ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, March 24, 2012

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

>
**ဘာစီလိုနာဘောလုံးအသင်းသမိုင်းတွင် တိုက်စစ်မှူးမက်ဆီ ဂိုးအများဆုံးသွင်းယူ**

(နူးကမ့်၊ မတ် ၂၁)
စပိန်လာလီဂါ ဘောလုံးပွဲစဉ်များကို မတ် ၂၁ ရက်နံနက်ပိုင်း ယှဉ်ပြိုင်ကစားရာ ဘာစီလိုနာအသင်းက အိမ်ကွင်း၌ ဂရန်နာဒါအသင်းကို ငါးဂိုး - သုံးဂိုးဖြင့် အနိုင်ရလိုက်သည်။ ဘာစီလိုနာတို့ ယင်းပွဲအနိုင်ရ လိုက်သဖြင့် အမှတ်ပေးဇယားတွင် ဦးဆောင်နေသော ရီးရဲမက်ဒရစ်နှင့် ငါးမှတ်သာကွာတော့သည်။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ယင်းပွဲတွင် ဟက်ထရစ်ဂိုးသွင်းယူခဲ့ပြီး ဘာစီလိုနာဘောလုံး သမိုင်းတစ်လျှောက် ဂိုးအများဆုံးစံချိန်ကို သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် ယင်းပွဲတွင် ဟက်ထရစ်ဂိုးသွင်းယူခဲ့ရာ ပထမဂိုးကို ပွဲချိန် ၁၇ မိန်စတွင် သွင်းယူခဲ့သည်။ ဒုတိယအနိုင်ဂိုးကို ပွဲချိန် ၆၈ မိနစ်တွင်လည်းကောင်း၊ တတိယဂိုးကို ပွဲပြီးရန်နီးကပ်လာချိန်တွင်လည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ မက်ဆီသည် ဘာစီလိုနာဘောလုံးသမားသက်တမ်းတစ်လျှောက် ဂိုးပေါင်း ၂၃၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီဖြစ်သည်။ ဘာစီလိုနာအသင်းတွင် ၁၈၅၀ ပြည့်လွန်နှစ်များက ဆီးဆာရိုဒရီကွတ်ဇ်ဆိုသူသည် ဂိုးအများဆုံး ၂၃၂ ဂိုးအထိသာ အများဆုံးသွင်းယူနိုင်ခဲ့သည်။ အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးမက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ ရှစ်နှစ်တာကစားခဲ့သည့်အချိန်အတွင်း ထိုကဲ့သို့ ဂိုးအများဆုံးသွင်းယူခဲ့ခြင်းဖြစ်သည်။ ၄င်းသည် လက်ရှိ ကမ္ဘာ့အကောင်းဆုံးဘော လုံးသမားလည်းဖြစ်သည်။ ယခုနှစ်အတွင်း မက်ဆီသည် ပြိုင်ပွဲအားလုံးအတွက် ၅၄ ဂိုးအထိသွင်းယူခဲ့ပြီဖြစ်သည်။ (အင်တာနက်)

**၂၀၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ... လစ္စဘွန်းမြို့၌ ကျင်းပမည်**
(အစ္စတန်ဘူလ် မတ် ၂၁)
၂၀၁၄ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်မြို့ အီစတာဒီယိုဒါလွတ် အားကစားကွင်းကြီး၌ ကျင်းပမည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေအမှုဆောင်ကောင်မတီက မတ် ၂၁ ရက်တွင် ကြေညာသည်။ အဆိုပါပြိုင်ပွဲတွင် ပေါ်တူဂီနိုင်ငံ၏မြို့တော် လစ္စဘွန်း၌ ၁၉၆၇ ခုနှစ်က ဥရောပဖလားဗိုလ်လုပွဲအပြီး ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။ ထိုစဉ်က ဆဲလ်တစ်အသင်းက အင်တာမီလန်အသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့်နိုင်ပြီး ဥရောပဖလားဆွတ်ခူးခဲ့သည်။ ဘုရင်မြို့၌ ထို ၂၀၁၄ ခုနှစ်တွင် ယူရိုပါလိဂ်ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။ ဘုရင်မြို့၌ ကျင်းပမည့် အားကစားကွင်းသည် ဂျူဗင်းတပ်စ်အသင်း၏ ကွင်းသစ်ကြီးဖြစ်သည်။ (အင်တာနက်)

