွန်ုပ်တို့အနေဖြင့် အောက်ပါအချက်များကို လေးနက်စွာတောင်းဆိုအပ်ပါသည်။
+တောင်းဆိုချက်+ ၁။ ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးနှင့်စွမ်းရည်ဖွံ့ဖြိုးမှုကိုအလေးထားသည့် ရွှေ့ပြောင်းရေးရာ
မူဝါဒ နှင့် လုပ်ငန်းစဉ်များကို တိကျ၊ရှင်းလင်း၊ခိုင်မာစွာချမှတ် အကောင်ထည်ဖေါ်ဆောင်ရွက်ပေးရန်။
၂။ လုံခြုံစိတ်ချရသောရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင်သည့်သင်တန်းများ၊ အလုပ် အကိုင်ရှာဖွေရေးအေဂျင်စီများအတွက်သင့်လျော်သောစည်းမျဉ်းများနှင့်ထိန်းချုပ်မှုများပါဝင်သော လက်တွေ့ ကျ၊ လိုက်နာရန်လွယ်ကူသော၊ ပွင့်လင်းမြင်သာသောလုပ်ငန်းစဉ်များချမှတ် အကောင်ထည်ဖေါ်ဆောင်ရွက်ပေး ရန်။ ၃။ ရွှေ့ပြောင်းရေးရာနှင့်ပတ်သက်သော ဌာနဆိုင်ရာဝန်ထမ်းများတွင် အဂတိလိုက်စားမှုမဖြစ်ပေါ်ရေးအတွက် ထိန်းချုပ်ဆောင်ရွက်ပေးရန်။
၎။ ငါးဖမ်းလုပ်ငန်းနှင့်အိမ်ဖေါ်လုပ်ငန်း အလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက်မှုနှင့်ခံစားခွင့်များရရှိ ရေးအတွက် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပေးရန်။
၅။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ သွားရောက်လုပ်ကိုင်နေသည့်နိုင်ငံတိုင်းတွင် ကျွမ်းကျင်ပြီးလုံလောက် သော အလုပ်သမားသံအရာရှိများထားရှိပေးရန်။
၆။ အမိမြေသို့ပြန်လာလိုသောအလုပ်သမားများနှင့် ကျွမ်းကျင်အလုပ်သမားများအတွက် သင့်တော်သည့် အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်ပေးရန်။ အထက်ပါတောင်းဆိုချက်များဖြစ်မြောက်အောင်မြင်စေရန်အတွက် ကျွန်ုပ်တို့အနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO နှင့်လည်း ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
· ရွှေ့ပြောင်းအလုပ်သမာအခွင့်အရေးကွန်ရက် (Migrant Workers Rights Network)
· Action Labour Rights · Labour Rights Clinic
· Compassion Child Foundation ( CCF )
· Labour Rights Defenders & Promoters ( LRDP )
· JACBA
ဆက်သွယ်ရန်။ ။ ဦးစိန်ဋ္ဌေး ( MWRN ) 0949278500 ကိုထွန်း ( MWRN ) 0931389989
Monday, December 2, 2013
--မြန်မာအလုပ်သမားတစ်ဦးထို်င်းလမ်းသရဲများ၏ ဓါးဖြင့်အခုတ်ခံရ၊ မဲဆောက်ဆေးရုံကြီးမှာ ကုသခံနေဆဲ.ဆက်လက်ဆေးကုသခံရန် အခက်အခဲတွေ့ နေ---
ပဲခူးတိုင်းလက်ပတန်း မြို့ နယ် ဇီးဖြူကုန်းကျေးရွာ မှာ ၁၉၇၄ ခုနှစ် ၊ အောက်တို ဘာလ ၁၂ရက် နေ့ ကမွေးဖွားခဲ့သည်။အဖ -ဦးဘိုရှိန်၊ အမိဒေါ် လှမြိုင် မွေးချင်း ၄ယောက် ရှိသည့်အနက် တတိယမြောက်သား ဖြစ်သည်။ ထိုင်းနိုင်ငံသို့  ၂၀၀၄ ခုနှစ် တွင်စတင်ရောက်၇ှိသည်။ကျပန်းအလုပ်လုပ်ကိုင်ကိုင်နေသည်မှာယခုအထိဖြစ်သည်။ ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်ရန်ဘာအထောက်အထားမှမရှိပါ။
**အမှုဖြစ်စဉ် အကျဉ်း **
နိုဝင်ဘာ လ ၂၉ ရက် ၂၀၁၃ ခုနှစ်...ည (၇ နာရီ)ခန့် တွင်မဲဆောက်မြို့ မဲတောင်ရပ်ကွက်၊ ၀ါး တောအရပ်၌အလုပ်မှပြန်လာသော ကိုသက်နိုင်ထွန်း -ကိုလမ်းသူရဲ ၄ယောက် က ဓားဖြင့်ဝိုင်းခုတ် ၊၀ိုင်းရိုက်သဖြင့် ဦးခေါင်းဒဏ်ရာ ၃၂ ချက်ချူပ်ရပါသည်။ ထိုနေ့ မှစပြီး နီးစပ်ရာမိတ်ဆွေများက မဲဆောက်ဆေးရုံကြီးသို့ တင်ပေးထားကာဆေးကုသစေပါသည်။ယခုလောလောဆယ် ဆေးကုသစရိတ်
ပထမ အကျော့...အနေဖြင့် (၃၀၀၀ဘတ်)တောင်းခံထားပါသည်။ဆက်လက်တောင်းခံမည့် ပြေစာစာရွက်ရောက်လာရန်ရှိပါသည်။ ကိုသက်နိုင်ထွန်းမှာမဲဆောက်ဆေးရုံကြီး၌ဆက်လက်ဆေးဝါးကုသခံနေဆဲဖြစ်ပြီး သူ့ ကိုမီခိုနေရသောသူဇနီး မစပယ်မိုး (၂၁ နှစ်) နှင့်နို့ စိုအရွယ်သမီးငယ် မှာ ၆ လသာရှိပါသေးသည်။မိသားစုစားဝတ်နေရေးအခက်အခဲရှိပါသည်။ သူတို့ မှာ ကိုယ်ပိုင်လက်ကိုဖုန်းမရှိပါ။
(မစပယ်မိုး (၂၁ နှစ်) နှင့်နို့ စို့ အရွယ်သမီးငယ်)
**တဆင့်...ဆက်သွယ်ရန်**
၀၈၄၆၂၃၄၄၉၄(ကိုမင်းခိုင်+မညို)မဲဆောက်
**လှူဒါန်းရန်ဘဏ်ကဒ်**
ဦးမိုး ကြိုး (မြန်မာရွေ့ ပြောင်းအလုပ်သမားအကျိုးဆောင်) ဘဏ်ကဒ် မှတဆင့်
Suree Vinitchob....
3280793005
Bangkok Bank
(၃၀၀၀ဘတ်တောင်းခံထားသောဆေးကုသစရိတ်ပြေစာ)
Friday, December 10, 2010
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အကျယ်
* Article (1)
All human beings are born free and equal in dignity and rihgts. They are endowed with reason and conseience and should act towards one another in spirit of brotherhood.
* အပိုဒ် ၁
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။
* Article (2)
