ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 22, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၁၇)---- ဗိုလ်ချုပ် ဆုံးဖြတ်သော ရဲဘော်၏ တန်ဘိုး

>
(မောင်ယဉ်ခန့်)

တစ်ကြိမ်က ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်းအား အကြည်ညိုလျော့သွားခဲ့ဖူးပါသည်။ အကြည်ညိုပျက်ခြင်း နှင့် အကြည်ညိုလျော့ခြင်းမှာ မတူညီပါ။

အကြည်ညိုလျော့ခြင်းမှာ ခါတိုင်းလောက် မကြည်ညိုတော့သော်လည်း ကြည်ညိုမှုကား ရှိသေးသည်။ အကြည်ညို ပျက်သည် ဆိုသည်မှာ လုံးဝ ကြည်ညို၍ မရတော့ခြင်းပင်ဖြစ်သည်။

၁၉၄၂ ခုနှစ်မှ စ၍ မြန်မာ နိုင်ငံရေးခေါင်းဆောင်များအနက် ဗိုလ်ချုပ်ကို လူငယ်များက အမျိုးသား ခေါင်းဆောင်ကြီး အစစ်ဟု ယုံကြည်ကြသည်။ နိုင်ငံရေးတွင်သာမက စစ်ရေးတွင်ပါ ခေါင်းဆောင်နှိင်သော ပုဂ္ဂိုလ်မှာ အင်္ဂလိပ် ကျွန်တစ်ခောတ်တွင် ဗိုလ်ချုပ်တစ်ဦးတည်းသာ ရှိသည်ဟု ပို၍ ကြည်ညိုလေးစားခဲ့သည်။

၁၉၃၅ ခုနှစ် နောက်ပိုင်းက ကမ္ဘာအရပ်ရပ်တွင် မလွတ်လပ်သော နိုင်ငံများ လွတ်လပ်ေ၇းကိုကြိုး ပမ်းရာ၌ အင်္ဂလိပ်ကို မုန်းသောကြောင့် ဂျာမဏီကို ကြည်ညိုအားကိုးခဲ့ကြသည်။ ထိုအခါက ဟစ်တလာ၏ ဝါဒ ကို ဖက်ဆစ်ဝါဒ ၊ အာဏာရှင် ဝါဒ ဟု ဝေဖန်ခြင်းထက် အမျိုးသား လွတ်မြောက်ရေးကို လုပ်ပေးနိုင်သော အာဇာနည်ဟု ဝါဒရေးထက် ပုဂ္ဂိုလ်ရေးအရသာ ကယ်တင်နိုင်လျှင် လူစွမ်းကောင်းဟု နားလည်ခဲ့ကြသည်။
အနောက်တွင် ဂျာမဏီကို အားကျ ကြည်ညိုကြသလို အရှေ့ဘက်တွင် အင်္ဂလိပ်စသော ဥရောပ သားများမှာ စီးပွားရေး ၊ စစ်ရေး ၊ နိုင်ငံရေး အာဏာမြင့်တတ်ထောင်လွှားနေသော ဂျပန်၏ တိုးတတ်မှုမှာ နဂါးနက်ဂိုဏ်းခေါင်းဆောင်ကြီးကြောင့် ဟု ယူဆခဲ့ပေသည်။

နဂါးနက်ခေါင်းဆောင်ကြီးသည် ကိုယ်ကျိုးမဖက် သလို ၊ စည်းစိမ်မခံသလို ၊ သတ္တိကောင်းသလို ၊ ကျွန်တော်တို့ ဗိုလ်ချုပ်ကိုလည်း ကိုယ်ကျိုးမဖက်သူ အမျိုးအတွက် အသက်ပေးရဲသူ အဖြစ် ကြည်ညိုခဲရာမှ စစ်ဝန်ကြီးအဖြစ် ခန့်ခန့်ညားညား သွားလာနေခြင်း ၊ ကန်တော်ကြီးစောင်းရှိ သူ့အိမ်တွင် အစောင့်များ ချထားခြင်းတို့ကြောင့် ဒို့ဗိုလ်ချုပ်လဲ အရင်လိုမဟုတ်တော့ဘူး၊ စည်းစိမ်ရစ်သွားပြီဟု အကြည်ညိုလျော့ သွားခြင်းဖြစ်ပါသည်။

ကျွန်တော့်ထံသို့ ညီအကိုတမျှ ချစ်ခင်၍ အချိန်ရလျှင် ဝင်ထွက်နေသော ရိုးရိုးရဲဘော်ကလေး ဘလှိုင်သည် မြေအောက်တော်လှန်ရေး စာရွက်စာတမ်းများကို ယူ၍ ကျွန်တော်နေသော ဗဟန်းရှိ တဲကလေး သို့ပေါက်လာသည်။

