ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 16, 2012

လူထုကျန်းမာရေး (ကျန်းမာလှပသောဆံပင်ရရှိရေး )

>
**Public Health**

ဆံပင်သည်လူတို့၏အလှအပနှင့် ကျန်းမာရေးအတွက် ဖြစ်တည်နေခြင်း ဖြစ်သည်။ ရှေးအဆက်ဆက်မှမြန်မာများ တန်ဖိုးထားခဲ့သော
ဆံကေသာ၏ကောင်း ခြင်းငါးဖြာနှင့် ညီသည်ဖြစ်စေ၊ မညီသည် ဖြစ်စေ။ အဓိကအရေးကြီးသည်မှာ ကာ ယကံရှင်စိတ်ချမ်းသာရေးပင်ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သို့သောဆံပင်များသည် ကျွန်ုပ်တို့၏စိတ်ကို ချမ်းသာမှုပေးနိုင် မည်နည်း။ လှပသောဆံပင်များပင်ဖြစ် ပေမည်။သို့ရာတွင်ကျန်းမာမှုရှိမှသာ လှပ နိုင်မည်ဖြစ်၍ ဆံကေသာကျန်းမာလှပ ရေးအတွက် နောက်ဆုံးပေါ်နည်းလမ်း များကို ဖော်ပြလိုက်ရပါသည်။
(၁) ဆံပင်ပါးသူများဆီလီကွန်းသုံး ပါ။ ဆံလုံးသေးသူ၊ ဆံပင်ပါးသူများ၊ ဆံပင် ခဏခဏ လျှော်ခြင်း၊ conditioner အသုံးများခြင်းတို့ကိုရှောင်ကြဉ် အပ်သည်။ ၄င်းတို့က ဆံပင်ကို ပို၍ပါးလွှာ စေသည်။ဆီလီကွန်း(silicone)ပါဝင် သောခေါင်းလိမ်းဆီ(သို့)hair coat သုံး ခြင်းဖြင့် ဆံလုံးထူသယောင်ဖြစ်သွားကာ ပို၍ကြည့်ကောင်းလာနိုင်သည်။
(၂) ရေနွေဖြင့်ခေါင်းမလျှော်ပါနှင့်။ ရေနွေးဖြင့်ခေါင်းလျှော်လျှင် ကျွန်ုပ် တို့ဦး ခေါင်းခွံ အရေပြား မှ သဘာဝအ လျောက် ဆံသားနူးညံ့တောက်ပြောင်မှု ကိုပေးသော အဆီထွက်ခြင်းရပ်တန့်သွား သည်။
(၃) ဗောက်ထလျှင်ဆီမလိမ်းပါနှင့်။ ဗောက်ထခြင်းသည်ဦးရေပြားခြောက် သွေ့ခြင်းကြောင့်မဟုတ်ဘဲ၊ ရောင်ရမ်းမှု ရှိခြင်းကြောင့်ဖြစ်သည်။ ဆီထည့်ခြင်း သည် ဦးရေပြေားရောင်ရမ်းမှုကို ပိုမို ဆိုးဝါးစေသည်။ ဈေးကွက်တွင်ရရှိသော ဗောက်ပျောက်ခေါင်းလျှော်ရည်များကိုသာ သုံးပါ။ သို့ရာတွင်၎င်းခေါင်းလျှော်ရည်များ တွင် ဆေးဝါးနှင့်ဓာတုဗေဒပစ္စည်းပိုမိုပါ ဝင်သောကြောင့် ရေစင်စင်ဆေးရန်သတိ ပြုပါ။
(၄) တတ်နိုင်သမျှ dryer မသုံးပါ နှင့်။ ခေါင်းလျှော်ပြီးသုတ်ရသောအချိန် ကို သက်သာစေရန် ကျွန်တော်တို့တော် တော်များများ dryer သုံးတတ်ကြသည်။ သို့သော်ゞင်းတို့သည် ဆံသားကိုခြောက် သွေ့စေရုံသာမက အပူရှိန်များလျှင်ကြမ်း တမ်းပျက်စီးမှုနှင့်ဆံပင်ကျွတ်ခြင်းကိုပါ ဖြစ်စေနိုင်သည်။ ထို့ကြောင့်တတ်နိုင်လျှင် တဘတ်ဖြင့်ခြောက်အောင်သုတ်ပါ။
