ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 14, 2012

ရယ်ရယ်ပြုံးပြုံး ဟာသများ

>

**ဘယ်ရမလဲ**

ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက ``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။
ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။ ကျွန်မ တင်ပါးမှာ မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့ မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ ဂျွန်နီလေး၏ ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့ ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင် ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`` ။

**ကဲ…. ရှင်းပြီလား**

မနက်စောစောမှာ မိခင်ဖြစ်သူက သားကို ကျောင်းသွားဖို့ နှိုးတယ်။
``ထတော့… သား။ ကျောင်းသွားဖို့ အချိန်ရောက်နေပြီ``
``ဘာဖြစ်လို့လဲ အမေရဲ့ ။ မသွားချင်ဘူးဗျာ``
``မင်းက ဘာကိစ္စ မသွားချင်ရတာတုံး။ အကြောင်းပြချက် နှစ်ခုလောက် ပေးစမ်းပါဦး``
``တစ်အချက် ကျောင်းသားတွေက ကျွန်တော့်ကို ကြည့်မရကြဘူး။ နှစ် အချက် ဆရာတွေကလည်း မကြိုက်ကြဘူး။ ကဲ….``
``မရဘူးဟေ့… မရဘူး။ ဘာအကြောင်းပဲ ရှိရှိ မင်းကျောင်းတော့ သွားကို သွားရမယ်``
``ကွိုင်ပဲ အမေရာ၊ ကျွန်တော့် ဘာဖြစ်လို့ ကျောင်းသွားသင့်တယ်ဆိုတဲ့ အကြောင်းပြချက်လေး နှစ်ခုလောက် ပေးပါဦး``
တွေ့ကြသေးတာပေါ့ဆိုတဲ့ မျက်နှာထားနဲ့ မိခင်ဖြစ်သူ ပြောလိုက်တာကတော့
``တစ်အချက်က မင်းအသက် ၅၃ နှစ်ရှိနေပြီ။ နှစ်အချက်က မင်းက ကျောင်းအုပ်ဆရာကြီး ဖြစ်နေလို့ပဲ``

**ပြတ်စဲတာလောက်တော့ မဆိုးပါဘူး**

ဇနီးမောင်နှံနှစ်ယောက် ကားမောင်းလာစဉ်မှာ ခင်ပွန်းဖြစ်သူက တစ်နာရီ မိုင် ၆၀ နှုန်းနဲ့ မောင်းနေတဲ့ ဇနီးကို ``အချစ်ရေ.. ဒို့နှစ်ယောက် ပေါင်းသင်းလာတာ နှစ် ၂၀ ရှိပြီ။ ဒါပေမယ့် ငါ မင်းနဲ့ ကွာရှင်းချင်တယ်`` လို့ ရုတ်တရာက် ပြောလိုက်တယ်။
ဇနီးက ဘာမှ ပြန်မပြောဘဲ ကားအရှိန်ကို မြှင့်လိုက်တယ်။ ခင်ပွန်းဖြစ်သူက ဆက်ပြီး ``ဒါကို မငြင်းစေချင်ဘူး။ ဘာကြောင့်လဲဆိုရင် မင်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ ငါချစ်နေလို့ပဲ။ ချစ်သအနေနဲ့ သူဟာ မင်းထက်သာတယ်`` လို့ ပြောပြန်တယ်။ ဒီတစ်ခါမှာလည်း ဇနီးက ဆိတ်ဆိတ်နေပြီး သူ့ဒေါသနဲ့အညီ ကားကိုလည်း ပိုမြန်မြန် မောင်းလာတယ်။ ``ငါ အိမ်ကို လိုချင်တယ်`` လို့ ခင်ပွန်းက တောင်းဆိုတယ်။ နောက် ကားကိုလည်း တောင်းပြန်တယ်။ ဇနီးကတော့ ခပ်ဆိတ်ဆိတ်နဲ့ ကားအမြန်နှုန်းကို တိုးပြီးရင်းတိုးလို့ပေါ့။ ``ဘဏ်စာရင်းရော၊ အကြွေးဝယ်ကတ်ပါ လိုချင်တယ်``လို့ ခင်ပွန်းက လောဘဇောနဲ့ တဆင့်တက်လာပြန်တယ်။ ဇနီးက ကားကို တံတားတစ်ခုဆီ ဦးတည်လိုက်တယ်။ ဒီအခါ ခင်ပွန်းက ထိတ်လန့်လာပြီး ``မင်းရော ဘာလိုချင်လဲ`` လို့ မေးလိုက်တယ်။ ``မလိုဘူး။ ကျွန်မလိုအပ်တာ ကျွန်မမှာ ရှိပါတယ်။ လို့ ဇနီးက ပြန်ပြေားတယ်။ ``ဟုတ်လား၊ ဘာလဲ`` လို့ ခင်ပွန်းက မေးလိုက်တဲ့အခါ တံတားကို မိုင်တစ်ရာနှုန်းနဲ့ ဝင်မတိုက်မီမှာ ဇနီးက ပြုံးပြီး ပြန်ဖြေလိုက်တာက…. ``အသက်ကယ် လေအိတ်လေ`` တဲ့။

