ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ဟာသကဗျာ. Show all posts
Showing posts with label ဟာသကဗျာ. Show all posts

Friday, July 17, 2015

==ရင်တွင်းကွိစိကွစ==

**အဟောင်း၊အဟောင်းတွေထဲက
 အကောင်းအကောင်းတွေရှာကြည့်တယ်။(သိပ်မတွေ့ ရပါဘူး)

အသစ်အသစ်တွေထဲက
 အနှစ်အနှစ်တွေထုတ်နူတ်တယ်။(တော်တော်နည်းပါတယ်)

 ဒီလိုနဲ့ 
 ကျုပ်ရဲ့ စိတ်ပေါင်းသောင်းခြောက်ထောင်ဟာ
 အဟောင်းထဲကအသစ် အကောင်းထဲကအနှစ်ရှာဖွေရင်း
 ကြာလေလေ
အစာမကြေဖြစ်လာကြတယ်။

 ။။။။။။။။။။။။။။။။။

+ဆန်တာကလော့စ်(ခေတ္တ-အဂံပူ)

Read More...

Wednesday, July 15, 2015

==ကုန်ကားကြီးအလားသူမ==

**အချိန်မမီတော့တဲ့အရေးအနူတ်
 စိန်စီသောတေးတစ်ပုဒ်မဖြစ်ပေမယ့်
 အချစ်တွေကနေခြည်ဖြာလို့ နွေး
 အနှစ်တွေကရေကြည်လာလို့ ဖွေး
 အသစ်တွေကကြွေပြီဆရာလို့ တွေးကြလေမလား
 ဝေးဝေးကသာလွမ်းလိုက်ပါ
သူမဟာကုန်ကားကြီးမို့ လို့ လေ။ ။ ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

+ဆန်တာကလော့(ခေတ္တ-အဂံပူ)+

Read More...

Tuesday, August 5, 2014

==ဟာသကဗျာ(ငါ့ချစ်သူက.....)==




Read More...

Sunday, March 18, 2012

အမှတ်ရနေဆဲ ပေါက်ကရ ကဗျာများ


**ဝေဒနာ မြှုတ်နှံခြင်း**

ချစ်သူပေးလာ
မုန်းစာလွှာကို
အိမ်သာ တတ်စဉ် သုံးလိုက်သည်။

**နင်နဲ့ငါ**
ချစ်သူက ဗေဒါ
ကိုယ်က အီးတုံး
မြစ်နဒီ ရေယဉ်ကြောမှာ
မြော၍မဆုံး။ ။

**နင်နဲ့ငါ -၂**
ချစ်သူက အိမ်သာ
ကိုယ်က ဇလား
ခွဲရက်တယ် အာပနားရယ်
ရက်စက်တယ်တအား။ .။

**အိပ်မက်**

အိမ်မက်ထဲမှာ
ကြည်ဖြူတာနဲ့
ငါ့မှာနှစ်ချိုက်
စာပေးခိုက်တွင်
ပါးရိုက်ခံလိုက်ရပါသည်။ ။

**နယူတန်**

နယူတန်ရဲ့သီအိုရီ
သက်ရောက်မှုတိုင်း တုန့်ပြန်သည်
ဒါဆို အိုကေပြီ
ချစ်တဲ့သူဆီ အပြေးသွား
ချစ်တဲ့အကြောင်းတွေ ဇွတ်ပြောကြား
တုန့်ပြန်မှုက မောင့်ရဲ့ပါး
နီတဲ့အပေါ်မှာ လက်ဖဝါး
နယူတန် များ မှားသလား
ငါ့ခေါင်းထဲမှာ ဦးဏှောက်စား။ ။

**တန်ဘိုး**

အိမ်ရှေ့က စံပါယ်ပင်
အဖူးတွေဝင်
မကြာခင် တစ်ပင်လုံး
အပွင့်တွေ ဝေဝေဖုန်းပါလို့
သီကုံးကာ ခင့်အတွက်ရယ်ပေါ့
ရည်ရွယ်ရာ ပီတိမဆုံးခင်
သံစွာစွာ ပန်းသည်တစ်ဦးရယ်က
မာန်ပါပါ တန်ဖိုးဖြတ်ရက်တယ်ကွယ်
တစ်ကျပ်ဖိုး သုံးကုံး။ ။

(ငယ်ငယ်တုန်းက အမှတ်ရနေဆဲ ပေါက်ကရ ကဗျာများ)

**ကိုစိုးနိုင်**

Read More...

Friday, March 2, 2012

ချစ်သူမိန်းကလေး လိုက်နာရမည့် ရည်စားကျင့်ဝတ် ( ၆ ) ချက်.............ချစ်သူယောကျာ်းလေး လိုက်နာရမည့် ရည်စားကျင့်ဝတ် ( ၆ ) ချက်


***ချစ်သူမိန်းကလေး လိုက်နာရမည့် ရည်စားကျင့်ဝတ် ( ၆ ) ချက်**
BEER သောက်လျှင် ..အပြစ်မမြင်......ချစ်ချစ်ခင်ခင်..နေရမည်.
အခြားမိန်းကလေးရှူ့ လို့ငေး...မမြင်ချင်ယောင်ဆောင်ရမည်
ချိန်းလို့တွေ့က..ချစ်ချစ်အား.... တနေ့သုံးခါ နမ်းရမည်
ချစ်သူဘဲအား..အလေးထား..ရိုရိုသေသေပြောရမည်