(၅) ဆံပင်နှစ်ခွများအတွက် conditioner သုံးပါ။ ဆံပင်ကိုမကြာခဏပုံသွင်းခြင်း၊ ဆေးဆိုးခြင်း၊ အရောင်ချွတ်ခြင်း၊ ပေါင်း တင်ခြင်း၊ ကောက်ခြင်း၊ ဖြောင့်ခြင်းတို့ သည် ဆံသားကိုကာကွယ်ပေးသော အ ပေါ်ယံဖယောင်းလွှာကို ပျက်စီးစေသည်။ ယင်းမှာနှစ်ခွဖြစ်ခြင်းအကြောင်းရင်းပင် ဖြစ်သည်။ ထို့အတွက် စမသအနငည ပါသော protein ပါသော conditioner များကိုသုံးပါ။ ၄င်းတို့သည် ဆံသားအားဖြည့်၍ နှစ်ခွများကိုပြုပြင် သည်။ သို့သောခေါင်းလျှော်လျှင်အကျိုး သက်ရောက်မှုမရှိတော့သောကြောင့် ပုံ မှန်သုံးရန်လိုအပ်သည်။
(၆) နှစ်လတစ်ကြိမ်ခန့်အဖျားတိပါ။ ဆံပင်ရှည်လေဆံပင်အဖျားများ အာဟာရçရရှိမှုနည်းပါးလေဖြစ်သည်။ ထို့ ကြောင့်ဆံပင်အဖျားများနီကြောင်လာခြင်း၊ နှစ်ခွဖြစ်ခြင်း၊ ပြတ်ခြင်းတို့ဖြစ်တတ် သည်။ ထို့ကြောင့်နှစ်လတစ်ကြိမ်ခန့်အ ဖျားတိပေးပါ။ ပျက်စီးနေသောဆံပင်အ ဖျားများကို ညှပ်ထုတ်ခြင်းဖြင့် ဆံသား ကျန်းမာရေးပိုမိုကောင်းမွန်လာသော ကြောင့် အရှည်မြန်လာတတ်သည်။
(၇) မကြာခဏခေါင်းမဖြီးပါနှင့်။ သာမန်လူတစ်ဦးသည် တစ်နေ့လျှင် ပျှမ်းမျှဆံပင် (၅၀-၁၀ဝ)ခန့်ကျွတ်တတ် သည်။ ထိုကျွတ်သွားသောဆံပင်များမှာ သက်တမ်းကုန်၍ကြီးထွားမှုရပ်သွား သောဆံပင်များဖြစ်ကြသည်။ သို့သော်မ ကြာခဏခေါင်းဖြီးခြင်းသည် သက်တမ်း မကုန်သေးသောဆံပင်များကိုပါ ကျွတ် ထွက်၊ ပြတ်ထွက်စေတတ်သည်။ ဆံပင်အ ကျွတ်မများစေရန် အသွားလုံးသောဘီး ကိုသုံးပါ။ ဆံပင်စိုနေစဉ်ခေါင်းမဖြီးပါနှင့်။
(၈) ဆံပင်ကိုကြာရှည်မစည်းထား ပါနှင့်။ ဆံပင်ကို pony-tail စည်းခြင်း၊ ကျစ်ဆံမြီးကျစ်ခြင်းတို့သည် ဆံပင်ပျက် စီးစေ၍ အမွေးအိတ်ကိုထိခိုက်စေသည်။ ကြာရှည်ဆွဲစည်းခြင်းသည် ဆံပင်ကျွတ် ရန်ပါအားပေးသည်။ တစ်ပတ်လျှင်(၄၈) နာရီထက်ပို၍ ဆံပင်မစည်းရန်ပညာရှင် များအကြံပြုထားသည်။ ထို့ပြင်ဆံပင်ရေ စိုနေစဉ် ကျစ်ဆံမြီးကျစ်ခြင်း၊ ကြိုးဖြင့် စည်းခြင်းသည် ပုံမှန်အချိန်ထက်ဆံသား ကို ပိုထိခိုက်စေကြောင်းသတိပြုပါ။