**ဉာဏ်ကြီးရှင်**

လယ်သများတစ်ယောက် ပြစ်မှုတစ်ခုဖြင့် အချုပ်ကျနေစဉ် ဇနီးသည်က လယ်စိုက်ပျိုးရေးကိစ္စ အဝဝကို ဆောင်ရွက်နေရလေ၏။ လယ်ယာကိစ္စ မကျွမ်းကျင်သူ ဇနီးသည်က ယောက်ျားထံ အီးမေးလ် လှမ်းပို့သည်။
``ယောက်ျားရေ… ကျွန်မ အာလူးစိုက်ချင်လို့ ဘယ်အချိန်စိုက်ရင် ကောင်းမလဲ။
လယ်သမားက စာပြန်သည်။
``မိန်းမရေ.. လယ်ထဲမဆင်းနဲ့နော်။ ငါ့သေနတ်တွေ မြှုပ်ထားလို့ မင်းအတွက် အန္တရာယ်ရှိ``
အကျဉ်းထောင်အတွင်းမှ ပို့သော မေးလ်များကို ရဲများက ထုံးစံ အတိုင်းစစ်ဆေးပြီးနောက် လယ်သမား၏ လယ်မြေတစ်ခုလုံးကို တူးဆွ၍ ၎င်း၏ သေနတ်များကို ရှာဖွေကြသည်။ သေနတ်နှင့် တူသောအရာပင် ရှာမတွေ့ချေ။
ထို့နောက် လယ်သမားက မိန်းမထံ စာတစ်စောင် ထပ်ပို့သည်။
``မိန်းမရေ… အာလူးစိုက်မယ်ဆို စိုက်တော့ဟေ့။``

**ရေများများလောင်းလေ ကောင်းလေ**

မဂ်လာအခမ်းအနားအတွက် အစမ်းလေ့ကျင့်နေစဉ် သတို့သားဖြစ်သူက ဘိသိက်ဆရာထံ ချဉ်းကပ်ပြီး ``ဆရာကြီး ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့မှာ ကျွန်တော့်ကို ကတိသစ္စာ ဆိုခိုင်းတဲ့အခါကျရင် သူ့ကို ချစ်ခင်တန်ဖိုးထားပြီး သစ္စာရှိရှိနဲ့ ရိုးမြေကျပေါင်းသင်သွားပါ့မယ်ဆိုတဲ့ အပိုဒ်ကို ချန်ထားခဲ့ပေးပါခင်ဗျာ။ ကျွန်တော် ဆရာကြီးကို ဒေါ်လာ ၁၀၀ ကန်တော့ပါတယ်`` ဟု ညှိနှိုင်းပြီး ကျေနပ်စွာ ထွက်ခွာသွားသည်။
မင်္ဂလာဆောင်သည့်နေ့၊ သတိုးသား သစ္စာဆိုရမည့်အလှည့်တွင် ဘိသိက်ဆရာက သတိုးသားမျက်နှာကို စေ့စေ့ကြည့်လျက် ``ကိုင်း၊ အသင် သတိုးသားကိုယ်တိုင် သတိုးသမီးရှေ့မှောက်မှာ သူ့ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်၊ အသက်ထက်ဆုံး ကြင်နာစွာ ပေါင်းသင်းသွားမယ့်အပြင် သူစိမ်း မိန်းမမှန်သမျှ စောင်းငဲ့လို့ မကြည့်ပါဘူးလို့ ကတိသစ္စာပြုပါသလား`` ဟုပြောလိုက်သည်။
သတိုးသားခမျာ လည်ချောင်းထဲတွင် တစ်ဆို့လာပြီး ဘေးဘီကို လှည်ပတ်ကြည့်ကာ လေသံခပ်သဲ့သဲ့ဖြင့် ``ဟုတ်ကဲ့`` ဟုဆိုလိုက်ပြီး ``ကျွန်တော်တို့ ညှိထားပြီးသားလေ ဆရာကြီးရဲ့`` ဟု ဘိသိက်ဆရာနား တိုးတိုးကပ်ပြောလိုက်သည်။ ထိုအခါ ဘိသိက်ဆရာက ဒေါ်လာ ၁၀၀ တစ်ရွက်ကို သတိုးသားလက်ထဲ ထိုးထည့်လိုက်ပြီး တိုးတိုးလေး ပြန်ပြောသည်။
``သူပေးတာက ပိုများနေလို့ပါကွာ``

