ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 2, 2012

လူနှင့် အလုပ်

>

**သူဌေး မရှိတဲ့ အရပ်မှာ မနေအပ် ( လောကနီတိ )**

ကိုယ်နေတဲ့ အရပ်မှာ သူဌေးဆိုတာရှိမှ သူဌေးက လုပ်ငန်းတွေလုပ်တယ်ဆိုတော့ အလုပ်သမားတွေ ခေါ်ခိုင်းမယ် ဒီလို အလုပ်တွေရှိမှ လူတွေ ရပ်တည်နေထိုင်ဖို့ စား ၊ ဝတ် ၊ နေရေး တွေ ပြေလည်မှာဖြစ်တယ် ။ ဒီတော့ ကျွန်တော်တို့ တစ်တွေဟာ သူဌေး လုပ်ငန်းရှင် နည်းပါးတဲ့ အရပ်ကနေ စွန့်ခွာပြီး ကိုယ်တတ်မြောက်ထားတဲ့ အတတ်ပညာနဲ့ ဆီလျှော်မယ့် ကိုယ့်မှာ ရှိတဲ့ လမ်းစားရိတ်ကို ချင့်ချိန်ပြီး သင့်တော်မယ့် နိုင်ငံတွေကို ထွက်ခွာပြီး အလုပ်ရှာကြရတယ် ။

ကိုယ့်ရပ် ကိုယ့်ရွာမှာနေခဲ့စဉ်ကတော့ တနယ်တကျေးမှာ တစိမ်းတရံတွေနဲ့ ပေါင်းရသင်းရတာ အဆင်ပြေမှ ပြေပါ့မလားဆိုပြီး တွေးတောပူပန်ခဲ့ဖူးတယ် ။ ဒါပေမယ့် တကယ်ထွက်လာတော့လည်း အပေါင်းအသင်းကိစ္စဟာ ထင်ထားသလောက် မဆိုးလှဘူးဆိုတာတွေ့ရတယ် ။ တွေ့ခဲ့တဲ့ လူတိုင်းကလည်း ဘဝတူတွေမို့ဖြစ်မယ်ထင်ရဲ့ တွေ့တဲ့လူနဲ့သင့်အောင်ပေါင်းပြီး အဆင်ပြေအောင် နေကြတာပဲ များပါတယ် ။ ကိုယ်မြန်မာပြည်မှာနေရင် ဘယ်သောအခါမှ ရောက်ဖူးလိမ့်မယ်လို့ မထင်တဲ့ အရပ်ဒေသကလူတွေနဲ့လည်းဆုံရတယ် ဒေသပေါင်းစုံ လူမျိုးပေါင်းစုံပေါ့ ။ ဒီလိုတွေ့ဆုံဆက်ဆံရင်းနဲ့ အတွေ့အကြုံတွေ ဖလှယ်ကြတယ် မကြားဖူးတဲ့ အထူးအဆန်းတွေလည်းကြားရတယ် ။ ဒီလိုပဲ နေရင်းနဲ့ စကားဝိုင်းတစ်ခုမှာ တစ်ယောက်စမေးတယ် မင်းတို့ မလေးရှားကိုရောက်လာတာ မြန်မာပြည်နဲ့ယှဉ်ရင် ဘယ်လိုခံစားရသလဲ ဘယ်လိုမြင်သလဲတဲ့ လူအမျိုးမျိုး အဖြေကလည်း အထွေထွေပေါ့ သင်ခန်းစာ တစ်ခုကို အလွတ်ကျတ်မှတ်ခိုင်းပြီး မေးတဲ့ ကျောင်းစာမေးပွဲက မေးခွန်း မဟုတ်လို့ မိမိစိတ်ထင်ရာဖြေကြတယ် မှန်တယ် မှားတယ်လို့တော့ သတ်မှတ်မထားဘူးပေါ့ နောက်ဆုံးတော့ မေးတဲ့သူကိုယ်တိုင်ကပဲ သူကျေနပ်မယ့် အဖြေကိုပြောတယ် “ ငါတော့ ငါတို့ငယ်ငယ်တုန်းက ခေတ်ကို ပြန်ရောက်သွားသလိုပဲလို့ ခံစားမိတယ် ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ ၁၀ပြား ၊ ပြား၅၀ အစရှိတဲ့အကြွေတွေကို သုံးလို့ရနေသေးလို့ပဲ ” တဲ့ ဟုတ်တော့ ဟုတ်သား သူပြောတာလည်း ကော်ဖီတစ်ခွက်ကို ၂ ရင်းဂစ် ( ဒါပေမယ့် ကျွန်တော်တို့ ဗမာပါးစပ်နဲ့ ၂ ကျပ်ပဲခေါ်တာပေါ့ ပိုက်ဆံခြင်း အတူတူပဲဟာ ) ၂ နဲ့ ၁၀ ပြား ၊ ၂ကျပ်ခွဲ စသဖြင့်ပေါ့ နေရာတကာမှာ အကြွေစေ့ သုံးနေရတယ် ။ ကျွန်တော် တစ်ခေါက် တစ်ခေါက် မြို့ထဲထွက်ရင် ပြန်အမ်းသမျှ အကြွေကိုတွေ မသုံးဘဲ စုထားတတ်တယ် နောက်များလာမှ ဆိုင်မှာ ပြန်လဲတာပေါ့ ။