(၉) ဈေးကြီးတိုင်းအကောင်းမထင် ပါနှင့်။ ဈေးကြီးသောကုန်ပစ္စည်းများသည် သဘာဝသစ်ဥသစ်ဖုများ ပိုမိုပါဝင်လိမ့် မည်ဟု ယူဆရသော်လည်း မိမိဆံကေ သာကိုပိုမိုကျန်းမာလှပစေမည်၊ ပုံကျစေ မည်ဟု အာမခံချက်မပေးနိုင်ပေ။ အရေး ကြီးသည်မှာ မိမိနှင့်တည့်သော၊ မိမိဆံ ပင်သားနှင့် သင့်လျော်သောကုန်ပစ္စည်း ကိုသာ ဝယ်ရန်ဖြစ်သည်။
(၁၀) ဆံပင်အရောင်ပြောင်းလျှင် သတိပြုပါ။ နဂိုဆံပင်အရောင်နှင့်အလွန်ကွာဟ သောဆံပင်အရောင်ပြောင်းလျှင် ဟိုက်ဒ ဂျင်ပါအောက်ဆိုဒ် (Hydrogen pero xide)ပမာဏ ပိုသုံးရသောကြောင့် ဆံပင်ကိုအလွန်အထိနာစေသည်။ ဆံပင် သားပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ထိပ် ပြောင်းခြင်းတို့ဖြစ်နိုင်သည်။ အကောင်း ဆုံးမှာပင်ကိုအရောင်နှင့် သုံးဆင့်ကွာ သောအရောင်ထိသာ ပြောင်းသင့်သည်။ (ဥပမာ။ ။ ဆံပင်အမည်းရောင်ဆိုလျှင် အညိုဖျော့ -light brown ထိသာ ပြောင်းသင့်သည်။)
(၁၁) အသက်ကြီးသူများ အား ပျော့သော ဆံပင်ဆိုးဆေးသုံးပါ။ အသက်အရွယ်ကြီးရင့်လာလျှင် ဆံ ပင်များအရောင်ဖျော့လာ၊ ဖြူလာရုံသာမ က အရှည်နှေး၍အားနည်းလာကြသည်။ ထို့ကြောင့်ဓာတုဗေဒအများအပြားပါသော ဆိုးဆေးများသည် ဆံပင်ကိုပိုမိုပျက်စီးစေ တတ်သည်။ မကြာခဏဆံပင်ဆေးဆိုး ခြင်းသည်လည်း ဆံသားကျန်းမာရေးအ တွက် မကောင်းပေ။ ဖြစ်နိုင်လျှင်သဘာ ဝဆိုးဆေး(ဥပမာ-ဒန်း) များကိုသာသုံးပါ။
(၁၂) ဆံပင်အကောက်များကိုခဏ ခဏမဖြီးပါနှင့်။ ဆံပင်အကောက်များသည် အဖြောင့် များထက်ပို၍ ခြောက်သွေ့ကျွတ်ဆတ်နေ တတ်ကာ အလွယ်တကူပြတ်လွယ်သည်။ လိပ်တံသုံး၍ အကောက်အခွေများကိုရှင်း ပါ။ ဖြီးချလျှင်အသားနာတတ်သည်။ ဆံပင်အကောက်များအတွက် ထွက်သော conditioner များကိုသုံးခြင်းဖြင့် ဆံသား ပျော့၍ ထိန်းသိမ်းရလွယ်ကူလာပေမည်။ ဆံပင်ကောက်ထားလျှင်အနည်းဆုံး(၆-၈) လစောင့်ပြီးမှ ဖြောင့်ခြင်း၊ ကောက်ခြင်း ထပ်လုပ်သင့်သည်။
