ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 15, 2012

ရမ်ဘိုမင်းသားစတားလုံး (သို့မဟုတ်) ရည်မှန်းချက်ကြီးမားခဲ့သူ

>
စတားလုံးဆိုတာ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်ပါတယ်။ ရမ်ဘိုမင်းသားလို့လဲ လူသိ များတဲ့သူဖြစ်ပါတယ်။ ကျွန်တော်က သူ့အကြောင်းကို အင်တာနက်ပေါ်မှာ ဖတ်မိတော့ တော်တော်စိတ်ဝင်စား တယ်။သူ့ရဲ့ကြိုးစားလုပ်ဆောင်မှုတွေဟာ အတုယူစရာကောင်းတယ်။ဒီကနေ့ လူငယ်တွေအတွက် ငယ်ရွယ်စဉ်အခါမှာ အချိန်ကို မဖြုန်းတီးကြဘဲ စတားလုံးကို နမူနာယူပြီး၊ အတုယူပြီး လိုက်နာကျင့်သုံး နိုင်အောင် တင်ပြပေး လိုက်ပါတယ်။

စတားလုံးဆိုတာ အမေရိကန်လူမျိုး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ပါ။ ရုပ်ရှင်ထုတ်လုပ်သူ၊ တည်းဖြတ်သူ၊ ဒါရိုက်တာ နဲ့ အထူးပြုလုပ်ချက်တွေကိုဖန်တီးတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင် မှုတွေမှာ လက်ဝှေ့သမား အဖြစ် သရုပ်ဆောင်ရာကနေ စတင်ပြီးထင်ရှားကျော်ကြားခဲ့ ပါတယ်။ သူဟာ လက်ဝှေ့သင်တန်းတစ်ခုကို တည်ထောင်ဖွင့် လှစ်ထားပြီး သရုပ်ဆောင် လောက တွင် သာမက အများက လေးစားရသူတစ်ယောက်ဖြစ်ပါတယ်။

ဟောလိဝုဒ် ရုပ်ရှင်လောကမှာ သူဟာ နာမည် မကြီးခင်အချိန်က အလွန်ဆင်းရဲခဲ့ပါတယ်။ ဘယ်အထိ ဆင်းရဲခဲ့သလဲဆိုရင်အိမ်သာခန်းသန့်ရှင်းရေးဝန်ထမ်းအဖြစ်တောင် လုပ်ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လူနေခြုံကြား စိတ်နေ ဘုံဖျားဆိုသလို သူရည်ရွယ်ချက်ရှိရှိနဲ့ အိမ်သာခန်းသန့်ရှင်းရေး ၀န်ထမ်းအဖြစ်လုပ်ခဲ့တာပါ။ ဘာကြောင့်လဲ ဆိုတော့ သူလုပ်တဲ့နေရာက ဟောလိဝုဒ် ရုပ်ရှင်မှာ ဒါရိုက်တာတွေနဲ့နီးစပ်အောင် သူက အဲဒီအလုပ်ကို လုပ်ခဲ့တာပါ။

ငယ်ငယ်တုံးက crazy ဖြစ်ခဲ့ဖူးတဲ့ RAMBO

သူဟာ သူလုပ်ကိုင်နေရတဲ့ အိမ်သာခန်းလေးတွေကို အမြဲသန့်ရှင်းနေအောင်လုပ်တယ်။ အိမ်သာခန်းကို လာရောက် ကြတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေကို လေးလေးစားစားဆက်ဆံတယ်။ သရုပ်ဆောင်တွေကိုလည်း အရမ်း အားကျတယ်။ဒါရိုက်တာတွေကို တွေ့တိုင်းသူက ရိုသေလေးစားစွာနဲ့ ပြောလေ့ရှိတာကတော့- “လူကြီးမင်းခင်ဗျာ…ကျွန်တော့်ကို မင်းသားတင်ရိုက်ပေးပါ။ လူကြီးမင်းကသာ မင်းသားအဖြစ် တင်ရိုက်ပေးရင် လူကြီးမင်းဘာခိုင်းခိုင်း ကျွန်တော်လုပ်ပေးပါမယ်”ဒါရိုက်တာတွေကတော့ သူ့ကို သေသေချာချာကြည့်ပြီး ပြုံး

သွားကြတယ်။ တစ်ချို့ကတော့ ခေါင်းကို ခါယမ်းသွား ကြတယ်။

တစ်ချို့ကတော့-
“မင်းရုပ်ကိုလဲ မှန်ထဲ ပြန်ကြည့်ပါဦး၊ ပါးစပ်ကရွဲ့စောင်းသေးတယ်။ စကားကဗလုံးဗထွေးနဲ့ ပီအောင်လည်း မပြော တတ်ဘူး၊မင်းနဲ့ ဒီအလုပ်နဲ့ပဲ တန်ပါတယ်”