``ဟ-- မင်းတို့က တစ်ခါ ဂျပန်ကို တော်လှန်အုံးမယ်လား----``

ဟု အတူနေ ဦးကြီးက မေးရာ ``မတော်လှန်လျှင် အင်္ဂလိပ် ကျွန်ဘဝထက် ဂျပန့်ကျွန်ဘဝက ပိုဆိုးသွားမှာပေါ့ ဦးကြီး ၊ အင်္ဂလိပ်က စီးပွားရေးမှာ ရေနံ၊ သစ်တောလောက် ချုပ်ကိုင်တာ ဂျပန်က ငပိရော မရမ်းသီးဆားစိမ်ပါ လက်ဝါးကြီုးအုပ်နေပြီ ``ဟု ပြောပါသည်။

``အေးလေကွာ---- မင်းတို့ခောတ်ကိုး ၊ ဂျပန်ကို ခေါ်လာတော့လည်း မင်းတို့ပဲ ၊ ခုတစ်ခါ ဂျပန် ကိုမောင်းချင်တော့ အင်္ဂလိပ်ကို မဟာမိတ်တဲ့ ၊ ငါဖြင့် မျက်စိများ လည်သွားပါပြီကွယ်--`` ဟု ဦးကြီးသည် ခေါင်းကို ကုတ်၍ ထွက်သွားပါသည်။

``ကဲ အကို ဒီလိုနေလို့တော့ မဖြစ်ဘူး ။ ခင်ဗျား တစ်နေရာရာက ပါမှ ဖြစ်တော့မယ် ``ဟု ဘလှိုင်က ပြောရာ---

``မင်းတို့လဲ မင်းတို့အထက်က အရာရှိကြီးတွေ ၊ ခေါင်းဆောင်ကြီးတွေ ကောင်းစားဘို့ ၊ ဓါးစာခံလို့ကို မပြီးသေးဘူးလားကွာ ၊ ငါ့ကို ဆွဲထည့်မနေပါနဲ့ ``

``အကို ဘယ်သူတွေအပေါ် ဘယ်လိုမြင်သလဲ ၊ ကျွန်တော်တို့ဟာ တိုင်းပြည်အတွက်သာ စတေးခံ မှာပါ ၊ အထက်တန်းစားတွေ ကောင်းစားဘို့ လုပ်တာ မဟုတ်ပါဘူး--``

``ဟ-- အဓိပတိကြီးဆို အခမ်းအနားထွက်ရင် ထွက်စည် ၊ ဝင်စည် နဲ့ စမြောင်ကတိတ်စေ-- အော်ပြီး ရှေးတုန်းက ဘုရင်မင်းမြတ်ကြွချီတော်မူလာပြီ ၊ ဝတ်ခစားကြ ဆိုတာမျိုး ကျနေတာပဲ ၊ ဗိုလ်ချုပ်တို့ သိပ်စမတ်ကျနေတာ ကားကြီးမှာ အလံကြီးထိုး ၊ ဓါးကြီးကိုင် ၊ ကန်တော်ကြီးနားက အကောင်းဆုံးအိမ်မှာ ဇိမ်နဲ့ဗျား ၊ မင်းတို့က ဒီလူတွေ အတွက် ဓါးစာခံကြရမှာ ၊ သူတို့က မင်းတို့ရှိမှန်းတောင် သိမှာမဟုတ်ဘူး။ ငါတော့ စိတ်မပါဘူး ရဲဘော်ရာ`` ။

ဘလှိုင်သည် အားရပါးရ ရယ်ပါလေတော့သည်။ ပြီးမှ---

``အကို ဗိုလ်ချုပ်အိမ် ဘယ်နှခါ ရောက်ဖူးသလဲ--``

``တစ်ခါမှလည်း မရောက်ဖူးဘူး ၊ သွားလည်း မသွားချင်ဘူး ၊ အဆောင်အယောက် အခမ်းအနား တွေထဲ ဝင်လို့လဲ ရမှာ မဟုတ်ဘူး --``

``အကိုက မရောက်ဖူးဘူးလဲဆိုရဲ့ ၊ အဆောင်အယောင် အခမ်းအနားတွေထဲ မဝင်ချင်ဘူး လဲ ပြောရဲ့ ၊ ဘာအဆောင်အယောင် ရှိလို့လဲ``