ပညာဖြင့် အသက်မွေးခြင်းသည်သာ မြတ်သော အသက်မွေးခြင်း ဖြစ်၏ ( ဘုရားရှင်မှ အာဠာဝက ဘီလူး၏ အမေးကိုဖြေခန်းမှ )

ဘုရားအလောင်း မဟောသဓာ ဇာတ်တော်မှာတော့ ပညာရှင်နဲ့ စည်းစိမ်ရှင် ပညာရှင်ကသာ ပိုမြတ်တယ်လို့ ဆိုပေမယ့် လက်ရှိခေတ်မှာတော့ စည်းစိမ်ရှင်တွေကို ပညာရှင်တွေကသာ ခယ နေရတာများတယ် ။ ပညာကိုငွေနဲ့ဝယ်ခိုင်းစားတဲ့ခေတ်ရောက်နေပြီ ။ စက်မှုလုပ်ငန်း အဆင့်မြင့် တိုးတက်လာတာနဲ့ အမျှ နည်းပညာရှင် အတတ်ပညာရှင်ပုဂ္ဂိုလ်တွေ လိုအပ်တယ် လုပ်ငန်းရှင် အရေအတွက်နည်းပြီး အလုပ်သမား အရေအတွက်ကများတော့ တော်ရုံ အတတ်ပညာတစ်ခုကို တတ်မြောက်ထားရုံနဲ့ ချောင်ချောင်လည်လည် အသက်မွေး ဝမ်းကျောင်းနိုင်ပြီလို့ မဆိုနိုင်သေးဘူး ။ အလုပ်သမား လူတန်းစားက အများစု ဆိုတော့ အရာရာကို သူတို့ဘက်က အမြတ်ကျန်အောင်သာ ကြည့်တတ်တဲ့ လုပ်ငန်းရှင်တွေက လုပ်ငန်းခွင်မှာ ယိုပေါက်ဖိတ်ပေါက်တွေကို လိုက်ရှာနေတတ်စမြဲပဲ အလုပ်တစ်ခုမှာ တော်ရုံအတတ်ပညာနဲ့ လစာများများ ပေးမထားနိုင်ဘူး လူဟောင်းဆိုရင် နှစ်ထမ်းကြာလာတာနဲ့ အမျှ ပေးရတဲ့ လစာကလည်း များလာတတ်တာမို့ သူ့နေရာကို အစားထိုးနိုင်မယ့် ဈေးပေါပေါပေးရမယ့် လူသစ်တစ်ယောက်ရှိရင် အစားထိုးတတ်တာများတယ် ။ ဒီတော့ အလုပ်တစ်ခုနဲ့ တစ်ခု အပြောင်းအလဲ ကြားမှာ ရရအလုပ်မှာ ဝင်လုပ်နိုင်ဖို့ အတတ်ပညာ များများတတ်ထားတာ ပိုကောင်းတာပေါ့ ။ ဘာသာစကား များများ တတ်ထားရင်လည်း ပိုကောင်းပါတယ် ။

