ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 24, 2013

မြန်မာ- ထိုင်း ဗီဇာမလို ၂ ပတ်ကြာ လည်နိုင်တော့မည်

> (Thursday, October 24, 2013 - ဒီဗွီဘီ) 

မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေ ဗီဇာမလိုဘဲ နှစ်နိုင်ငံကြား ၂ ပတ်ကြာ အပြန်အလှန် သွားလာနိုင်ဖို့အတွက် ထိုင်းအစိုးရက ခွင့်ပြုလိုက်ပါတယ်။ လေယာဉ်နဲ့သွားလာတဲ့ ထိုင်း-မြန်မာနှစ်နိုင်ငံ ခရီးသွားတွေအတွက် ၁၄ ရက်ကြာ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်တာလို့ ဒီကနေ့ ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းစာမှာ ဖော်ပြပါတယ်။

ဒီအစီအစဉ်မူကြမ်းကို လာမယ့် ဒီဇင်ဘာလ ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသွားတဲ့အခါ နှစ်နိုင်ငံ ခေါင်းေ ဆာင်တွေ လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက်တင်ပြသွားမယ်လို့ ထိုင်းအစိုးရ ပြောရေး ဆိုခွင့်ရှိသူ တီရာရတ် ရတနာသီရိက သတင်းမှာပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ဟာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ မြန်မာပြည် သွားရောက်ဖို့ ရှိနေတာပါ။

 ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက နှစ်နိုင်ငံ အစိုးရတွေအကြား မူအားဖြင့် သဘောတူထားတဲ့ သီတင်း ၂ ပတ်ကြာ ဗီဇာကွင်းလွတ်ခွင့် အစီအစဉ်အရ ထိုင်းနိုင်ငံက လေဆိပ်ပေါင်း ၂၃ ခုမှာ ဗီဇာ မလိုဘဲ လာရောက်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။ လတ်တလော ရန်ကုန်လေဆိပ်ကနေ ၀င်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသည်တွေထဲ ထိုင်းခရီးသည်တွေ အများဆုံးဖြစ်ပြီး အခုလို ဗီဇာမလိုဘူးဆိုရင် ထိုင်းခရီးသည်တွေ ပိုများလာဖို့ပဲရှိတယ်လို့ ဟိုတယ်ခရီးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ထွန်းဦးက ပြောပါတယ်။ “ပြီးခဲ့တဲ့ ဇန်န၀ါရီ ကနေ အောက်တိုဘာအထိ စာရင်းကို ကြည့်လိုက်ရင် ၀င်ရောက်သမျှ နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးက ထိုင်းက ဖြစ်နေတာကို တွေ့ရပါတယ်။

ဥရောပ၊ အမေရိကား၊ အာရှ ရှိသမျှ နိုင်ငံခြားသားတွေကို ကြည့်လိုက်ရင် ထိုင်းက အများဆုံးဖြစ်နေတာ တွေ့ရတယ်။ ထိုင်းက ခွင့်ပြုလိုက်တဲ့ ၁၄ ရက်ပေါ် မူတည်ပြီးတော့ နဂိုကတည်းက များနေတာဆိုတော့ ပိုပြီးများလာဖို့ပဲရှိပါတယ်။” ခရီးသွားလုပ်ငန်းရှင်တဦးကတော့ ဗီဇာလုပ်စရာမလိုတဲ့အတွက် နှစ်နိုင်ငံစလုံးမှာရှိတဲ့ သံရုံးတွေမှာ ပွဲစားအဆင့်ဆင့်နဲ့ ဖြတ်ကျော်နေရတဲ့ ဒုက္ခတွေ ကင်းဝေးသွားမယ်လို့ မှတ်ချက်ပေး ပါတယ်။ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ပြန်ကြားရေးတာဝန်ခံ ဦးထွန်းမြတ်ကတော့ မြန်မာပြည်ထဲ ထိုင်းဧည့်လမ်းညွှန်တွေ လုံလုံလောက်လောက်ရှိတယ်လို့ ပြောပါတယ်။ 

ထိုင်းခရီးသွားတွေဟာ ဘုရားဖူးဖို့ လာရောက်တာများတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ ဗုဒ္ဓဂါယာသွားသလိုမျိုးပဲ။ ဒီမှာက ရွှေတိဂုံတို့၊ ကျိုက်ထီးရိုးတို့၊ ပဲခူး၊ ဟံသာဝတီတို့ ဆိုတာက ဘုရင့်နောင် လက်ထက် ထိုင်းတွေနဲ့ ပတ်သက်ခဲ့တဲ့ နေရာဖြစ်တော့ ဘုရားဖူးဖို့ လာတာဗျ။ ပြီးတော့ မဟာမြတ်မုနိလိုဟာမျိုး။ ထိုင်းဧည့်သည်တွေ အကုန်လုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ကျနော်တို့ မြန်မာတွေ ဗုဒ္ဓဂါယာသွားဖူး သလိုမျိုး မြန်မာပြည်ကို လာကြတာများပါတယ်။ 

ထိုင်းတွေက ဘာသာရေးနဲ့လာတာ များတယ်။ တခါတလေ သူတို့ရဲ့ ဘာသာရေး ၀တ်စုံတွေ ၀တ်လာတာ များတယ်။ ဘုရားတွေကို လှူတယ်၊ စာကလေး တွေကို ပိုက်ဆံအများကြီးပေးပြီးလွှတ်တယ်။ ကျိုက်ထီးရိုး မှာဆိုလည်း အထမ်းသမားလေးတွေက အစ အလုပ်ဖြစ်တယ်။ ကျိုက်ထီးရိုးအပေါ် တက်ရင် လည်း ရွှေသ င်္ကန်းတွေ ကပ်တယ်။ မဟာမြတ်မုနိမှာလည်း မနက်အစောကြီး မျက်နှာသစ်တော်ရေအ တွက်ကို သူတို့ ဆီက စပယ်ရှယ် ယူလာတဲ့ ပစ္စည်းတွေကို လှူတယ်။ ပဲခူး ကြခတ်ဝိုင်း စာသင်သားတွေ အတွက် လှူဒါန်း ဖို့အတွက် သူတို့ဆီက ပစ္စည်းတွေ ယူလာတယ်။ ထိုင်း ဧည့်သည်တွေလာတဲ့ကိစ္စက တိုင်းပြည် အတွက်ေ ကာ ဘာသာ သာသနာအတွက်ရော ကောင်းတယ်လို့ မြင်ပါတယ်။” 

အခုနှစ် ဇန်န၀ါရီလဆန်းကနေ အောက်တိုဘာ ၂၁ ရက်အထိ ရန်ကုန်လေဆိပ်က ကမ္ဘာလှည့်ခရီးသည် ၅ သိန်း ၃ သောင်းကျော် ၀င်ရောက်ခဲ့ပြီး၊ အာရှနိုင်ငံတွေက ခရီးသည် ၃ သိန်းကျော်၊ ဒီထဲမှာ ထိုင်းခရီးသည်က ၈ သောင်းကျော် ၀င်ရောက်ခဲ့တယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

** Thit Htoo Lwin - News **

(Thursday, October 24, 2013 - ဒီဗွီဘီ) 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)