``မမြင်ဘူးလားကွ သူ့အိမ်ရှေ့မှာ ရဲဘော်တွေ သေနတ်ထမ်းပြီး နေ့ည မပြတ်စောင့်နေတာ ၊ အိမ်ထဲမှာ ဘယ်လောက်များ ဟိတ်ဟန်များမယ်မှန်းမှ မသိတာ``

``သြော် -- အကိုကလဲ နိုင်ငံရဲ့တာဝန်ကို ဒါလောက်ကြီးကြီးထမ်းနေရတဲ့ စစ်ဝန်ကြီး ရဲ့ လုံခြုံရေး တော့ တပ်က လုပ်ပေးရမှာပေါ့ ၊ ဗိုလ်ချုပ်ကတော့ ဘာမှ မလိုချင်ဘူး။ ဝင်ချင်တဲ့လူဝင် ၊ ထွက်ချင်တဲ့လူ ထွက် ၊ သူကလည်း ဒီလိုပဲ လွတ်လပ်တာ ကြိုက်တယ်။ ဒါပေမယ့် သူ့သေရေး ရှင်ရေးဟာ တိုင်းပြည်ရဲ့ ကံကြမ္မာမို့ ဒါကို ထိမ်းသိမ်းနေရတာပါ``

``ဒါဖြင့် အထဲမှာ အဆောင်အယောင် ရှိမရှိကိုရော မင်းက ဘယ်နှခါများရောက်ဖူးလို့ သိတာလဲ``

``ကျွန်တော်လား---- ဝင်ချင်တဲ့အခါ ဝင်နိုင်တယ် ၊ ညဉ့်အိပ်ချင်လည်း အိပ်နိုင်တယ် ၊ စားချင်တာ ရှိရင် ဝင်စားနိုင်တယ် ``

``ဒါကတော့ မင်းတို့ ရဲဘော်ကလေးအချင်းချင်း သိနေကြတော့ ဝင်ရ ထွက်ရမှာပေါ့ ၊ အထက်က စစ်ဝန်ကြီးကတော့ မင်းဘာလုပ်နေတယ် ၊ သိမှာမဟုတ်ပါဘူး``

``အကိုကလဲ ကြာလေ ခက်လေ ဖြစ်နေပါပြီ။ ကျွန်တော်ပြောတာက ဗိုလ်ချုပ်ကိုယ်တိုင်က ကျွန်တော်တို့ကို သဘောတရားရေးနဲ့ နိုင်ငံချစ်လို့ စစ်ထဲဝင်လာတဲ့ ဓါတ်သိရဲဘော်ဆိုရင် သူနဲ့ တတန်းတည်းပဲ သဘောထားတယ် ၊ စစ်ဘက်တာဝန်အရသာ တာဝန်ကြီးသူကို တာဝန်ငယ်သူက လေးစား ရတာကိုး ၊ သဘောတရားရေး အရတော့ အလုပ်ချိန်မဟုတ်တဲ့အခါ ရဲဘော်နဲ့ ဗိုလ်ချုပ်ဟာ ကွန်မရိတ်တွေ ချင်းပဲလို့ အမြဲတန်းနေရာပေးတယ်``

``ဒါဖြင့် မင်းဗိုလ်ချုပ်အိမ်ကိုတော့ ခဏခဏရောက်မှာပေါ့ ၊ တိုင်းသူပြည်သားတွေ မဝတ်ရလို့ အစုတ်စုတ် အပြတ်ပြတ် ဖြစ်နေတဲ့အချိန်မျိုးမှာ ဗိုလ်ချုပ်တို့လို အိမ်မျိုးမှာတော့ အလိုချင်အဆုံး အဝတ်တွေ ပေါမှာပေါ့ကွာ``

``ခက်ပြီ----- အကိုဟာ လူတစ်ယောက်ကို နီးနီးကပ်ကပ် မလေ့လာပဲနဲ့ အရမ်းအထင်လွဲ နေပြီ ၊ ဒီလူဟာ တိုင်းပြည်နဲ့ လူမျိုးအရေးကို နေ့ရော ညရော အိပ်တဲ့အချိန်ကလွဲရင် ဒါဘဲစဉ်းစားတယ်။ ကျွန်တော် သူနဲ့ ခဏခဏ ဆွေးနွေးဖူးတယ် ဗိုလ်ချုပ်မှာ ကျွန်တော် တွေ့တိုင်း စွတ်ကျယ် နှစ်ထည်ကို တစ်လှည့်စီ ဝတ်နေတာဗျ``