Everyone is entitled to all the rights and freedoms set forth in this Declaration, without distinction of any kind, such as race, color, sex, language, religion, political or other opinion, national or social origin, property, birth or other status. Furthermore, no distinction shall be made on the bases of the political, juriscictional or international status of the country or territory to which a person belogs, whether it be incependent, trust, non-self-governing or under any other linitation of sovereignty.
* အပိုဒ် ၂
လူတိုင်းသည် လူ့အခွင့် အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား ၊ မ ၊ သဘာဝအားဖြင့် ဖြစ်စေ၊ ဘာသာစကာားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေ စီရင် ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ်တဒေသလောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။
* Article (3)
Everyone has the right to life, liberty and security of person.
* အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။
* Article (4)
No one shall be held in slavery or servitude; slavery and the slave trade shall be prohibited in all their forms.
* အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန် သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအဝယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။
* Article (5)
No one shall be subjected to torture or to crucl, inhuman ordegrading treatment or punishment.
* အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။
* Article (6)
Every one have to rights to recognition every where as a person before the law.
* အပိုဒ် ၆
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။
* Article (7)
All are equal before the law and are entitled without any discrimination to equal protection of the law. All are entitled to equal protection against any discrimination in violation of this Declaration and against any incitement to such discrimination.
* အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာ စာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။
* Article (8)
Every one has the right to an effective remedy by the competent national tribunals for acts violating the fundamental rights granted him by the constitution or by law.
* အပိုဒ် ၈
ဖွဲ့စည်းပုံ အခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက်ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာ ခွင့်ရနိုင်စေရမည်။
* Article (9)
No one shall be subjected to arbitrary arrest. detention or exile.
* အပိုဒ် ၉
မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
* Article (10)
Every one is entitled in full equality to a fair and public heauing by an independent and impartial tribunal,in the determination of his rights and of any criminal charge against him.
* အပိုဒ် ၁ဝ
အခွင့်အရေးများနှင့် တာဝန် ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစား ပိုင်ခွင့်ရှိသည်။
* Article (11)
Every one charged with a penal offence has the right to be presumed innocent until proved guilty according to law in a public trial at which he has all guarantees necessary for his defence.
* အပိုဒ် ၁၁
o (၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။
o Article(11.2) No one shall be held guilty of any penal offence on account of any act or onnission which did constitute a penal offence, under national or international law , at the time when it was commited .Nor shall a heavier penalty be imposed than the one that was applicable at the time the penal offence was committed.
o (၂)လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။
* Article (12)
No one shall be bjected to arbitrary interference which his privacy, fanily, home or correspondence, nor to attacks upon his honour and reputation.Every one has the right to the protection of the law against such interference or attacks.
* အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အဝန်းကို သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ဝင်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာ ကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ် ပိုင်ခွင့်ရှိသည်။
* Article(13.1)
Every one has the right to freedom of movement and residence within the borders of each state.
* အပိုဒ် ၁၃
o (၁)လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
o Article(13.2)Every one has the right to leave any country, including his own and to return to his country.
o (၂)လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်းရှိသည်။
* Article(14.1)
Every one has the right to seek and to enjoy in ther countries asylum persecution.
* အပိုဒ် ၁၄
o (၁)လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။
o Article(14.2) This rights may not invoked in the case of prosecutions genuinely arising from non-political crimes or from acts contrary the purposes and principles of the United Nations.
o (၂)နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘောတရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်းကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှုအခင်များတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။
* Article(15.1)
Every one has the right to a nationality.
* အပိုဒ် ၁၅
o (၁)လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
o Article(15.2) No one shall be arbitrarily deprived of his tionality nor denied the right to change his nationality.
o (၂)ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကို လည်း ငြင်းပယ်ခြင်း မခံစေရ။
* Article (16.1)
Men and wonen of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage and at its dissolution.
* အပိုဒ် ၁၆
o (၁)အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။
o Article (16.2) Marriage shall be entered into only with the free and full consent of the intending spouses.
o (၂)သတို့သား နှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။
o Article (16.3) The family is the natural and fundamental group unit of society and is entitled to protection by society by the State.
o (၃)မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစုသည် လူ့ အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။
* Article (17.1)
Every one has the right to own property alone as well as in association with others.
* အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်းကောင်း ၊ အခြားသူများနှင့် ဖက်စပ်၍ သော်လည်းကောင်း၊ ပစ္စည်းဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။
*
o Article (17.2) No one shall be arbitrarily deprived of his property.
o (၂) ဥပဒေအရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။
* Article (18)
Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.
* အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက် ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင် သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။
* Article (19)
Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.
* အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။
* Article (20.1)
Everyone has the right to freedom of peaceful assembly and association.
* အပိုဒ် ၂ဝ
o (၁)လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့် နှင့် ဖွဲ့စည်းနိုင်ခွင့် တို့ ရှိသည်။
o Article (20.2) No one may be compelled to belong to an association.
o (၂)မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ဝင်စေရန် အတင်းအကျပ်မပြုရ။
* Article (21.1)
Everyone one has the right to take part in the government of his country, directly or through freely chosen representatives.
* အပိုဒ် ၂၁
o (၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။
o Article (21.2) Everyone has the right of equal access to bublic servece in his country.
o (၂)လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။
o Article (21.3) The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.
o (၃)ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့်
ထင်ရှားစေရမည်။ ရွေးကောက် ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။
* Article (22)
Everyone, as a number of society, has the right to social security and is entitled to realization, through natilnal effort and international co-poreation and in accordance with the organization and resources of each state , of the economic, social and cultural rights indispensable for his dignity and the free development of his personality,
* အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူပိုင့်ခွင့်ရှိသည့်အပြင်နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာ ပူပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။
* Article(23.1)
Everyone has the rightto work ,to free choice of employment to just and favourable conditions of work and to protection against unemployment.
* အပိုဒ် ၂၃
o (၁)လူတိုင်းတွင် အလုပ်လုပ် ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန် လည်းကောင်း၊ တရား မျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ် ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။
o Article(23.2) Everyone, without any discrimination, has the right to equal pay for equal work.
o (၂)လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။
o Article(23.3) Everyone, who works has the right to just and favourable remumeration ensuring for himself and his family existence worthy of human dignity, and supplemented,if mecessary other means of social protection.
o (၃)အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင်အခြား နည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။
o Aricle(23.4) Everyone has the right to form and to join reade unions for the protection of his interests.
o (၄)လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။
* Article(24)
Everyone has the right to rest and leisure, including reasonable limitation of working hours and preiodic holidays with pay.
* အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့် ရှိသည်။
* Article(25.1)
Everyone has the right to standard of liveng adequatefor the health and well being of himself of his flmily, including food, clothing housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability,widowhood,old age or other lack of livelihood in circumstances beyond his control.
* အပိုဒ် ၂၅
o (၁)လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အစာအဟာရ၊ အဝတ်အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌ သော်လည်းကောင်း၊
မကျန်းမမာဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန်ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သော်အခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာ ရှာမှီးနိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊ နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။
*
o Article(25.2) Motherhood and childhood are entitled to special care and assistance.All children, whether born in or out of wedlock, shall enjoy the same social protection.
o (၂)သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြား နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေးအားလုံးသည် တူညီသော လူမှု ကာကွယ် စောင့်ရှောက်ရေးကို ရယူ ခံစားကြရမည်။
* Article (26.1)
Everyone has the right to education. Education shall by free, at leaslltl in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all in the basis of merit.
