Thursday, March 23, 2017
+မူးယစ်သတင်းကြောင့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ ကျော်မဲဆောက်မြို့၌ ဖမ်းဆီးခံရ+
နေထိုင် အလုပ်လုပ်ခွင့် အထောက်အထားမရှိသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် မိသားစုဝင် ၅၁ ဦး ဖမ်းဆီးခံရပြီး ကလေးငယ် အပါအ၀င် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၃၃ ဦးပါဝင်ကြောင်း သိရသည်။ ယင်းမြန်မာရွှေ့ပြောင်း လုပ်သားများအနက် သားသားဆိုသူထံမှ မူးယစ်ဆေးဝါး၊ ဆေးခြောက်များ လက်ဝယ်တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
“အခုလို အရေအတွက်များများကို စီမံချက်နဲ့ မဖမ်းတာကြာပြီ။ ဒီမြန်မာနိုင်ငံသားတွေက သန့်ရှင်းရေး မကောင်းတာတို့၊ စာရွက်စာတမ်း အထောက်အထားမပြည့်စုံတာတို့၊ အချင်းချင်းပြဿနာတစ်ခု မဟုတ်တစ်ခုဖြစ်နေတာတို့၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေတာတို့ ရှိတယ်လို့ တာဝန်ရှိသူတွေက မသင်္ကာလို့ ရှောင်တခင် ၀င်ဖမ်းတာလို့ သိရပါတယ်။ ဟိုတစ်လောက မဲဆောက်မှာ ဈေးသည် ၁၀၀ ကျော်ဖမ်းဆီးပြီး အခု ၅၀ ကျော်က အဖမ်းအဆီး သွေးပူလေ့ကျင့်ခန်း လုပ်နေသလား မှတ်ရပါတယ်”ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
*ကိုရွှေသိန်း(မြ၀တီ)Eleven Media Group *
23March,2017
Thursday, March 16, 2017
+ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ၏ နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း အိမ်ပြန်ပိတ်ရက်ကို မူလက ရက်၂၀ သတ်မှတ်ထားရာမှ၂၅ ရက်သို့ တိုးမြှင့်+
“ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သင်္ကြန်ကာလ မိမိမူရင်းနိုင်ငံ ပြန်လည်ပတ်နိုင်ဖို့ ရက်၂၀ သတ်မှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၄ ရက်က ပြုလုပ်တဲ့ ၀န်ကြီးများ အစည်းအဝေးမှာတော့ ယခင်ထက် ငါးရက်ပိုတိုးပြီး သတ်မှတ်ခဲ့ပါတယ်။ အဲဒီရက်တွေကတော့ ဧပြီ ၅ ရက်ကနေ ဧပြီ ၃၀ ရက်အထိ စုစုပေါင်း ၂၅ ရက် ဖြစ်ပါတယ်” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
ထိုင်းနိုင်ငံအတွင်းရှိ ပန်းရောင်ဘတ်ကတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ နေရပ်မြန်မာနိုင်ငံသို့ ပြန်လာလျှင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှာဖွေရေးဌာန (ကျတ်ဟာငန်) မှ ထောက်ခံစာ ယူသွားရမည့် သဘောရှိကြောင်း ဦးမိုးကြိုး ပြောကြားသည်။
“ပန်းရောင်ဘတ်ကတ် ကိုင်ဆောင်သူများအနေနဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှာဖွေရေးဌာန (ကျတ်ဟာငန်) က ထောက်ခံစာယူသွားရမယ့် သဘောတော့ ရှိပါတယ်။ ဒီစာရွက်မှာ နယ်စပ်ဂိတ် ထိုင်း လ.၀.က (တောမော) က အထွက်တုံး အ၀င်တုံး ထုပေးမှာဖြစ်ပါတယ်။ ပတ်စ်ပို့ယာယီ ပတ်စ်ပို့ကိုင်ဆောင်သူတွေကတော့ ပုံမှန်အတိုင်းပဲ အထွက်အ၀င်တုံး ထုရပါမယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။ မြန်မာအလုပ်သမားများ မိမိနေရပ်ရင်းသို့ ပြန်လာရာတွင် အသွားအပြန် နယ်စပ်ဂိတ်က တစ်ခုတည်း ဖြစ်ရန်သတိပြုရမည် ဖြစ်ကြောင်း၊ မဲဆောက် မြ၀တီလမ်းမှ ပြန်လျှင် ထိုင်းကိုပြန်သည့်အခါ ယင်းလမ်းကပင် ပြန်လာရမည် ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် နေရပ်ပြန် မြန်မာနိုင်ငံသားများအနေဖြင့် သတ်မှတ်ထားသည့် နှစ်သစ်ကူး သင်္ကြန်ခွင့်ရက် ကာလဖြစ်သော ဧပြီ ၅ ရက်မှ ဧပြီ ၃၀ ရက် အထိ ခွင့်ရက်အဖြစ် ခံစားခွင့်၂၅ ရက် ရရှိမည်ဖြစ်ကြောင်း သိရသည်။
Writer: ကိုရွှေသိန်း-မတ်လ၁၆ရက်-၂၀၁၇Eleven Media Group
Sunday, December 27, 2015
=မြန်မာများသောထိုင်းမြို့ များတွင်လုံခြုံရေးတင်းကြပ်၊ အထောက်အထားမဲ့လုပ်သားများသတိကြီးစွာနေရ=
Friday, November 13, 2015
**ဝေဠုကျော်ဖောင်ဒေးရှင်းထံမဲဆောက်ဒေသကြီး၃မြို့ နယ်မှ မြန်မာရွှေ့ ပြောင်း အလုပ်သမားတို့ ၏ချွေးနည်းစာကောင်းမှု ယနေ့ တတိယအကြိမ်၅သိန်းကျပ်လှူပြီ**
ရန်ကုန်မြို့ မှာလည်းကောင်း၊ စက်တင်ဘာလ၁၉ရက်နေ့ မှာမြ၀တီမြို့ ကိုကွင်းဆင်းရောက်ရှိလာတဲ့ ဦးဝေဠုကျော်စွာ(ခ)ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်ဆီကို တိုက်ရိုက်မြန်မာငွေ၃သိန်း၁သောင်းကျပ်ကိုလည်းကောင်း *ထိုင်းနိုင်ငံမဲဆောက်ဒေသကြီး၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေရဲ့ ချွေးနည်းစာကောင်းမှု*အမည်နဲ့ လှူဒါန်းခဲ့ကြပါတယ်။
ဟော....အခုလည်းဒီလောက်ကထိန်ပွဲတွေပဒေသာပင်သီးဖို့ အတွက် အလှူခံတွေဆက်နေတဲ့ကြားကပဲဇွဲနပဲကြီးကြီးနဲ့ ဆရာမိုးဥိးဆောင်တဲ့ မြန်မာနိုင်ငံရေဘေးပြန်လည်
ထူထောင်ရေးမဲဆောက်ဒေသကြီး အကျိုးဆောင်ကော်မတီဟာကြိုးပမ်းအားထုတ်ရကျိုးအတန်အသင့် နပ်ခဲ့ပါတယ်ဗျ။
ဒီတော့ကာမြန်မာနိုင်ငံရေဘေးပြန်လည်ထူထောင်ရေးအတွက် မိမိတို့ *ထိုင်းနိုင်ငံမဲဆောက်ဒေသကြီး၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေရဲ့ ချွေးနည်းစာအလှူငွေ*ကိုတတိယအကျော့ တတိယအကြိမ်အနေနဲ့မြန်မာငွေ၅သိန်းကျပ်ကိုဒီနေ့ (နိုဝင်လာလ၁၃ရက်) နေ့ မှာပဲဆရာမိုး၊မသီရိ၊
ကိုမင်းသူတို့ ကမြ၀တီမြို့ ကမ္ဘောဇဘဏ်ကနေ မဲဆောက်ဒေသကြီး၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေရဲကိုယ်စားတတိယအကြိမ်၅သိန်းကျပ် လှူဒါန်းလိုက်ကြပါပြီနော်။ဒါကြောင့်မြန်မာနိုင်ငံရေဘေးပြန်လည် ထူထောင်ရေးအတွက်မိမိတို့ *ထိုင်းနိုင်ငံမဲဆောက်ဒေသကြီး ၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေရဲ့ ချွေးနည်းစာအလှူငွေ၃ကြိမ်၃ရပ်ပေါင်းဟာဖြင့်
(၄၁)သိန်း၁သောင်းကျပ် ဖြစ်ပါကြောင်းဝမ်းမြောက်မောင်း၊ခတ်အပ်ပါတယ်နော်။ တကယ်ဆိုရင်မိမိတို့ မဲဆောက်ဒေသကြီးဟာထိုင်းနိုင်ငံမှာလူကုန်ကူးမှုအများဆုံး၊ အလုပ်သမားအခွင့်အရေးအချိုးဖောက်ဆုံး၊ကလေးငယ်နဲ့ အမျိုးသမီးများအပေါါ် မတော်မတရားပြုကျင့်ခံရမှုအများဆုံးနဲ့ လုပ်အားခအနည်းဆုံးရရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်နော်။
မြန်မာရွှေ့ ပြောင်းချွေး---အလှူငွေလေးနဲ့ ရေဘေးထူထောင်ရေးကူကြတာပါ။
မြန်မာနိုင်ငံကပြည်သူအပေါင်းစိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ
ချွေးနည်းစာအလှူရှင်မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေလည်းထိုင်းဥပဒေပါ အလုပ်သမားအခွင့်အရေးတွေအလျင်အမြန်ပြည့်ဝကြပါစေ
ခွန်အားမျှဝေ--ဒို့ တတွေသည်---မလွဲမသွေ---ပြည်သူတွေအတွက်---
- မြန်မာနိုင်ငံရေဘေးပြန်လည်ထူထောင်ရေးမဲဆောက်ဒေသကြီး အကျိုးဆောင်ကော်မတီ