ဗြောင်လိမ်ဗြောင်စား ထိုနှစ်ပါး သည်းညည်းများလည်း ခံရမည်..။
... ချစ်သူ ပြောတိုင်းမှာ ခေါင်းညိတ်ကာ.ဟုတ်ကဲ့ များ လည်း ပါရမည်..။

ထိုအရာများ.......မလိုက်နာငြား ကညာ့ လိုပင် ကျန်ရစ်မည်..:PPP..........။


**ချစ်သူယောကျာ်းလေး လိုက်နာရမည့် ရည်စားကျင့်ဝတ် ( ၆ ) ချက်**

ညာခိုင်းခဲ့လျှင် အပြစ်မမြင် ကြည်ကြည်ဖြူဖြူလုပ်ရမည်
ဘဲလေးချောချော ငေးနေလျှင် မုဒိတာလည်းပွားရမည်
ချိန်းလို့တွေ့က ကိုကိုက ကုန်ကျသမျှ ရှင်းရမည်
ချိန်းသူ မေအား အလေးထား တစ်နာရီခန့်စောင့်ရမည်

ပေါ်တင်လိမ်လျှင် ''''အ ''''သလိုပင် မသိချင်ယောင်ဆောင်ရမည်...။

စိတ်ကောက်တိုင်းရာ ချော့ဖို့ ရာ တော်ကီများလည်းညက်ရမည်။

ထိုအရာများ မလိုက်နာငြား..လူပျိုကြီးဘ၀ နှင့်ပင် ကျန်၇စ်၇မည်

PS.........I get this post from one of my friend.............I just want to share.........for fun..........:p;p;p


**Catherine**

Read More...

Tuesday, October 25, 2011

" အဖြေမရှိသည့် ပုစ္ဆာ "


မိတ်ဆွေ
သရဲ ကြောက်သလား . . .

ချိုးခနဲ့ ချွတ်ခနဲ
ညတစ်နာရီကျော်
မီးရောင်ထိန်ထိန် အောက်
ကျနော့် စိတ်တွေ ကဗျောက်ကသောက် . . .

ဲဗြုန်း ခနဲ့
ဖွင့်ထားတဲ့ ပတင်းပေါက် က
လက်မည်းကြီးတစ်ဖက် ၀င်လာလေမလား
ဝါး ခနဲ့
ခပ်ကျဲကျဲ ပျဉ်ချပ်တွေ အောက်က
မျက်နှာသေကြီး ပေါ်လာမလား . . .

တစတစ ကြက်သီးထ
ခဏခဏ အိပ်မရ
ဒါနဲ့ ပတင်းပေါက်နားကပ်
အပြင်ဘက် တဖျပ်ဖျပ်ကြည့်
ပျဉ်ချပ်ကျဲကျဲပေါ် ၀မ်းလျှားမှောက်
အိမ်အောက် ဇိုးခနဲ ဇတ်ခနဲ ကြည့်
ဒီတော့လည်း ဘာမှ မရှိ . . .

မိတ်ဆွေ
ဒါပေမယ့်လည်း
ကျနော်ဆက်ပြီး သရဲကြောက်မိပြန်၏ . . .
--



** မာဃလုလင်**
Admin - mrsorcerer@googlegroups.com

Read More...

Monday, October 17, 2011

၇ တန်း၊ ၈ တန်း လောက်က စပ်ထားတဲ့ကဗျာ လေးတွေ


**တန်ဘိုး**
အိမ်ရှေ့ကစပါယ်ပင်
အဖူးတွေ ၀င်
မကြာခင် တစ်ပင်လုံး
အပွင့်တွေ ဝေေ၀ ဖုံးပါလို့
သီကုံးကာ ခင့်အတွက်ရယ်ပေါ့
ရည်ရွယ်ကာ ပီတိမဆုံးခင်

သံစွာစွာ ပန်းသည်တစ်ဦးရယ်က
မာန်ပါပါ တန်ဘိုးဖြတ်ရက်တယ်ကွယ်--------
တစ်ကျပ်ဘိုး သုံးကုံး-----။

**မှားသွားသောသီအိုရီ**

နယူတန်ရဲ့သီအိုရီ
သက်ရောက်မှုတိုင်း တုန့်ပြန်သည်
ဒါဆို အိုကေ ပြီ ။။
ချစ်တဲ့သူဆီ အပြေးသွား
ချစ်တဲ့အကြောင်းတွေဇွတ်ပြောကြား

တုန့်ပြန်မှုက မောင့်ရဲ့ပါး
နီတဲ့ပေါ်မှာ လက်ဖ၀ါး
နယူတန်များ မှားသလား
ငါ့ခေါင်းထဲမှာ ဦးဏှောက်စား။ ။



** ငယ်ချစ်**

ဆံဖြူ သွားကြိုး
ခါးရိုးလည်းကိုင်း
နားလည်းထိုင်းပြီ
မှုံသည့်မျက်လုံး
အသုံးမကျ
ဒီဘ၀တွင် သင်္ခါရရှု
ဒါနပြုရင်း
ဥပုဒ် တစ်နေ့
သူနဲ့တွေ့မှ
ပုတီးလွတ်ကျ
သြော်----
အနိစ္စ ဒုက္ခ အနတ္တ ။။



( ၇ တန်း၊ ၈ တန်း လောက်က စပ်ထားတဲ့ကဗျာ လေးတွေ ပြုံးစေချင်လို့တင်လိုက်တာပါ)


**soe naing**

Read More...

