Monday, May 23, 2016
==ထိုင်း-မြန်မာနယ်စပ်ကသာမညလေး(သို့ )ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့  အိုအေစစ်မည်လောက်တဲ့မဲဆောက်မြို့  မယ်တော်ဆေးခန်းနေရာသစ်ဖွင့်ပွဲနဲ့  စာပေဟောပြောပွဲရှိတယ်ဗျို့ ..ဗျို့ ..ဗျို့ =
ဦးဆောင်ခဲ့ရာ
သာမညလေး၊လာသမျှကျွေး
ထာဝရလေး၊ပကာသနမတွေး
ဂါရ၀နွေးထွေး၊
လေးစားထင်ပေါါ်
မယ်တော်ဆေးခန်း၊
ပွင့်လန်းအစဉ်
ရင်တွင်းမြစ်တစ်စင်း၊အို..အချင်းတို
့ သင်းပျံ့ ရနံ့ မွှေးမဆုံးတည်း။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+သောင်ရင်းနဂါး+
=ကိုအောင်အမည်ရှိပန်းရောင်ကတ်တစ်ခု၊ကျော်နိုင်ဦးအမည်ရှိ အမျိုးသားမှတ်ပုံတင်တစ်ခု ပါရှိတဲ့ပိုက်ဆံမပါပိုက်ဆံအိတ်တစ်လုံး ကောက်ရထားပါတယ်ဗျို့ ......ဗျို့ ..ဗျို့ =
ထားတဲ့ပိုက်ဆံမပါတဲ့ ပိုက်ဆံအိတ်တစ်လုံးလက်ခံရရှိထားပါတယ်။ ပိုက်ဆံမပါတဲ့ပိုက်ဆံအိတ်ထဲမှာ*ကိုအောင်*အမည်ရှိပန်းရောင်ကတ် (ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်)တစ်ခုရယ်၊ *ကျော်နိုင်ဦး*အမည်ရှိမြန်မာနိုင်ငံကနိုင်ငံသားစီစစ်ရေးကတ်ပြား တစ်ခုရယ်ပါရှိပါတယ်။
ပိုင်ရှင်မှန်ပါကသူ့ ကိုသိသူ(သို့ )သူနဲ့ နီးစပ်ရာ လုပ်ဖော်ကိုင်ဖက်တွေကတဆင့် ဖုန်းဆက်ပြီးအကြောင်းကြားပေးပါနော်။
ဆရာမိုး(၀၈၅၆၀၂၃၅၇၃)
Wednesday, May 11, 2016
=မဖြူရေ....မဖြူနဲ့ နီးစပ်ရာမိတ်ဆွေအပေါင်းအသင်း- ဆွေမျိုးသားချင်းတို့ ရေ=
ဆီကိုလာပေးထားပါတယ်ကွယ်။ သူမရဲ့ ကဒ်ဟာပြီးခဲ့တဲ့၂၀၂၅ခုနှစ်ဇွန်လ၁၇ရက်လို့ ပါရှိတာမို့  သက်တမ်ွးှများကြီးရှိနေသေးသလို၂၁နှစ်၁ခါဖြစ်စေ၊၂နှစ်၁ခါဖြစ်စေ မဲဆောက်မြို့ One Stop Service Center(OSSC)ရုံးမှာ သက်တမ်းတိုးရမှာဖြစ်ပါတယ်။ဒါကြောင့် မဖြူကိုယ်တိုင်ဖြစ်စေ-....မဖြူနဲ့ နီးစပ်ရာမိတ်ဆွေအပေါင်းအသင်း- ဆွေမျိုးသားချင်းတို့ ကဖြစ်စေ
ဆက်သွယ်ကြပါဦး..ဗျို့ ..ဗျို့ ...ဗျို့ ။
ဆရာမိုး(၀၈၅၆၀၂၃၅၇၃)
Wednesday, March 25, 2015
==အကြွေးဘေး--ပြေးမလွတ်၊ပြန်ပေးမှလွတ်==
ပြုံးစရာပါသမို
့ ဒီနေရာမှာဖော်ပြမယ်။
အကြွေးစားပြီး
ဟိုသွားဒီသွား
ရှောင်ဖယ်ငြားလည်း
လွတ်အားမရှိ
ဟောဒါကြည့်တဲ့။**
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မယ်တောင်ဖတ်ရပ်ကွက်ကစက်ရုံတစ်ရုံအနီး ကုန်စုံဆိုင်ကြိးတစ်ခုမှာအများသိစေရန်ဆိုပြီးဟောဒိလိုကြော်ငြာကပ်ထားတာပါဗျ။
ယောကျာ်ံးလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံပါယာယီအလုပ်သမား လက်မှတ်(ပန်းရောင်ကတ်)ကော်ပီနဲ့ တကွတိတိကျကျကြီးကိုကြော်ငြာကပ်ထား တာဆိုတော့ဒီဆိုင်ဟာထိုင်းသူဌေးရဲ့ လူယုံပိုင်ဆိုင်တဲ့ဈေးဆိုင်ဖြစ်သလို သူနဲ့ ဆက်ဆံရ(သူ့ ဆီကမယူမဖြစ်အကြွေးယူစားကြရတဲ့)အနည်းဆုံး စက်ရုံနှစ်ရုံထဲမှာရှိတဲ့မြန်မာရွှေ့ ပြောင်းအလုပ်သမားတိုင်းဟာဒီလိုအကြွေးတောင်း စာမြင်တိုင်းဒီလိုဆောင်ပုဒ်တွေကိုသိကိုသိမှဖြစ်မှာပါတဲ့။ ဘာတဲ့ဗျာ။