* အပိုဒ် ၂၆
o (၁)လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံးမူလတန်းနှင့် အခြေခံ အဆင့် အတန်းများတွင် ပညာ သင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘူယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။
o Article(26.2)Education shall be directed to the full development of the human personality and to the strengthening of respect ror human rights and fundamental freedoms.It shall promote understanding, tolerance and friendship among all nations racial or religious groups, and shall further the activities of the United Nations for the maintenance of place.
o (၂)ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အဝတိုးတက်မှု အပြင်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစုများ တွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံ မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။
o Article(26.3) Parents have a piror right to hoose the kind of education that shall be given to their children.
o (၃)မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။
* Article(27.1)
Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits.
* အပိုဒ် ၂၇
o (၁)လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမပညာရပ် များကို လွတ်လပ်စွာလိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပံ္ပ ပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့် ရှိသည်။
o Article(27.2) Everyone has the right to the protection of the moral and material intersts resulting from any scientific, literary or artistic production of which he is the author.
o (၂)လူတိုင်းတွင် သိပံ္ပမှ ဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှ ဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ကြံစည်ဖန်းတီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေး ရှိသည်။
* Article(28)
Everyone is entitled to a social and internationalorder in which the rights and freedoms set form in Declaration can be fully realized.
* အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံ ရယူနိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။
* Article(29.1)
Everyone has duties to the community in which alone the free and full development this personality is possible.
* အပိုဒ် ၂၉
o (၁)မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အဝန်း အတွက်လူတိုင်း၌ တာဝန် ရှိသည်။
o Article(29.2)In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of other and of meeting just requirements of morlity, public order and the general welfare in a democratic society.
o (၂)မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ အကျိုး စီးပွား ဖြစ်ထွန်းရေးတို့ အတွက်၊ တရားမျှတစွာကျင့်
ဆောင်ရန် အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
*
o Article(29.3)These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.
o (၃)အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် လည်းကောင်း၊ အခြေခံမူများနှင့် လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။
* Article(30)
Nothing in this Declation may be imterpreted as implying for any atate, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set form herein.
* အပိုဒ် ၃ဝ
ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍၊ နိုင်ငံ တစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စု အတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ။
**ဝိကီ မြန်မာမှ ကူးယူဖော်ပြသည်....**
်
Thursday, May 6, 2010
Thursday, December 17, 2009
17Dec,09//IOM ၏ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းနှင့် နိုင်ငံသားစိစစ်အတည်ပြုခြင်း အပေါ်ရှုမြင်သုံးသပ်ချက် ၂၀၀၉ ခုနှစ်
၂၀၀၆ ခုနှစ်မှစ၍ ၂၀၀၉ စက်တင်ဘာလ ၂၅ ရက်နေ့အထိ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၁၈ ၉၁၆ ဦးအား နိုင်ငံသားစိစစ် အတည်ပြုပေးခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံသား ၅၇ ၆၀၉ ဦးနှင့် လာအိုနိုင်ငံသား ၅၈ ၄၃၀ ဦးတို့ဖြစ်ပြီး မြန်မာနိုင်ငံသား ၂ ၈၇၇ ဦးသာ လုပ်ငန်းပြီး စီးသည်အထိ ဆောင်ရွက်ခဲ့ ....
Thursday, November 5, 2009
ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အလမ်းသစ်…
ဂျွန်လမှ အောက်တိုဘာလအတွင်း သက်တမ်းတိုးရန် မမှီလိုက်သော မတိုးလိုက်ရသော မူလအလုပ်သမားလက်မှတ် (သို့)ထော်ရော ၃၈/၁ ကိုင်ဆောင်ထားသူတို့အတွက် သက်တမ်းတိုးရန် အချိန်ထပ်မံ တိုးပေးလိုက်ပါသည်။
နိုဝင်ဘာလ ၃-ရက် ၂၀၀၉ မှစတင်ပြီး လက်မှတ်များ ထပ်မံပြုလုပ်ပေးနေပါတယ်ဗျို့…
၁. နောက်ထပ် ၁၅-ရက်အတွင်း ထော်ရော ၃၈/၁ မှတ်ပုံတင်ရန်
၂. နောက်ထပ် ၆၀-ရက်အတွင်း ဆေးစစ်ရန်
၃. နောက်ထပ် ၉၀-ရက်အတွင်း အလုပ်သမားကဒ် တိုးရန်
၎. ၃-လအတွက် အလုပ်သမားကဒ်ကြေး ၄၅၀ ဘတ်ငွေ
အလုပ်သမားလက်မှတ်ကိုင်ဆောင်သူများ၏ မှီခိုသူနှင့် ကလေးများအတွက် သူတို့၏ မိဘများ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်ရှိစဉ် ကာလတစ်လျှောက်လုံး မိဘများနှင့် အတူပေးနေခွင့် ကို ၁၅-ရက်အတွင်း ထိုင်းမှ တရားဝင် ကြေညာချက် ထုတ်ပြန်ပါမည်။
၅. ရက် ၉၀ အတွင်း ကလေးများအတွက် မှတ်ပုံတင်ရန်…။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ မိမိတို့ရဲ့အခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံကြပါနဲ့နော်….
