**သိကြားမင်း မိုးပေါ်တက်တော့
သူ့လက်ထဲမှာ
မှတ်တမ်းလွှာ ပုရပိုက်တွေ ပါသွားမှာပဲ…။
**သိကြားမင်းရဲ့ တရားအခင်းတွေထဲမှာ
တရားခြင်း မတရားခြင်းတွေ ရှိနေမှာပဲ…။
**သြဇာ အာဏာနဲ့
မျက်နှာ နာရမယ့် အမှုမျိုးကို
တံစို့လက်ဆောင် မငဲ့ကွက်ဘဲ
တရားဘက် မျက်နှာကြည့်ပြီး
တည့်တည့်မတ်မတ် ဆုံးဖြတ်နိုင်ပါ့မလား…။
**ကုန်းဘောင်ခေတ် စာဆိုတော်
အကျော်အမော် ဦးပုညကတော့
“၀ိမလ နန်းသစ်ပေါ်မှာ
သန်းရှစ်ဖော် ရွေများနှင့်
ဘုရားကို နှစ်ရစ်လိမ်
ညစ်တဲ့ မာဃိန်”လို့
သိကြားမင်း သရော်စာနဲ့
လှောင်ကာပြောင်ကာ ဖွဲ့ခဲ့ဖူးတယ်…။
**သိကြားမင်း မာဃိန်ဟာ
သုခမိန် ပေါင်ချိန်လောက်မှ
ပြောင်မြောက်တဲ့သတ္တိ ရှိပါရဲ့လား…။
**သိကြားသာသနာ
ဘုရားပေးတဲ့ အာဏာကို
သာယာပြီး မာန်ယစ်
ဝရဇိန် လက်နက်သစ်နဲ့
လူကောင်းတွေချည်း ပစ်နေရော့သလား…။
**ခိုင်ဖုန်းရုံးတော်ပေါ်သို့
သိကြားမင်းကိုဆင့်ခေါ်ပြီး
အမှုတော်စစ်ရဦးမယ်
ညစ်မယ်တော့ မကြံနဲ့နော်….။ ။
*** တင်မိုး ***
(၁၆- ဧပြီ၊ ၁၉၉၉- သောကြာနေ့ နံနက်ခင်း)
**သိကြားမင်း မိုးပေါ်တက်တော့
သူ့လက်ထဲမှာ
မှတ်တမ်းလွှာ ပုရပိုက်တွေ ပါသွားမှာပဲ…။
**သိကြားမင်းရဲ့ တရားအခင်းတွေထဲမှာ
တရားခြင်း မတရားခြင်းတွေ ရှိနေမှာပဲ…။
**သြဇာ အာဏာနဲ့
မျက်နှာ နာရမယ့် အမှုမျိုးကို
တံစို့လက်ဆောင် မငဲ့ကွက်ဘဲ
တရားဘက် မျက်နှာကြည့်ပြီး
တည့်တည့်မတ်မတ် ဆုံးဖြတ်နိုင်ပါ့မလား…။
**ကုန်းဘောင်ခေတ် စာဆိုတော်
အကျော်အမော် ဦးပုညကတော့
“၀ိမလ နန်းသစ်ပေါ်မှာ
သန်းရှစ်ဖော် ရွေများနှင့်
ဘုရားကို နှစ်ရစ်လိမ်
ညစ်တဲ့ မာဃိန်”လို့
သိကြားမင်း သရော်စာနဲ့
လှောင်ကာပြောင်ကာ ဖွဲ့ခဲ့ဖူးတယ်…။
**သိကြားမင်း မာဃိန်ဟာ
သုခမိန် ပေါင်ချိန်လောက်မှ
ပြောင်မြောက်တဲ့သတ္တိ ရှိပါရဲ့လား…။
**သိကြားသာသနာ
ဘုရားပေးတဲ့ အာဏာကို
သာယာပြီး မာန်ယစ်
ဝရဇိန် လက်နက်သစ်နဲ့
လူကောင်းတွေချည်း ပစ်နေရော့သလား…။
**ခိုင်ဖုန်းရုံးတော်ပေါ်သို့
သိကြားမင်းကိုဆင့်ခေါ်ပြီး
အမှုတော်စစ်ရဦးမယ်
ညစ်မယ်တော့ မကြံနဲ့နော်….။ ။
*** တင်မိုး ***
(၁၆- ဧပြီ၊ ၁၉၉၉- သောကြာနေ့ နံနက်ခင်း)


No comments:
Post a Comment