ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 21, 2012

လူထုကျန်းမာရေး (အစာမကြေ လေရောဂါ ဆိုကြရာ )

>
**Public Health**

မေး ။ ။ အစာမကြေ လေရောဂါ ဆိုတာ ဘာပါလဲ
ဖြေ ။ ။ အစာမကြေ လေရောဂါ လို့ ခေါ်ဝေါ် သမုတ် ကြပေမယ့် တကယ်တော့ အစာမကြေ တာကို အခြေခံပြီး အစာစားပြီးတဲ့ အခါမှာ ဗိုက်ဖောင်းတင်း လာတာ၊ မအီမလည် ဖြစ်တာ၊ လေပြန်အန်တာ၊ ဗိုက်ကယ် ပြီး တောင့်တင်းနေတာ၊ ပျို့အန်တာ တွေ ဖြစ်လာတော့ မြန်မာဗိန္ဒောပညာ ရပ်အရ လေနဲ့ဆက်နွှယ်နေတယ်လို့ ယူဆပြီး လေကြောင့်ဖြစ်တဲ့ အစာ မကြေတာမို့ အစာမကြေ၊ လေရောဂါ ဆိုပြီး အများသူငါ နားလည်သဘော ပေါက်နေကြတာ ဖြစ်ပါတယ်။
တကယ်တော့ အစာမကြေ လေ ရောဂါဆိုပြီး သီးသန့်ရောဂါတစ်ခု အနေဖြင့် မရှိပါဘူး။ အစာမကြေမှု၊ ဗိုက်ဖောင်းလာမှု၊ တင်းလာမှု၊ လေအန် မှု စတာတွေဟာ ရောဂါ အတော် များများမှာ တွေ့ရတဲ့ ဝေဒနာလက္ခဏာ များသာ ဖြစ်ပါတယ်။
ဒီဝေဒနာရဲ့ လက္ခဏာကို ရောဂါအမည်လို့ သတ်မှတ် လက်ခံလိုက်တော့ ဘာရောဂါလို့ ဖော်ပြဖို့ ခက်ခဲ လှပါတယ်။ ဒီလက္ခ ဏာအမှတ်အသားဟာ ရောဂါ အတော်များများမှာ တွေ့ရှိရတော့ သတ်သတ်မှတ်မှတ် ရောဂါတစ်ခု တည်းကို ရှင်းပြလို့မရဘဲ ဆက်နွှယ် ဆက်စပ်နေတဲ့ ရောဂါတွေကို ရှင်းပြ ဖို့လိုလာမှာ ဖြစ်ပါတယ်။
တချို့ကတော့ အစာအိမ်မှာ ဖြစ်တတ်တဲ့ရောဂါတွေနဲ့ ဆက်နွှယ် မှုများတာကြောင့် ဒီအစာမကြေ၊ လေ ရောဂါဆိုတာကိုပဲ ကျွန်တော့်မှာ အစာအိမ်ရောဂါဖြစ်နေပြီလို့ တင်ပြကြ ပါတယ်။
ဒီမှာလည်း အစာအိမ်မှာ ဖြစ်နိုင်တဲ့ ရောဂါတွေက အတော်လေး များတာမို့ အစာအိမ်မှာ ဘာရောဂါ ဖြစ်နေတာလဲဆိုတာ သိဖို့လိုပါတယ်။ အစာအိမ်အတွင်း အမြှေးပါးရောင်ရမ်း တာလား၊ အစာအိမ်ထဲမှာ အနာဖြစ် နေတာလား၊ အစာအိမ်ကင်ဆာလား စသည်ဖြင့် ဘာရောဂါအကြောင်းကို သိချင်တယ်ဆိုတာ ပိုမိုတိကျဖို့ လိုပါ တယ်။
ဒီမှာ ဆရာဝန်ငယ်ဘဝက အမေ ဖြစ်သူနဲ့ ဆွေးနွေးခဲ့တာကို သတိရမိပါတယ်။ အမေက သူကြားသိရသလို ဘယ်သူရဲ့ ကလေးငယ်ဟာ ဆေးရုံ တက်နေတယ်။ ခင်မင်တဲ့ မိတ်ဆွေ တွေဖြစ်လို့ သား သွားကြည့်ပေးပါ ဆိုပြီး လူမှုရေးအရ ခိုင်းတော့ အမေ ဘာရောဂါနဲ့ ဆေးရုံတင်တယ်ပြော သလဲလို့ မေးကြည့်ပါတယ်။
