ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 23, 2012

ရခိုင်စာသင်သား သံဃာတော် တစ်ပါး ဘန်ကောက်တွင် ပျံလွန်

>

**(ဇန်န၀ါရီလ ၂၃ ၊မြတ်ညို-အလွတ်သတင်းထောက်)**

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်း တက္ကသိုလ်တွင် ဗုဒ္ဓစာပေ ဒုတိယနှစ် တက်ရောက် သင်ကြားနေသော ရခိုင်စာသင်သား ဦးသုမင်္ဂလ (သာသနဓဇဓမ္မာစရိယ B.A) ၏ အန္တိမ အဂ္ဂိဈာပန သာဓုကိဠန ပူဇာ သဘင်အား မြန်မာစာသင်သား သံဃာတော်များ နေထိုင်သီတင်းသုံး တော်မူကြသည့် ၀ပ်တလုမ်ကျောင်း တွင် ယမန်နေ့က စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြီးစီးပြီးဖြစ်သည်။
ဈာပန အခမ်းအနားတွင် ဘန်ကောက်နှင့် မဟာချိုင် တို့မှ မြန်မာအလုပ်သမား ထောင်ပေါင်းများစွာ လာ ရောက်ခဲ့ကြသည်။ ဦးသုမင်္ဂလ ပျံတော်မူပြီးသည်မှ အန္တိမ အဂ္ဂိဈာပန နောက်ဆုံးနေ့အထိ ဘန်ကောက် နှင့်မဟာချိုင်တို့မှ ရခိုင်နှင့်ထားဝယ် အလုပ်သမား များစုပေါင်းပြီး တစ်ပတ်တိုင်တိုင် ညတရားပွဲများ ဆင်ယင်ကျင်းပခဲ့ကြသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့ တွင် ရုတ်တရက် မူးဝေပစ်လဲကျပြီး ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သော
အသျှင် ဦးသုမင်္ဂလသည် သက်တော် ၄၁ နှစ်၊သိက္ခာတော် ၂၁ ၀ါရှိပြီဖြစ်သည်။

၎င်းသည် တောင်ကုတ်မြို့နယ်၊ ပေါက်အင်းကျေးရွာမှ ခမည်းတော် ဦးမောင်တိုးနှင့် မယ်တော် ဒေါ်အေးသွယ် တို့၏ သားသမီး ခြောက်ဦးအနက် ပဉ္စမမြောက် သား ရတနာ ဖြစ်ပြီး ငယ်နာမည်မှာ မောင်သန်းဌေး ဖြစ်ကြောင်း အန္တိမ အဂ္ဂိဈာပန ဖြစ်မြောက်ရေး ကော်မတီ မှ ဖြန့် ဝေသော လက်ကမ်း စာစောင်အရ သိရှိရသည်။

ရခိုင်စာသင်သား ကိုယ်တော်တစ်ပါး ဖြစ်သည့် ဦးဣဏ္ဍလ က “ ကိုယ်တော် ဦးသုမင်္ဂလ ဟာ စာအလွန် ကြိုးစားတယ်၊ သူက ကျောင်းသားတွေထဲမှာ တာဝန်ကြီးကြီး ယူထားပေမယ့် စာသင်သား သံဃာတော် တွေကို ထပ်တူ နားလည်မှုပေးနိုင်တယ်။ ဦးဇင်းတို့  လူမျိုး ဘာသာသာသနာအတွက်အနာဂတ်ကောင်းတဲ့ ကြယ်တစ်ပွင့် ဆုံးရှုံးမှုကြီးလို့ ပြောချင်တယ်” ဟုမိန့် တော်မူသည်။
ပျံလွန်တော်မူသွားသည့် ဦးသုမင်္ဂလ သည် ထိုင်းနိုင်ငံတွင် သီတင်းသုံး နေတော်မူစဉ်အတွင်း ၀တ်တလုမ် ကျောင်းတိုက် မြန်မာရဟန်းတော်များအဖွဲ့ နာယက တာဝန် နှင့် ရခိုင်ကျောင်းသားရဟန်း တော်များအဖွဲ့ (ထိုင်းနိုင်ငံ) A.S.M.A အဖွှဲ့၏ နာယက တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း များကိုလည်း စဉ်ဆက်မပြတ်
ပို့ချ ပြသပေးခဲ့သည်။
၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ က တိုက်ခတ်ခဲ့သော တိုက်ခတ်ခဲ့ဂီရိမုန်းတိုင်းသင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်သို့ ကြွရောက်ကာ တမံများပြန်လည်တည် ဆောက်ပေးခြင်း၊ဘုန်းတော်ကြီးကျောင်းများအား ပြုပြင်ပေးခြင်း၊လေဘေးသင့် ပြည်သူများအား ဆန်နှင့် အစားအစာများ လှုဒါန်းခြင်းများအား A.S.M.A အဖွဲ့ကိုယ်စား အဖွဲ့ဝင်အချို့နှင့် စွမ်းစွမ်းတမံ သွားရောက် ဆောင်ရွက် တော်မူခဲ့သည်။
ဦးသုမင်္ဂလ သည် ရန်ကုန်မြို့ သာကေတမြို့နယ်၊ ၁၀ တောင် ၁၃ ရပ်ကွက်ရှိ ရွှေစာရံ ပရိယတ္တိ စာသင်
တိုက်၌ စာချဆရာတော် အဖြစ် အငယ်တန်း၊အလတ်တန်းနှင့် အကြီးတန်း စာဝါများအား ပို့ချတော် မူခဲသည်။ စာသင်တိုက် စတင် တည်ထောင်ကထည်းက တိုက်အုပ် တာဝန်များကို ၁၅ နှစ် တိုင်တိုင်ထမ်း ဆောင်ခဲ့သည်။
မိမိကိုယ်တိုင် Windermere Academy of Arts တွင် အင်္ဂလိပ်စာပေများကို လေ့လာကာ ၁၊၉၊၂၀၁၀ ခုနှစ်
တွင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့သည်။ လူမျိုး ဘာသာ သာသနာ နှင့် လောကအကျိုး သယ်ပိုးဆောင်ရွက် တော်မူရင်း ဦးသုမင်္ဂလသည် ၁၃၊၁၊၂၀၂ ခု သောကြာနေ့ နေ့ လည် ၁၁ နာရီ တွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့ဘန်ခေဈေးအနီး ချလန် ၁၃လမ်း တွင်ရှိသော ၀ပ်တလုမ်ဘုန်းတော်ကြီး ကျောင်းတွင် ၀ါဆြိုမန်မာသံဃာ၁၀၇ ပါးရှိပြီး ရခိုင်စာသင်သား သံဃာတော် ၂၃ ပါးရှိကြောင်း သိရှိရသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)