***မြန်မာပြည်သားဘလော .***
Wednesday, December 31, 2008
31Dec,08........နှစ်သစ်မဂ်လာဆုတောင်းလွှာ.........
ဘ၀အမောနှင့် သောကအပူတို့ ကို သူ့ အပူ၊ကိုယ့်အပူ မျှဝေယူနေကြရသော မိမိတို့ ၏
မြန်မာပြည်သားအပေါင်း(ပြည်တွင်း+ပြည်ပ)တို့ သည် လာလတ္တံ့ သော ၂၀၀၉ခုနှစ်-
ထိုနှစ်သစ်တွင် ပြိုင်တူတွန်း၍ရွေ့ လျားရလေသော(အပြောင်းအလဲကြီးတခု)ကိုလက်
ဆုပ်လက်ကိုင်ပိုင်နိုင်စွာ စုပေါင်းစွမ်းဆောင်နိုင်ကြပါစေသတည်း......။
ထို့ အပြင် အဖက်ဖက်မှယိုယွင်းပျက်စီးနေသော မိမိတို့ မြန်မာပြည်ကိုလည်း
ကိုယ်စီကိုယ်စီ ရှိနေကြသောကာယ၊ဥာဏ စွမ်းအားများဖြင့် ပြန်လည်တည်ဆောက်
နိုင်ကြပါစေသတည်း ..........။
..........ပင်ပန်းသရွေ့ - အစဉ်ချမ်းမြေ့ ကြပါစေ....ဟု ။
(မြန်မာပြည်သားစာစောင်နှင့်ဘလော့ဂ်ဝိုင်းတော်သားများ)
Thursday, December 18, 2008
18 Dec,2008...ရွှင်လန်းချမ်းမြေ့ ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်.....။
ယနေ့ သည်ကမ္ဘာ့ကုလသမဂ္ဂမှသတ်မှတ်ပြဌာန်းပေးထားသော(နိုင်ငံတကာရွှေ့ ပြောင်းအလုပ်သမားနေ့ )
International Migrant worker's Day ဖြစ်ပေသည်။ မိခင်နိုင်ငံများဆီမှ
နိုင်ငံတကာသို့ ပျံ့ နှံ့ ရောက်ရှိနေကြသောရွှေ့ ပြောင်းအလုပ်သမားအရေအတွက်
သည်တနှစ်ထက်တနှစ်ပိုမို များပြားလာနေရာယခုအခါနိုင်ငံတကာရှိရွှေ့ 
့ပြောင်းအလုပ်သမားအရေအတွက်သည်သန်း၂၀၀နီးပါးရှိလာပြီဟုကျွမ်းကျင်သူများ
ကသုံးသပ်ပြောဆိုကြသည်။မည်သည့်ရွှေ့ ပြောင်းအလုပ်သမား မဆိုရောက် ရှိရာနိုင်ငံ မှဌာနေအလုပ်သမားများမလုပ်ချင်ကြသော-
(၁)ခက်ခဲကြမ်းတမ်းသောအလုပ်(Difficult) ။
(၂)ညစ်ပတ်သောအလုပ်(Dirty)။
(၃)အန္တရာယ်ရှိသောအလုပ်(Dangerous)စသည့်(3D policy)အတိုင်းလုပ်ကိုင်
်ကြရစမြဲဖြစ်ပါသည်။
မိခင်နိုင်ငံမှဌာနေအလုပ်သမားများနှင့်တန်းတူညီတူဆက်ဆံမခံရပဲခွဲခြားဆက်ဆံခံရသည်သာဖြစ်ပါ
သည်။မိမိတို့ မြန်မာရွှေ့ ပြောင်းအလုပ်သမားများဘ၀ကရောယခင်ကထက်ပိုမိုပြီးတိုးတက်သာယာ
ပါပြီလား...? ။မိမိတို့ မြန်မာပြည်သည်နိုင်ငံတကာအလယ်တွင်သဘာဝသယံဇာတပေါကြွယ်ဝသော
နိုင်ငံဖြစ်သည်ဟုလူသိများပါသည်။သို့ ရာတွင်၁၉၆၂ခုနှစ်မှ၁၉၈၈ခုနှစ်အထိမြန်မာပြည်ကိုအုပ်ချူပ်
ခဲ့သောဗိုလ်နေ၀င်း၏၂၆နှစ်ကြာတစ်ပါတီစစ်အစိုးရသည်လည်းကောင်း၊၁၉၈၈ -စက်တင်ဘာလမှ
ယနေ့ အထိမြန်မာပြည်ကိုအနှစ်၂၀ကြာအုပ်စိုးဆဲဖြစ်သော န၀တ/ နအဖစစ်အစိုးရ သည် လည်းကောင်း၊ဆင်းရဲနွမ်းပါးသောမြန်မာပြည်နှင့်ထမင်းမ၀သောမြန်မာပြည်သားတို့ ကို
သာဖန် တီးတည် ဆောက်နိုင်ခဲ့ကြောင်းရှင်းရှင်းလင်းလင်းတွေ့ ရှိရပေသည်။မြန်မာပြည်၏
သဘာဝ သယံဇာတများ ထဲမှအဆီ အနှစ်ကောင်းပေ့ညွှန့် ပေ့ဆိုသည်များကိုစစ်အာဏာ
ရှင်တို့ ကထုတ်ယူထားပြီးဖြစ်သဖြင့်သဘာဝသယံဇတဟူသည်မည်ကာမတ္တမျှသာကျန်ပါ
တော့သည်။မိမိတို့ မြန်မာရွှေ့ ပြောင်းများအနေဖြင့်ထိုင်းနိုင်ငံတွင်လူ၂သန်းကျော်မလေး
ရှား နိုင်ငံတွင်လူ၇သိန်းခန့် ၊ အိန္ဒိယ,ဘင်္ဂလားဒေ့ရှ်,တရုပ်စသည်တို့ တွင်လူ၁ သန်းခန့် ၊ စကာင်္ပူ,
သြစတြေးလျ, အမေရိကန်, အရှေ့ အလယ်ပိုင်းနိုင်ငံအချို့ တို့ တွင်လည်းလူ၁သန်းခန့် အသီးသီးရှိကြ