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
၁၃-၁၁-၂၀၁၅
Wednesday, November 11, 2015
*ဒီနေ့ ညမဲဆောက်မြို့ ကနာမည်ကြီးဖိုးထူးလက်ဘက်ရည် ဆိုင်က၁၀၀၀ဘတ်လှူပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်းထံ မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံရေဘေးပြန်လည်ထူထောင်ရေးအတွက် တတိယအကြိမ်မြန်မာငွေ၅သိန်းကျပ်လှူပါမယ်*
(*မဲဆောက်မြို့ ကို
ရောက်ပြီဆို
ဖိုးထူးဆိုင်ကကြို*)
သြဂုတ်လ၈ရက်နေ့ မှာ ဦးဝေဠုကျော်စွာ(ခ)ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်ဆီတိုတိုက်ရိုက်
မြန်မာငွေ၃၃သိန်းကျပ်ကိုရန်ကုန်မြို့ မှာလည်းကောင်း၊ စက်တင်ဘာလ၁၉ရက်နေ့ မှာမြ၀တီမြို့ ကိုကွင်းဆင်းရောက်ရှိလာတဲ့ ဦးဝေဠုကျော်စွာ(ခ)ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်ဆီကို တိုက်ရိုက်မြန်မာငွေ၃သိန်း၁သောင်းကျပ်ကိုလည်းကောင်း *ထိုင်းနိုင်ငံမဲဆောက်ဒေသကြီး၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေရဲ့ ချွေးနည်းစာကောင်းမှု*အမည်နဲ့ လှူဒါန်းခဲ့ကြပါတယ်။
ဟော....အခုလည်းဒီလောက်
ကထိန်ပွဲတွေပဒေသာပင်သီးဖို့ အတွက် အလှူခံတွေဆက်နေတဲ့ကြားကပဲဇွဲနပဲကြီးကြီးနဲ့ ဆရာမိုးဥိးဆောင်တဲ့ မြန်မာနိုင်ငံရေဘေးပြန်လည်
ထူထောင်ရေးမဲဆောက်ဒေသကြီး အကျိုးဆောင်ကော်မတီဟာကြိုးပမ်းအားထုတ်ရကျိုးအတန်အသင့် နပ်ခဲ့ပါတယ်ဗျ။
Photo-(မဲဆောက်မြို့ မှာအောင်မြင်နေဆဲ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ *ဖိုးထူးလက်ဘက်ရည်ဆိုင်*ပိုင်ရှင်ဦးဖိုးထူးရဲ့  ဒီနေ့ တတိယအကျော့အလှူငွေ-၁၀၀၀ဘတ်)
ကိုင်း---ဒီကနေ့ မှာလည်းမဲဆောက်မြို့ ကနာမည်ကြီး*ဖိုးထူး* လက်ဘက်ရည်ဆိုင်ကသုံးခါသုံးလီသုံးကျော့ အဖြစ်ထိုင်းငွေ၁၀၀၀ဘတ်လှူပါတယ်ခင်ဗျ။ဦးဖိုးထူးဟာ ပထမအကြိမ်တုန်းက၆၀၀ဘတ်၊ဒုတိယအကြိမ်မှာတုန်းက၅၀၀ဘတ်နဲ့  အခုတတိယအကြိမ်ကျတော့ကာ၁၀၀၀ဘတ်လှူတာပါခင်ဗျ။(သုံးထပ်ရှိမှ မှတ်မိမယ့်သဘော၊ဆောင်းတွင်းအနွေးထည်ကြီးကိုလွှမ်းခြုံလိုက်တဲ့ သဘောပေါ့ဗျာ။)
Photo-(မဲဆောက်မြို့ ကဖိုးထူး-မြန်မာလက်ဘက်ရည်ဆိုင်ရဲ့  အလှဆမ်းတဲ့ညချမ်း)
ဒီတော့ကာမြန်မာနိုင်ငံရေဘေးပြန်လည်ထူထောင်ရေးအတွက် ကျနော်တို့ *ထိုင်းနိုင်ငံမဲဆောက်ဒေသကြီး၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေရဲ့ ချွေးနည်းစာအလှူငွေ*ကိုတတိယအကျော့ တတိယအကြိမ်အနေနဲ့မြန်မာငွေ၅သိန်းကျပ်လှူဒါန်းဖို့  အဆင်သင့်ပြင်ဆင်ထားကြပါပြီဗျ။
Photo-(မဲဆောက်မြို့ ဖိုးထူးလက်ဘက်ရည်ဆိုင်ကြော်ငြာဘုတ် မှာတွေ့ ရတဲ့မဲဆောက်ဒေသကြီး၃မြို့ နယ်မှ မြန်မာရွှေ့ ပြောင်းအလုပ်သမားများရဲ့ ချွေးနည်းစာကောင်းမှု (ပထမအကြိမ်၃၃သိန်းကျပ်၊ဒုတိယအကြိမ် ၃သိန်း၁သောင်းကျပ်)
မြန်မာရွှေ့ ပြောင်းချွေး---အလှူငွေလေးနဲ့ ရေဘေးထူထောင်ရေးကူကြတာပါ။
---ခွန်အားမျှဝေ--ဒို့ တတွေသည်---မလွဲမသွေ---ပြည်သူတွေအတွက်----
မြန်မာနိုင်ငံရေဘေးပြန်လည်ထူထောင်ရေးမဲဆောက်ဒေသကြီး အကျိုးဆောင်ကော်မတီ
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
Friday, October 16, 2015
**မဲဆောက်ကစက်ရုံ၂ခုမှာဒို့ ပြည်--ဒို့ အရေး--ဒို့ ရေဘေးအတွက် ဒို့ ချွေးနည်းစာတွေကိုဒိနေ့ အလှူခံ**
ထိုင်းနိုင်ငံမဲဆောက်ဒေသကြီး၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်း အလုပ်သမားများချွေးနည်းစာကောင်းမှု*အမည်နဲ့ ပထမအကြိမ် အလှူငွေ၃၃သိန်းကျပ်ကိုရန်ကုန်မြို့ ရှိဦးဝေဠုကျော်စွာ(ခ) ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်ထံသြဂုတ်လ၈ရက်နေ့ က လည်းကောင်း၊ဒုတိယအကြိမ်အလှူငွေ၃သိန်း၁သောင်းကျပ်ကို မြ၀တီမြို့ သို့ ကွင်းဆင်းရောက်ရှိလာတဲ့
ဦးဝေဠုကျော်စွာ(ခ) ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်ထံစက်တင်ဘာလ၁၉ရက်နေ့ က လည်းကောင်း၊ဆရာမိုးဥိးဆောင်တဲ့အကျိုးဆောင်ကော်မတီ ကိုယ်စားလှယ်တွေကလှူဒါန်းခဲ့ပြီးဖြစ်ပါတယ်ရှင်။
ဟော.....အခုတတိယအကြိမ်လှူဒါန်းဖို့ မဲဆောက်ဒေသကြီး ၃မြို့ နယ်မှာအလှူခံနေဆဲဖြစ်ပြီးဒီနေ့ (အောက်တိုဘာလ၁၆ရက် နေ့ )မွန်းလွဲပိုင်းမှာ
မဲဆောက်မြို့ သောင်ရင်းမြစ်ကမ်းနားအရပ်၊ ဝျေ့ မုကျေးရွာမှာရှိတဲ့Jack Tak Co,ltd(အရပ်အခေါါ်-အမိုးပြာစက်ရုံ) ကလှပျိုဖြူတွေကဒုတိယအကြိမ်မြောက်အလှူငွေ(၇၀၂)ဘတ်နဲ့  မြန်မာငွေ(၅၂၅၀)ကျပ်ကို
ဆရာမိုး၊ဒေါါ်ကြူ၊ ၊မသူဇာ၊၊ကိုနေတိုး၊ မနီနီဝင်း။မဖြူနွယ်သင်း၊တို့ လက်ထဲအရောက် လှူဒါန်းခဲ့ကြပါတယ်ရှင့်။
အဲ..နာရီဝက်ခြားပြီးတော့ကာ၊မဲဆောက်မြို့ ၊သောင်ရင်းမြစ်ကမ်းနား အရပ်၊ဝှေ့ မုကျေးရွာကပဲဆေးသုတ်ရုံဆိုတဲ့အထည်ချုပ်စက်ရုံ့ငယ် ကိုခရီးဆက်ကြတဲ့အခါသူတို့ ကအလှူငွေ၂၀၁ဘတ်နဲ့ မြန်မာငွေ ၂၅၀၀ကျပ်ကိုလှူဒါန်းခဲ့ကြပါတယ်ရှင့်။
ဒါကြောင့်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ ထိုင်းနိုင်ငံမဲဆောက် ဒေသကြီး၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်း
အလုပ်သမားများ ချွေးနည်းစာကောင်းမှုအမည်နဲ့  တတိယအကြိမ်အတွက်အခုအချိန်အထိ(၉၁၉၉)ဘတ်နဲ့  မြန်မာငွေ(၃၂၀၅၀)ကျပ်လက်ခံရရှိတာ
ဖြစ်ပါတယ်ရှင့်။
မြန်မာာနိုင်ငံတ၀ှမ်းရေဘေးသင့်ပြည်သူအပေါင်း ကျန်းမာကြပါစေ
အလှူရှင်အပေါင်းလည်းကျန်းမာကြပါစေ
။။။။။။။။။။။။။။။။။။။
သတင်းနဲ့ ဓာတ်ပုံ---ခင်ရတနာကြူ--မသူဇာ
Monday, September 21, 2015
*ပ-ဒုအကြိမ်၂ရပ်ပေါင်း၃၆သိန်း၁သောင်းကျပ်ပြိးတဲ့အခါ တတိယအကြိမ်ဝေဠုကျော်ဆီ လှူဒါန်းမယ့်အလှူငွေတွေ မဲဆောက်ဒေသကြီးမှာကောက်ခံနေပြီ*
မဲဆောက်ကဖိုးထူးလက်ဘက်ရည်နဲ့ မုန့် မျိုးစုံကိုသူတည်းတစ်ယောက်နဲ့  သူမတို့ အယောက်၉ယောက်လောက်ကအားပါးတရစားသောက်ကြပြီး သကာလ...သူတို့ ၊သူမတို့ စက်ရုံကို*ငပိရည်ရှိလား-ငပိထောင်းရှိလား*နဲ့ ထမင်းဆိုင်ပမာသဘောထားတဲ့ဆရာမိုးတစ်ယောက် သံယောဇဉ်ဓာတ်ခံအားကောင်းသူတွေရဲ့ အလုပ်ပါရမီဖြည့်ဆည်းပေးမှု ကိုခံစားရရှိသွားတာပေါ့ဗျာ။
သြော်.....အခုဆိုရင်ကျနော်တို့ အကျိုးဆောင်ကော်မတီရဲ့ လက်ထဲမှာ တတိယအကြိမ်၊တတိယအကျော့ဝေဠုကျော်ဆီလှူဒါန်းမယ့်အလှူငွေတွေ ဟာမြန်မာငွေ၁သိန်း၁ထောင်နဲ့ ထိုင်းငွေ၅၀၀ဘတ်(ခန့် မှန်းခြေ-မြန်မာငွေ ၁သိန်း၂သောင်းခန့် )ရရှိပါပြီဆိုတဲ့အကြောင်းကြေညာမောင်းခတ်လိုက် ပါတယ်ဗျို့ ။ အလှူရှင်တွေအားလုံးကိုယ်စိတ်နှလုံး-ရွှင်ကြည်ပြုံးကြပါစေဗျာ..။
............................................................................