ကျွန်တော်တို့ မြန်မာနိုင်ငံသား အများစုဟာ ဆင်းရဲသူလူတန်းစား ကျေးလက်နေလူတန်းစား များတဲ့ အတွက် စက်မှု အတတ်ပညာရှင်ဆိုတာ နည်းတယ် သင်ရကောင်းမှန်းလည်း မသိတာများတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အတတ်ပညာထက် အရေးကြီးတဲ့ ဝမ်းစာရှာရဖို့ ရှိနေလို့ပဲ ဒီတော့ အချိန်ကုန်ခံ ပိုက်ဆံကုန်ခံပြီး ကျောင်းပညာ ၊ စက်မှုပညာ စတဲ့ ပညာရပ်ကို အသုံးချပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်မယ့် အတတ်ပညာတွေကို မသင်တော့ဘဲနဲ့ ထမင်းတစ်နပ် အတွက် ထင်းခုတ် ၊ ဝါးခုတ် ၊ တောင်သူလယ်ယာ ၊ ရွှေကျင် ၊ ကျောတ်တူး စတဲ့ အလုပ်တွေကို ကာယနဲ့ ရင်းပြီး ဖြေရှင်းကြတာများတယ် ။

(မလေးရှားနိုင်ငံရဲ့ အထင်ကရ မြို့ကြီးတွေရဲ့ မြင်ကွင်း အချို့ )

မလေးရှားနိုင်ဟာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နိုင်ငံဖြစ်ပေမယ့် မြို့တော် ကွာလာလမ်ပူဟာ အရှေ့တောင်အာရှရဲ့ ခေတ်မီလှပဆုံးမြို့လို့ သတ်မှတ်မခံရဘူး ဘာဖြစ်လို့လဲဆိုတော့ ကွာလာလမ်ပူဟာ ခေတ်မီအဆောက်အဦတွေသိပ်မများဘူး မိုးပျံလမ်းတွေ လှလှပပ မရှိဘူး ။

ဒါပေမယ့် သစ်ပင်တွေများတယ် နိုင်ငံအဝှမ်းမှာလည်း စိမ်းစိမ်းစိုစို သစ်တော ၊ တောင် စတာတွေနဲ့ ကားပေါ်ကနေ ခရီးသွားရင်းကြည့်ရတာ မျက်စိ ပသာဒ ရှိတယ် ကျွန်တော်လည်း မြန်မာနိုင်ငံသားပီပီ သစ်တောကိုချစ်တယ် သစ်ပင်ကို ချစ်တယ် သစ်တောအုပ်လေးတွေကြည့်နေရတာ စိတ်အေးချမ်းတယ် ။ ကျွန်တော်လက်ရှိလုပ်နေတဲ့ စက်ရုံလေးဟာလည်း စက်မှုဇုံထဲမှာ ဆိုပေမယ့် သစ်တောအုပ်ဘက်ကို ကျောပေးထားတဲ့ စက်ရုံလေးပါ ကျွန်တော် နားနေချိန်တွေမှာဆို ပိတ်ထားတဲ့ စက်ရုံရဲ့ အနောက်ဖက် တံခါးကိုဖွင့် သစ်တော်အုပ်ထဲက လာတဲ့လေတွေကို ရှုရှိုက်ရင်း စာအုပ်ဖတ် ကော်ဖီသောက် အိပ်ချင်သပဆိုလည်း အိပ်ပေါ့ စသဖြင့် နားတတ်ပါတယ် ။

