ကားမှောက်သေဆုံးသူ ကိုစိုးမင်းဦး အလောင်းမြေကျပြီ
၂၄. ၃. ၂၀၁၂ နေ့ ညနေပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်၊ ၃၇ ကီလိုမီတာအကွာအဝေးရှိ၊ ဖုတ်ဖရမြို့နယ် စီခိုထိုင်းကျေးရွာ (မြန်မာတို့အခေါ်- ၃၇) တနေရာ၌ ကားမှောက်သေဆုံးခဲ့သော ကိုစိုးမင်းဦး (၃၂) နှစ်၏ အလောင်းကို မဲဆောက်ဆေးရုံမှ ယမန်နေ့က သယ်ဆောင်လာပြီး ယနေ့ မွန်းလွဲ (၁း၃၀) နာရီ ခန့်တွင် ထိုင်းရိုးရာအတိုင်း မီးရှို့ သဂြိုလ်ပေးခဲ့ကြောင်း၊ အလုပ်ရှင်အတန့်နှင့် ကမလိုင် (တစ်နှစ်ပတ်လုံး မုန်လာဥစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းရှင်) တို့က ကိုယ်တိုင် ဦးစီးဆောင်ရွက်ပေးခဲ့ကြောင်း ၃၇ ကီလိုမီတာရှိ ထိုင်းဘုန်းကြီးကျောင်းတွင် အလောင်းကို ထားရှိကာ သဂြိုလ်ခြင်းဖြစ်ကြောင်း သိရသည်။ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ သေဆုံးခဲ့သော ကိုစိုးမင်းဦးနှင့်အတူ အခြားကားပေါ်ပါ မြန်မာအလုပ်သမားများဖြစ်ကြသည့် ဦးဟန်ကြည် (ခေါင်းကွဲ)၊ ကျော်ရဲအောင် (လက်ဆစ်ကျိုး)၊ ရဲကို (စအိုကွဲ)၊ ကိုဝင်းစိုး (နူတ်ခမ်းကွဲ၊ နဖူးကွဲ)၊ အညာသားတို့ သားအဖနှစ်ဦး (လက်ကျိုး)၊ ကိုဖိုးချစ် (ဒူးခေါင်းကွဲ၊ တထောင်ပြဲ) စသည့် တမြန်နေ့ ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသော မြန်မာအလုပ်သမား ၈ ဦးဖြစ်သည်။ ဤအမှုကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)၊ နှင့် ၄င်း၏ ကွန်ယက်အဖွဲ့ဝင်ဖြစ်သော မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) တို့က ဒေသခံ (JACBA) စည်းရုံးရေးမှူးများနှင့်အတူ ကျန်ရစ်သူဇနီး မခင်မာချို (၃၃) နှစ်နှင့် ၁၀ နှစ်အရွယ် သားကြီး၊ ၅ နှစ် အရွယ် သားငယ် တို့အား ကွင်းဆင်းတွေ့ဆုံ မေးမြန်းခဲ့သည်။
(LLC+JACBA)
ထိုင်းနိုင်ငံ လျော်ကြေး ဥပဒေ (BE-2537) တွင် သဂြို င်္လ်စရိတ် ၂၀၀၀၀ ဘတ်၊ အသက်ဆုံးရှုံးခြင်းအတွက် ဘတ် ၁ သိန်း ဟူ၍ ပြဌာန်းထားသော်လည်း မော်တော်ကားကုမ္ပဏီထံတွင် မှတ်ပုံတင် စာရင်းဝင်ထားသော ကားဖြစ်ရန် လိုအပ်ကြောင်း ပြဌာန်းချက်နှင့်မူ ၄င်းတို့ ၈ ဦးအား သယ်ဆောင်သွားသော ကားသည် ကုမ္ပဏီမှတ်ပုံတင် မရှိသောကားဖြစ်နေခြင်းအပြင် အခြားသော စာရွက်စာတမ်းအထောက်အထားများ မပြည့်စုံသေးသဖြင့် LLC မှ ဆက်လက်စုဆောင်းနေဆဲရှိသည်။ တဆက်တည်းမှာပင် ဖုတ်ဖရမြို့နယ် ရဲစခန်းသို့ ဤအမှုနှင့် ပတ်သက်၍ သွားရောက် အကြောင်းကြားရာ အလုပ်ရှင်မှ သဂြို င်္လ်စရိတ်ရော၊ နစ်နာကြေးပါ ပေးရန်ရှိကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။
သတင်း- သောင်ရင်းနဂါး
(ကျန်ရစ်သူဇနီး မခင်မာချို (၃၃) နှစ်နှင့် ၁၀ နှစ်အရွယ် သားကြီး၊ ၅ နှစ် အရွယ် သားငယ် )

No comments:
Post a Comment