Friday, April 22, 2011

လမ်းပျောက်ကြယ်

လမ်းပျောက်ကြယ်

**မှောင်တာကိုကြောက်

နောက်ပြန်လျှောက်သည်

လမ်းပျောက်ခဲ့လေပြီတကား။ ။

အောင်ဝေး
(မြန်မာနိုင်ငံကဗျာဆရာ)

ဧပြီ ၂၀-၂၀၁၁ (မိုးမခ)



ကြယ်သုဿန်



**နောက်ပြန်လျှောက်လည်း

နောက်ဆုံးပေးစာ

ရွာပြင်ထုတ်တဲ့ သူ့ အလောင်း။



မောင်လွမ်းဏီ

တိုင်းနိုင်ငံမဲ့ ကဗျာဆရာ။

ဧပြီ ၂၂ -၂၀၁၁


မပြန်လမ်း

ပိုးစုန်းကြူးငယ်

ဟားတိုက်ရယ်သည်

ကြယ်သေကောင်က လပုပ်တည်း။ ။

**အောင်ဝေး**
ဧပြီ ၂၁-၂၀၁၁

Read More...

Wednesday, July 28, 2010

ကလေးကဗျာလေးများ....လူကြီးဖတ်ဖို့ 

(1)" ညအခါ လသာသာ
ရေနစ်သေမလား
ငတ်သေမလား"
(2) "တစ်၊နှစ် ကိုနာဂစ်
သုံး၊လေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနှစ်၊ရှစ် မသာဖြစ်
ကိုး၊တစ်ဆယ် ၀ဋ္ဌ်ကျွတ်တယ်။"

(3) "ဘယ်ကလာသလည်း။
ဘယ်နယ်ကလည်း။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျားအလှူ
တစ်ပြားမရှုရ"
(4) "အစားအစာ ၀ါးစားပါ
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါ ထားခဲ့ပါ။"

(5) "ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းကဗိုက်ပိန်ပိန်
အမိုးအကာမဲ့နေတဲ့
မနှင်းတို့အိမ်။"
(6) "ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။"
(7) " တနင်္ဂနွေ၊ တနင်းလာ
ဗိုက်မှောက်မျှော်နေတာ
အဂါၤ၊ ဗုဒၶဟူး
ရောက်လုတစ်ဦးဦး
ကြာသပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာသေချာသွား ဘယ်သူမှမလာအား။"
(8) "မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို့အပေါ်တင်
ပလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး
အာဏာရူး
အာဏာရူးကို ခွေးတွေယက်
မှောင်မိုက်မှာအူ
အူသူတွေ အစာလုကြ
ငါတို့ကိုဆွဲ တွဲလဲ
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း
မုန်တိုင်း…….."

(9) ဘဘ၀၀ ထလို့က
ဘဘနိုင်ပြီဗျ
ကပါကပါ ဘဘရာ
ဘဘခေတ်လေဗျာ
မဲလိမ်တွေကို အမှန်ပြ
ဘဘအကြံပိုင်ပါ့။
သူများတွေ မသာဖြစ်တာ
ဘဘနဲ့ မဆိုင်ပါ
မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
ဘဘနိုင်ဖို့ပဲ။

(10) ဘဘ၀၀ စိတ်ဓါတ်ကျ
အနောက်က Pressure ရ
သူများအကူ မယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘသတ္တိခဲ
နိုင်ငံခြားငွေမြင်သောအခါ
ဘဘစိတ်ပြောင်းလာ
အားရပါးရလာလှူကွဲ့
ဘဘအိတ်ထဲထည့်။
ဘဘ၀၀ ထပ်လို့က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘ ခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ့အသက်ရ
ဘဘကတော့ ဆက်လို့က
ဘဘဘယ်တော့မှ ကလို့မ၀"
(11)"ရွာနံဘေးက ချောင်းကလေး
ဖောင်မြောလာသည်။
သားတို့လည်း မြောလာသည်။
မည်သူမျှ မဆယ်ကြ။" ….ဟင့်…ဟီး..အီး
(12) အလောင်းလေးများ ဖွေးလို့စီ
မြစ်ညှာရိုးတစ်လျှောက်ဆီ
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီပေါင်း
(13) မြစ်ဝကျွန်းပေါ်အနီး
အကြီးစားမုန်တိုင်းဝင်နိုင်သည်။
ဝေးလွန်း၍ မပြောနိုင်ဘူးလား။
အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။


--
sincerely,
**khin win**
To: senhom@gmail.com

Read More...

Friday, April 16, 2010

သိကြားမင်းနဲ့ ပေါင်ချိန်


**သိကြားမင်း မိုးပေါ်တက်တော့
သူ့လက်ထဲမှာ
မှတ်တမ်းလွှာ ပုရပိုက်တွေ ပါသွားမှာပဲ…။

**သိကြားမင်းရဲ့ တရားအခင်းတွေထဲမှာ
တရားခြင်း မတရားခြင်းတွေ ရှိနေမှာပဲ…။

**သြဇာ အာဏာနဲ့
မျက်နှာ နာရမယ့် အမှုမျိုးကို
တံစို့လက်ဆောင် မငဲ့ကွက်ဘဲ
တရားဘက် မျက်နှာကြည့်ပြီး
တည့်တည့်မတ်မတ် ဆုံးဖြတ်နိုင်ပါ့မလား…။