``ဟေ--- တကယ်လားကွ``

``မယုံ မရှိပါနဲ့ အကို -- တကယ်ပါ ၊ ဟန်မဆောင်တတ်ဘူး၊ ပြတ်သားတယ် ၊ သူ့ကိုယ်ေ၇းထက် တိုင်းပြည်အရေးကို ဦးစားပေးတဲ ပုဂ္ဂိုလ်မို့ ကျွန်တော်တို့ ရဲဘော်တွေက ဗိုလ်ချုပ်က ဒီလမ်းက သွားဆိုရင် သေမယ့် လမ်းတောင် ကျွန်တော်တို့ မငြင်းဘူး။ ဗိုလ်ချုပ်ကို ကျွန်တော် မနေ့ကတောင် ဆွေးနွေးခဲ့သေးတယ်။ ကျွန်တော်တို့ တပ်မတော်မှာ ရဲဘော်တွေကို အထက်အရာရှိက ပါးချည်းချပြီးနေတာ ဒီလိုပဲ သွားတော့မလား ဆိုတော့--``

``ငါ ကိုယ်တိုင်လည်း ဒါကို မကြိုက်ဘူး။ အခြေအနေအရ တစ်နေ့နေ့တော့ ဒါကို လုံးဝ ပြောင်းပြစ်လိုက်ရမယ်။ အရာရှိတွေကလည်း ဒီလိုပဲ သဘောရကြတယ်``လို့ ပြောပါတယ်။

``ရဲဘော်တွေကို ဗိုလ်ချုပ်က ဘယ်လောက်များ တန်ဖိုးထား ပြီး ဆက်ဆံသလဲကွာ။ မင်းကိုယ်တွေ့ ပြောစမ်းပါ``

``တစ်ခါက သူ့ဆွေမျိုးမကင်း အမျိုးသမီးတစ်ဦးကို အိမ်စောင့် ရဲဘော်ကလေးတစ်ယောက်က စာပေးသတဲ့ ။ ဒီတော့ စိတ်ဆိုးပြီး ဗိုလ်ချုပ်သွားတိုင်တာပေါ့။ ကျွန်တော်လည်း စောင့်ကြည့်နေတယ်၊ ဗိုလ်ချုပ် ဘာလုပ်မလဲလို့ ၊ နောက်တော့ ``ရဲဘော်က စာပေးတယ်ဆိုတာ ဂုဏ်ယူစရာကြီးဟ ၊ လူတစ်ထောင်မှာ တစ်ယောက် တစ်သောင်းမှာ တစ်ယောက် တိုင်းပြည်ကို ချစ်ပြီး အသက်စွန့်တဲ့ ရဲဘော်အလုပ်လုပ်တယ် ဒီလူတွေမှာ ရှေ့ကို ဝမ်းသာဘို့ မျှော်လင့်ချက်လည်း မထားနိုင်ကြဘူး။ သေမင်းကို သစ္စာနှံရတဲ့ အလုပ်လုပ်တာ သူရဲကောင်းကွဲ့ ၊ သူရဲကောင်းရဲ့ အချစ် ခံရတယ်ဆိုတာ ဂုဏ်ယူစရာကြီး``လို့ ပြောတယ်။ ``အကို့နှမကို ရဲဘော်က စာပေးရင် အကို ဒီလိုသဘောထားနိုင်မလား``

ရဲဘော် ဘလှိုင်၏ စကားများသည် ကျွန်တော်၏ နှလုံးသားကို ကြည်နူးခြင်းဖြင့် တိုးဝှေ့ သွားလေရာ ခေတ္တမျှ ငိုင်နေလိုက်ပါသည်။ ကျွန်တော်သည် စည်းစိမ်ရစ်နေပြီဟု ထင်ခဲ့သော ပုဂ္ဂိုလ်ကား ကိုယ်ကျိုးမရှာ သည့် တကယ့်မျိုးချစ် အာဇာနည်ပါလား ဟုနောင်တ ရမိကာ ပို၍ကြည်ညိုလာပြီး --

`` ကဲ ဘလှိုင် ငါနားလည်ပါပြီကွာ-- ဗိုလ်ချုပ်က ချမှတ်ပေးတာဆိုရင် မင်းခိုင်းချင်တာ ငါ့ကို တာဝန်ပေးပါတော့ `` ဟု ကျွန်တော်သည် မိမိ၏အမှားကို အလုပ်ဖြင့်အကြွေးဆပ်လိုက်ရပါသတည်း။ ။

**မောင်ယဉ်ခန့်**

ရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုစိုးနိုင်
--

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)