**မပေးမဖြစ်ပေးမှဖြစ်မယ်။**
**အကြွေးဘေး--ပြေးမလွတ်၊ပြန်ပေးမှလွတ်**.
.အဟွတ်အဟွတ်အဟွတ်တဲ့။ ၊၊
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဆန်တာကလော့စ်(ခေတ္တ -အဂံပူ)+
Monday, March 16, 2015
လစဉ်မပျက်၊ နှစ်စဉ်ချီတက်၊ မြန်မာပြည်သားတွေရဲ့လက်နက် ၊ အခုလထုတ် မြန်မာပြည်သားစာစောင် လာပြီဗျို့
The Burmese Journal (March- 2015)
ဤမြန်မာပြည်သားစာစောင်ကို ၂၀၀၅ ခုနှစ် သြဂုတ်လမှစပြီး အဖိနှိပ်ခံ မြန်မာပြည်သား အလွှာအသီးသီး တို့ဘက်မှ ရပ်တည်လိုသော စိတ်ဆန္ဒဖြင့် ထုတ်ဝေဖြန့်ချီခဲ့ပါသည်။ ဤမြန်မာပြည်သားစာစောင်သည် ယခုလတွင် ၉ နှစ်နှင့် ၇ လပြည့်ခဲ့ပြီဖြစ် သကဲ့သို့ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA- Joint Action Committee for Burmese Affairs) အမည်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အစည်းအရုံးသည် လည်း တည်ဆောက် မှုကာလတွင် အနိမ့် အမြင့်၊အကွေ့ အကောက်၊ အလှည့်အပြောင်းများ ကြုံတွေ့ခဲ့ရ လင့် ကစား ယခုအခါ (၁၁) နှစ်တာကာလကို ရုန်းကန်လှုပ်ရှားမြဲ ခေတ်ဝန်ကို ထမ်းပြီး၊ ဖြတ်သန်း နေမြဲဖြစ်ပါကြောင်း ရဲဝံ့စွာ လက်ခမောင်းခတ်ဟစ်ကြွေး လိုက်ရပေသည်။Thursday, December 25, 2014
===ထိုင်းနိုင်ငံအခြေစိုက်JACBAအဖွဲ့ ရဲ့ ၂၀၁၅ ပြက္ခဒိန်ထွက်ပါပြီ==
**ပြည်သူ့ အားကို
ဒို့ ကိုးစားလျှင်
ဓားသွားလည်းထက်
ခြေလှမ်းသွက်၏....**
ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
ရဲ့ ၂၀၁၅ ပြက္ခဒိန်ဟာဒီနေ့ ထွက်ပါပြီဗျို့ ။
မြန်မာပြည်သားစာစောင်အတွက်လစဉ်ရံပုံငွေထည့်ဝင်နေသူတွေကလွှဲလို့ 
အခု၂၀၁၅ ပြက္ခဒိန်ကိုရံပုံငွေအဖြစ်ရောင်းချမှာဖြစ်ပါတယ်။မြန်မာရွှေ့ ပြောင်း
အလုပ်သမားတွေကို ပြက္ခဒိန်၁ခု(၂၅ဘတ်)နှုန်းနဲ့ ရောင်းချမှာဖြစ်ပြီး
အခြားသောအေဂျင်စီတွေ၊NGOsတွေ၊ပြင်ပမိတ်ဆွေတွေကိုတော့
ပြက္ခဒိန်၁ခု(၅၀ဘတ်)နှုန်းနဲ့ ရောင်းချမှာဖြစ်ပါတယ်။
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဟာပြီးခဲ့တဲ့
၂၀၀၈ခုနှစ်ကစပြီးနှစ်စဉ်မပျက် ပြက္ခဒိန်ထုတ်ဝေဖြန့် ချီခဲ့ပြီးအခု၂၀၁၅ ပြက္ခဒိန်ဟာ
၇နှစ်မြောက်ခြေလှမ်းဖြစ်ပါတယ်။
ပြောရရင်..။မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဆိုတဲ့ပြည်သူ့ အားကို
ယုံကြည်ကိုးစားစွာနဲ့ ထုတ်ဝေဖြန့် ချီလိုက်တာပါ။
**ပြည်သူ့ အားကို
ဒို့ ကိုးစားလျှင်
ဓားသွားလည်းထက်