**ကုန်းဘောင်ခေတ် စာဆိုတော်
အကျော်အမော် ဦးပုညကတော့
“၀ိမလ နန်းသစ်ပေါ်မှာ
သန်းရှစ်ဖော် ရွေများနှင့်
ဘုရားကို နှစ်ရစ်လိမ်
ညစ်တဲ့ မာဃိန်”လို့
သိကြားမင်း သရော်စာနဲ့
လှောင်ကာပြောင်ကာ ဖွဲ့ခဲ့ဖူးတယ်…။

**သိကြားမင်း မာဃိန်ဟာ
သုခမိန် ပေါင်ချိန်လောက်မှ
ပြောင်မြောက်တဲ့သတ္တိ ရှိပါရဲ့လား…။

**သိကြားသာသနာ
ဘုရားပေးတဲ့ အာဏာကို
သာယာပြီး မာန်ယစ်
ဝရဇိန် လက်နက်သစ်နဲ့
လူကောင်းတွေချည်း ပစ်နေရော့သလား…။

**ခိုင်ဖုန်းရုံးတော်ပေါ်သို့
သိကြားမင်းကိုဆင့်ခေါ်ပြီး
အမှုတော်စစ်ရဦးမယ်
ညစ်မယ်တော့ မကြံနဲ့နော်….။ ။


*** တင်မိုး ***
(၁၆- ဧပြီ၊ ၁၉၉၉- သောကြာနေ့ နံနက်ခင်း)


Read More...

Wednesday, March 17, 2010

“အကုန်လုံးဝမ်စွေ. “

***ချစ်သူက.. နေကြာ
ကိုယ်က..ကွာစေ.
ဧည့်ခံရာဆုံအတွေ. မှာ
မမေ့စရာ…. ၀မ်စွေ. အခါ
ကြာပ လေ.ေ စ လေ.
(ကြာ လေဲကောင်း လေ လေ.)
***ဆန်တာကလော့စ် (ခေတ္တ - အင်္ဂပူ)***


“ဟောကိန်း“
**တပင်လည်းမထူ
အချဉ်လည်းမကူပါနှင့်
ိုဤ လူ မကြာ စိတ်ပုတီးဖြင့်
ရိပ်ကြီးခိုလိမ့် ….။

***ဆန်တာကလော့စ် (ခေတ္တ - အင်္ဂပူ) ***

Read More...

Friday, February 26, 2010

“ ခေတ်သစ်မေတ္တာပို့”

Online ပေါ်တွင် Q နေစဉ် Connection အမြဲကောင်းပါစေ။
Busy ဖြစ်တယ်ပြောသူများ အလုပ်ပိပြီးပြားစေသား…။
မိန်းမဟန်ဆောင်ယောင်္ကျားမောင် တကယ်အခြောက်ဖြစ်ပါစေ။
Online ပေါ်မှာရန်ဖြစ်က ရန်ဖြစ်သူနဲ့ညားစေဗျာ့……။

Invite လုပ်စဉ်ပဲများလျှင် ထိပ်ပြောင်ကြီးနှင့်ညားမယ်အစဉ်…။
ဒေါသကြီးထွားရန်တွေ့ငြား ရှေ့သွားတစ်ချောင်းကျိုးစေသား…။
စိတ်ထားပုပ်ပုပ် Block လုပ် အပျိုကြီးအဟုတ်ဖြစ်ပါစေ။
အသက်လိမ်ထားအပျိုကြီးများ ငှက်ပျောတုံးဘဲရစေသား။
ဟို Q ဒီ Q ထိုသို့လူ မျက်တွင်းဟောက်ပက်ဖြစ်စေတမူ……
ဟိုရှာ ဒီရှာကိုအဝှာ Virus ကြီးကြီးရစေဗျာ…….
သဘောကောင်းသူ ကျွန်ုပ်လိုလူ သက်မွန်မြင့်နဲ့အတူ..
ဂဟေဆက်ရေးဆုတောင်းပေး
“ကွတ်တယို” ကျွေးမယ်မနှေး။ ။

အားလုံးပျော်ရွှင်နိုင်ကြပါစေ…………………..

ကျော်ဇင်

Read More...

Saturday, February 6, 2010

အချစ်ဟာတစ်ခါတစ်ခါတော့ဗျာ….

*** မနေ့ကပေါ့ဗျာ
မတွေ့ရတာကြာတဲ့ချစ်သူဆီ
သူမတို့ စက်ရုံဆီ
ခြေလှမ်းတွေ ညီညီနဲ့
ကျနော်ဟာ ချီတက်သွားတာပေါ့….။
*** အနီးအနားက
လွယ်လွယ်ရတဲ့ နှင်းဆီငါးပွင့်ကိုယူ
သူမအကြိုက်ကလေး ပဲလို့ ရင်မှာ ကြည်နူး
စူးဆူးတာတောင် စိတ်မှာ အပြုံးမပျက်ပေါ့…..။