ဒီလိုနေရင်းနဲ့ တစ်နေ့ စက်ရုံအနောက်မှာ ထမင်းစားပြီးလို့ စာအုပ်ဖတ်ရင်း မျက်စိညောင်းလာလို့ ခဏ အိပ်နေခိုက် အဝတ်အစား နုတ်နုတ်နဲ့ အသက်လေးဆယ် အရွယ်လူတစ်ယောက် လာနှိုးတယ် အိပ်နေတုန်းလာ နှိုးတာတော့ စိတ်ထဲတင်းသွားတာပေါ့ ။ အသက် ၅၀ ကျော် အရွယ် လူတစ်ယောက် မေးကြည့်တော့ အလုပ်လုပ်ချင်လို့ အလုပ်လာရှာတာတဲ့ သူဌေးနဲ့တွေ့ပါရစေတဲ့ ကျွန်တော်လည်း စိတ်တိုတိုနဲ့ မရှိဘူးကွလို့ ဖြေတယ် သူကတော့ မျက်နှာငယ်နဲ့ သူဘယ်အချိန်တွေလာတတ်သလဲ သူဒီမှာ အလုပ်လုပ်လို့ ရနိုင်သလား စတဲ့ မေးခွန်းတွေကိုလည်း ကျွန်တော် တင်းတင်းနဲ့ ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်တယ် ။ ဒီတော့ သူက အသနားခံတဲ့ ပုံနဲ့ သူ့မှာ ကလေး လေးယောက်ရှိတယ် မိန်းမက နေမကောင်းဘူး စတာတွေ ပြောလာတာနဲ့ စိတ်ထဲ သနားသွားပြီး ကိုယ့်စက်ရုံမှာ အလုပ်သမား မလိုမှန်း သိနေပေမယ့် သူအတတ်ပညာတစ်ခုတတ်ခဲ့ရင် သင့်တော်မယ့်ဆီကိုညွှန်ဖို့ ဘာအလုပ် လုပ်တတ်သလဲ လို့မေးတော့ ဒီလိုပဲ အောက်ခြေသိမ်း အလုပ်လုပ်မှာပေါ့တဲ့ ။ အင်း …စိတ်ထဲကခေါင်းရမ်းနေမိရင်း ဒါဆိုရင်တော့ ဒီမှာက အလုပ်သမား မလိုဘူး တစ်ခြားစက်ရုံတွေဘက်ကိုသာ သွားကြည့်ပါလားဆိုတော့ သူက ခေါင်းခါရင်း သွားခဲ့ပြီးပြီကွ ဘယ်သူမှ မခေါ်ချင်ဘူးတဲ့ အင်းလေ ဒီအရွယ်ကြီးရောက်လာလို့မှ ဘာပညာမှ မတတ်ရင်လည်း ဘယ်သူက ခေါ်ချင်မှာလည်းလို့ တွေးမိတယ် ။ နောက်ပြီးသူက ငါ့ကို ပိုက်ဆံနည်းနည်းလောက် ကူညီပါလားကွာ ငါ့မိန်းမကလည်း နေမကောင်းသလို ငါဒီနေ့ ဆန်ဝယ်ဖို့တောင် ပိုက်ဆံ မရှိတော့လို့ပါ တဲ့ လက်အုပ်ချီပြီးပြောလာတယ် ။ အသနားခံလာရင် သနားတတ်တဲ့ မြန်မာလူမျိုးပီပီ ဒီလူတကယ်ရော ဟုတ်ရဲ့လားတော့ မသိဘူး ဒါပေမယ့် အသက်ကလည်း ကြီးနေပြီ ဆိုတော့လေ ပေးသင့်ပါတယ်လို့တွေးရင်း အေးကွာ ငါလည်း လစာမထုတ်သေးဘူး ဒါပေမယ့် ဒီအကြွေစေ့လေးတွေယူသွားပေါ့ ဆန်တစ်ခါဝယ်လို့တော့ရမှာပါ ( ၇ ) ကျပ်လောက်တော့ ရှိမယ်ထင်ရဲ့လို့ ပြောရင်း သိမ်းထားတဲ့ အကြွေစေ့လေးတွေ ထုတ်ပေးလိုက်မိတယ် ။

သူပြန်သွားမှ အင်း …စက်မှုထွန်းကားပြီး အလုပ်အကိုင် မရှားတဲ့ မလေးရှားလိုနိုင်ငံမှာနေရင်တောင်မှပဲ ဘာအတတ်ပညာမှ မတတ်ရင် အသက်ကြီးလာရင် မလွယ်ပါလား ။ သူလည်း ငါ့လိုပဲနေမှာ အသက်ငယ်စဉ်က အတတ်ပညာတစ်ခုကို သေချာ မသင်ပဲ ဆူလွယ်နပ်လွယ် ပိုက်ဆံရရာ အလုပ်မှာ ဝင်လုပ်ရင်း တဖြည်းဖြည်းနဲ့ အသက်တွေကြီးလာပေမယ့် ပညာရှင်ကျတဲ့ အတတ်ပညာတစ်ခုကို မတတ်မြောက်လေတော့ အောက်ခြေသိမ်း အလုပ်ခိုင်းဖို့တောင် ဘယ်သူမှ မလိုချင်တော့ပါလားလို့ တွေးရင်း ကျွန်တော့်ဘဝ အနာဂတ်အတွက်ပါ ခြောက်ခြားလာမိတယ်ဗျာ ။ ကျွန်တော်လည်း ပိုက်ဆံဖို့ တစ်ခုတည်းသာကြည့်ပြီး ရရအလုပ်တွေသာပြောင်းလုပ်ရေင်း တကယ်တမ်း ပရော်ဖက်ရှင်နယ်ကျတဲ့ စက်မှုလက်မှု အတတ်ပညာမျိုး သင်မထားမိသေးဘူးလေ … ။