သတင်းနဲ့ ဓာတ်ပုံ---မင်းသူ
Thursday, October 24, 2013
မြန်မာ- ထိုင်း ဗီဇာမလို ၂ ပတ်ကြာ လည်နိုင်တော့မည်
(Thursday, October 24, 2013 - ဒီဗွီဘီ)
မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေ ဗီဇာမလိုဘဲ နှစ်နိုင်ငံကြား ၂ ပတ်ကြာ အပြန်အလှန် သွားလာနိုင်ဖို့အတွက် ထိုင်းအစိုးရက ခွင့်ပြုလိုက်ပါတယ်။ လေယာဉ်နဲ့သွားလာတဲ့ ထိုင်း-မြန်မာနှစ်နိုင်ငံ ခရီးသွားတွေအတွက် ၁၄ ရက်ကြာ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်တာလို့ ဒီကနေ့ ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းစာမှာ ဖော်ပြပါတယ်။
ဒီအစီအစဉ်မူကြမ်းကို လာမယ့် ဒီဇင်ဘာလ ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသွားတဲ့အခါ နှစ်နိုင်ငံ ခေါင်းေ ဆာင်တွေ လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက်တင်ပြသွားမယ်လို့ ထိုင်းအစိုးရ ပြောရေး ဆိုခွင့်ရှိသူ တီရာရတ် ရတနာသီရိက သတင်းမှာပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ဟာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ မြန်မာပြည် သွားရောက်ဖို့ ရှိနေတာပါ။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက နှစ်နိုင်ငံ အစိုးရတွေအကြား မူအားဖြင့် သဘောတူထားတဲ့ သီတင်း ၂ ပတ်ကြာ ဗီဇာကွင်းလွတ်ခွင့် အစီအစဉ်အရ ထိုင်းနိုင်ငံက လေဆိပ်ပေါင်း ၂၃ ခုမှာ ဗီဇာ မလိုဘဲ လာရောက်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။ လတ်တလော ရန်ကုန်လေဆိပ်ကနေ ၀င်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသည်တွေထဲ ထိုင်းခရီးသည်တွေ အများဆုံးဖြစ်ပြီး အခုလို ဗီဇာမလိုဘူးဆိုရင် ထိုင်းခရီးသည်တွေ ပိုများလာဖို့ပဲရှိတယ်လို့ ဟိုတယ်ခရီးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ထွန်းဦးက ပြောပါတယ်။ “ပြီးခဲ့တဲ့ ဇန်န၀ါရီ ကနေ အောက်တိုဘာအထိ စာရင်းကို ကြည့်လိုက်ရင် ၀င်ရောက်သမျှ နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးက ထိုင်းက ဖြစ်နေတာကို တွေ့ရပါတယ်။
ဥရောပ၊ အမေရိကား၊ အာရှ ရှိသမျှ နိုင်ငံခြားသားတွေကို ကြည့်လိုက်ရင် ထိုင်းက အများဆုံးဖြစ်နေတာ တွေ့ရတယ်။ ထိုင်းက ခွင့်ပြုလိုက်တဲ့ ၁၄ ရက်ပေါ် မူတည်ပြီးတော့ နဂိုကတည်းက များနေတာဆိုတော့ ပိုပြီးများလာဖို့ပဲရှိပါတယ်။” ခရီးသွားလုပ်ငန်းရှင်တဦးကတော့ ဗီဇာလုပ်စရာမလိုတဲ့အတွက် နှစ်နိုင်ငံစလုံးမှာရှိတဲ့ သံရုံးတွေမှာ ပွဲစားအဆင့်ဆင့်နဲ့ ဖြတ်ကျော်နေရတဲ့ ဒုက္ခတွေ ကင်းဝေးသွားမယ်လို့ မှတ်ချက်ပေး ပါတယ်။ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ပြန်ကြားရေးတာဝန်ခံ ဦးထွန်းမြတ်ကတော့ မြန်မာပြည်ထဲ ထိုင်းဧည့်လမ်းညွှန်တွေ လုံလုံလောက်လောက်ရှိတယ်လို့ ပြောပါတယ်။
ထိုင်းခရီးသွားတွေဟာ ဘုရားဖူးဖို့ လာရောက်တာများတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ ဗုဒ္ဓဂါယာသွားသလိုမျိုးပဲ။ ဒီမှာက ရွှေတိဂုံတို့၊ ကျိုက်ထီးရိုးတို့၊ ပဲခူး၊ ဟံသာဝတီတို့ ဆိုတာက ဘုရင့်နောင် လက်ထက် ထိုင်းတွေနဲ့ ပတ်သက်ခဲ့တဲ့ နေရာဖြစ်တော့ ဘုရားဖူးဖို့ လာတာဗျ။ ပြီးတော့ မဟာမြတ်မုနိလိုဟာမျိုး။ ထိုင်းဧည့်သည်တွေ အကုန်လုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ကျနော်တို့ မြန်မာတွေ ဗုဒ္ဓဂါယာသွားဖူး သလိုမျိုး မြန်မာပြည်ကို လာကြတာများပါတယ်။
ထိုင်းတွေက ဘာသာရေးနဲ့လာတာ များတယ်။ တခါတလေ သူတို့ရဲ့ ဘာသာရေး ၀တ်စုံတွေ ၀တ်လာတာ များတယ်။ ဘုရားတွေကို လှူတယ်၊ စာကလေး တွေကို ပိုက်ဆံအများကြီးပေးပြီးလွှတ်တယ်။ ကျိုက်ထီးရိုး မှာဆိုလည်း အထမ်းသမားလေးတွေက အစ အလုပ်ဖြစ်တယ်။ ကျိုက်ထီးရိုးအပေါ် တက်ရင် လည်း ရွှေသ င်္ကန်းတွေ ကပ်တယ်။ မဟာမြတ်မုနိမှာလည်း မနက်အစောကြီး မျက်နှာသစ်တော်ရေအ တွက်ကို သူတို့ ဆီက စပယ်ရှယ် ယူလာတဲ့ ပစ္စည်းတွေကို လှူတယ်။ ပဲခူး ကြခတ်ဝိုင်း စာသင်သားတွေ အတွက် လှူဒါန်း ဖို့အတွက် သူတို့ဆီက ပစ္စည်းတွေ ယူလာတယ်။ ထိုင်း ဧည့်သည်တွေလာတဲ့ကိစ္စက တိုင်းပြည် အတွက်ေ ကာ ဘာသာ သာသနာအတွက်ရော ကောင်းတယ်လို့ မြင်ပါတယ်။”
အခုနှစ် ဇန်န၀ါရီလဆန်းကနေ အောက်တိုဘာ ၂၁ ရက်အထိ ရန်ကုန်လေဆိပ်က ကမ္ဘာလှည့်ခရီးသည် ၅ သိန်း ၃ သောင်းကျော် ၀င်ရောက်ခဲ့ပြီး၊ အာရှနိုင်ငံတွေက ခရီးသည် ၃ သိန်းကျော်၊ ဒီထဲမှာ ထိုင်းခရီးသည်က ၈ သောင်းကျော် ၀င်ရောက်ခဲ့တယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
** Thit Htoo Lwin - News **
Tuesday, March 27, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခွဲ မြ၀တီမြို့မှာ ယနေ့ ဖွင့်လှစ်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မြ၀တီမြို့နယ် ရုံးဖွင့်လှစ်ပွဲကို ယနေ့ နံနက် (၈) နာရီတွင် ကျင်းပကြောင်း၊ ဘုရင့်နောင်လမ်းမကြီးတလျှောက် ကားများ၊ ဆိုင်ကယ်များကြပ်ညပ် ပိတ်နေလောက်အောင် လူအင်အားများပြားကြောင်း မြ၀တီမြို့မှ ဖားအံ့သို့ ကားတန်း အဆင်းနေ့ဖြစ်သောကြောင့် စိတ်ဝင်စားသူ ပိုမိုများပြားဟန်ရှိကြောင်း ဒီကေဘီအေ ကလိုထူးဘော စစ်ဗျူဟာမှ ဒုတိယဗိုလ်မှူးကြီး စောထွန်းထွန်း တက်ရောက်ကာ အမှာစကား ပြောကြားကြောင်း သတင်းရရှိသည်။
** သတင်း- သောင်ရင်းနဂါး **
Monday, March 26, 2012
ကားမှောက်သေဆုံးသူ ကိုစိုးမင်းဦး အလောင်းမြေကျပြီ
(ကျန်ရစ်သူဇနီး မခင်မာချို (၃၃) နှစ်နှင့် ၁၀ နှစ်အရွယ် သားကြီး၊ ၅ နှစ် အရွယ် သားငယ် )
ကားမှောက်သေဆုံးသူ ကိုစိုးမင်းဦး အလောင်းမြေကျပြီ