*** ချစ်သူရဲ့ စက်ရုံတန်းလျားရောက်
ယောင်္ကျားလေးတွေက ကွက်ကြည့်ကွက်ကြည့်
မိန်းကလေးတွေက ပြုံးစိ၊ ပြုံးစိနဲ့
သူမနဲ့ ကျနော်ရဲ့ ဇာတ်လမ်းကို
ကောင်းခန်းစောင့်ကြည့်နေကြပုံပဲဗျ….။
*** သူမတို့အခန်းထဲမှာ
ရွာက လိုက်လာတဲ့ သူမမိဘနှစ်ပါးရယ်
သူမရဲ့ မောင်၊ ညီမတွေရယ်နဲ့
လူအင်အား တစ်ဆယ်လောက်နဲ့ ကျနော် ပက်ပင်းတိုးပြီ
ကျနော့်မှာ ရီရမလို၊ ငိုရမလိုနဲ့ အခန်းဝအရပ်မှာ
`သူ… လာလေ၊ ဒီမှာ အဖေ၊ အမေတို့လည်းရောက်နေတယ်
သူနဲ့ မိတ်ဆက်ပေးရဦးမယ်၊ နောက်လည်း တွေ့ရင်ခေါ်ကြပေါ့´
သွားပါပေါ့ တစ်ညလုံး အိပ်မပျော်ပဲ မက်ခဲ့တဲ့ အိပ်မက်တွေ
ချိန်းတွေ့မယ့် စိတ်ကူးမှန်သမျှဟာ သက်မတွေ တစ်လုံးချင်းချလို့
လက်ထဲက နှင်းဆီပန်းဟာ ဘုရားတင်ဖို့ ယူလာတာလားလို့
အားမနာတမ်း သူမမေးလာတဲ့အခါ
`ရိုးရာနတ်ကို ပူဇော်ဖို့ပါ´လို့ ဂယောင်ဂတမ်း ကျနော်ပြောအမိမှာ
`သေနာကြီး၊ မသာကြီး အခုထွက်သွား၊ အခုသွား´လို့ သူမအော်ဟစ်တော့
အချစ်ဟာ တစ်ခါတစ်ခါ ဟစ်ဟော့လိုပါကွာဆိုတဲ့
ပါတာနာတစ်ယောက်ရဲ့ စကားကို အခါခါကြားယောင်ရင်း
သက်ပြင်းတွေ အကြိမ်ကြိမ်ချ
သူမဆီက ခပ်မြန်မြန်ပဲ ခွာခဲ့ပါတယ်ဗျာ….။

***ခံစားတင်ပြသူ-ဗေဒါ (ဘန်ကောက်)**

Read More...

Friday, January 22, 2010

အလုပ်ကပြတ်၊ အချစ်ကငတ်နှင့်

*** မဲဆောက် စက်ရုံများမှာ
အလုပ်ပါးတဲ့နေ့
အလုပ်ပြတ်တဲ့နေ့
ချစ်သူကို ချိန်းတွေ့တာတောင်
ဟောဒီကောင်ဟာ ရင်မှာမပျော်နိုင်ပါဘူး
နှစ်လုံးရူး၊ သုံးလုံးရူး၊ ဘောလုံးရူးနေလို့ မဟုတ်ရပါဗျာ
သုံးစရာ ခြူးတစ်ပြား (ဘတ်ငွေ) မရှိလို့ပါ
ကျွေးမွေးစရာ ဘတ်ငွေ `နိုးမန်းနီး´ဖြစ်နေလို့ပါ…။

*** အလုပ်ကပြတ်ကတဲ့ကြားထဲ
အချစ်ကပါနည်းနေရင်
နင်ရော၊ ငါပါ ခံစားချက်အပေါ် ခံစားချက်ထပ်ဆင့်မယ်လို့
သူမသိဖို့ကို ဒို့ဘက်က ပြောထားပြီးသားလေ
တခါတလေ သူမဘက်က တင်းမာသလား-မမေးနဲ့
အကြွေးတွေက ကျနော့် အပေါ် ဆင့်ကဲဆင့်ကဲလာသမို့
`သင့်ကြောင့် ဒို့တတွေ အကြွေးမထူပါစေနဲ့ ဆိုပြီး
ငိုညည်းပြတော့လည်း သူမက သနားမှာမှမဟုတ်တာဗျာ….။
*** ဟောဒီဇာတ်လမ်း တစ်ခန်းရပ်က
အလုပ်ကပြတ်၊ အချစ်ကငတ်နဲ့
`ပြတ်တုန်း၊ ငတ်တုန်း နှစ်ဆယ့်သုံး´ဆိုတာက ဒီပွင့်လင်းရာသီတိုင်း
ကမ္ဘာကျော်ကတ်ထရီနာ မုန်တိုင်းထက်တောင် ဆိုးလှပါရဲ့
ဒို့ကြတော့၊ ဂိုးကြတော့လို့ ကျနော်က ပြောပေမယ့်
ပြတ်တလှဲ့၊ ငတ်တလှဲ့ ဟောဒီဘ၀တွေမှာပဲ
မနေရဲရဲ၊ ကြွေဇင်ရဲရဲတွေနဲ့ အတူ
ပူချင်သလောက်ပူ၊ ယူချင်းသလောက်ယူဆိုပြီး
အကြွေးရှင် အဒေါ်ကြီးကိုပဲ
ဆက်ပြီး ချစ်နေရအုံးမှာထင်ပ….။

*** သြဂတ်စ်(ဲမဲဆောက်) ရွှေ့ပြောင်းတစ်ဦး***

Read More...

