ဤမြန်မာပြည်သားစာစောင်ကို ၂၀၀၅ ခုနှစ် သြဂုတ်လမှ စပြီး အဖိနှိပ်ခံ မြန်မာပြည်သားအလွှာအသီးသီးတို့ ဘက်မှ ရပ်တည်လိုသော စိတ်ဆန္ဒဖြင့် ထုတ်ဝေ ဖြန့်ချီခဲ့ပါသည်။ ဤသို့ လစဉ်မပျက် နှစ်စဉ်ချီတက် လာခဲ့ သည်မှာ ယခုအခါ ၆ နှစ်နှင့် ၈ လ တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။ မြန်မာပြည်သား စာစောင်တွင် ဆောင်းပါး၊ ၀တ္ထု တို၊ ကဗျာ၊ ကာတွန်း၊ အက်ဆေး စသည်ဖြင့် ရေးသားကြသူများအား လည်းကောင်း၊ မှော်ဆရာ အီးလ်ေ မးအုပ်စု၊ လွမ်းနေသူအီးလ်မေးအုပ်စု၊ ဆဲဗင်းလ်ဂရင်းဒေးအီးလ်မေးအုပ်စု၊ အပါအ၀င် အီးလ်မေးမှတ ဆင့် ပေး ပို့ကြသူ များအား လည်းကောင်း၊ ခွင့်ပြုချက် တောင်းခံရန် အခက်အခဲရှိသဖြင့် ခွင့်ပြုချက် မတောင်းခံပဲ ထည့် သွင်းေ ဖ်ာပြခဲ့ရသော စာမူအချို့၏ မူရင်းရေးသားသူများအား လည်းကောင်း၊ အစဉ်သဖြင့် ဖတ်ရှုအားပေး ကြသော စာဖတ်ပရိသတ်များအား လည်းကောင်း၊ အခြားကျေးဇူးတင်ထိုက်သူများအား လည်းကောင်း မိမိတို့မှ ကျေး ဇူးတင် ရှိပါကြောင်း အမှတ်တရ ဖော်ပြလိုက်ရပေသည်။
The Burmese Journal (April-2012)

No comments:
Post a Comment