ခြေလှမ်းသွက်၏....**တဲ့။
ဒီဖိုင်းအပြင်အဆင်က*သီဟမောင်မောင်*ရဲ့ လက်ရာပါ။
+'ဒီလျှပ်စီး+
Monday, December 22, 2014
===ဟော.............MMNT ၂၀၁၅ပြက္ခဒိန်လာပါပြီ...ထွက်ပါပြီ===
မျှော်တော်ဇောနဲ့ မောနေသူတွေအတွက်ကျနော်တို့ ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ ပြောင်းအလုပ်သမား
ကွန်ရက်(MMNT)ရဲ့ ၂၀၁၅ပြက္ခဒိန်.ထွက်ပါပြီ။ လာပါပြီ..ဗျ။ ထိုင်းနိုင်ငံအလယ်ပိုင်း၊တောင်ပိုင်း၊မြောက်ပိုင်းစတဲ့ဒေသကြီး၃ခုက MMNTအဖွဲ့ ဝင်အဖွဲ့ အစည်းအချို့ ရဲ့ လှုပ်ရှားမှုဓာတ်ပုံအချို့ ၊MMNTညီအကို မောင်နှမများရဲ့ စုပေါင်းဓာတ်ပုံ
၂ပုံ..စတာတွေအပြင်ထိုင်းနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်း၊မြောက်ပိုင်းဒေသကြီး၃ခုကMMNTအလုပ်
အမှုဆောင်တွေရဲ့  ဆက်သွယ်ရန်ဟမ်းဖုန်းနံပါတ်တွေပါဝင်ပါတယ်။ အခု၂၀၁၄ခုနှစ်စက်တင်ဘာလ၂၂ရက်နေ့ မှာထိုင်းတစ်နိုင်ငံလုံးအတိုင်းတာနဲ့  လွမ်းခြုံဖွဲ့ တည်လိုက်တဲ့ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ ပြောင်းအလုပ်သမားကွန်ရက်(MMNT)ရဲ့ 
ပထမဆုံးပြက္ခဒိန် လည်းဖြစ်ပါတယ်။MMNTရံပုံငွေအနေနဲ့ ပြက္ခဒိန်၁ခုကိုအနည်းဆုံး(၃၀-၄၀) ဘတ်နဲ့ ရောင်းချမှာဖြစ်ပါတယ်။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလျှပ်စီး+
Tuesday, November 18, 2014
==မဲဆောက်မြို့  နဲ့ မြ၀တီမြို့ ကသတင်းထောက်စာရေးဆရာတွေရဲ့  ချစ်ကြည်ရေး နဲ့ လူငယ်များအသိပညာဖွံဖြိုးရေးစာပေဟောပြောပွဲ==
အချိန်-မွန်းလွဲ(၁နာရိမှ၃း၃၀နာရီ)
နေရာ----နေ့ သစ်အလကကျောင်း၊မဲဆောက်မြို့ မီဂါဟုမ်းကုန်တိုက်ကြီးနောက်ကျောနဲ့  နမ့်ပါပါရေစင်ကြီးအဆုံး။
ဆက်သွယ်ရန်---ဆရာမိုး(0856023573)
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
++ ဟောပြောမည့်စာရေးဆရာသတင်းထောက်များ++
ဆရာသက်ဦးနိုင်(မြ၀တီခရိုင်စာရေးဆရာအသင်းအကြီးအကဲ)၊
ဆရာမင်းထွန်း (ဘီဘီစီ-ဦးအောင်ကျော်ဦး)၊
ဆရာမွန်ကြီး(ဒီဗွီဘီဦးဥာဏ်စိုး)၊
ဆရာသောင်ရင်းနဂါး၊
Thursday, November 6, 2014
==လစဉ်မပျက်၊ နှစ်စဉ်ချီတက်၊ မြန်မာပြည်သားတွေရဲ့လက်နက် ၊ ယခုလထုတ် မြန်မာပြည်သား စာစောင် လာပြီဗျို့==
The Burmese Journal (Nov- 2014)