သည်ဖြစ်၍နိုင်ငံတကာရှိမြန်မာရွှေ့ ပြောင်းအလုပ်သမားအရေအတွက်သည်၅သန်းခန့် ရှိမည်ဟုမိမိတို့ 
မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမူကော်မတီ(JACBA)မှခန့် မှန်းသုံးသပ်ပါသည်။ မိမိတို့ မြန်မာ
ရွှေ့ ပြောင်းအလုပ်သမားများအနေဖြင့်ထိုင်းနိုင်ငံတွင်....
်(၁)်စက်ရုံအလုပ်ရုံလုပ်ငန်းခွင်၊
(၂)ဆောက်လုပ်ရေးလုပ်ငန်းခွင်၊
(၃)မွေးမြူရေးလုပ်ငန်းခွင်၊
(၄)ရေနှင့်ရေထွက်ပစ္စည်းလုပ်ငန်းခွင်၊
(၅)ရာဘာခြံအပါအ၀င်ရာသီအလိုက်စိုက်ပျိုးရေးလုပ်ငန်းခွင်
(၆)အိမ်ဖော်အပါအ၀င်အိမ်တွင်းမှုလုပ်ငန်းခွင်၊
(ရ)ပြည့်တန်ဆာလုပ်ငန်း(၀ါ)လိင်ဖျော်ဖြေရေးလုပ်ငန်းခွင်
(၈)ကျပန်းလုပ်ငန်းခွင်စသည်တို့ တွင်လုပ်ကိုင်နေကြကြောင်းတွေ့ ရှိရပါသည်။့ အဆိုပါလုပ်ငန်းများတွင်ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှလုပ်ကိုင်နေကြသော်လည်း
သတ်မှတ်ထားသောအလုပ်ချိန်နှင့်သတ်မှတ်လုပ်အားခများမရရှိခြင်း၊ကျန်းမာရေး
စောင့်ရှောက်မှုနည်းပါးခြင်း၊လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအစီအမံနှင့်အကာအ
ကွယ်များမရှိသလောက်နည်းပါးခြင်း၊လူမူဖူလုံရေးအစီအစဉ်မရှိခြင်း၊လုပ်ငန်းခွင်
တွင်ထိခိုက်ဒဏ်ရာရရှိသူများနှင့်အသက်ဆုံးရှုးံရသူများအားလျော်ကြေးပေးရန်
်ပျက်ကွက်ခြင်း၊သင့်တင့်မျှတသောလုပ်ငန်းခွင်(Recent Work)လုံးဝမရှိခြင်း၊
အပါအ၀င်အလုပ်သမားအခွင့်အရေးများဆုံးရှုံးနေရသည်ကိုတွေ့ ရှိရပါသည်။
ထိုသို့ သောအခက်အခဲနှင့်အကျပ်အတည်းများကြားမှာပင်လုပ်အားတန်ဖိုးချစ်
မြတ်နိုးကာမြန်မာပြည်တွင်းနှင့်ထိုင်းနိုင်ငံရောက်မိသားစုများအားမိမိလုပ်အား
ခဖြင့်ထောက်ပံ့နေကြသောမြန်မာအလုပ်သမားညီအစ်ကိုမောင်နှမများအား
စိတ်မကောင်းခြင်း၊များစွာကြားမှအမှတ်တရနုတ်ခွန်းဆက်သလိုက်ပါသည်။ထိုင်းအ
လုပ်ရှင်နှင့်ထိုင်ဝမ်၊ကိုရီးယား၊ အမေရိကန်၊ဂျပန်၊စသည့်အလုပ်ရှင်အမျိုးမျိုးအ
ွှစုံစုံတို့ ကို(ဥပမာ-နွား၃/၄ ကောင်နှင့်ဆိုင်ကယ်တစ်စီး၊ခြံတခြံနှင့်ကားအစုတ်
တစီးမျှပိုင်ဆိုင်သူတို့ ကိုပါ..)" သူဌေး" ဟုအမွှန်းတင်ခေါ်ဆိုနေကြရသောမိမိတို့မြန်မာအလုပ်သမားများ၏အောက်ကျနောက်ကျဘ၀များ၏မူလဘူတလားရာအ
ရပ်သည်မိမိတို့ မြန်မာပြည်ဖြစ်သည်ကိုမမေ့ ကြစေလိုပါ။သို့ ဖြစ်၍ယနေ့ ကျ
ရောက်သောနိုင်ငံတကာရွှေ့ ပြောင်းအလုပ်သမားနေ့ အခါသမယတွင်ဘ၀အမော
နှင့်သောကအပူတို့ ကိုသူ့ အပူကိုယ့်အပူမျှဝေယူကြရင်းမလွတ်မြောက်သေးသော
(၀ါ)အဖိနှိပ်ခံရဆဲဖြစ်သောမိမိတို့ ၏ဘ၀အထွေထွေကိုရုန်းကန်လှုပ်ရှားနိုင်ကြ
ပါစေသတည်း...။
လုပ်ငန်းခွင်အသီးသီးတွင်ပင်ပန်းသရွှေ့ -အစဉ်ချမ်းမြေ့ကြပါစေဟုဆုမွန်ကောင်းတောင်းလျက်.....။
xxxxမြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမူကော်မတီ(JACBA)
xxxနေ့ စွဲ....၁၈ ၊ ၁၂ ၊၂၀၀၈
Friday, October 24, 2008
(စုလွှတ်တွေ့ ) အမြန်လုပ်ပါ၊
(24 Oct, 2008)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ... ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသမျှ နှစ်အရေအတွက်မှာ ယနေ့ ဆိုလျှင်(၁၃)နှစ်ရှိခဲ့ပါပြီ၊
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အတွက် ကျနော်တို့ အားလုံး နိုးကြားးတက်ကြွစွာပူးပေါင်းဆောင်ရွက် ကြပါစို့ လား ......၊