(ကျွန်တော်တို့ရဲ့ ကျေးလက်ဒေသက ထမင်းတစ်အတွက် ထင်းခုတ်စားရင်းနဲ့ပဲ .)

(ဒီလိုစက်မျိုးကို ပိုင်နိုင်စွာ မောင်းနှင် အသုံးပြုနိုင်ရင် )

စက်မှုထွန်းကားတဲ့ နိုင်ငံတစ်နိုင်အတွက် အခြေခံ အဖြစ် ဒီလိုစက်တွေ လိုအပ်တယ် ဒီလိုစက်မျိုးကို ပိုင်နိုင်စွာ မောင်းနှင် အသုံးပြုနိုင်ရင် သံ ၊ ကြေး ၊ အလူမီနီယမ် စတာတွေကို သစ်သားကို လိုသလို အသုံးပြုနိုင်သလို လုပ်နိုင်ပါတယ် မြန်မာနိုင်ငံမှာ သင်တန်းတွေဖွင့်နေပြီလို့လည်း သိရပါတယ် ဒီလို အလုပ်မျိုးလုပ်တတ်ရင် လစာကောင်းကောင်းရနိုင်ပါတယ် ။

တစ်ခြား စက်ကြီးမောင်းသင်တန်းတွေ အခြားသော တွင်ခုံ စတဲ့ ပညာရှင်တွေ အတွက် နိုင်ငံခြားမှာ လစာ မြင့်မားစွာ ရနိုင်ပါတယ် ခင်မျာ ။

မလေးရှားမှာ ကျွန်တော်တို့ မြန်မာလူငယ်တွေ အိမ်ဖေါ် ၊ စားပွဲထိုး ၊ သန့်ရှင်းရေး အလုပ်သမား စတဲ့ အောက်ခြေသိမ်း အလုပ်တွေသာ လုပ်နေရတာ တွေ့ဖန်များလာတယ် ။ တက္ကသိုလ်ထိ ကျောင်းတက်ခဲ့ဖူးတယ် ဆိုတဲ့ သူအချို့လည်း ကျွန်တော့်လိုပဲ အောက်ခြေသိမ်း အလုပ်သမားပဲ ဖြစ်နေတာ များပါတယ် ဒါနဲ့ မင်းတို့ ကျောင်းတက်တုန်းက အတွေ့အကြုံလေးပြောပါအုံးဆိုတော့ ရန်ဖြစ်တယ် ကောင်မလေးတွေကိုစတယ် ဂစ်တာတီးတယ် ဆိုတာလောက်ပဲ ပြောကြတယ် သူတို့အစား ရင်လေးမိလို့ စိတ်ကူးထဲ ရှိတဲ့ အတိုင်းသာ ချရေးလိုက်ခြင်းသာ ဖြစ်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်ကလည်း စက်ရုံတစ်ရုံရဲ့ အလုပ်သမားပါပဲ ... ။

စက်မှုခေတ်တွေ တိုးတက်လာတာနဲ့ အမျှ ကျွန်တော်တို့ မြန်မာလူငယ်တွေ နောက်ကျ မကျန်ရစ်စေဖို့ အသက်မွေးဝမ်းကျောင်း အတတ်ပညာ အဖြစ် စက်မှုလက်မှု အတတ်ပညာမျိုး သင်ကြားတတ်မြောက်ထားဖို့ လိုအပ်လှပါသည် ။

**K Aung Soe**

http://www.facebook.com/notes/k-aung-soe/%E1%80%9C%E1%80%B0%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%B9/296396927062710

**From-htar htar**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)