ဤမြန်မာပြည်သားစာစောင်ကို ၂၀၀၅ ခုနှစ် သြဂုတ်လမှစပြီး အဖိနှိပ်ခံ မြန်မာပြည်သား အလွှာအသီးသီး တို့ဘက်မှ ရပ်တည်လိုသော စိတ်ဆန္ဒဖြင့် ထုတ်ဝေဖြန့်ချီခဲ့ပါသည်။ ဤမြန်မာပြည်သားစာစောင်သည် ယခုလတွင် ၉ နှစ်နှင့် ၃ လ ပြည့်ခဲ့ပြီဖြစ်သကဲ့သို့  ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA- Joint Action Committee for Burmese Affairs) အမည်ရှိမြန်မာရွှေ့ ပြောင်း အလုပ်သမားများ အစည်းအရုံးသည်လည်း တည်ဆောက်မှုကာလတွင် အနိမ့်အမြင့်၊ အကွေ့ အကောက်၊ အလှည့်အပြောင်းများ ကြုံတွေ့ ခဲ့ရလင့်ကစား ယခု အခါ (၁၁) နှစ်တာ ကာလကိုရုန်းကန် လှုပ်ရှားမြဲ ခေတ်ဝန်ကိုထမ်းပြီး၊ ဖြတ်သန်း နေမြဲဖြစ်ပါကြောင်း ရဲဝံ့စွာ လက် ခမောင်းခတ် ဟစ်ကြွေးလိုက်ရပေသည်။Sunday, September 7, 2014
Saturday, April 12, 2014
==လစဉ်မပျက်၊ နှစ်စဉ်ချီတက်၊ မြန်မာပြည်သားတွေရဲ့ လက်နက်၊ ယခုလထုတ် မြန်မာပြည်သားစာစောင် လာပြီဗျို့==
ပါဝင်ရေးသားကြသောမူရင်းကလောင်ရှင်များအားလည်းကောင်း၊ အားပေးဖတ်ရှုကြသောပရိသတ်များအားလည်းကောင်း၊ဘက်ပေါင်းစုံမှထည့်ဝငကူညီကြသော
မြန်မာရွှေ့ ပြောင်းလုပ်သားများအားလည်းကောင်း၊ကျေးဇူးတင်ပါကြောင်းမှတ်တမ်း တင်အပ်ပါသည်။
မြန်မာနှစ်သစ်မှာအသစ်အသစ်တို့ ဖြင့်ဖန်တီးတည်ဆောက်ပု့ဖော်နိုင်ကြပါစေ ( မြန်မာပြည်သားစာစောင်ဝိုင်းတော်သားများ)
Tuesday, April 1, 2014
Friday, March 21, 2014
===မဲဆောက်မြို့ မှာမြန်မာရွှေ့ ပြောင်းလုပ်သားမိသားစုဝင်ကျောင်းသား၄၂၇ဦး။ဆရာ၁၆ဦးတက်ရောက်နေတဲ့(နေ့ သစ်အလကကျောင်း) ရံပုံငွေကံစမ်းမဲဖွင့်ပွဲအခမ်းအနားဖိတ်ကြားလွှာ==
နေ့ ရက်---မတ်လ၂၃ရက်
အချိန်-----နံနက်၈း၃၀-မွန်းလွှဲ၂း၃၀နာရီအထိ
နေရာ---(နေ့ သစ်အလကကျောင်း၊မီဂါဟုမ်းကုန်တိုက်နောက်ကျော၊ထဆိုင်လွတ်(၁)ရပ်ကွက်၊မဲဆောက်မြို့  ဆက်သွယ်ရန်---ဆရာမိုး(0878496545)
Thursday, March 13, 2014
လစဉ်မပျက်၊ နှစ်စဉ်ချီတက်၊ မြန်မာပြည်သားတွေရဲ့ လက်နက်၊ ယခုလထုတ် မြန်မာပြည်သားစာစောင် လာပြီဗျို့…
ဤမြန်မာပြည်သားစာစောင်တွင်ပါဝင်ရေးသားကြသောမြန်မာရွှေ့ ပြောင်းလုပ်သားကလောင်ရှင်များအား
လည်းကောင်း၊အခြားသောကလောင်ရှင်များအားလည်းကောင်း၊ အားပေးဖတ်ရှုကြသောပရိသတ်များအားလည်းကောင်းကျေးးဇူးတင်ပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။ ဤမြန်မာပြည်သားစာစောင်သည် ယခုလတွင် ၈ နှစ် နှင့် ၇ လရှိပါပြီ။
Saturday, February 8, 2014
===လစဉ်မပျက်၊ နှစ်စဉ်ချီတက်၊ မြန်မာပြည်သားတွေရဲ့ လက်နက်၊ ယခုလထုတ် မြန်မာပြည်သားစာစောင် လာပြီဗျို့ ==
