**(နိုဝင်ဘာ ၁၄ ၊မြတ်ညို -အလွတ်သတင်းထောက်)**
ဘန်ကောက်မြို့အနီး မဟာချိုင် နယ်မြေ ၀ပ်ခေါင်မေးဒေးယား ဘုန်းတော်ကြီးကျောင်း တွင်ဖွင့်လှစ်ထားသော ရေဘေးသင့် ယာယီ ကယ်ဆယ်ရေး စခန်းသို့ ထိုင်းအာဏာပိုင်များ နေစဉ် လာရောက်နှောက်ယှက်လျှက်ရှိကြောင်း စခန်း တာဝန်ရှိသူများကပြောသည်။
နိုဝင်ဘာလ ၄ ရက်နေ မဟာချိုင် တွင် သာသနာပြုနေသော ရွှေတံွံတေး ဆရာတော် အသျှင်ဝါယမ ဦးစီး
ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေးစခန်းသို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်အကိုင်ရှာ
ဖွေရေး ၊ထိုင်းကျမ္မာရေးဌာနတို့ က အကြောင်းမရှိ အကြောင်းရှာကာ စိတ်အနှောက်အယှက်ဖြစ်လောက်
အောင် လာရောက် စစ်ဆေးလျှက်ရှိသည်။
ဆရာတော်က“ ဒါယကာကြီးကို ယုံပါတယ်၊ အလုပ်သမားတွေအတွက် အလုပ်အကိုင်ကောင်းကောင်း ရှာပေးပါ။
စိတ် အနှောက်အယှက် ဖြစ်စရာတွေ သိပ်ပြီးတော့ လာမပြောပါနဲ့ ’’ မိန့်တော်မူသည်။
ရေဘေးဒုက္ခ ရောက်နေကြသော မြန်မာအလုပ်သမားအား သနားဂရုဏာ စိတ်အပြည့် ဖြင့်ကူညီခြင်းဖြစ်
ကြောင်း၊ပြန်လိုသူများ ပြန်ကြ၊ အလုပ် လုပ်လိုသူများ လုပ်ကြ၊ရေများလျှော့ကျသွားခဲ့ပြီးနောက်
မိမိ လုပ်ခဲ့သော နေရာများသို့ ပြန်ရန် စောင့်ဆိုင်းလိုကလည်း စောင့်ကြရန်နှင့် မငတ်အောင် ရှာကျွေးမည်ဟု
ဆက်လက် မိန့်တော်မူသည်။
ယမန်နေ့က မဟာချိုင်နယ်မြေ အလုပ်အကိုင်ရှာဖွေရေး (ကျဟာငန်း) မှ အရာရှိ ရောက်ရှိလာပြီး ယခုဖွင့်
လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းအား ခွင့်မပြုနိုင်ကြောင်း ။ ၎င်းနှင့်အတူ အလုပ်သမားရှာရန်လိုက် ပါလာသည့်ငါးခေါင်းဖြတ် အလုပ်ရုံတွင် လုပ်လိုက လုပ်နိုင်ကြောင်း၊ ၁၅ ရက် အလုပ် လုပ်ကိုင်ခွင့် ပြု ကြောင်း၊
လိုအပ်ပါက နောက်ထပ် ၁၅ ရက် ထပ်တိုးပေးမည်ဖြစ်ကြောင်း အရှည် သဖြင့် အာမ, မခံနိုင်ကြောင်း ရေများလျှော့ကျသွားခဲ့ပြီးနောက် ယခင်လုပ်ကိုင်ခဲ့ကြသည့် အလုပ်ရုံများသို့ ပြန်ထွက်သွားနိုင်ကြောင်း
အလုပ်လုပ်ကိုင်ခွင့် စာရွက် စာတမ်းမပြည့်စုံသူများအား လက်မခံနိုင်ကြောင်း၊ ပြောဆိုသည်။ ထို့နောက်
ယခုအလုပ်ရုံတွင် အလုပ် ပါက ထိုင်းအစိုးရ ကဖွင့်လှစ်ထားသည့် ရတ်ခ်ျ်ဘူရီ ကယ်ဆယ်ရေးစခန်းသို့လိုက်
်ရမည်ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့သည်။ ယခုအကြိမ် လာရောက် ပြောဆိုခြင်းမှာ ၃ရက်မြောက်ဖြစ်သည်။