၂၄. ၃. ၂၀၁၂ နေ့ ညနေပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်၊ ၃၇ ကီလိုမီတာအကွာအဝေးရှိ၊ ဖုတ်ဖရမြို့နယ် စီခိုထိုင်းကျေးရွာ (မြန်မာတို့အခေါ်- ၃၇) တနေရာ၌ ကားမှောက်သေဆုံးခဲ့သော ကိုစိုးမင်းဦး (၃၂) နှစ်၏ အလောင်းကို မဲဆောက်ဆေးရုံမှ ယမန်နေ့က သယ်ဆောင်လာပြီး ယနေ့ မွန်းလွဲ (၁း၃၀) နာရီ ခန့်တွင် ထိုင်းရိုးရာအတိုင်း မီးရှို့ သဂြိုလ်ပေးခဲ့ကြောင်း၊ အလုပ်ရှင်အတန့်နှင့် ကမလိုင် (တစ်နှစ်ပတ်လုံး မုန်လာဥစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းရှင်) တို့က ကိုယ်တိုင် ဦးစီးဆောင်ရွက်ပေးခဲ့ကြောင်း ၃၇ ကီလိုမီတာရှိ ထိုင်းဘုန်းကြီးကျောင်းတွင် အလောင်းကို ထားရှိကာ သဂြိုလ်ခြင်းဖြစ်ကြောင်း သိရသည်။ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ သေဆုံးခဲ့သော ကိုစိုးမင်းဦးနှင့်အတူ အခြားကားပေါ်ပါ မြန်မာအလုပ်သမားများဖြစ်ကြသည့် ဦးဟန်ကြည် (ခေါင်းကွဲ)၊ ကျော်ရဲအောင် (လက်ဆစ်ကျိုး)၊ ရဲကို (စအိုကွဲ)၊ ကိုဝင်းစိုး (နူတ်ခမ်းကွဲ၊ နဖူးကွဲ)၊ အညာသားတို့ သားအဖနှစ်ဦး (လက်ကျိုး)၊ ကိုဖိုးချစ် (ဒူးခေါင်းကွဲ၊ တထောင်ပြဲ) စသည့် တမြန်နေ့ ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသော မြန်မာအလုပ်သမား ၈ ဦးဖြစ်သည်။ ဤအမှုကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)၊ နှင့် ၄င်း၏ ကွန်ယက်အဖွဲ့ဝင်ဖြစ်သော မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) တို့က ဒေသခံ (JACBA) စည်းရုံးရေးမှူးများနှင့်အတူ ကျန်ရစ်သူဇနီး မခင်မာချို (၃၃) နှစ်နှင့် ၁၀ နှစ်အရွယ် သားကြီး၊ ၅ နှစ် အရွယ် သားငယ် တို့အား ကွင်းဆင်းတွေ့ဆုံ မေးမြန်းခဲ့သည်။
(LLC+JACBA)
ထိုင်းနိုင်ငံ လျော်ကြေး ဥပဒေ (BE-2537) တွင် သဂြို င်္လ်စရိတ် ၂၀၀၀၀ ဘတ်၊ အသက်ဆုံးရှုံးခြင်းအတွက် ဘတ် ၁ သိန်း ဟူ၍ ပြဌာန်းထားသော်လည်း မော်တော်ကားကုမ္ပဏီထံတွင် မှတ်ပုံတင် စာရင်းဝင်ထားသော ကားဖြစ်ရန် လိုအပ်ကြောင်း ပြဌာန်းချက်နှင့်မူ ၄င်းတို့ ၈ ဦးအား သယ်ဆောင်သွားသော ကားသည် ကုမ္ပဏီမှတ်ပုံတင် မရှိသောကားဖြစ်နေခြင်းအပြင် အခြားသော စာရွက်စာတမ်းအထောက်အထားများ မပြည့်စုံသေးသဖြင့် LLC မှ ဆက်လက်စုဆောင်းနေဆဲရှိသည်။ တဆက်တည်းမှာပင် ဖုတ်ဖရမြို့နယ် ရဲစခန်းသို့ ဤအမှုနှင့် ပတ်သက်၍ သွားရောက် အကြောင်းကြားရာ အလုပ်ရှင်မှ သဂြို င်္လ်စရိတ်ရော၊ နစ်နာကြေးပါ ပေးရန်ရှိကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။
သတင်း- သောင်ရင်းနဂါး
Sunday, March 25, 2012
ဖုတ်ဖရမြို့နယ် မုန်လာဥ စိုက်ခင်းတနေရာမှာ ကားမှောက်၊ မြန်မာအလုပ်သမားတစ်ဦးသေဆုံး
(၃၇ ကီလိုမီတာ၊ တနှစ်ပတ်လုံး မုန်လာဥ စိုက်ပျိုးထုတ်လုပ်ရာ လုပ်ငန်းခွင်)
ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်၊ ဖုတ်ဖရမြို့နယ် ၃၇ ကီလိုမီတာ၊ တနှစ်ပတ်လုံး မုန်လာဥ စိုက်ပျိုးထုတ်လုပ်ရာ လုပ်ငန်းခွင်တနေရာ၌ မော်တော်ယာဉ်မတော်တဆဖြစ်ပြီး မြန်မာအလုပ်သမား ၈ ဦးဒဏ်ရာရှိကာ ထိုအထဲတွင်မှ တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်တွင် မုန်လာဥနူတ်ပြီးကားပေါ်တင်ကာ ပြန်လာကြချိန်မှာ ဖုတ်ဖရမြို့နယ် ၃၇ ကီလိုမီတာ၊ ထိုင်းစာသင်ကျောင်းအနီး၌ ကားမှောက်ကာ လိုက်ပါလာကြသော မြန်မာအလုပ်သမား ၈ ဦးစလုံးဒဏ်ရာကိုယ်စီရရှိခဲ့ကြသည်။ ၄င်းတို့ကို အလုပ်ရှင် အမျိုးသမီးက တစ်နာရီခန့် နောက်ကျပြီးမှ ဖုတ်ဖရမြို့နယ် ဆေးရုံသို့ ပို့ခဲ့ကြောင်း၊ ၄င်းတို့ထဲတွင် ဒဏ်ရာပြင်းထန်သော ကိုစိုးမင်းဦး (၃၂) နှစ်အား ယမန်နေ့ ည (၉) နာရီကျော်တွင် မဲဆောက်ဆေးရုံကြီးသို့ လွှဲပြောင်းရာ မကြာမီတွင် သေဆုံးသွားကြောင်း ကာယကံရှင် အလုပ်သမားများက ပြောပြသည်။ ဤအလုပ်သမား ၈ ဦး အမှုနှင့် သေဆုံးရသူ ကိုစိုးမင်းဦး (၃၂) နှစ်တို့၏ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်များအတွက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေ အထောက်အကူပြုဌာန (LLC) နှင့် ဆက်စပ်ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိသည်။ ကွယ်လွန်သူ ကိုစိုးမင်းဦးတွင် ဇနီး မခင်မာချိုနှင့် ၁၀ နှစ်သားအရွယ်သားတစ်ဦး၊ ၅ နှစ်အရွယ်သားတစ်ဦးတို့ရှိသည်။
(ဖုတ်ဖရမြို့နယ် ၃၇ ကီလိုမီတာမှ သီးနှံစိုက်ခင်းတစ်ခုပုံ)
လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးဥပဒေ (ခေါ်) လျော်ကြေးဥပဒေ (BE-2537) အရ အလုပ်သမားတစ်ဦး လုပ်ငန်းခွင်အတွင်း မည်သည့် မတော်တဆမှုဖြင့် ဖြစ်စေ၊ သေဆုံးရပါက လျော်ကြေးငွေ တစ်သိန်းဘတ်၊ သင်္ဂြိုလ်စရိတ် ၂ သောင်း ပေးရန် ပြဌာန်းထားသည်။
သတင်း- သောင်ရင်းနဂါး
Monday, February 27, 2012
ရွှေ့ပြောင်းအလုပ်သမားများအတွက်လတ်တလောသတင်း/ Migrant news

มีหนังสือเรื่องการตรวจสุขภาพแรงงานพม่า ลาว กัมพูชา ค่าประกันสุขภาพ 450 บาท ประกันสุขภาพนับตั้งแต่วันที่ 1 มีนา ถึง 14 มิถุนา แรงงานที่ไปตรวจสุขภาพแล้วเสียค่าซื้อประกันสุขภาพ 1300 บาท สามารถไปขอเงิน 850 บาทคืนที่ รพ.ได้
สรุป แรงงานต้องตรวจสุขภาพให้แล้วเสร็จ ก่อนวันที่ 29 มีนา 55 ค่าตรวจ 600 บาท
မြန်မာ၊ လော၊ ကမ်ပူးချားအလုပ်သမားများအတွက် (၂၇-၂-၂၀၁၂ )ရက်နေ့တွင် စာထွက်ခဲ့လာသည်မှာ အလုပ်သမားများ (၂၉ - ၃ - ၂၀၁၂) ရက်နေ့ တွင် နောက်ဆုံးထား၍ ကျန်းမာရေးစစ်ဆေးရမည်။ စစ်ဆေးခ ၆၀၀ ဘတ်၊ ကျန်းမာရေးအာခံ ဘတ် ၄၅၀ ကုန်ကျ၍ ကျန်းမာရေးအာမခံအား ၁-၃-၂၀၁၂ ရက်နေ့မှ ၁၄-၆-၂၀၁၂ ရက်နေ့ အထိသာသက်တမ်းရှိမည်။ ကျန်းမာရေးစစ်ဆေးပြီးသူအလုပ်သမားများ ဆေးရုံတွင် ဘတ် ၈၅၀ ပြန်လည်ထုတ်ယူနိုင်သည်။
**Koreeyor Manuchae(IRC)**
Monday, January 23, 2012
ရခိုင်စာသင်သား သံဃာတော် တစ်ပါး ဘန်ကောက်တွင် ပျံလွန်

**(ဇန်န၀ါရီလ ၂၃ ၊မြတ်ညို-အလွတ်သတင်းထောက်)**
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်း တက္ကသိုလ်တွင် ဗုဒ္ဓစာပေ ဒုတိယနှစ် တက်ရောက် သင်ကြားနေသော ရခိုင်စာသင်သား ဦးသုမင်္ဂလ (သာသနဓဇဓမ္မာစရိယ B.A) ၏ အန္တိမ အဂ္ဂိဈာပန သာဓုကိဠန ပူဇာ သဘင်အား မြန်မာစာသင်သား သံဃာတော်များ နေထိုင်သီတင်းသုံး တော်မူကြသည့် ၀ပ်တလုမ်ကျောင်း တွင် ယမန်နေ့က စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြီးစီးပြီးဖြစ်သည်။
ဈာပန အခမ်းအနားတွင် ဘန်ကောက်နှင့် မဟာချိုင် တို့မှ မြန်မာအလုပ်သမား ထောင်ပေါင်းများစွာ လာ ရောက်ခဲ့ကြသည်။ ဦးသုမင်္ဂလ ပျံတော်မူပြီးသည်မှ အန္တိမ အဂ္ဂိဈာပန နောက်ဆုံးနေ့အထိ ဘန်ကောက် နှင့်မဟာချိုင်တို့မှ ရခိုင်နှင့်ထားဝယ် အလုပ်သမား များစုပေါင်းပြီး တစ်ပတ်တိုင်တိုင် ညတရားပွဲများ ဆင်ယင်ကျင်းပခဲ့ကြသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့ တွင် ရုတ်တရက် မူးဝေပစ်လဲကျပြီး ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သော
အသျှင် ဦးသုမင်္ဂလသည် သက်တော် ၄၁ နှစ်၊သိက္ခာတော် ၂၁ ၀ါရှိပြီဖြစ်သည်။