Wednesday, January 6, 2010

ရွှေ့ပြောင်းဘ၀မှာ ဘာညာသာရကာ… အပိုင်း (၁)

*** ဘန်ကောက်မြို့ပြင် စက်ရုံတစ်ခုက
မမ တစ်ယောက်ကို
တထိုင်အတွင်းမှာ `ဒိုင်ခင်း´ပြီးတော့
ငိုင်ဆင်းသွားအောင်
ဟောဒီ့ကောင် စွမ်းဆောင်ခဲ့ပါတယ်…။

*** တထိုင်အတွင်းမှာ
အပိုင်ခင်းလိုက်တာက
ဒီအပတ်မှာ ထိပ်စည်းကဘာ
အလယ်ထိုင်က ဘာနဲ့
နောက်ပိတ်က ဘာရယ်လို့
သူမတို့ `နွယ်´သွားအောင်
ဆွယ်တရားဟောတန်ဟော
အလွယ်စကား ပြောတန်ပြောနဲ့ ပေါ့ဗျာ…
(အာလာလာ- ဗေဒင်လက္ခဏာကလည်း မပါမပြီး လေဗျာ)

*** `ရေ´ပြရင်
`ကြွေ´ကျတယ်ဆိုညွှန်းလို့
ကျနော်တို့ မိဘ ဘိုးဘွားပိုင် ငါးကန်ထဲကရေပုံတွေနဲ့
ကျနော့် လက်ထဲက ငွေဖလားခွက်ထဲက ရေတွေကို
သူမဆီ ခခယယ သွားအပြမှာ
`သွားသေလိုက် ငကြောင်ကြီး`တဲ့ဗျ….။
(ဆက်လက်ဖော်ပြပါမည်)

*** ခံစားတင်ပြသူ- လူဇော် (ဘန်ကောက်) ရွှေ့ပြောင်းတစ်ဦး ***

Read More...

Wednesday, December 9, 2009

ငါ့ရုပ်က သန်းရွှေနဲ့မှ တူရလေခြင်းကွာ

*** အလုပ်ဆင်းနေချိန်အတွင်း
လူရှင်းနေစဉ်မှာ
ကျနော်ဟာ သူမအနားကပ်ပြီး `ချစ်တယ်´လို့ပြောတဲ့အခါ
လူကြည့်တော့ ဓားပြရုပ်နဲ့
နအဖ သန်းရွှေ ရုပ်လားမှတ်ရသတဲ့…
သူမရဲ့ နူတ်ထွက်စကား
နားဆတ်ဆတ်ကြားရချိန်မှာ
`ငါ့ရုပ်က သန်းရွှေနဲ့မှ တူရတယ်လို့ကွာ´ရယ်လို့
အဖေတို့၊ အမေတို့ ရှိရာ
မြန်မာပြည်ဘက်ကို

လက်ဆယ်ဖြာ ထိပ်မှာမိုးလို့
တိုးတိုးဖွဖွ အပြစ်တင်နေရတာပေါ့ဗျာ…။

*** သန်းရွှေလည်း ချစ်တတ်တာပါပဲကွာ (သူ့ကိုယ် သူနဲ့ သူ.မိသားစုကိုလေ)
အဲဒါလေးတောင် သူမက သဘော ထား မကြီးတာမို့
ကျနော့် အချစ်ရာခိုင်နှုန်း တစ်ရာတိတိရှိပါကြောင်း
အကြိမ်ကြိမ် ထပ်လောင်းပြောဆိုနေပေမယ့်
မန်နေဂျာကို တိုင်လိုတိုင်၊ လူမှုရေးတာဝန်ခံကို ကုန်းချောလိုချောနဲ့
သူမရုပ်ရည် ချောချောလေးကို
ဒေါသ၊ မောဟလေး ရောစွက်တာကိုက
ကျနော်မှာ ချစ်နေတုန်းပဲခင်ဗျ
အဲ… ယောက္ခမ လောင်းကြီးကို ချဉ်းကပ်ရင်
အဆင်ပြေမလားလို့ ဟင်းဝယ်ကျွေး၊ ကော်ဖီအတွဲလိုက် ၀ယ်ပေး
ချဲထိုးဖို့ ပိုက်ဆံစိုက်ပေး၊ တိုလီမိုလီသုံးဖို့ ပိုက်ဆံထုတ်ပေးနဲ့
ကျနော့်မှာသာ အကြွေးတွေထပ်ပြီးတော့ထပ်
နှပ်ချတဲ့ ယောက္ခမ ပါးစပ်က ဒီတစ်ခါ နူတ်ထွက်စကားကိုလည်း ကြည့်အုံး
`ဟေ့… အသုံးမကျတဲ့ကောင်၊ သန်းရွှေရုပ်နဲ့ကောင်´
ဟောဒီ အမောင်ကို ဟောဒီကောင်ကို အဲသလိုပြောရက်
ရက်စက်ပါပေ့ ယောက္ခမလောင်းကြီးရယ်
သမီးတောင် မပေးရသေးပဲနဲ့ ပြောထွက်လိုက်တာနော်
`သြော်… သန်းရွှေ၊ သန်းရွှေ
လမ်းဘေးနေ ခွေးလေခွေးလွင့် ကတောင် မင်းနဲ့ တူတဲ့ငါ့ကို
ကိုက်မလိုလိုလုပ်တာ အကြိမ်ကြိမ်ပဲကွ…´
ဘ၀… ဘ၀…. ဘ၀ (သန်းရွှေနဲ့မှ တူတဲ့ငါဘ၀)
ဒီဘ၀ ဒီနွားမ (အဲ)ဒီနှမ အမျှ အမျှ အမျှ (ယူချင်တဲ့သူယူ၊ သူချစ်တဲ့သူ ယူစေဗျာ)…..။

ခံစားတင်ပြသူ- ဗေဒါ(ဘန်ကောက်) ရွှေ့ပြောင်းလုပ်သားတစ်ဦး



Read More...