အလုပ်သမား ကိုညီညီဇေါ်က “ခုလာခေါ်တဲ့အလုပ်ရုံက ရက်ပေါင်ကြေးဆိုပြီး ၉ရက်ခယူမယ်၊ အလုပ်လုပ်
ဖို့ဝတ်စုံအတွက် ဘတ် ၉၀၀ သွင်းရမယ်ပြောတယ်၊ကျနော်တို့ကို ၁၅ ရက်ခိုင်းမယ်၊ လိုအပ်ရင် နောက်ထပ်
၁၅ ရက်ထပ်တိုးမယ်၊တစ်နေ့ လုပ်အားခက ၂၁၅ ဘတ်ပေးမယ် လို့ပြောတယ်။ ဒီအလုပ်ရုံကို မသွားရင်
ရပ်ခ်ျဘူရီ ကယ်ဆယ်ရေးစခန်းကို သွားရမယ်လို့ ထိုင်းအာဏာပိုင်က ဖိအားပေးတယ်၊ ကျနော်တို့ကို
အတင်း အဓမ္မ ပို့မယ်လို့ပြောနေတယ်၊ဒုက ရောက်နေပါတယ်ဆိုမှ အနိုင် လာကျင့်သလိုဖြစ်နေတယ်’’
ဟုပြောသည်။
ယာယီကယ်ဆယ်ရေးစခန်းအား ဆရာတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသော ဘန်ကောက်မြို့အခြေ
စိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့တာဝန်ခံ ဦးကျော်သောင်း က “ ဘန်ကောက်မြို့ရဲ့နေရာ
အတော်များများကို ရေပြည့်လာတော့ အလုပ်သမားတွေကို ထားဖို့ အနီးစပ်ဆုံးဖြစ်တဲ့ မဟာချိုင်မှာ ဆရာ
တော်နဲ့ တပည့်တကာ တို့ နဲ့ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်တယ်။ ဖက်ကဆင်၊အုန်းနွဲ့နဲ့ဘန်ဘော်တို့ မှာ
ရေဘေးသင့်နေတဲ့ မြန်မာတွေ အများကြီးရှိနေတယ်၊ ဒီလူတွေ အရေးအကြောင်းဆိုရင် ရေလွတ်ရာ
ကိုရောက်ဖို့ အရေးကြီးတယ်။ ဒီမှာလူတွေဒီထက်ပိုများလာရင် အစိုးရဖွင့်လှစ်ထားတဲ့ ရပ်ခ်ျဘူရီ ကယ်
ဆယ်ရေး စခန်းထဲကို ပို့မှာပါ ’’ ဟုပြောသည်။
ယခုဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းမှ ဘန်ကောက်မြို့မြန်မာသံရုံးအစီအစဉ်ဖြင့် မြ၀တီမြို့သို့
မြန်မာအလုပ်သမားပေါင်း ၃၀၉ ဦး ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ ရေကျအောင်
စောင့်နေသူများနှင့် နေရပ်ပြန်ရန် စောင့်ဆိုင်းနေသူပေါင်း ၁၅၀ ဦးကျန်ရှိနေဆဲဖြစ်ပြီး မူလလုပ်
ကိုင်နေခဲ့သည့် အလုပ်ရုံ သို့ ပြန်သွားသူပေါင်း ၁၆ ဦးရှိပြီးဖြစ်သည်။
ကယ်ဆယ်ရေးစခန်းသို့ ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း(FED )၊
ယာယီပတ်စပို့ကုမ္ပဏီ( NIK) နှင့် မြန်မာသံရုံး၊မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့(ဘန်ကောက်)၊ရန်ကုန်မြို့ အခြေ
စိုက် မွန်မြတ် ၈ရုဏာရှင်များအဖွဲ့ နှင့် မဟာချိုင်မှ မြန်မာအလုပ်သမားများ လာရောက် လှူုဒါန်းကြကြောင်း
သိရှိရသည်။

No comments:
Post a Comment