မင်္ဂလာပါ…. (၁၀၂.၅၀) မီဂါဟတ်စ်ရဲ့ သောတရှင်တို့ရေ…။ ဒီကနေ့ကတော့ လောကဓာတ်တခွင်လုံးမှာ ပြောစမှတ်တွင် မဆုံးအောင်ဖြစ်ရပါပြီဗျာ။ ခက်တော့ ခက်တာပါပဲ။ ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ဘေးဘီဝဲယာ ကီလိုမီတာ (၂၀) ကို လေလှိုင်းထဲကနေ အသံနဲ့ နှိပ်စက်နေတဲ့၊ ဒါ့အပြင် အင်တာနက်ထဲမှာ နားဆင်ပြန်ရင်လည်း ၁၀၂.၅၀ မီဂါဟတ်စ် ဆိုတာဟာ ရုပ်မမြင်ရပဲ အသံချည်း သက်သက် နှိပ်စက်နည်း ပေါင်းစုံနဲ့ နှိပ်စက်နေတတ်တဲ့ အင်တာနက် လေလှိုင်းထဲက မက်(ပ်) ကွန်မြူနဒီ ရေဒီယိုပါတဲ့ဗျာ။ သို့ဂလို လေလှိုင်းထဲကနေ နားသောတ ဆင်နေသူတွေကို အသံနဲ့ နှိပ်စက်လို့ အားမရလို့ပဲထင်ပါရဲ့။
ဒီကနေ့ (ဧပြီလ ၈ ရက်နေ့မှာ) `မက်ပ်ရေယီု´ကို လာရောက် လေ့လာပါရစေ၊ ရေဒီယိုဆိုတာကြီးကို လေလှိုင်းထဲကပဲ နားဆင်ကြရပြီး ရေဒီယိုထဲမှာ ကြားနေကြရတဲ့ ဒီဂျေတွေကို အရှင်လတ်လတ်၊ မတ်တပ်ထင်ရှားဖြစ်စေ၊ ငုတ်တုတ်ထင်ရှား ဖြစ်စေ မြင်ပါရစေ´ပေါ့။
** အခြား နေ့စဉ်တင်ဆက်ကြသူတွေနဲ့ ဒီကနေ့ လေ့လာကြသူတွေကို မိတ်ဆက်ပေးနေစဉ် **
အဲသလို တနင်္ဂနွေ အားလပ်ရက်မှာ ကိုယ့်ဖာသာကိုယ် စက်ရုံမှာ၊ ပြင်ပ လုပ်သားတန်းလျားမှာ အသာမနေကြပဲ (၀ါ) တော်သလို ကြည့်မနေကြသူ တွေထဲက မြန်မာအလုပ်သမား ၄၀ ယောက် (စက်ရုံအလုပ်ရုံနဲ့ ပြင်ပ လုပ်ငန်းခွင်တွေထဲက) အဲဒီ ၄၀ ယောက်တို့နဲ့ ချစ်ကြည်ရင်းနှီး နွေးထွေးစွာ တွေ့ဆုံကြ၊ အတူတကွ သီချင်းတိုက်ကြ၊ သီချင်းဆိုကြ၊ သံချပ်တွေ အတူတူတိုင်ကြနဲ့ ကြုံကြိုက်တုန်းမို့ သူတို့ကို ပူးပေါင်းဆောင်ရွက် ကြရတာပေါ့ဗျာ။
ဟောကြည့်….. ဟောဒီဓာတ်ပုံ အမှတ်တရ တွေကိုလေ။
** ရေဒီယိုခန်းထဲမှာ JACBA-ဆရာမိုး၊ ဆရာဇော်၊ ဆရာကံ၊ ဒီဂျေ ကိုလင်းလင်းတို့နဲ့ ဒီကနေ့ ပရိသတ်တွေ ဖြစ်ချင်တိုင်း ဖြစ်နေကြပုံက တော့ဗျာ..**
** မင်္ဂလာပါ သီချင်း၊ မက်ပ်ရေဒီယိုကို နားဆင်ပါသီချင်းတို့ကို အကြိုဇာတ်တိုက်နေကြစဉ် **
** ဒီကနေ့ လာရောက်ပြီး နားငြီးခံကြတဲ့ အလုပ်သမား ၄၀ ထဲက တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်နေကြစဉ် **
သတင်းနှင့် ဓာတ်ပုံ…. ဆန်တာကလော့စ် (ခေတ္တ- အင်္ဂပူ)
** မက်ပ်ရေဒီယိုတာဝန်ခံ ကိုမင်းနှင့် ဆရာမိုးတို့က အလုပ်သမား ၄၀ ယောက်ကို နူတ်ဆက်စကားပြောကြား နေကြစဉ် **

No comments:
Post a Comment