**မိုးကလေးက အုံ့ပျမှိုင်းပျ
သင်္ကြန်ကလဲ မကျတကျ
မဏ္ဍပ်ကလဲ မလှမပ
ရေပက်တာလဲ မ၀တဝ
ခေတ်သရုပ်ကိုပြ…။
**ကုန်ဈေးနှုန်းက ကြီးမြင့်စွ
စားသုံးသူတွေ ဒုက္ခ ဒုက္ခ
ကြက်လိုယက်လို့ ရှာဖွေရ
သင်္ကြန်ဒိုးနဲ့ သင်္ကြန်အက
အလှပြကားတွေ မထွက်နိုင်ကြ….။
**မြန်မာပီပီ ပျော်ချင်လှ
မီးကမရ ရေကမရ
ရောင့်ရဲတတ်တဲ့ မြန်မာ့ဘဝ
ဖြစ်သလိုနေ ဘာတွေမှမတောင့်တ
သန္တိသုခ ငြိမ်းချမ်းမှ
မြန်မာ့ ရုပ်ပုံ ပီသဗျ…။
**၂၀-ရာစု နှောင်းကာလ
မြန်မာတတွေ မွဲလေစွ
သင်္ကြန်ပွဲတော် မပျော်နိုင်ဘဝ
သို့သော် ချေးမထူ မညည်းမညူ မတမ်းတ
ဒီနှစ်သင်္ကြန် ဂိမ္မန…။ ။
*** တင်မိုး ***
(၁၅- ဧပြီ၊ ၁၉၉၉- ကြာသပတေးနေ့ နေ့လယ်ခင်း)
**မိုးကလေးက အုံ့ပျမှိုင်းပျ
သင်္ကြန်ကလဲ မကျတကျ
မဏ္ဍပ်ကလဲ မလှမပ
ရေပက်တာလဲ မ၀တဝ
ခေတ်သရုပ်ကိုပြ…။
**ကုန်ဈေးနှုန်းက ကြီးမြင့်စွ
စားသုံးသူတွေ ဒုက္ခ ဒုက္ခ
ကြက်လိုယက်လို့ ရှာဖွေရ
သင်္ကြန်ဒိုးနဲ့ သင်္ကြန်အက
အလှပြကားတွေ မထွက်နိုင်ကြ….။
**မြန်မာပီပီ ပျော်ချင်လှ
မီးကမရ ရေကမရ
ရောင့်ရဲတတ်တဲ့ မြန်မာ့ဘဝ
ဖြစ်သလိုနေ ဘာတွေမှမတောင့်တ
သန္တိသုခ ငြိမ်းချမ်းမှ
မြန်မာ့ ရုပ်ပုံ ပီသဗျ…။
**၂၀-ရာစု နှောင်းကာလ
မြန်မာတတွေ မွဲလေစွ
သင်္ကြန်ပွဲတော် မပျော်နိုင်ဘဝ
သို့သော် ချေးမထူ မညည်းမညူ မတမ်းတ
ဒီနှစ်သင်္ကြန် ဂိမ္မန…။ ။
*** တင်မိုး ***
(၁၅- ဧပြီ၊ ၁၉၉၉- ကြာသပတေးနေ့ နေ့လယ်ခင်း)


No comments:
Post a Comment