Friday, December 4, 2009

မဲဆောက် စာပေလိုက်ပွဲများ- အပိုင်း (၈)

ဟေမန္တ စစ်သည်…
`ဆောင်းခို ငှက်တို့
လက်နက်တပ်ဆင်
ကောင်းကင်ထက်မှာ တောင်ပံများ…´
***(မောင်လွမ်းဏီ)***

ကြွေဇင်ဗျ ညစ်ပလီ...
`ဗျောက်ကိုင် လက်တို့
လက်နက်တပ်ဆင်
အထက်ဆင်အောက်မှာ ညောင်သံကြား...´
***ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)***

Read More...

Tuesday, November 24, 2009

မဲဆောက် စာပေလိုက်ပွဲများ- အပိုင်း (၇)

***`ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို
ဟောကြည့်ပါဆို…။
ဆိုသာဆို
ပိုမိုတဲ့ စကား
ကလေး အငိုတိတ်အောင်
အရိပ်အယောင်ပြရတယ်
ဖိုးလနတ်သား….´

***သေနတ်တကားကား***
`ခါးကြားမှာ နံငယ်ပတ်လို့
လန်ကွတ်တီ ငနဲဗျို
ဟောကြည့်ပါဆို….။
ကပိုကယို
ပတ်လျှိုကာထား
လက်နက်ကို ထိန်းချုပ်နိုင်အောင်
သိမ်းထုပ်ကာ ပြရတယ်
အိုးဗျ သေနတ်တကားကား…´

***ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)***


Read More...

Sunday, November 22, 2009

ဖားမားနဲ့ ယပလက်မဒီများအကြောင်း

*** ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေများဗျာ
စက်ရုံတန်းလျားမှာ နေ့စဉ်လမ်းသလားရင်း
အပျင်းပြေ နှစ်လုံး သုံးလုံးထိုး၊ ကော်ဖီမစ်သောက်
အချို့ယမကာ သောက်၊ အချို့ဘီယာသောက်၊ အချို့ရေနွေးပဲထိုင်သောက်ကြ
အဆင်မပြေတဲ့ သူတွေများ၊ ရေသောက်တာတောင် သွားကြားညပ်ကြ
ကျနော်လည်း- ကြားညပ်တယ်ဗျ(အောက်ကြမ်းခင်း အကွဲပေါ်ကို ကျနော်ထိုင်အချပေါ့ခင်ဗျာ)

*** မဲဆောက်တုန်းကလည်း ဒီအတိုင်း
ကိုင်း… ဘန်ကောက်ရောက်တော့လည်း ဒီ-ဒီဇိုင်းပဲမို့
အရပ်ကတို့ရေ… ရွှေဗမာ မိုက်ဂရန့်စတားတွေကို
`ယ´ပက်လက်မဒီများက ပက်လက်ပြလေတော့(ပလယာနဲ့ တစ်ခါထဲလှမ်းဆွဲတာကို ပြောတာပါ)
ကျနော်တို့မှာ ကားယား ကားယားနဲ့ ငြင်းရင်လည်း အားနာစရာကြီး မဟုတ်လား…
`ဖားမား၊ ဖားမား´နဲ့ သူမတို့က ပါးစပ်က ပြောကြသားဗျ
တစ်လုပ်စားဖူး သူ့ကျေးဇူး အများသားဆိုတော့လည်း
အခါခါစားဖူး သူ့ကျေးဇူးများကို မမေ့မလျော့ပေါ့ဗျာ
လစဉ် လစာထုတ်တိုင်း အကြွေးကကော့နေအောင် ခံစားရ
ရသမျှလည်း ယပလက်မတွေကချည်း လက်ဝါးကြီးအုပ်သွားကြ
ဟောဒီ… ယပလက်နိုင်ငံဆီကိုလေ
အီစကို မိုက်ဂရန့် စတားတွေလာတာကိုက မှားတယ်ဗျ
ယားလို့တောင် မကုတ်အား၊ ဖျားလို့တောင်ခွင့်ရက် မရငြားတဲ့
မိုက်ဂရန့် ဘ၀တွေများဗျာ
ဖားမားနဲ့ ယပလက် မဒီများဟာ
သုံးနဲ့ လေးပမာ နီးလျက်နဲ့ ဝေးကွာကြ
ရင်နဲ့ ကျောပမာ ကပ်လျက်နဲ့ အတူတူဇာတ်မထွက်နိုင်ကြ (နပန်းလုံးတမ်း ဇာတ်ဝင်ခန်းကို ပြောတာ)
သြော်… ဘ၀၊ ဘ၀၊ ဘ၀၊
မိုက်ဂရန့် စတားတွေရဲ့ ဘ၀….။

*** (ဆက်လက်ဖော်ပြပါမည်)
***ခံစားတင်ပြသူ- ဗေဒါ(ဘန်ကောက်)ရွှေ့ပြောင်းတစ်ဦး


Read More...