အဲဒီလို အပြောခံရပေမယ့် စတားလုံးဟာ လုံးဝဇွဲမလျော့ခဲ့ဘူး။ တစ်နေ့နေ့တော့ ဖြစ်လာရမယ်လို့ ယုံကြည်မှု အပြည့်အ၀ ရှိနေတယ်။ ဒါရိုက်တာတွေရဲ့ ငြင်းပယ်မှုကို အကြိမ်ပေါင်း ရှစ်ရာကျော် ခံခဲ့ရတယ်။ သူ့ကိုယ်သူ တစ်နေ့ ကျရင် အောင်မြင်ထင်ရှားတဲ့ မင်းသားတစ်လက် ဖြစ်လာရမယ်လို့လဲ အမြဲယုံကြည်နေတယ်။

သူဟာ ယုံကြည့်မှုရှိနေယုံမကဘူး Rocky ဆိုတဲ့ ဇာတ်လမ်းကို အတွဲလိုက် ရေးသားနေတယ်။ သူအဲဒီလိုရေးသား ထားတာကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ကို ပေးဖတ်လိုက်တယ်။ ဒါရိုက်တာကလည်း ဒီဇာတ်လမ်းကို အလွန် သဘော ကျပြီးဒေါ်လာ (၃၅၀၀၀)နဲ့ရောင်းဖို့ပြောတယ်။ သူက ဒီဇာတ်လမ်းကို သူနဲ့ရိုက်မှာသာ ရောင်းနိုင်မယ်လို့ ပြောတယ်။ ဒါရိုက်တာကလည်း လက်မလျော့ဘူး။ ငွေထပ်တိုးပေးတယ်။ စတားလုံးကလည်း လုံးဝလက်သင့် မခံဘူး။ နောက်ဆုံး တော့ဒါရိုက်တာက အလျော့ပေးလိုက်တယ်။

**stallone ၏ ပထမဦးဆုံးနှင့် အအောင်မြင်ဆုံး ဇတ်ကား rocky**

ဒီလိုနဲ့ စတားလုံးဟာ Rocky ဇာတ်လမ်းကို စရိုက်ပြီး ရုံတင်လိုက်တဲ့အခါမှာတော့ ၀က်ဝက်ကွဲအောင် အောင်မြင်မှု ရသွားတယ်။တကယ်တော့ သူ့ရဲ့အောင်မြင်မှုဟာ ရည်မှန်းချက်ကြီးမားခဲ့လို့သာဖြစ်တယ်။ သူသာ ရည်မှန်းချက်မထား ဘဲအိမ်သာခန်းသန့်ရှင်းရေးအလုပ်ကိုသာ လုပ်နေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ရည်မှန်းချက်ရှိလို့သာ သူဟာ သူနဲ့လိုက်ဖက်မယ့် ဇာတ်လမ်းကို အချိန်ရတိုင်းရေးသားနေလို့သာ အခုလို အောင်မြင်ထင်ရှား ကျော်ကြား ခဲ့ရတာပါ။

ကျွန်တော်တို့ လူငယ်တွေအနေနဲ့လည်း မိမိရဲ့ဘ၀အတွက် ရည်မှန်းချက်များ ချမှတ်ပြီး အားလပ်တဲ့အချိန်လေးတွေ ကိုအကျိုးရှိရှိ အသုံးချသွားမယ်ဆိုရင် ထိပ်တန်းကို တက်လှမ်းနိုင်ရမယ်ဆိုတာ ရဲရဲကြီးပြောဝံ့ပါတယ်။

http://en.wikipedia.org/wiki/Sylvester_Stallone

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၁၄-၃-၂၀၁၂)

FWD Mail from littledra@gmail.com

ဖြည့်စွက်ချက်၊
ငယ်ငယ်ကတည်းက rambo ဆိုတာ ကျနော်တို့အတွက် star ပါပဲ။ ဒါပေမယ့် သူဘယ်လို အောင်မြင်လာတာလဲဆိုတာ လုံးဝမသိခဲ့ပါဘူး။ အခုလိုသူဘယ်လိုကြိုးစားခဲ့ တယ်ဆိုတာကိုဖတ်ရတော့ အရမ်းကို အားကျအတုယူ မိပါတယ်။ လေးလည်းလေးစားသွားပါတယ်။ ရှာဖွေပြီးဘာသာပြန်ပေးတဲ့ ကိုရင်ကျော်ကိုလဲ ကျေးဇူးတင်ပါတယ်။
တချို့ mail တွေက FWD အနေနဲ့ပဲ ရောက်လာတော့ မူရင်း website link ကို မဖော်ပြပေးနိုင်တာကို နားလည်ပေးစေလိုပါတယ်။ သိတဲ့ သူများ comment box ထဲမှာ ဖော်ပြပေးသွားပေးပါ။ ဒီ ဆောင်းပါးလေးကိုဖတ်ပြီး အခြားသင်ခန်းစာတခုလဲရပါတယ်၊အဲ့ဒါကတော့ အခြားသူတွေကို အလွယ်တကူအထင်မသေးဖို့နဲ့ လူတယောက်ရဲ့ အားနဲချက်ကို မလှောင်ပြောင်မိဖို့ပါပဲ။ MFF ကိုလာလည်ကြလို့ ကျေးဇူးအထူးတင်ပါကြောင်း...

r@bp!G
www.mailsfromfriends.co.cc

--
Posted By Blogger လူဗိုလ်...

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)