အမေက "သူငယ်နာ ရောဂါ"လို့ ပြောတာပဲဆို တော့ အမေ သူငယ်နာဆိုတာ ကလေး သူငယ်တွေမှာဖြစ်တဲ့ နာမကျန်းမှုသာ ဖြစ်တယ်။ ဒီလိုဖြစ်နိုင်တာကလည်း ရောဂါ အမျိုးပေါင်း ရာထောင်မက ရှိ တတ်တော့ ဘာရောဂါလို့ပြောသလဲ ထပ်မေးကြည့်တော့ ဒါတော့ ငါမသိ ဘူး၊ ကလေးတွေမှာဖြစ်ရင် "သူငယ် နာ" ရောဂါလို့ပဲ ပြန်ပြောဖူး ပါတယ်။
အမေက မိမိလို ဆေးပညာလေ့လာ သင်ကြားဖို့ အခွင့်မရခဲ့ရှာတဲ့ လယ် တောသူမကြီးဖြစ်လို့ မသိဖြစ်လို့ သူသိထားသလို "သူငယ်နာရောဂါ" လို့ ထင်မှတ်နေတာဖြစ်ပါတယ်။ ဖျားတာ၊ ကိုက်ခဲတာ၊ ရောင်ရမ်းတာ၊ အလုံးအဖုပေါ်တာ၊ ဝမ်းဗိုက်ပူတာ၊ ဖောင်းကားတာ၊ သွေးယိုစီးတာ စတာ တွေဟာ ရောဂါတစ်ခု သို့မဟုတ် ရောဂါအတော်များများရဲ့ ဝေဒနာ လက္ခဏာ ခံစားရချက်တွေသာဖြစ်ပါ တယ်။
ရောဂါကို ဖော်ပြ တာတွေ မဟုတ်ဘူး ဆိုတာကိုတော့ သိထားဖို့ လိုအပ်လှပါတယ်။ ယခု အစာမကြေ၊ လေရောဂါ ဆိုပြီး ဘာပါလဲလို့ဆိုရာမှာ ယခုခံစား ချက်ဝေဒနာဟာ ရောဂါ အတော်များ များမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာ အချို့သာဖြစ်ပြီး ရောဂါတစ်ခုအနေ နဲ့တော့ သတ်မှတ်လို့မရပါဘူး။
အစာ မကြေဘူးလို့ ခံစားရမှု၊ ဝမ်းဗိုက်တင်း ပြီး ဟိုထိုး၊ ဒီထိုးနေသလို ခံစားရမှု စတဲ့ ခံစားရတဲ့ ဝေဒနာလက္ခဏာ (Symptoms) များသာဖြစ်တယ်။ သီးသန့်သီးခြားရောဂါတစ်ခု တစ်မျိုး မဟုတ်ပါဘူး။

မေး ။ ။ ဒီအစာမကြေ လေရောဂါ လက္ခဏာတွေက ဘယ်လိုအခြေအနေတွေမှာ ဖြစ်တက်ပါသလဲ။
ဖြေ ။ ။ ဒီအစာမကြေ လေထိုး၊ လေပွတဲ့ရောဂါလက္ခဏာဆိုတာနဲ့ ဘာရောဂါလို့ တိတိကျကျပြောမရ သလို စိတ်ဝေဒနာခံစားနေရသူတွေ၊ ခံတွင်းနဲ့ လည်ချောင်းတွင်းရောဂါ တွေ၊ အစာသွားရာ လမ်းတစ်လျှောက် မှာ ရောဂါရှိသူတွေ၊ နှလုံး၊ သည်းခြေ နဲ့ပတ်သက်တဲ့ရောဂါတွေ၊ သားဖွား မီးယပ်ဆိုင်ရာ ရောဂါနဲ့ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ တချို့မှာလည်း ဖြစ်တတ်ကြပါတယ်။