(၁၃) နေရောင်ခြည်မှကာကွယ်ပါ။ နေရောင်ခြည်ကြာရှည်ထိတွေ့လျှင် ဆံသားများခြောက်သွေ့ကြမ်းတမ်းလာ တတ်သည်။ အထူးသဖြင့်ပြုပြင်ပြောင်း လဲထားသော ဆံပင်များပိုမိုပျက်စီးတတ် သည်။ ထို့ကြောင့်နေပူထဲထွက်လျှင် hair-coat (သို့) ပါသော SPF ပါသော Spray သုံးပါ။ ဦးထုပ်၊ ထီးဆောင်းပါ။
(၁၄) ရေမကူးခင်ဆံပင်ကိုရေဆွတ် ပါ။ ရေကူးကန်များနှင့်ပင်လယ်ရေတွင် ပါဝင်သောကလိုရင်းဓာတ်သည် ဆံပင်ကို ပျက်စီးစေသည်။ ၄င်းရေများနှင့်မထိတွေ့ မီ ရိုးရိုးရေနှင့်ဆံပင်အား စွတ်စိုစေထား ခြင်းဖြင့် ဆံသားများ၏ကလိုရင်းစုတ်ယူ မှုကို အများအပြားလျော့ကျစေသည်။
(၁၅) ဆံပင်များကိုအနားပေးပါ။ ဆံပင်များသည် ဂရုမစိုက်လျှင်အ ကောင်းဆုံးဖြစ်သည်။ ဆိုလိုသည်မှာ ခေါင်း ဖြီးခြင်း၊ စည်းနှောင်ခြင်း၊ ပုံသွင်းခြင်း၊ ဆေးဆိုးခြင်း၊ ကောက်ခြင်း၊ ဖြောင့်ခြင်း စသည်ဖြင့် တသသမပြုလုပ်ရန်ဖြစ် သည်။ ဓာတုဗေဒပစ္စည်းမျိုးစုံကို လှချင် လို၍သုံးကာမှ ပိုအခြေအနေဆိုးနေတတ် သည်။ ထို့ကြောင့်တစ်ပတ်လျှင်တစ်ရက် ခန့် ဘာမျှမလုပ်ဘဲ ဆံပင်များကိုအနား ပေးပါ။
(၁၆) ငါးနှင့်အစေ့၊ အဆံများများ စားပါ။ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော omega-3 fatty acid သည်ဦးရေပြားအ တွက်လည်း အထူးကောင်းမွန်လှသည်။ ထို့ကြောင့်ပင်လယ်ငါးများများစားပါ။ မြေ ပဲဆံ၊ သီဟိုဠ်စေ့၊ နေကြာစေ့ စသည်တို့ သည်လည်း ဆံသားကျန်းမာရေးအတွက် လိုအပ်သောအာဟာရကို ပေးစွမ်းနိုင် သည်။ အရွက်ဖားဖားဟင်းရွက်များ(ဥပ မာ-ဆလတ်)၊ ပဲအမျိုးမျိုးနှင့် မုန်လဥနီ တို့သည်လည်း ဆံသားကျန်းမာရေးအ တွက် လိုအပ်သောကြောင့် မကြာမကြာ စားသင့်သည်။
(၁၇) ဆံသားအပြောင်းအလဲကိုသ တိပြုပါ။ ရုတ်တရက် ဆံသားပိုမိုပျက်စီးလာ ခြင်း၊ အလုံးအထွေးလိုက်ဆံပင်ကျွတ် လျှင် မပေါ့မဆပါနှင့်။ ၄င်းတို့သည်ကိုယ် တွင်းကျန်းမာရေးကို လှစ်ဟပြနေခြင်း ဖြစ်တတ်သည်။ အာဟာရချို့တဲ့လျှင်၊ သံ ဓာတ်အားနည်းလျှင်(သို့) အချို့သောဒြပ် ပေါင်း(ဥပမာ- zinc) များချို့တဲ့လျှင် လည်း ဖြစ်တတ်သည်။ ထို့ကြောင့်သံသ ယရှိလျှင် ဆေးမြီးတိုများမသုံးပါနှင့်။ အ ရေပြားအထူးကုများနှင့်ပြသတိုင်ပင်ပါ။

**စန္ဒီ(ဆေး-၂)**
**From-မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)