၎င်းသည် တောင်ကုတ်မြို့နယ်၊ ပေါက်အင်းကျေးရွာမှ ခမည်းတော် ဦးမောင်တိုးနှင့် မယ်တော် ဒေါ်အေးသွယ် တို့၏ သားသမီး ခြောက်ဦးအနက် ပဉ္စမမြောက် သား ရတနာ ဖြစ်ပြီး ငယ်နာမည်မှာ မောင်သန်းဌေး ဖြစ်ကြောင်း အန္တိမ အဂ္ဂိဈာပန ဖြစ်မြောက်ရေး ကော်မတီ မှ ဖြန့် ဝေသော လက်ကမ်း စာစောင်အရ သိရှိရသည်။
ရခိုင်စာသင်သား ကိုယ်တော်တစ်ပါး ဖြစ်သည့် ဦးဣဏ္ဍလ က “ ကိုယ်တော် ဦးသုမင်္ဂလ ဟာ စာအလွန် ကြိုးစားတယ်၊ သူက ကျောင်းသားတွေထဲမှာ တာဝန်ကြီးကြီး ယူထားပေမယ့် စာသင်သား သံဃာတော် တွေကို ထပ်တူ နားလည်မှုပေးနိုင်တယ်။ ဦးဇင်းတို့  လူမျိုး ဘာသာသာသနာအတွက်အနာဂတ်ကောင်းတဲ့ ကြယ်တစ်ပွင့် ဆုံးရှုံးမှုကြီးလို့ ပြောချင်တယ်” ဟုမိန့် တော်မူသည်။
ပျံလွန်တော်မူသွားသည့် ဦးသုမင်္ဂလ သည် ထိုင်းနိုင်ငံတွင် သီတင်းသုံး နေတော်မူစဉ်အတွင်း ၀တ်တလုမ် ကျောင်းတိုက် မြန်မာရဟန်းတော်များအဖွဲ့ နာယက တာဝန် နှင့် ရခိုင်ကျောင်းသားရဟန်း တော်များအဖွဲ့ (ထိုင်းနိုင်ငံ) A.S.M.A အဖွှဲ့၏ နာယက တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း များကိုလည်း စဉ်ဆက်မပြတ်
ပို့ချ ပြသပေးခဲ့သည်။
၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ က တိုက်ခတ်ခဲ့သော တိုက်ခတ်ခဲ့ဂီရိမုန်းတိုင်းသင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်သို့ ကြွရောက်ကာ တမံများပြန်လည်တည် ဆောက်ပေးခြင်း၊ဘုန်းတော်ကြီးကျောင်းများအား ပြုပြင်ပေးခြင်း၊လေဘေးသင့် ပြည်သူများအား ဆန်နှင့် အစားအစာများ လှုဒါန်းခြင်းများအား A.S.M.A အဖွဲ့ကိုယ်စား အဖွဲ့ဝင်အချို့နှင့် စွမ်းစွမ်းတမံ သွားရောက် ဆောင်ရွက် တော်မူခဲ့သည်။
ဦးသုမင်္ဂလ သည် ရန်ကုန်မြို့ သာကေတမြို့နယ်၊ ၁၀ တောင် ၁၃ ရပ်ကွက်ရှိ ရွှေစာရံ ပရိယတ္တိ စာသင်
တိုက်၌ စာချဆရာတော် အဖြစ် အငယ်တန်း၊အလတ်တန်းနှင့် အကြီးတန်း စာဝါများအား ပို့ချတော် မူခဲသည်။ စာသင်တိုက် စတင် တည်ထောင်ကထည်းက တိုက်အုပ် တာဝန်များကို ၁၅ နှစ် တိုင်တိုင်ထမ်း ဆောင်ခဲ့သည်။
မိမိကိုယ်တိုင် Windermere Academy of Arts တွင် အင်္ဂလိပ်စာပေများကို လေ့လာကာ ၁၊၉၊၂၀၁၀ ခုနှစ်
တွင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့သည်။ လူမျိုး ဘာသာ သာသနာ နှင့် လောကအကျိုး သယ်ပိုးဆောင်ရွက် တော်မူရင်း ဦးသုမင်္ဂလသည် ၁၃၊၁၊၂၀၂ ခု သောကြာနေ့ နေ့ လည် ၁၁ နာရီ တွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့ဘန်ခေဈေးအနီး ချလန် ၁၃လမ်း တွင်ရှိသော ၀ပ်တလုမ်ဘုန်းတော်ကြီး ကျောင်းတွင် ၀ါဆြိုမန်မာသံဃာ၁၀၇ ပါးရှိပြီး ရခိုင်စာသင်သား သံဃာတော် ၂၃ ပါးရှိကြောင်း သိရှိရသည်။
Monday, January 2, 2012
ခရမ်းရောင် ယာယီပတ်စပို့ မူဝါဒအသစ်ကြောင့် မြန်မာအလုပ်သမားများ အခက်ကြုံ
**(၂၀၁၂ ဇန်န၀ါရီ ၂၊မြတ်ညို -အလွတ်သတင်းထောက်)**
ထိုင်းနိုင်ငံအတွင်းအသစ်ဖွင့်လှစ်မည့် ဌာနများတွင် ထုတ်ပေးမည့် ခရမ်းရောင် အီလက်ထရွန်နစ် နည်းပညာသုံး ပတ်စပို့ အတွက် ထိုင်းနှင့်မြန်မာ အစိုးရတို့ သတ်မှတ်လိုက်သည့် ကွန်ပျူတာ လက်ဗွေ နှိပ်ရမည့်ကိစ္စကြောင့် အလုပ်သမားများ အခက်ကြုံ နေရကြောင်း သိရှိရသည်။
လက်ဗွေနှိပ်ရာတွင် လုပ်ငန်းရှင် ကိုယ်တိုင် လိုက်ပါက အလုပ်သမားရုံးတွင် ငွေမပေးရ သော်လည်း လုပ်ငန်းရှင်
မပါသူများ အနေဖြင့် တစ်ဦးစီ ဘတ်ငွေ ၁၅၀ ပေးရမည်ဖြစ်ကြောင်း ယာယီပတ်စပို့ ကုမ္ပဏီ က အကျိုးဆောင်
ကုမ္ပဏီ များအား နှစ်သစ်ကူး မတိုင်မီ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ဘန်ကောက်မြို့ ဖလမ်းဆောင် ၀က်ကဘေး လမ်းဆုံအနီး ပန်းရုံအလုပ်သမား မဇင်မာဦး က“ ကျမတို့က နက
ပထုန် က ပြောင်းလာတာပါ။ ဘတ်လည်း အဲဒီမှာပဲ လုပ်ထားတာ။ ကျမတို့ အဲဒီကို ပြန်သွားလိုရှိရင် နယ်ကျော် တယ်ဆိုပြီး ပုလိပ်ဖမ်းအုံးမယ်၊ ဘတ်လုပ်ထားတဲ့ ရုံးကိုသွားပြီး လက်ဗွေ ထပ်နှိပ်ရမယ်ဆိုတော့ အတော်ခက်ခဲ နေတယ်” ဟုပြောသည်။
ထိုင်းနှင့်မြန်မာနှစ်နိုင်ငံအစိုးရ တို့ ၂၀၁၁ ခု နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံအတွင်း ဘန်ကောက်၊ချင်းမိုင်၊မဟာချိုင်
စမူပါကန်နှင့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ တို့တွင်ဖွင့်လှစ်မည်ဖြစ်သည်။
(အရင်ပတ်စပို့ )
အသစ်လုပ်လာမည့် ပတ်စပို့မှာယခင်ပတ်စပို့ နှင့်မတူပေ။ အရင်ပတ်စပို့ မှာ အနီရောင်ဖြစ်သော်လည်း ယခု အသစ်ထုတ်ပေးမည့် ပတ်စပို့မှာ ခရမ်းရောင် အီလက်ထရွန်နစ် နည်းပညာသုံး ပတ်စပို့ဖြစ်သည်။
မဟာချိုင် က ယာယီပတ်စပို့ အကျိုးဆောင် တစ်ဦး က “ အယင်လုပ်ခဲ့တာက လူပုံပါတဲ့ ထောရောစာရွက် နဲ့ 
၁၉၀၀ ငွေကြေစာရွက် ပါရင် ပတ်စပို့ တင်လို့ရပြီလေ။ အလုပ်သမားတွေ မှာ ကျသင့်တဲ့ငွေကို ပေးထားရင် သူတို့ နယ်စပ်ကို သွားရမယ့်နေ့ မှာလာလိုက်ရုံပဲ၊ အလုပ်သမား အတော်များများတို့က အမြဲ ပြောင်းရွှေ့ နေတာကြောင့် မူလ လုပ်ထားတဲ့ရုံးမှာ သွားပြီးတော့ လက်ဗွေနှိပ်ရမယ်ဆိုရင် အကုန် ဒုက္ခ ရောက်ကုန်မယ်” ဟုပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အလုပ်သမားဆိုင်ရာ စည်းဝေးပွဲတစ်ခုတွင် ဘန်ကောက် မြန်မာသံအမတ် ဦးအောင်
သိန်းက သုံးလခန့် ကြာမြင့်မည့် အီလက်ထရွန်နစ် နည်းပညာသုံး ယာယီပတ်စပို့ ထုတ်ပေးမည့် ငါးနေရာ
အတွက် နေရာထိုင်ခင်းနှင့်စရိတ်စက များအတွက် ထိုင်းအစိုးရက ကျခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အမည်မဖေါ်လိုသည့် အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက “ ခု အလုပ်သမား တွေဆီင်္က လက်ဗွေနှိပ်
ခ တစ်ယောက်ကို ဘတ်ငွေ ၁၅၀ စီကောက်တယ်ဆိုတာ မြန်မာရုံး ၅ရုံးအတွက် ကောက်ခံတာ ဖြစ်နိုင်တယ်။
မြန်မာအလုပ်သမား သန်းချီရှိတာ ဒီလောက် မကောက်သင့်ဘူး၊ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြရတဲ့ မြန်မာ အလုပ်သမားတွေ အပေါ် ၀န်ထုတ် ၀န်ပိုး ဖြစ်တာမျိုးတို့  မစဉ်းစားသင့်ဘူး” ဟုပြောသည်။
ထိုင်းအလုပ်သမားရုံးသို့ အလုပ်သမားများ ကိုယ်တိုင် လက်ဗွေနှိပ်ပြီးမှ ယာယီပတ်စပို့ လျှောက်ထားရမည့်
ကိစ္စရပ်မှာ မြန်မာအလုပ်သမားများအနေဖြင့် အထူးအခက်အခဲရှိကြောင်း၊ ယာယီပတ်စပို့ ထုတ်ယူရမည့်အခါ လက်ဗွေနှိပ်ခိုင်းခြင်းဖြင့်လည်းကောင်း အခြား လွယ်ကူမြန်ဆန်သည့် နည်းလမ်းများဖြင့် လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်း အလုပ်သမားများက ပြောသည်။