အများစုကိုတော့ အစာအိမ်၊ သည်းခြေ အိတ်၊ မုန့်ချိုအိတ်နဲ့ အူသိမ်၊ အူမ ကြီးတွေမှာ ရောဂါဖြစ်နေပါက တွေ့ရ တတ်ပါတယ်။ ဒီမှာလည်း အများ အလွယ်တကူ နားလည်စေဖို့ ဘယ် ခန္ဓာအစိတ်အပိုင်းတွေရဲ့ ရောဂါမှာ အဖြစ်များတယ်ဆိုတာ ခြုံငုံပြီး တင်ပြ ရတာဖြစ်ပါတယ်။
အမေပြောသလို ကလေးမှာဖြစ်တာ သူငယ်နာ၊ လူအို တွေမှာဖြစ်တာ လူကြီးနာရောဂါဆို တာမျိုးကတော့ အဓိပ္ပာယ်တိတိ ကျကျကောက်ယူဖို့ ကျယ်ပြန့်လွန်း သလို ခံစားရမှုရောဂါလက္ခဏာတစ်ခု ကိုပဲ တကယ်ရောဂါအတော်များများ မှာ တွေ့ရတတ်လို့ ဒီရောဂါလက္ခဏာ အဖြစ်များတဲ့ ရောဂါတချို့ကို ဆွေး နွေးဖို့ ရည်မှန်းထားပါတယ်။
မေး ။ ။ အစာမကြေဘဲ လေထိုး လေအောင့် စတဲ့ လက္ခဏ္ခဏာတွေ အဖြစ်များတဲ့ ရောဂါတွေကို ဆွေးနွေးပေးပါ
ဖြေ ။ ။ အစာမကြေ၊ လေထိုး လေအောင့်တာကို ရောဂါလို့မသတ် မှတ်ဘဲ ခံစားရတဲ့ ရောဂါလက္ခဏာ၊ ဒီရောဂါလက္ခဏာတွေကို အများဆုံး ဖြစ်စေတတ်တဲ့ ရောဂါတွေဆိုတော့ ဆွေးနွေးရတာ သိပ်မကျယ်ပြန့်တော့ ဘဲ ပိုသဘောပေါက်နားလည်အောင်အနည်းငယ် ပိုပြီး အသေးစိတ်ဆွေးနွေး နိုင်မှာ ဖြစ်ပါတယ်။
ဒီအစာမကြေ လေထိုးလေ အောင့် အများဆုံးဖြစ်စေတတ်တဲ့ ရောဂါတွေကတော့ အစာအိမ်အတွင်း အမြှေးပါးရောင်ရမ်းတဲ့ရောဂါ(Gastritis) ၊ အစာအိမ်အနာ (Gastric Ulcer) နဲ့ အူသိမ်ထိပ်ပိုင်းရောင်ရမ်း ပြီး အနာဖြစ်တဲ့ရောဂါ (Duodenitis Duodenal Ulcer) ၊ သည်းခြေ အိတ်ကျောက်တည်ပြီး ရောင်ရမ်းတဲ့ ရောဂါ (Gall Stone နဲ့ Cholecystitis) မုန့်ချိုအိတ်ရောင်ရမ်းမှု (Pancreatitis) ၊ အသည်းရောင်ရမ်းမှု (Hepatitis)တွေနဲ့ ဒီအင်္ဂါအစိတ် အပိုင်းတွေမှာ ကင်ဆာရောဂါစွဲကပ်နေ မှုတွေပဲ ဖြစ်ပါတယ်။
ဒီရောဂါလက္ခ ဏာတွေ ခေတ္တပေါ်လာတတ်တာကို တော့ အူအတက်ရောင်ရမ်းမှု၊ ကိုယ်ဝန် ရှိစအချိန်တွေမှာလည်း တွေ့ရတတ် ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက အူအ တက်၊ မုန့်ချိုအိတ်နဲ့ သည်းခြေအိတ် ရောင်ရမ်းမှုတွေအကြောင်း ဆွေးနွေး ပြီးခဲ့တာမို့ အစာအိမ်နဲ့ အူသိမ်ထိပ် ပိုင်းမှာ ဖြစ်တတ်ပြီး မိမိနိုင်ငံမှာ အဖြစ် များတဲ့ အစာအိမ်အတွင်း အမြှေးပါး ရောင်ရမ်းမှု၊ အစာအိမ်အနာတွေ အကြောင်းကို စပြီး ဆွေးနွေးမှာဖြစ်ပါ တယ်။