**ကိုယ်တွေ့ ပညာပေး**

``အချစ်ရေ .. ကိုယ့်သူငယ်ချင်း တစ်ယောက်ကို ညစာစားဖို့ခေါ်လာတယ်`` လို့ ပီတာက ဇနီးကို လှမ်းပြောလိုက်တယ်။
``ဘာ… ရှင်ရူးနေလား။ တစ်အိမ်လုံးလည်း ရှုပ်ပွနေတာပဲ။ ဈေးမသွားနိုင်တာလည် ကြာပြီ၊ ပန်းကန်တွေကလည်း မဆေးရသေးဘူး။ ဟင်းကောင်းကောင်းချက်ပေးဖို့လည်း ဒီနေ့ စိတ်မပါဘူးနော်`` လို့ ဇနီးသည်က စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်။
``ကိုယ် အဲဒါတွေ အားလုံး သိပါတယ်ကွာ``
``ဒါဖြင့် … ဘာကိစ္စ ရှင်က ခေါ်လာရသေးတာတုံး``
``အဲဒီသကောင့်သားက မိန်းမယူမယ် တကဲကဲလုပ်နေလို့ပါကွာ``

**အရှက်ကြီးတက်ပုံက****

ဝင်ဒီက ပျော်ပွဲစားထွက်ခဲ့သည့်အကြောင်း ယောက်ျားကို ပြောပြသည်။
``ပင်လယ်ကမ်းခြေကို ခရီးထွက်ရတာ တော်တော်ပျော်စရာကောင်းတာပဲ။ ဒါပေမယ့် ဒီပျော်ရွှင်မှုတွေ တာရှည်မခံလိုက်ဘူး။``
ယောက်ျားလုပ်သူက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ``ဘာတွေ ဖြစ်သေးလို့လဲ``
ဝင်ဒီက​ ``ကျွန်မရေဆင်းကူးတာ ရေကူးရင်း အောက်ပိုင်းအဝတ် ကျွတ်သွားတယ်``။
ယောက်ျားလုပ်သူက ``ဘုရားရေ.. ဒါဖြင့် မင်းဘယ်လို ဖြေရှင်း လိုက်လဲ။``
ဝင်ဒီက ``ကျွန်မလို အရှက်ကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘာလုပ်မယ်လို့ ရှင်ထင်လဲ။ ရှက်လွန်းလို့ မျက်နှာကို လက်ဝါးနဲ့လုပ်ပြီး ဘန်ဂလိုအထိ တစ်ချိုးတည်း ပြန်ပြေးလာခဲ့ရတာပေါ့။``

ရယ်ရယ်ပြုံးပြုံး ဟာသများ စာအုပ်မှ ဟာသ အပိုင်းအစလေးများကို စာဖတ်သူတို့ အတွက် စိတ်ချမ်းသာပျော်ရွှင်စေပြီး ဘဝအမောများ ပြေပျောက်စေရန်အတွက် ရေးသားဖော်ပြ ပေးလိုက်ရခြင်းဖြစ်ပါသည်။.......

ခင်မင်စွာဖြင့်....
**ဇော်သိင်္ခ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)