Wednesday, December 21, 2011
အလုပ်သမား ၂ဦး လွတ်မြောက်ရန် ထိုင်းရဲက ဘတ် ငွေ ၁၄၀၀၀ တောင်းခံ

**(ဒီဇင်ဘာ ၂၁၊ မြတ်ညို )**
ရေဘေးသင့်မြန်မာအလုပ်သမား ၂ဦး စားစရာဆန်များအလှူခံပြီး အလုပ်ရုံသို့ အပြန် ကထုန်ဘန် ထိုင်းရဲ
ကဖမ်းဆီးပြီး ပြန်လည်လွတ်မြောက်လိုပါက တစ်ဦးကိုဘတ်ငွေ ၇၀၀၀ စီပေးရမည်ဖြစ်ကြောင်း ကူညီသူ
များကိုပြောသည်။
ကထုန်ဘန်နယ်မြေ ၀တ်လိတ်ခင် ရေဘေးကူညီရေး ယာယီကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်ခဲ့ကြ
သည့် ကိုစတား ဆိုသူနှင့် ကိုဝေယံဆိုသူတို့ အား စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သော ကိုခိုင်ကြီး က ဆန်နှင့်
အစားအစာများပေးပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့က ကထုန်ဘန် ၀တ်နန်းစောင် တွင်ရှိသော SK food
ငါးအချောကိုင် အလုပ်ရုံသို့ သွားရောက် ပို့ဆောင်စဉ် ထိုင်းရဲကဖမ်းဆီးခဲ့သည်။
ကိုခိုင်ကြီးက” ကျနော့်ကိုလည်းဖမ်းတယ်၊ ကျနော့်မှာ ထိုင်းကဒ် တစ်ခု ကိုင်ဆောင်ထားတာကြောင့်ပြန်
လွှတ်ပေးပေမယ့် သူတို့ ၂ ယောက်ကိုတော့ တစ်ယောက်ကိုဘတ် ၇၀၀၀ ပေးမှလွှတ်မယ်ပြောတယ်။
ကျနော်က တစ်ယောက်ကို ဘတ် ၂၀၀၀ လောက်ပေးမယ်လို့ ပြောပေမယ့်မရဘူး။ဒီအလုပ်သမားတွေ
မှာ ထောရောစာရွက်နဲ့ မြန်မာသံရုံးကထုတ်ပေးထားတဲ့ ရေဘေးသင့်ဒုက္ခသည် ထောက်ခံစာ စာရွက်
လည်းပါတယ်” ဟုပြောသည်။
ဖမ်းဆီးခံခဲ့ရသည့်နေ့မှ စ၍ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT က
ကထုန်ဘန်နယ်မြေ ကျဟာငန်း(အလုပ်ရှာဖွေရေး)နှင့် SK food အလုပ်ရုံ တို့နှင့် ပူးပေါင်း၍ အလုပ်သမား
များလွတ်မြောက်ရေးအတွက်၎ ရက်တိုင်တိုင် ကြိုးပမ်းခဲ့သည်။
ယမန်နေ့ က အလုပ်သမားအရေးကူညီဆောင်ရွက်သည့် မဟာချိုင်အခြေစိုက် အင်ဂျီအို တစ်ဖွဲ့ ဖြစ်သော LPN သို့ ဆက်လက်အကူအညီတောင်းခံခဲ့သည်။ တာဝန်ရှိသူ ၂ဦး ချက်ခြင်းလိုက်ပါ ဆောင်ရွက်ခဲ့သော်
လည်း အလုပ်သမား ၂ဦးပြန်လည်လွတ်မြောက်မလာခဲ့ပါ။
ယနေ့ နံနက်ပိုင်းက အချုပ်ခန်းထဲမှ ကိုစတား ကဖုန်းဆက်ရာ”ညဉ့် က အချုပ်ထဲမှာ ရာဘ စိတ်ကြွဆေး
သုံးတဲ့လူတွေဖမ်းလာတာ အခန်းထဲမှာ လူပေါင်း ရာချီရှိနေပြီးဒီအထဲ ကျနော်တို့ မြန်မာ၎ဦးပဲရှိတယ်၊
ဒီလူတွေ ဆေးတွေရှုပြီး ဆူညံနေတာ တစ်ညလုံးအိပ်မရဘူး။ ကျနော်တို့ ဖုန်းကိုလည်း ပုလိပ်တွေသိမ်း
ထားလိုက်ပြီး ခု ထိုင်းတစ်ယောက်ဖုန်းနဲ့ ဆက်နေတာ၊ ကျနော်တို့ ကိုမြန်မြန်လွတ်အောင် ကူညီပါ” ဟု
ဖုန်းဆက်ပြောလာသည်။
အမှုကိစ္စမှာ ကျဟာငန်းမှထုတ်ပေးသည့်စာရွက်နှင့် အလုပ်ရုံမှ ပြောင်းရွှေ့ခြင်း စာရွက်စာတမ်းများ အား
အလုပ်ရုံမှ အချိန်မီမလုပ်ခြင်း၊ နယ်မြေကျော်နေခြင်း အစရှိသည့် ဥပဒေကြောင်းဆိုင်ရာများ အား ထိုင်း
ပုလိပ်မှ ပြောဆိုလာခဲ့သည်။
ထို့ကြောင့် ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED သို့ BAT က ဆက်လက် အကူအညီတောင်းခံထားသည်။
FED ဒါရိုက်တာ ဦးထူးချစ်က” ဒါမျိုးမဖြစ်သင့်ဘူး။ဒီအလုပ်သမားတွေဟာ ရေဘေးသင့်ပြီး ကယ်ဆယ်ရေး စခန်းမှာ ကျနော်တို့ အကူအညီနဲ့ ခိုလှုံနေခဲ့ကြရသူတွေဖြစ်တယ်။ သူတို့ အယင်လုပ်ခဲ့တဲ့အလုပ်ရုံမှာ လုပ်အားခရဖို့ အတွက်ကျန်နေတာကို တောင်းခံနေတဲ့ အလုပ်သမားတွေဖြစ်တယ်။ ထိုင်းမှာနေထိုင်ခွင့် စာရွက်စာတမ်းရှိသူတွေလည်းဖြစ်တယ်။ ဒီအလုပ်သမားတွေလွတ်မြောက်ဖို့ အတွက် ကျနော်တို့တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်” ဟုပြောသည်။
Tuesday, November 22, 2011
မဟာချိုင်ရဲ သိမ်းဆည်းထားသည့် ဖုန်းနှင့် အခြားပစ္စည်းများပြန်ရ
**(နိုဝင်ဘာ ၂၂ မြတ်ညို-အလွတ်သတင်းထောက်)**
ရေးဘေး ကယ်ဆယ်ရေး စခန်းသို့လာသည့် ပန်းရံ အလုပ်သမား ၃ဦးထံမှ မဟာချိုင်ပုလိပ်များ သိမ်းယူ
လိုက်သည့် ဖုန်းနှင့် ကြောပိုးအိပ်များ အား BAT နှင့် မိတ်ဆွေများက ပြန်လည်တောင်း ပေးလိုက်သည်။
BAT တာဝန်ခံ ဦးကျော်သောင်းက “ ယာယီ ကယ်ဆယ်ရေးစခန်းကို ခါးတစ်ထည် ကိုယ်တစ်ခုတည်းနဲ့ 
အလုပ်သမား၃ ယောက် ရောက်လာတာ၊ အ၀တ်လဲစရာတောင်မပါဘူး။ ဘတ် ငွေ ၆၀ ပဲ ပါတဲ့ ပန်းရံ အ
လုပ်သမားတွေဖြစ်တယ်၊ ကျနော်တို့ မိတ်ဆွေတွေနဲ့ သွားပြီးတော့ သိမ်းထားလိုက်တဲ့ ရဲစခန်းကို သွား
တောင်းပေးလိုက်တယ်၊ အလုပ်သမားတွေ ၀မ်းသာသွားကြတာပေါ့’’ ဟု ပြောသည်။
ပန်းရံ အလုပ်သမား ၃ ဥင်္ီး ဘန်ကောက်မြို့လာမင်ထား ၉၆ လမ်း တွင် အလုပ် လုပ်နေရာမှ ရေဘေးဒုက္ခ
ကြောင့် မဟာချိုင်တွင် ရွှေတွံတေး ဆရာတော်၊ တပည့်တကာများ နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား
များအဖွဲ့ (BAT) တို့ ပူးပေါင်း ဖွင့်လှစ်ထားသော ရေဘေး ယာယီ ကယ်ဆယ်ရေးစခန်းသို့ လာကြစဉ်
နိုဝင်ဘာ လ ၁၃ ရက်နေ့ ညနေ ၇ နာရီခန့် တွင် မဟာချိုင်၊ဘန်းပါရပ်၊ မာလီ ငါးသေတ္တာရုံ အနီးရှိ
ယာဉ်ထိန်း ရဲကင်းက ဖမ်းဆီးလိုက်သည်။
ထို့နောက် ရဲကင်းတွင် တစ်ဦးလျှင် ဘတ်ငွေ ၈၅၀၀ စီ ပေးရမည် ဖြစ်ကြောင်းပြောသည်။ ရေဘေးဒုက္ခ
လာသူများ ဖြစ်သဖြင့် ငွေမပါကြောင်းပြောရာ အသိ မိတ်ဆွေရှိက ရွေးထုတ်ရန် ရဲက ပြောဆိုခဲ့သည်။ ထို့နောက်
တစ်ဦးလျှင် ၆၅၀၀ ဘတ်ပေးရန် ဈေးလျှော့ပေးခဲ့သည်။
ဖမ်းဆီးခံသူများထဲမှ တစ်ဦးဖြစ်သော ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ မမြင့်မြင့်ဌေးက “ သမီးတို့ လုပ်ငန်းခွင် ရေမြုပ်သွားတယ်။လုပ်အားခလည်း သူဌေး ရှင်းမပေးလိုက်ဘူး။ ကယ်ဆယ်ရေး စခန်းကို သွားဖို့ ကားခ လောက်ပဲပါတယ်၊ ပေးစရာ ပိုက်ဆံ မပါတာကြောင့် ကျမတို့ မှာ ပါလာတဲ့ ပစ္စည်းတွေကို အကုန်သိမ်း လိုက်တာဖြစ်တယ်။ ဖုန်းသိမ်းတယ်၊ ပြီးတော့ မဟာချိုင် ၄ ထပ်အချုပ်ခန်းမှာ ၂ည အိပ်ခဲ့ရတယ်’’ ဟုပြောသည်။
ထိုင်းရဲ တောင်းခံသည့်ငွေကို မပေးနိုင်သဖြင့် လက်ကိုင်ဖုန်း ၂လုံး၊ ဘတ်ငွေ ၁၉၉ ဘတ် တန်ဘိုး ရှိသော အနီရောင် ပန်ကာ တစ်လုံး၊ အ၀တ်အထည် ထည့်သည့် အိပ်၃လုံးနှင့် အမျိုးသမီး ဆလင်းဘက် တစ်လုံး တို့ကို သိမ်းဆည်းထားလိုက်သည်။ လုံးဝပိုက်ဆံ မရသည့်အခါ ကိုနိုင်နိုင် နှင့် ကိုချစ်စမ်းမောင် တို့အား လက်ထိပ်ခတ်ပြီး ဆဲဆိုပါသည်။ မမြင့်မြင့်ဌေး ကိုမူ ထိုင်ခိုင်းထားသည်။