ဖော်ပြခဲ့သောမူရင်းကလောင်ရှင်များ ကိုပါကျေးဇူးတင်ပါကြောင်းဖော်ပြအပ်ပါသည်။
Wednesday, November 6, 2013
… လစဉ်မပျက်၊ နှစ်စဉ်ချီတက်၊ မြန်မာပြည်သားတွေရဲ့ လက်နက်၊ ယခုလထုတ် မြန်မာပြည်သားစာစောင် လာပြီဗျို့…
ဤမြန်မာပြည်သားစာစောင်ကို၂၀၀၅ ခုနှစ် သြဂုတ်လမှစပြီး အဖိနှိပ်ခံ မြန်မာပြည်သား အလွှာအသီး သီး တို့ဘက်မှ ရပ်တည်လိုသောစိတ်ဆန္ဒဖြင့် ထုတ်ဝေဖြန့်ချီခဲ့ပါသည်။ဤမြန်မာပြည်သားစာစောင်သည် ယခုလတွင်၈ နှစ်နှင့်၃လရှိပါပြီ။
Thursday, April 19, 2012
ဒူဘိုင်းအလုပ်ခေါ်စာ ပေးပို့ခြင်း

-၂၀၁၂ ဧပြီ ၁၉ ရက်နေ့ရ ပြည်ပအလုပ်အကိုင်သတင်း-
ဒူဘိုင်းနိုင်ငံရှိ အဆင့်မြင့် Super Market
တွင်လုပ်ကိုင်ရန်အောက်ပါဝန်ထမ်းများ အလိုရှိသည်။
1. Bakery (မုန့်ဖုတ်) ၁၀ ဦး U$ 600
2. Cashier (အရောင်း/ငွေကိုင်) ၁၀ ဦး U$ 600
3. Merchandiser (အ၀ယ်တော်) ၁၀ ဦး U$ 600
4. Counterhand (ငွေကိုင်အကူ) ၁၀ ဦး U$ 600
အလုပ်ချိန် - ပုံမှန်
ယူနီဖောင်း - ပေးမည်
အသွား/အပြန် - ကြိုပို့ပေးမည်
အင်တာဗျူးရက် - ၂၀၁၂ ဧပြီလ ၂၅ ရက် မှ ၂၇ ရက်
www.jobformyanmar.com
**Yamin Aye**
Saturday, April 14, 2012
Friday, April 13, 2012
"နိုင်ကျဉ်းတွေ သင်္ကြန်မှာ စုပေါင်းရဟန်းခံမည်"
နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အတူ စုပေါင်းဒုလ္လဘရဟန်းခံ သိမ်တက်ပွဲ ကို ယခုလ( ၁၀ )ရက်နေ့ ညနေပိုင်း နှင့်
( ၁၁ )ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဆိုပါပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ တက္ကသီလာမဟာဇေယျ သိဒ္ဓိပဌာန်းကျောင်း၊ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် ဦးကောဝိဒကိုအမှူးပြု၍ ကျင်းပသောပွဲဖြစ်သည်။ကျင်းပမည့်နေရာမှာ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ တက္ကသီလာ မဟာဇေယျသိဒ္ဓိပဌာန်း ကျောင်း၊ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း ၊ရှင်သာမဏေ၀တ်ခြင်း ကို
( ၁၀ ) ရက်နေ့ ညနေပိုင်း တွင်ကျင်းပမည် ဖြစ်ပြီး ( ၁၁ )ရက်နေ့ နံနက် ၈နာရီ မိနစ် ၃၀ ခန့်တွင် ရဟန်းခံခြင်းကိုစတင်မည်ဖြစ်သည်။
Sunday, April 8, 2012
လစဉ်မပျက် နှစ်စဉ်ချီတက် မြန်မာပြည်သားတွေရဲ့ လက်နက် အခုလထုတ် မြန်မာပြည်သားစာစောင် လာပြီဗျို့….
The Burmese Journal (April-2012)
