**ကမ္ဘာကျော်ပေါ့ပ်အဆိုတော် ကာတီပယ်ရီ အိန္ဒိယသို့ သွားရောက်ဖျော်ဖြေမည်**
(နယူးဒေလီ၊ မတ် ၂၁)
အမေရိကန်နာမည်ကြီး ကာတီပယ်ရီသည် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့၌ ကျင်းပမည့် အိန္ဒိယပရီမီယာလိဂ် (အိုင်ပီအယ်လ်) ဖွင့်ပွဲတွင် အိန္ဒိယနာမည်ကြီးသရုပ်ဆောင်များဖြစ်ကြသည့် ဆယ်မန်ခန်း၊ ပရီရန်ကာ ချော်ပရာ၊ အမီတာဘဂျမ်းတို့နှင့်အတူ ပါဝင်သီဆိုမည်ဖြစ်ကြောင်း သိရသည်။ အဆိုတော် ကာတီပယ်ရီသည် ကမ္ဘာကျော်ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်သည်။။ ၄င်းသည် ဧပြီ ၃ ရက်တွင် ချန်နိုင်းမြို့ YMCA မြက်ခင်းပြင်၌ ကျင်းပမည့် အဆိုပါအိုင်ပီအယ်လ်ဖွင့်ပွဲည၌ သီဆိုဖျော်ဖြေမည်ဖြစ်သည်။ သူမသည် ယခုအခါကမ္ဘာတစ်ဝန်း လှည့်လည်ဖျော်ဖြေလျက်ရှိရာ အိန္ဒိယနိုင်ငံ၌ ဒုတိယအကြိမ်သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ သူမသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလက အိန္ဒိယနိုင်ငံတွင် ဗြိတိသျှရုပ်ရှင်မင်းသားရပ်ဆဲလ်ဘရင်းနှင့် လက်ထပ်ခဲ့သည်။ သို့သော်လည်း ကံအကြောင်းမလှသဖြင့် ၁၄လသာ ပေါင်းသင်းခဲ့ပြီးနောက် လမ်းခွဲခဲ့ကြသည်။ (အင်တာနက်)

**ဗြိတိသျှအဆိုတော်များ၏ အယ်လ်ဘမ်ကြောင့် အမေရိကန်၌ အယ်လ်ဘမ်ရောင်းအားစံချိန်တင်**
(လန်ဒန်၊ မတ် ၂၁)
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုတာအတွင်း အမေရိကန်နိုင်ငံ၌ တေးအယ်လ်ဘမ်များ ရောင်းအားမြင့်တက်ခဲ့ရခြင်းမှာ ဗြိတိသျှအဆိုတော်အဒေလီကြောင့်ဖြစ်သည်။ ဗြိတိသျှဂီတအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဘီပီအိုင်က ပြောကြားသည်။ ဗြိတိသျှဂီတပညာရှင်တို့၏ တေးအယ်လ်ဘမ်များ လူကြိုက်အလွန်များခဲ့သဖြင့် ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ ရောင်းချရသော တေးအယ်လ်ဘမ်များအနက် ဗြိတိသျှအဆိုတော်များ တေးအယ်လ်ဘမ်ရောင်းချမှုမှာ ၁၁.၇ ရာခိုင်နှုန်းအထိ မြှင်တက်ခဲ့ကြောင်း ယင်းမှာ ၂၀၁၀ ခုနှစ်ကနှင့် နှိုင်းစားလျှင် ၉.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘီပီအိုင်က ဖော်ပြသည်။ ကမ္ဘာကျော်အဆိုတော် အဒေလီ၏ ဒုတိယမြောက် တေးအယ်လ်ဘမ်ဖြစ်သည့် ၂၁ သည် စုစုပေါင်းတေးအယ်လ်ဘမ်အချပ် ၅.၈ သန်းရောင်းချခဲ့ရသည်။ ယင်းနောက်မှ Mumford and Son’s Sigh No More အမည်ရှိ တေးအယ်လ်ဘမ်က ၁.၄ သန်းရောင်းချခဲ့ရသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - ကောင်းမြတ်သူ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)