ထို့နောက် မဟာချိုင် ၄ထပ်အချုပ် ရုံးကြီးရှေ့သို့ လက်ထိပ်ခပ်ကာ တင်ဆောင်လာခဲ့သည်။ ပိုက်ဆံ ပေးမည် ဆိုပါက စောစောက ဖမ်းဆီးမိသော နေရာသို့ ပြန်ပို့ မည်ဖြစ်ကြောင်း ရဲက ပြောသည်။
ခြုံဘူရီ မှ ကယ်ဆယ်ရေးစခန်းသို့ လာခဲ့ကြသော သစ်စက်အလုပ်သမား ကရင်လူငယ် ၇ဦးတို့ကိုလည်း ပါလာသည့်ငွေ ဘတ်သောင်းအား မဟာချိုင်ရဲများကသိမ်းယူထားခဲ့ရာ တစ်ဦးလျှင် ဘတ်ငွေ ၁၅၀၀ ပေးချေခဲ့ကြရသည်။
ရေဘေးသင့်နေသည့် ရွှေ့ပြောင်းအလုပ်သမား တို့အား ဖမ်းဆီးခြင်းမပြုရန် ထိုင်းအာဏာပိုင်များက
တရားဝင် ထုတ်ပြန်ထားသော်လည်း မဟာချိုင်ရဲများမှာ မြန်မာအလုပ်သမားများ အား ဖမ်းဆီးဆဲဖြစ်
သည်။ မြန်မာအလုပ်သမားများ ကိုင်ဆောင်ထားသည့် ယာယီပတ်စပို့ ကိုလည်း ရက်ပေါင်း ၉၀ တစ်
ကြိမ် နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးသို့ သတင်းမပေးပို့ နိုင်ပါကလည်း ဒဏ်ငွေရိုက်ခြင်း၊ အရေးယူခြင်း
မရှိကြောင်း ထိုင်းအစိုးရ ကြေညာ ထားသော်လည်း ရက်လွန်ပါက ယခင်အတိုင်း ဒဏ်ငွေပေးဆောင်
ရဆဲဖြစ်ကြောင်း သိရှိရသည်။
Monday, November 14, 2011
မဟာချိုင် ရေဘေး ကယ်ဆယ်ရေး စခန်းအား ထိုင်းအာဏာပိုင်များ လာရောက်နှောက်ယှက်
**(နိုဝင်ဘာ ၁၄ ၊မြတ်ညို -အလွတ်သတင်းထောက်)**
ဘန်ကောက်မြို့အနီး မဟာချိုင် နယ်မြေ ၀ပ်ခေါင်မေးဒေးယား ဘုန်းတော်ကြီးကျောင်း တွင်ဖွင့်လှစ်ထားသော ရေဘေးသင့် ယာယီ ကယ်ဆယ်ရေး စခန်းသို့ ထိုင်းအာဏာပိုင်များ နေစဉ် လာရောက်နှောက်ယှက်လျှက်ရှိကြောင်း စခန်း တာဝန်ရှိသူများကပြောသည်။
နိုဝင်ဘာလ ၄ ရက်နေ မဟာချိုင် တွင် သာသနာပြုနေသော ရွှေတံွံတေး ဆရာတော် အသျှင်ဝါယမ ဦးစီး
ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေးစခန်းသို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်အကိုင်ရှာ
ဖွေရေး ၊ထိုင်းကျမ္မာရေးဌာနတို့ က အကြောင်းမရှိ အကြောင်းရှာကာ စိတ်အနှောက်အယှက်ဖြစ်လောက်
အောင် လာရောက် စစ်ဆေးလျှက်ရှိသည်။
ဆရာတော်က“ ဒါယကာကြီးကို ယုံပါတယ်၊ အလုပ်သမားတွေအတွက် အလုပ်အကိုင်ကောင်းကောင်း ရှာပေးပါ။
စိတ် အနှောက်အယှက် ဖြစ်စရာတွေ သိပ်ပြီးတော့ လာမပြောပါနဲ့ ’’ မိန့်တော်မူသည်။
ရေဘေးဒုက္ခ ရောက်နေကြသော မြန်မာအလုပ်သမားအား သနားဂရုဏာ စိတ်အပြည့် ဖြင့်ကူညီခြင်းဖြစ်
ကြောင်း၊ပြန်လိုသူများ ပြန်ကြ၊ အလုပ် လုပ်လိုသူများ လုပ်ကြ၊ရေများလျှော့ကျသွားခဲ့ပြီးနောက်
မိမိ လုပ်ခဲ့သော နေရာများသို့ ပြန်ရန် စောင့်ဆိုင်းလိုကလည်း စောင့်ကြရန်နှင့် မငတ်အောင် ရှာကျွေးမည်ဟု
ဆက်လက် မိန့်တော်မူသည်။
ယမန်နေ့က မဟာချိုင်နယ်မြေ အလုပ်အကိုင်ရှာဖွေရေး (ကျဟာငန်း) မှ အရာရှိ ရောက်ရှိလာပြီး ယခုဖွင့်
လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းအား ခွင့်မပြုနိုင်ကြောင်း ။ ၎င်းနှင့်အတူ အလုပ်သမားရှာရန်လိုက် ပါလာသည့်ငါးခေါင်းဖြတ် အလုပ်ရုံတွင် လုပ်လိုက လုပ်နိုင်ကြောင်း၊ ၁၅ ရက် အလုပ် လုပ်ကိုင်ခွင့် ပြု ကြောင်း၊
လိုအပ်ပါက နောက်ထပ် ၁၅ ရက် ထပ်တိုးပေးမည်ဖြစ်ကြောင်း အရှည် သဖြင့် အာမ, မခံနိုင်ကြောင်း ရေများလျှော့ကျသွားခဲ့ပြီးနောက် ယခင်လုပ်ကိုင်ခဲ့ကြသည့် အလုပ်ရုံများသို့ ပြန်ထွက်သွားနိုင်ကြောင်း
အလုပ်လုပ်ကိုင်ခွင့် စာရွက် စာတမ်းမပြည့်စုံသူများအား လက်မခံနိုင်ကြောင်း၊ ပြောဆိုသည်။ ထို့နောက်
ယခုအလုပ်ရုံတွင် အလုပ် ပါက ထိုင်းအစိုးရ ကဖွင့်လှစ်ထားသည့် ရတ်ခ်ျ်ဘူရီ ကယ်ဆယ်ရေးစခန်းသို့လိုက်
်ရမည်ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့သည်။ ယခုအကြိမ် လာရောက် ပြောဆိုခြင်းမှာ ၃ရက်မြောက်ဖြစ်သည်။
အလုပ်သမား ကိုညီညီဇေါ်က “ခုလာခေါ်တဲ့အလုပ်ရုံက ရက်ပေါင်ကြေးဆိုပြီး ၉ရက်ခယူမယ်၊ အလုပ်လုပ်
ဖို့ဝတ်စုံအတွက် ဘတ် ၉၀၀ သွင်းရမယ်ပြောတယ်၊ကျနော်တို့ကို ၁၅ ရက်ခိုင်းမယ်၊ လိုအပ်ရင် နောက်ထပ်
၁၅ ရက်ထပ်တိုးမယ်၊တစ်နေ့ လုပ်အားခက ၂၁၅ ဘတ်ပေးမယ် လို့ပြောတယ်။ ဒီအလုပ်ရုံကို မသွားရင်
ရပ်ခ်ျဘူရီ ကယ်ဆယ်ရေးစခန်းကို သွားရမယ်လို့ ထိုင်းအာဏာပိုင်က ဖိအားပေးတယ်၊ ကျနော်တို့ကို
အတင်း အဓမ္မ ပို့မယ်လို့ပြောနေတယ်၊ဒုက ရောက်နေပါတယ်ဆိုမှ အနိုင် လာကျင့်သလိုဖြစ်နေတယ်’’
ဟုပြောသည်။
ယာယီကယ်ဆယ်ရေးစခန်းအား ဆရာတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသော ဘန်ကောက်မြို့အခြေ
စိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့တာဝန်ခံ ဦးကျော်သောင်း က “ ဘန်ကောက်မြို့ရဲ့နေရာ
အတော်များများကို ရေပြည့်လာတော့ အလုပ်သမားတွေကို ထားဖို့ အနီးစပ်ဆုံးဖြစ်တဲ့ မဟာချိုင်မှာ ဆရာ
တော်နဲ့ တပည့်တကာ တို့ နဲ့ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်တယ်။ ဖက်ကဆင်၊အုန်းနွဲ့နဲ့ဘန်ဘော်တို့ မှာ
ရေဘေးသင့်နေတဲ့ မြန်မာတွေ အများကြီးရှိနေတယ်၊ ဒီလူတွေ အရေးအကြောင်းဆိုရင် ရေလွတ်ရာ
ကိုရောက်ဖို့ အရေးကြီးတယ်။ ဒီမှာလူတွေဒီထက်ပိုများလာရင် အစိုးရဖွင့်လှစ်ထားတဲ့ ရပ်ခ်ျဘူရီ ကယ်
ဆယ်ရေး စခန်းထဲကို ပို့မှာပါ ’’ ဟုပြောသည်။
ယခုဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းမှ ဘန်ကောက်မြို့မြန်မာသံရုံးအစီအစဉ်ဖြင့် မြ၀တီမြို့သို့
မြန်မာအလုပ်သမားပေါင်း ၃၀၉ ဦး ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ ရေကျအောင်
စောင့်နေသူများနှင့် နေရပ်ပြန်ရန် စောင့်ဆိုင်းနေသူပေါင်း ၁၅၀ ဦးကျန်ရှိနေဆဲဖြစ်ပြီး မူလလုပ်
ကိုင်နေခဲ့သည့် အလုပ်ရုံ သို့ ပြန်သွားသူပေါင်း ၁၆ ဦးရှိပြီးဖြစ်သည်။
ကယ်ဆယ်ရေးစခန်းသို့ ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း(FED )၊
ယာယီပတ်စပို့ကုမ္ပဏီ( NIK) နှင့် မြန်မာသံရုံး၊မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့(ဘန်ကောက်)၊ရန်ကုန်မြို့ အခြေ
စိုက် မွန်မြတ် ၈ရုဏာရှင်များအဖွဲ့ နှင့် မဟာချိုင်မှ မြန်မာအလုပ်သမားများ လာရောက် လှူုဒါန်းကြကြောင်း
သိရှိရသည်။
Monday, November 7, 2011
ရေဘေးသင့်မြန်မာအလုပ်သမားများအား မြန်မာသံရုံးမှ ယာယီပတ်စပို့အခမဲ့ထုတ်ပေး

**(နိုဝင်ဘာ ၇ ရက်၊မြတ်ညို-အလွတ်သတင်းထောက်)**
ရာ့ခ်ျဘူရီ ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများအနက်
ယာယီပတ်စပို့ အုပ်ရေ ၂၀၀ ကို ယမန်နေ့က ထုတ်ပေးခဲ့သည်။
ထိုင်းအစိုးရ အလုပ်သမားဒုဝန်ကြီးက ယခုပြောင်းရွှေ့လာခဲ့သော နခွန်းပထုန် ကယ်ဆယ်ရေးစခန်းထဲတွင်
