
**တန်ဘိုး**
အိမ်ရှေ့ကစပါယ်ပင်
အဖူးတွေ ၀င်
မကြာခင် တစ်ပင်လုံး
အပွင့်တွေ ဝေေ၀ ဖုံးပါလို့
သီကုံးကာ ခင့်အတွက်ရယ်ပေါ့
ရည်ရွယ်ကာ ပီတိမဆုံးခင်

သံစွာစွာ ပန်းသည်တစ်ဦးရယ်က
မာန်ပါပါ တန်ဘိုးဖြတ်ရက်တယ်ကွယ်--------
တစ်ကျပ်ဘိုး သုံးကုံး-----။
**မှားသွားသောသီအိုရီ**
နယူတန်ရဲ့သီအိုရီ
သက်ရောက်မှုတိုင်း တုန့်ပြန်သည်
ဒါဆို အိုကေ ပြီ ။။
ချစ်တဲ့သူဆီ အပြေးသွား
ချစ်တဲ့အကြောင်းတွေဇွတ်ပြောကြား

တုန့်ပြန်မှုက မောင့်ရဲ့ပါး
နီတဲ့ပေါ်မှာ လက်ဖ၀ါး
နယူတန်များ မှားသလား
ငါ့ခေါင်းထဲမှာ ဦးဏှောက်စား။ ။
** ငယ်ချစ်**
ဆံဖြူ သွားကြိုး
ခါးရိုးလည်းကိုင်း
နားလည်းထိုင်းပြီ
မှုံသည့်မျက်လုံး
အသုံးမကျ
ဒီဘ၀တွင် သင်္ခါရရှု
ဒါနပြုရင်း
ဥပုဒ် တစ်နေ့
သူနဲ့တွေ့မှ
ပုတီးလွတ်ကျ
သြော်----
အနိစ္စ ဒုက္ခ အနတ္တ ။။
( ၇ တန်း၊ ၈ တန်း လောက်က စပ်ထားတဲ့ကဗျာ လေးတွေ ပြုံးစေချင်လို့တင်လိုက်တာပါ)
**soe naing**

**တန်ဘိုး**
အိမ်ရှေ့ကစပါယ်ပင်
အဖူးတွေ ၀င်
မကြာခင် တစ်ပင်လုံး
အပွင့်တွေ ဝေေ၀ ဖုံးပါလို့
သီကုံးကာ ခင့်အတွက်ရယ်ပေါ့
ရည်ရွယ်ကာ ပီတိမဆုံးခင်
သံစွာစွာ ပန်းသည်တစ်ဦးရယ်က
မာန်ပါပါ တန်ဘိုးဖြတ်ရက်တယ်ကွယ်--------
တစ်ကျပ်ဘိုး သုံးကုံး-----။
**မှားသွားသောသီအိုရီ**
နယူတန်ရဲ့သီအိုရီ
သက်ရောက်မှုတိုင်း တုန့်ပြန်သည်
ဒါဆို အိုကေ ပြီ ။။
ချစ်တဲ့သူဆီ အပြေးသွား
ချစ်တဲ့အကြောင်းတွေဇွတ်ပြောကြား
တုန့်ပြန်မှုက မောင့်ရဲ့ပါး
နီတဲ့ပေါ်မှာ လက်ဖ၀ါး
နယူတန်များ မှားသလား
ငါ့ခေါင်းထဲမှာ ဦးဏှောက်စား။ ။
** ငယ်ချစ်**
ဆံဖြူ သွားကြိုး
ခါးရိုးလည်းကိုင်း
နားလည်းထိုင်းပြီ
မှုံသည့်မျက်လုံး
အသုံးမကျ
ဒီဘ၀တွင် သင်္ခါရရှု
ဒါနပြုရင်း
ဥပုဒ် တစ်နေ့
သူနဲ့တွေ့မှ
ပုတီးလွတ်ကျ
သြော်----
အနိစ္စ ဒုက္ခ အနတ္တ ။။
( ၇ တန်း၊ ၈ တန်း လောက်က စပ်ထားတဲ့ကဗျာ လေးတွေ ပြုံးစေချင်လို့တင်လိုက်တာပါ)
**soe naing**


No comments:
Post a Comment