မေး ။ ။ အစာအိမ်အတွင်း အမြှေးပါးရောင်ရမ်းတဲ့ ရောဂါက စဖြစ်တာပါလဲ
ဖြေ ။ ။ ဒီရောဂါတွေအကြောင်း မဆွေးနွေးမီ အစာအိမ်ရဲ့ ခန္ဓာတည်ဆောက်ပုံနဲ့ လုပ်ငန်းပိုင်းအကြောင်း အနည်းငယ် တင်ပြမှာ ဖြစ်ပါတယ်။ ဒါမှ ရောဂါဘယ်လိုဖြစ်ပေါ်လာပြီး ဘယ်လိုစမ်းသပ်စစ်ဆေးကာ ကုသမှု ပေးတယ်ဆိုတာ ပိုသဘောပေါက်မှာ ဖြစ်ပါတယ်။
အစာအိမ်ဟာ ဝမ်းဗိုက်အတွင်း မှာရှိပြီး အပေါ်ကလာတဲ့ အစာမျြွိုပန် (Oesophagus) နဲ့ ဆက်စပ်ကာ အောက်ပိုင်း အူသိမ်အစပိုင်း (Duodenum) နဲ့ ဆက်စပ်နေပါတယ်။ ဒီ နှစ်နေရာက တည်တံ့ နေပြီး အစာအိမ် ဟာ ကြွက်သားများနဲ့ ဖွဲ့စည်းတည် ဆောက်ထားတဲ့ ပုံသဏ္ဌာန်အိတ် လိုဖြစ်ပြီး ပုံမှန်အားဖြင့် ၁၀ဝ၀ မီလီ ဂရမ်ခန့် ဆံ့ပါတယ်။
အစားကြီးတဲ့ လူတွေမှာတော့ ၂၀ဝ၀ မီလီဂရမ် ကျော်အထိ ဆံ့ပြီး နံရံအတွင်းပိုင်းမှာ အမြှေးပါးရှိပြီး နံရံမှာတော့ အလွှာ ၃ လွှာရှိတဲ့ ကြွက်သားမျှင်အလွှာ တွေရှိကာ အပြင်ဆုံးမှာတော့ Serosa ခေါ်တဲ့ အမြှေးပါးက ဖုံးလွှမ်း ထားပါတယ်။
အပေါ်ဆုံး ဦးထုပ်ပုံဖြစ် နေတဲ့ အပိုင်းကိုတော့Fundus လို့ ခေါ်ပြီး အဓိက ကိုယ်ပိုင်းကတော့ Body ဖြစ်ကာ အူသိမ်အစပိုင်းနားက အနည်းငယ်ကျဉ်းတဲ့ နေရာဟာ Antrum အပိုင်းဖြစ်ပါတယ်။ အူသိမ် နဲ့ ဆက်စပ်နေတဲ့အပိုင်းကတော့ Pylorus ဖြစ်ပြီး အဲဒီမှာ ကြွက်သား အစုအဝေးက Pyloric Sphincter ဖြစ်ပါတယ်။
အစာအိမ်ကို ဦးနှောက် ကထွက်တဲ့ နံပါတ်(၁၀) အာရုံကြော Vagus Nerve က အဓိကထိန်းပြီးအစာခြေတဲ့ အရည်ထုတ်လုပ်မှု၊ အစာ အိမ် လှုပ်ရှားမှုတွေကို ကြီးကြပ်ကွပ်ကဲ ပါတယ်။ အစာအိမ်က အစာခြေတဲ့ အင်ဇိုင်းတွေ၊ ငရဲမီးဓာတ်တွေ ထုတ် လုပ်မှုကို အခြားထိန်းကျောင်းတာတွေ ကတော့ အူသိမ်၊ မုန့်ချိုအိတ်တို့က ထုတ်တဲ့ Gastrin Hormone တွေပဲ ဖြစ်ပါတယ်။
