**(နိုဝင်ဘာ ၇ ရက်၊မြတ်ညို-အလွတ်သတင်းထောက်)**
ရာ့ခ်ျဘူရီ ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများအနက်
ယာယီပတ်စပို့ အုပ်ရေ ၂၀၀ ကို ယမန်နေ့က ထုတ်ပေးခဲ့သည်။
ထိုင်းအစိုးရ အလုပ်သမားဒုဝန်ကြီးက ယခုပြောင်းရွှေ့လာခဲ့သော နခွန်းပထုန် ကယ်ဆယ်ရေးစခန်းထဲတွင်
work permit ထုတ်ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
မြန်မာအစိုးရကလည်း ယာယီပတ်စပို့ ထုတ်ပေးနိုင်ရန် အမြန်ဆုံးစီစဉ်ခဲ့သည်။
ယခု မြန်မာအစိုးရဘက်က မြန်မာအလုပ်သမားတွေအတွက် ယာယီပတ်စပို့ အခမဲ့ထုတ်ပေးလာတဲ့အခါ
ထိုင်းအစိုးရဘက်က work permit (အလုပ်လုပ်ကိုင်ခွင့် လက်မှတ်) ထုတ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း
မြန်မာသံမှူး ဦးနိုင်ထွန်းကပြောသည်။
“ အလုပ်သမားဒုဝန်ကြီးက ကျနော်တို့ ကို ပတ်စပို့ထုတ်ပေး။ သူတို့ က work permit ထုတ်ပေးမယ်လို့
ပြောခဲ့တယ်။ တကယ်လည်း ကျနော်တို့ ကအင်တိုက်အားတိုက်လုပ်ရော၊ သူတို့ဘက်က လုပ်ငန်းစဉ်တွေ
များတယ် လို့ ပြောလာတယ်။ ဒါပေမယ့် ဘာပြောပြော မြန်မာအလုပ်သမားတွေက ယာယီ့ပတ်စပို့တော့
ရသွားတာပေါ့’’ဟုပြောသည်။
ကျန်နေသေးသည့် အလုပ်သမားများအား လာမည့် အင်္ဂါ နေ့ သို့မဟုတ် ဗုဒ္ဓဟူးနေ့ ခန့်တွင်
လာရောက်ထုတ်ပေးမည်ဖြစ်ကြောင်း သံမှုးကပြောသည်။

ရေဘေးသင့်အလုပ်သမားများ တစ်နေ့ တခြားများပြားလာသဖြင့် မဟာချိုင် ကထုန်ဘန် ကီလို၁၂
တွင်ရှိသော ၀ပ်ခေါင်မေးဒေးယား ဘုန်းတော်ကြီးကျောင်းတွင်
ယာယီကယ်ဆယ်ရေးစခန်း(၁)အား မဟာချိုင်တွင် သီတင်းသုံးသော သာသနာပြုပုဂ္ဂိုလ် ရွှေတွံတေး
ဆရာတော် အရှင်ဝါယမဦးစီးလျှက် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ 
(့BAT )တို့ က ဦးဆောင်လျှက်ဖွင့်လှစ်ထားရာ ယနေ့ နေ့ လည်ပိုင်းက အလုပ်သမား ၃၀၀ ကျော်
လာရောက်ခိုလှုံနေပြီဖြစ်သည်။

No comments:
Post a Comment