work permit ထုတ်ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
မြန်မာအစိုးရကလည်း ယာယီပတ်စပို့ ထုတ်ပေးနိုင်ရန် အမြန်ဆုံးစီစဉ်ခဲ့သည်။
ယခု မြန်မာအစိုးရဘက်က မြန်မာအလုပ်သမားတွေအတွက် ယာယီပတ်စပို့ အခမဲ့ထုတ်ပေးလာတဲ့အခါ
ထိုင်းအစိုးရဘက်က work permit (အလုပ်လုပ်ကိုင်ခွင့် လက်မှတ်) ထုတ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း
မြန်မာသံမှူး ဦးနိုင်ထွန်းကပြောသည်။
“ အလုပ်သမားဒုဝန်ကြီးက ကျနော်တို့ ကို ပတ်စပို့ထုတ်ပေး။ သူတို့ က work permit ထုတ်ပေးမယ်လို့
ပြောခဲ့တယ်။ တကယ်လည်း ကျနော်တို့ ကအင်တိုက်အားတိုက်လုပ်ရော၊ သူတို့ဘက်က လုပ်ငန်းစဉ်တွေ
များတယ် လို့ ပြောလာတယ်။ ဒါပေမယ့် ဘာပြောပြော မြန်မာအလုပ်သမားတွေက ယာယီ့ပတ်စပို့တော့
ရသွားတာပေါ့’’ဟုပြောသည်။
ကျန်နေသေးသည့် အလုပ်သမားများအား လာမည့် အင်္ဂါ နေ့ သို့မဟုတ် ဗုဒ္ဓဟူးနေ့ ခန့်တွင်
လာရောက်ထုတ်ပေးမည်ဖြစ်ကြောင်း သံမှုးကပြောသည်။
ရေဘေးသင့်အလုပ်သမားများ တစ်နေ့ တခြားများပြားလာသဖြင့် မဟာချိုင် ကထုန်ဘန် ကီလို၁၂
တွင်ရှိသော ၀ပ်ခေါင်မေးဒေးယား ဘုန်းတော်ကြီးကျောင်းတွင်
ယာယီကယ်ဆယ်ရေးစခန်း(၁)အား မဟာချိုင်တွင် သီတင်းသုံးသော သာသနာပြုပုဂ္ဂိုလ် ရွှေတွံတေး
ဆရာတော် အရှင်ဝါယမဦးစီးလျှက် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ 
(့BAT )တို့ က ဦးဆောင်လျှက်ဖွင့်လှစ်ထားရာ ယနေ့ နေ့ လည်ပိုင်းက အလုပ်သမား ၃၀၀ ကျော်
လာရောက်ခိုလှုံနေပြီဖြစ်သည်။
Monday, October 24, 2011
ရေဘေးသင့် မြန်မာ အလုပ်သမား ၄၀ဦးအား မြန်မာသံရုံးမှ နေရပ်ရင်း ပြန်ပို့
(အောက်တိုဘာ ၂၄ ။မြတ်ညို )
ရေဘေးသင့် မြန်မာအလုပ်သမား ၄၀ဦးအား ထိုင်းနှင့်မြန်မာ အလုပ်သမားအဖွဲ့တို့နှင့် ပူးပေါင်းပြီး ဘန်ကောက်မြို့ရှိ
မြန်မာသံမှူး ကိုယ်တိုင် ကြီးကြပ်ကာ ယမန်နေ့ ညနေက ပို့ဆောင်ခဲ့သဖြင့် ယနေ့ နံနက်ပိုင်းက မြ၀တီမြို့မှ မြန်မာ အာဏာပိုင်များက လာရောက် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရှိရသည်။
ယခုအလုပ်သမားများမှာ နွန်ထဘူရီ စားသောက်ဆိုင် တစ်ခုမှ အလုပ်သမား ၄ဦးနှင့် ပေါင်မုန့် အလုပ်ရုံမှ အလုပ် သမားများဖြစ်ကြပြီး အင်ဂျီအိုမှတစ်ဆင့် မြန်မာသံရုံးသို့ အကူအညီ တောင်းခံလာခဲ့ခြင်း ဖြစ်ကြောင်း မြ၀တီမြို့မှ
အိမ်အပြန် အလုပ်သမား ကိုထွန်း ကပြောသည်။
“ မြန်မာသံရုံးက ကျနော်တို့  နိုင်ငံရပ်ခြားမှာ ခုလို ဒုက္ခရောက်နေချိန်မှာ မိဘသဖွယ် အကူအညီပေးတာကို အလွန်ဝမ်းမြောက်ပါတယ်။ အတူတူ ကူညီကြတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
ထိုင်းအမျိုးသမီးဖေါင်ဒေးရှင်း နှင့် မြန်မာသံရုံးတွင် ဖွဲ့စည်းထားသော မြန်မာနိုင်ငံသား ကူညီစောင့် ရှောက်ရေး အသင်း
နှင့် အဖွဲ့အ၀င်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(BAT)ကပြောသည်။
မြန်မာသံမှူး ဦးနိုင်ထွန်း က “ ရေဘေးသင့် မြန်မာ အလုပ်သမားတွေကို ကျနော်တို့ ပို့ဆောင်ပေးတဲ့ နေရာမှာ
လမ်းခရီးနဲ့ ထိုင်းမြန်မာနယ်စပ်မှာ အနှောက်အယှက် အကုန်အကျ တစ်စုံတစ်ရာ မရှိအောင် ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ အလုပ်သမားတွေကို ဘားအံမြို့အထိ နိုင်ငံတော် အစိုးရ အစီအစဉ်နဲ့ ပို့ပေး မှာဖြစ်ပါတယ်” ဟုပြောသည်။
အလုပ်သမားများ အိမ်အပြန်ကားခ အတွက် ဘန်ကောက်မြို့ ပသိုနန်းမှ မြန်မာ စေတနာရှင်တစ်စုက ဘတ်ငွေ
၁၄၀၀၀ ကူညီခဲ့သည်။ တပြိုင်တည်းတွင် အဆိုပါ အလုပ်သမားများအား တစ်ဦးလျှင် ဘတ်ငွေ ၂၀၀ စီ မြန်မာသံမှူးကိုယ်တိုင် မုန့်  ဖိုး ပေးသည်။
မူလက အလုပ်သမားပေါင်း ၄၁ ပို့ဆောင်ရန် ပြင်ဆင်ထားသော်လည်း အမျိုးသမီးတစ်ဦးအား အရေးပေါ်ဆေးရုံတင်လိုက်ရသဖြင့် အလုပ်သမား ၄၀ ဦးသာ ပို့ဆောင်ခဲ့သည်။
အလုပ်သမားများအား ဘန်ကောက်မြို့ ၃၄ လမ်းတွင်ရှိသော MAENSRI SKILL TESTING CENTER သင်တန်း ကျောင်းဆောင် ၌ တစ်ညတာ လက်ခံ စောင့်ရှောက် ထားခဲ့ခြင်းဖြစ်သည်။
Wednesday, August 31, 2011
ထိုင်း - မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ဆီက မြန်မာအလုပ်သမားရင်သွေးငယ်အချို့ အရေပြားရောဂါဖြစ်နေကြ
(ဖုတ်ဖရမြို့နယ်ထဲက ကျောင်းသားကလေးအချို့)
..........................................
သိတယ်မဟုတ်လား။ ။ “ကလေးအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်တယ်” တဲ့။ ကျနော်တို့ ထိုင်း - မြန်မာနယ်စပ် တာ့(ခ်)ခရိုင် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်ထဲက ကျောင်းသားကလေးအချို့ရော၊ ကလေးအလုပ်သမာားအချို့မှာပါ ရေမသန့်ခြင်း၊ မြေမသန့်ခြင်း၊ လုပ်ငန်းခွင်သုံး ဓာတု၊ ဇီဝဆေးရည်တွေနဲ့ယဉ်ပါးနေခြင်း စတာတွေကြောင့် အရည်ပြားရောဂါအချို့ဖြစ်ပွားနေကြတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီလိုအရည်ပြားရောဂါအချို့ဖြစ်ပွားနေကြတာဟာ တစ်နှစ်ပတ်လည် လောက်ရှိလာပြီး ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ဖုတ်ဖရမြို့နယ် ဘန့်ခရွှန်ဆာဟာမစ်တိုက်နယ်(မြန်မာတို့အခေါ် - ၄၈ကီလိုမီတာ)၊
၄၂ ကီလိုမီတာက ဒို့မိတ်ဆွေမူလတန်းကျောင်းက ကျောင်းသား (၁၂၆) ဦးအထိအရေပြားရောဂါ ဖြစ်ပွားခဲ့ကြပါသတဲ့။ ဒီနေ့မှာတော့ သက်သာရာရလာကြပေမယ့် သူတို့လေးတွေဟာ စိုက်ပျိုးရေးဒေသမှာ နေထိုင်ကြသူတွေပီပီသုံးရေမသန့်ရှင်းမှု (မြောင်းရေ၊ ချောင်းငယ်ရေစတာတွေကို သုံးစွဲရမှု)၊ သောက်ရေမသန့်ရှင်းမှု၊ လုပ်ငန်းခွင်သုံး ပိုးသတ်ဆေးရည် (ဓာတု၊ ဇီဝ) များအကြား ယဉ်ပါးစွာပြေးလွှားဆော့ကစားနေမှု စတာစတာတွေဟာ ရှိနေဆဲပါပဲ။
**ခြေသလုံးမှာ အလိပ်လိုက်ဖြစ်နေတဲ့အရေပြားရောဂါနဲ့ ကျောင်းသူတစ်ဦး**
**ဒီကျောင်းသားလေးလည်း အရေပြားပေါ်မှာ အစက်အပျောက်တွေထင်နေတယ်**
**ဖုတ်ဖရမြို့နယ် ဘန့်ခရွှန်ဆာဟာမစ်တိုက်နယ်၊၄၂ ကီလိုမီတာ၊ ဒို့မိတ်ဆွေမူလတန်းကျောင်း**
**ဖုတ်ဖရမြို့နယ်၊ စအိုတိုက်နယ် နှင်းဆီခြံမှ မြင်ကွင်း**
**ဖုတ်ဖရမြို့နယ် စအိုတိုက်နယ်။၃၅ ကီလိုမိတာမှ မြန်မာစိုက်ပျိုးရေးလုပ်သားတဲအိမ်တွေ**
**ဖုတ်ဖရမြို့နယ် စအိုတိုက်နယ်၊၃၆ ကီလိုမိတာမှ မြန်မာစိုက်ပျိုးရေးလုပ်သားတဲအိမ်တွေ**
သတင်း-သောင်ရင်းနဂါး (မြန်မာပြည်သား)
Photo-JACBA






