အစာအိမ်ဟာ သီးသန့် သွေးဖြည့်ဆည်းမှုနဲ့ အဆီရည်လမ်း ကြောင်းတွေလည်း ရှိပါတယ်။ စားပြီး ဝါးမျိုလိုက်တဲ့ အစာတွေဟာ အစာအိမ်ထဲမှာ ကြွက်သားများရဲ့ လှုပ်ရှားမှု ကြောင့် အစာအိမ်အရည် တွေနဲ့ ရောမွှေတာ ခံရပြီး အင်ဇိုင်း တွေရဲ့ ခြေဖျက်မှုကို ခံရပါတယ်။
အစာအိမ် ကြွက်သားတွေရဲ့ တွန်းထုတ် မှု၊ အလိုက်သင့်Pylorus ကြွက်သား တွေရဲ့ ဖြေလျှော့မှုနဲ့ အစာအိမ်ထဲက အစာတွေဟာ တဖြည်းဖြည်း အူသိမ် ထဲရောက်သွားပြီး အူလမ်းကြောင်း တစ်လျှောက် ထပ်ဆင့်ခြေဖျက်မှုခံရ ကာ အာဟာရအတွက် သွေးအတွင်း စုပ်ယူခြင်းကိုလည်း ခံရပါတယ်။
ငရဲမီး ပါတဲ့ အစာတွေ အူသိမ်ထဲရောက်တဲ့ အခါ အူတွေက အစာခြေအင်ဇိုင်းတွေ ပိုထုတ်ပေးသလို၊ အစာတွေ အစာအိမ် ထဲ ရောက်ပါကလည်း Gastrin ဟော်မုန်း အထွက်များပြီး အစာအိမ်က ငရဲမီးဓာတ်နဲ့ အင်ဇိုင်းတွေကို ပိုမို ထုတ်စေပါတယ်။
စိတ်ပူပန် သောက များတဲ့ အခါ မှာလည်း ဦးနှောက်က တစ်ဆင့် Vagus Nerve က ဒီအင်ဇိုင်းနဲ့ ငရဲမီးဓာတ်တွေကို ပိုမိုထုတ်လုပ်စေ ပါတယ်။ ဒါကြောင့် တချို့ ပူပန်သော ကများသူ၊ စိတ်ပင်ပန်းသူ တွေမှာ ဒီ ငရဲမီးဓာတ်တွေကြောင့် အစာအိမ် ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်းများ ဖြစ် ကာ ရင်ပူပြီးအစာမကြေမှု၊ လေထိုး လေအောင့်ဖြစ်မှုတွေ ခံစားကြရပါ တယ်။
ဒါ့အပြင် အစာအိမ် အတွင်း အမြှေး ပါးကို ဒီငရဲမီး အစာခြေ အင်ဇိုင်းတွေ ဒုက္ခမပေးနိုင်စေဖို့ အမြှေးပါး ကလည်း သူ့ကိုယ်သူ ကာကွယ် နိုင်ရန် Mucus Secretion တွေ ထုတ်ပြီး ဖုံးလွှမ်း ပေးထား ပါတယ်။
အစာကြမ်း၊ အပူအစပ်တွေ၊ ဒီအမြှေးပါးကို ရောင် ရမ်းစေတဲ့ တချို့သောဆေးတွေ စား မိပါက အစာအိမ် အမြှေးပါးရဲ့ မိမိကိုယ် မိမိ ကာကွယ်မှုအင်အား လျော့ပြီး၊ အခြားပိုးတွေ ပါဝင်ကာ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း ဒုက္ခတွေပါ ပေါ်လာ တတ်ပါတယ်။ ဒါကတော့ အစာအိမ် အမြှေးပါး ရောင်ရမ်းတာ ဘယ်လိုဖြစ် တယ်ဆိုတာပါပဲ။ နောက်အပတ်မှာတော့ ဒီရောဂါ ဖြစ်ပုံနဲ့ လက္ခဏာတွေ၊ ရှာဖွေစမ်းသပ် ကုသမှုတွေကို ဆက်လက် ဆွေးနွေး ပါမည်။

**ပါမောက္ခဒေါက်တာမြသိန်းတန်**

**မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)