စု= ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊
လွှတ်= လွှတ်တော်အမြန်ခေါ်ပေးရေး၊
တွေ့ = တွေ့ ဆုံဆွေးနွေး အဖြေရှာရေး၊
မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမူ ကော်မတီ(JACBA)
Thursday, October 9, 2008
မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ
Joint Action Committee for Burmese Affairs (JACBA)
… ဆိုတာ ဘာတွေ ကူညီ ဆောင်ရွက် ပါသလဲ….?????
ဟုတ်ကဲ့ ….အဓိကလုပ်ငန်းစဉ် (၆)ရပ် ရှိပါတယ် ... အဲဒါတွေကတော့...
(၁)ရွေ့ ပြောင်းအလုပ်သမားတွေ့  နဲ့ အဝေးရောက်မြန်မာပြည်သားတွေအတွက်၂၀၀၅ ခုနှစ်သြဂုတ်လကစပြီး ဒီနေ့ အထိ လစဉ်ထုတ်ဝေတဲ့ မြန်မာပြည်သားစာစောင် ရယ်၊ လိုအပ်ချက်ရှိလာတိုင်းအခြေအနေနဲ့ လျော် ညီသော လက်ကမ်းကြော်ငြာတွေကို ထုတ်ဝေ ဖြန့် ချီပေးပါတယ်။
(၂) ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်အတွင်းကမြို့ နယ်တွေဖြစ်ကြတဲ့ ( မဲဆောက် ၊ဖုတ်ဖရ ၊ မယ်ရမတ်၊ အုန်းဖန်) စတဲ့မြို့  နယ်တွေ ဆီကိုကွင်း ဆင်းပညာပေးတဲ့ အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေ ဆွေးနွေးပွဲတွေကို လစဉ် ဆောင်ရွက်ပါတယ်။
(၃)အလုပ်သမားပြသာနာတွေ ကို ထိုင်းဥပဒေ အတိုင်းကူညီအကျိုးဆောင်တဲ့အခါမှာ ထိုင်းရှေ့ နေများကောင်စီ ဥပဒေအထောက်အကူပြု ဌာန(L L C) ၊ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်(FTUB) ၊ မြန်မာနိုင်ငံ အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) ၊ မြန်မာနိုင်ငံရှေ့ နေများကောင်စီ(BLC) ၊ စတဲ့ မဟာမိတ်အဖွဲ့ အစည်းတွေနဲ့ လိုအပ်သလိုပူးပေါင်းဆောင်ရွက်ပါတယ်။
(၄)လုပ်ငန်းခွင် တခုခုက နေ အလုပ်ဖြုတ်ခံရတဲ့သူတွေ၊ အခြေအနေအရအလုပ်မှထွက်လာရတဲ့သူတွေ ၊ တာ့(ခ်) ခရိုင်ထဲရှိမြို့ နယ်တခုခုက ဆေး ကုသဖို့ လာရောက်ကြတဲ့သူတွေ၊ မိမိ မိသားစုကို မိမိလုပ်ကိုင်ရာ လုပ်ငန်းခွင် တန်းလျားမှာ တည်းခိုဖို့ ရာမှာတည်းခိုရန် အခက်အခဲရှိသူတွေ၊ အ အလုပ်ပိတ်ရက်မှာအပန်းဖြေလိုတဲ့သူတွေ…..စတာတွေအတွက် တိုက်ရဲသူရိပ်သာ ဖွင့်လှစ်ထားရှိပါတယ်။
(၅)ရွေ့ ပြောင်းအလုပ်သမားမိသားစုတွေ့ ရဲ့ ရင်သွေးငယ်တွေအတွက် နေ့ သစ်မူလတန်းကျောင်း ဖွင့်လှစ်ထားပါတယ်။
(၆)မြန်မာရွေ့ ပြောင်းအလုပ်သမားတွေ အတွက်မိမိတို့ ရဲ့ ရိုးရာယဉ်ကျေးမှု တွေ ၊ ပျော်ပွဲ ရွှင်ပွဲတွေ ၊ သာရေးနဲ့  နာရေး ကိစP တွေနဲ့ သွေးလှူဒါန်း ပွဲအပါအ၀င်လူမှုရေးရာကိစ္စ တွေကိုကူညီအကျိုးဆောင်ပေးပါတယ်။
အဲဒီလိုလုပ်ငန်းစဉ်(၆)ရပ်ကိုကူညီအကျိုးဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၀၄ ခုနှစ်စက်တင်ဘာလ (၉)ရက်နေ့  မှာ မြန်မာပြည်သူများအရေး ပူး တွဲလှုပ်၇ှားမှုကော်မတီ(JACBA)ကိုထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှာဖွဲစည်းတည်ထောင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (ဂျပန်ဌာနခွဲ) ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဝေးရောက်မြန်မာပြည်သားတွေနဲ့ရွှေ့ပြောင်းအလုပ်သမားတွေဟာ … ဖုန်း 087 3089680/ 083 6308433 တို့ကိုဆက်သွယ်ပြီး ဥပဒေရေးရာ အကြံဥာဏ်နဲ့ လုပ်နည်းလုပ်ဟန်တွေကိုလည်းကောင်း၊ လစဉ်ထုတ်ဝေတဲ့မြန်မာပြည်သားစာစောင်ကို ဖတ်ရှုလေ့လာခြင်းဖြင့်လည်းကောင်း၊ ဟောဒီ မြန်မာပြည်သားဘလော့ဂ်ကို ပုံမှန်ဖတ်ရှုခြင်းများကိုလည်းကောင်းဆောင်ရွက်ကြပြီး ကျနော်တို့နဲ့ဖြစ်စေ၊ ကျနော်တို့မဟာမိတ်များနဲ့ဖြစ်စေ ဆက်စပ်နိုင်ကြပါကြောင်း … ။
