**(၂၀၁၂ ဇန်န၀ါရီ ၂၊မြတ်ညို -အလွတ်သတင်းထောက်)**
ထိုင်းနိုင်ငံအတွင်းအသစ်ဖွင့်လှစ်မည့် ဌာနများတွင် ထုတ်ပေးမည့် ခရမ်းရောင် အီလက်ထရွန်နစ် နည်းပညာသုံး ပတ်စပို့ အတွက် ထိုင်းနှင့်မြန်မာ အစိုးရတို့ သတ်မှတ်လိုက်သည့် ကွန်ပျူတာ လက်ဗွေ နှိပ်ရမည့်ကိစ္စကြောင့် အလုပ်သမားများ အခက်ကြုံ နေရကြောင်း သိရှိရသည်။
လက်ဗွေနှိပ်ရာတွင် လုပ်ငန်းရှင် ကိုယ်တိုင် လိုက်ပါက အလုပ်သမားရုံးတွင် ငွေမပေးရ သော်လည်း လုပ်ငန်းရှင်
မပါသူများ အနေဖြင့် တစ်ဦးစီ ဘတ်ငွေ ၁၅၀ ပေးရမည်ဖြစ်ကြောင်း ယာယီပတ်စပို့ ကုမ္ပဏီ က အကျိုးဆောင်
ကုမ္ပဏီ များအား နှစ်သစ်ကူး မတိုင်မီ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ဘန်ကောက်မြို့ ဖလမ်းဆောင် ၀က်ကဘေး လမ်းဆုံအနီး ပန်းရုံအလုပ်သမား မဇင်မာဦး က“ ကျမတို့က နက
ပထုန် က ပြောင်းလာတာပါ။ ဘတ်လည်း အဲဒီမှာပဲ လုပ်ထားတာ။ ကျမတို့ အဲဒီကို ပြန်သွားလိုရှိရင် နယ်ကျော် တယ်ဆိုပြီး ပုလိပ်ဖမ်းအုံးမယ်၊ ဘတ်လုပ်ထားတဲ့ ရုံးကိုသွားပြီး လက်ဗွေ ထပ်နှိပ်ရမယ်ဆိုတော့ အတော်ခက်ခဲ နေတယ်” ဟုပြောသည်။
ထိုင်းနှင့်မြန်မာနှစ်နိုင်ငံအစိုးရ တို့ ၂၀၁၁ ခု နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံအတွင်း ဘန်ကောက်၊ချင်းမိုင်၊မဟာချိုင်
စမူပါကန်နှင့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ တို့တွင်ဖွင့်လှစ်မည်ဖြစ်သည်။
(အရင်ပတ်စပို့ )

အသစ်လုပ်လာမည့် ပတ်စပို့မှာယခင်ပတ်စပို့ နှင့်မတူပေ။ အရင်ပတ်စပို့ မှာ အနီရောင်ဖြစ်သော်လည်း ယခု အသစ်ထုတ်ပေးမည့် ပတ်စပို့မှာ ခရမ်းရောင် အီလက်ထရွန်နစ် နည်းပညာသုံး ပတ်စပို့ဖြစ်သည်။
မဟာချိုင် က ယာယီပတ်စပို့ အကျိုးဆောင် တစ်ဦး က “ အယင်လုပ်ခဲ့တာက လူပုံပါတဲ့ ထောရောစာရွက် နဲ့ 
၁၉၀၀ ငွေကြေစာရွက် ပါရင် ပတ်စပို့ တင်လို့ရပြီလေ။ အလုပ်သမားတွေ မှာ ကျသင့်တဲ့ငွေကို ပေးထားရင် သူတို့ နယ်စပ်ကို သွားရမယ့်နေ့ မှာလာလိုက်ရုံပဲ၊ အလုပ်သမား အတော်များများတို့က အမြဲ ပြောင်းရွှေ့ နေတာကြောင့် မူလ လုပ်ထားတဲ့ရုံးမှာ သွားပြီးတော့ လက်ဗွေနှိပ်ရမယ်ဆိုရင် အကုန် ဒုက္ခ ရောက်ကုန်မယ်” ဟုပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အလုပ်သမားဆိုင်ရာ စည်းဝေးပွဲတစ်ခုတွင် ဘန်ကောက် မြန်မာသံအမတ် ဦးအောင်
သိန်းက သုံးလခန့် ကြာမြင့်မည့် အီလက်ထရွန်နစ် နည်းပညာသုံး ယာယီပတ်စပို့ ထုတ်ပေးမည့် ငါးနေရာ
အတွက် နေရာထိုင်ခင်းနှင့်စရိတ်စက များအတွက် ထိုင်းအစိုးရက ကျခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အမည်မဖေါ်လိုသည့် အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက “ ခု အလုပ်သမား တွေဆီင်္က လက်ဗွေနှိပ်
ခ တစ်ယောက်ကို ဘတ်ငွေ ၁၅၀ စီကောက်တယ်ဆိုတာ မြန်မာရုံး ၅ရုံးအတွက် ကောက်ခံတာ ဖြစ်နိုင်တယ်။
မြန်မာအလုပ်သမား သန်းချီရှိတာ ဒီလောက် မကောက်သင့်ဘူး၊ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြရတဲ့ မြန်မာ အလုပ်သမားတွေ အပေါ် ၀န်ထုတ် ၀န်ပိုး ဖြစ်တာမျိုးတို့  မစဉ်းစားသင့်ဘူး” ဟုပြောသည်။
ထိုင်းအလုပ်သမားရုံးသို့ အလုပ်သမားများ ကိုယ်တိုင် လက်ဗွေနှိပ်ပြီးမှ ယာယီပတ်စပို့ လျှောက်ထားရမည့်
ကိစ္စရပ်မှာ မြန်မာအလုပ်သမားများအနေဖြင့် အထူးအခက်အခဲရှိကြောင်း၊ ယာယီပတ်စပို့ ထုတ်ယူရမည့်အခါ လက်ဗွေနှိပ်ခိုင်းခြင်းဖြင့်လည်းကောင်း အခြား လွယ်ကူမြန်ဆန်သည့် နည်းလမ်းများဖြင့် လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်း အလုပ်သမားများက ပြောသည်။

No comments:
Post a Comment