Wednesday, October 28, 2009

အမှတ်အသား များ စွာအတွက်

***တစ်ခါတစ်လေ စိတ်ညစ်တယ်
စကားကြီးစကားကြယ်ပြောတယ် ....အိပ်မက်မက်တတ်တယ်
သက်ပြင်းချတယ်(ခဏ ခဏ)
တစ်ခါတစ်လေ.....
အကြောင်းမဲ့ ဆဲရေး တယ် ....
ရောင်စုံ ဆွေးနွေးတယ် ....
ကိုယ့်အယူအဆ နဲ့ ကိုယ်
တစ်ကိုယ်ရည် ပြက်လုံးတွေ ထုတ်တယ် ...။

**အဲ ...ရာသီတွေထဲမှာဆို
ဆောင်းရာသီကို မုန်းတယ်
(၇)ရက်သား
သမီးထဲမှာဆို
friday ကိုမုန်းတယ် ...
အရောင်မပါတဲ့ အိပ်မက် မက်တဲ့ ညတွေကို မုန်းတယ် ...
အသီးတွေထဲမှာတော့ ကျီးအာသီးကို မုန်းတယ် ...
ငါ့ ပထမ ဆုံး ရည်းစား နာမည် က
သီရိမိုးဆင့် ....
အစားအစာ တိုင်း အာဟာရ မပြည့်ကြဘူး
မိန်းမနဲ့အယူအဆ
ဗဟုသုတ မလိုတဲ့ ၀င်သက်ထွက်သက်
နေ၀င်ချိန်တိုင်း ...
မောရ သုတ်ရွတ်လို့
ဘ-၀ ကို အောင့်သက်ကြေအောင် သင်မထားဘူးတဲ့ ကောင်
နေထွက်ချိန်ကို ကြည့်ဖို့ နေ၀င်တဲ့ လမ်းကြောင်းနောက် တကောက်ကောက်လိုက်နေတဲ့ ကောင်....
အတွေးအခေါ်ဆိုတာ မိုးတိမ်တောင်တွေလို...
..............................မဖြစ်သင့်ဘူး
ငါကတော့ ဟောဒီ လူတောထဲ
ရာဇ၀င်မတွင်ချင်လောက်အောင်ကို ပူလွန်းတယ်...
တစ်ခါတစ်လေ အသက်မဲ့ လွန်းတယ်
တစ်ခါတစ်လေ လူသားဆန် လွန်းတယ်
တစ်ခါတစ်လေ ရေနဲ့ ရေးချင်တဲ့ စိတ်ကူးတွေ
ငါ့အသက် ၂၂ တုန်းက ဇော်ဇော်အောင်ကိုကြိုက်တယ်
မသေချာမှု နိယာမကို ဆေးလိပ်လိုပုံမှန်သောက်ဖြစ်တယ် လ
ငါ့ ကိုယ်ငါ ပြန်မဆေးကြောဖြစ်နေတာတော့ ကြာပေါ့
၂၀၀၃ တုန်းက ဖုန်းဆိုင်တစ်ခုမှာ အေးမြတ်သွယ် နဲ့ စတွေ့တာကို
သတိရတယ် ...
ကင်တင်းထဲ သူဌေးသားတွေနဲ့ စကားများတာ ကို မမေ့ဘူး
အခု ၂၉ နှစ်
အသစ်ဖြစ်ခြင်းတွေငါ့ဆီရောက်မလာကြသေးဘူး
သီအိုရီဆိုတာ လူတွေရှိနေလို့ ပေါ်လာရတာ လို့
ငါမယုံသေး တာ ရီဝေခြင်းလား
ဘ၀ မှာ ဘာကိုမှ သိပ်ပြီး မအံ့သြချင်တော့ဘူး
တကယ်ဆို ငါဘ၀ထဲ မာဃဒေ၀ကျမ်းမလိုဘူး
နေကာမျက်မှန်အကောင်းစား မလိုဘူး
လက်ပက်နာရီ မလိုဘူး
အမေ့ ကို ဒီနေ့ ငါသိပ်သတိရတာပဲ
၆နှစ်သား အရွယ်အထိငါ့ဘ၀ ထဲအမေပါသေးတယ်
တကယ်ဆို ဂစ်တာကြိုးတွေလိုတယ်
ကင်းပတ် စတွေလိုတယ်
အထူးသဖြင့် အပြာရောင်တွေလိုတယ်
ငါ၂၅ နှစ်တုန်းက ဒါလီ ပန်းချီကားတွေကြိုက်တယ်
အီဖယ်မျှော်စင်ကိုချစ်တယ်
ကြယ်စုံညကိုချစ်တယ်
စဉ်းစားချက်တွေကို ချစ်တယ်
otpoကို ကြိုက်တယ်
ခါးသက်သက်ခံစားရတာကို ပိုကြိုက်တယ်
လူတဖက်သား ကို စိတ်နဲ့ မုန်းရတာလောက်တော့
ဘယ်ဟာကိုမှ မမုန်းသေးဘူး
ငါအချစ်ဆုံး လကတော့ တန်ဆောင်မုန်းလပေါ့
တကယ်တော့ လရောင်တွေဟာ လူတွေကို
ရှင်သန်စေတာ အမှန်မဟုတ်ဘူး။

**သာမာန်လူပဲ ဖြစ်ချင်ခဲ့တဲ့ ၂၁
ပဟေ ဠိဆန်နေရတာ က ဘ၀ မဟုတ်တာသေချာတယ်
OBAMAရဲ့ အပြုံးထဲ မှာ .....
အခါးဓါတ်ပါမပါ သိချင်တယ်
ကဲ ငြိမ်သက်ခြင်းဟာ ဘာကောင်းလဲ….။

29 th ANNIVERSARY TO MY MOOD
from နှောင်ကြိုးမဲ့ by hanthamaung
JOKE POEM


Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)