ကျေးဇူးတင်ပါတယ်။
Migrant Worker’s Condition of Thai- Burma Border
100 years ago (1890, May 1 st), since May Day had been established
8 hours of daily working hours and proper wages were introduced to receive and enjoy. Relevant Government has been intervened and solved
The problems and difficulties.
Between employers and employees but in
Some cases there was in need of an organization which can represent fairness and justice to intervene those problems. Therefore, in 1919 ILO
Was established and came into being. Since then, employers, employees
And relevant Government representatives had cooperated with ILO and
have been solving the problems respectively.
There are estimated2 millions Burmese migrant working in
Thailand and they are all over 76 Thai provincial administration regions.
For those Burmese migrant workers who are in Thailand have been loosing
Their rights such as
1. Not being able to hold a real work permit.
2. Not receiving wages according to provincial. (In some working areas not receiving wages at all.)
3. Not receiving specific wages on Sunday and 13 Thai official holidays. No day off for the migrant workers particularly on those days.
4. Female workers are not getting their rights.
5. Child workers are not getting their rights.
6. Concern for daily security and safety due to arrest by immigration, police, army as an well as an attack by criminal and gang members.
7. Lack of clean water, lack of clean environment system, lack of clean accommodation and most of all lack of clean environment.
8. Poor management for safety at work area. (In some areas there are no safety plan put in place at all.)
Therefore, for the Burmese migrant workers entitlement and rights,
1. To have the right to form worker’s union freely.
2. To allow and hold a meeting between employers for once in every three months.
3. To allow holding conference on migrant working acts because migrant right is a human right.
4. To take special attention on any employer who violated the acts so the action taken will not only be on employee but will also to employer.
5. To carry out orderly be in relation to document for job transfer.
Joint Action Committee For Burmese Affairs (JACBA)
Mae Sot, Thailand










