ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 12, 2012

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**ကမ္ဘာပေါ်၌ တန်ဖိုးအမြင့်ဆုံး လက်ပတ်နာရီ ဆွစ်ဇာလန်နိုင်ငံ၌ ထုတ်လုပ်**

(ဘာဆယ်၊ မတ် ၁၀)
ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံး လက်ပတ်နာရီတစ်လုံးကို ဆွစ်ဇာလန်နိုင်ငံမှ နာရီထုတ်လုပ်ရေးကုမ္ပဏီ ဟုဘ်လော့က ထုတ်လုပ်လိုက်ရာ အမေရိကန်ဒေါ်လာငါးသန်းတန်ကြောင်း ၄င်းကုမ္ပဏီမှ တာဝန်ရှိသူများက မတ် ၁၀ ရက်တွင် ပြောကြားသည်။ အဆိုပါ နာရီ၏ ကိုယ်ထည်တွင် ရွှေဖြူဖြင့် ပြုလုပ်ထားပြီး စိန်ပွင့် ၁၂၈၂ ပွင့် ဖြင့်စီခြယ်ထားသည်။ ၄င်းနာရီကို ဆွစ်ဇာလန်နိုင်ငံ အနောက်မြောက်ပိုင်း ဘေဆယ်မြို့ စီးပွားရေးဆိုင်ရာခန့်မတစ်ခု၌ ခင်းကျင်းပြသထားသည်။ ယင်းနာရီကို ဟုဘ်လော့ကုမ္ပဏီမှ ၀န်ထမ်း ၁၇ ဦးတို့က ၁၄ လကြာမျှ ပြုလုပ်ခဲ့ကြရသည်။ ၄င်းနာရီကို နယူးယောက်မြို့တွင် ကျင်းပမည့် စိန်ထည်ပစ္စည်းများ ပြပွဲ၌လည်း ခင်းကျင်းပြသသွားရန် စီစဉ်လျက်ရှိသည်ဟု ယငုးကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားသည်။ ဆွစ်ဇာလန်နိုင်ငံထုတ် နာရီများသည် ဥရောပဈေးကွက်တွင် ရောင်းအားကျဆင်းလျက်ရှိရာ အာရှဒေသမှ ၀ယ်လို့အားများအပေါ်အားထားကာ ထုတ်လုပ်ရောင်းချနေလျက်ရှိကြောင်း ဆွတ်ဇာလန်နိုင်ငံမှ နာရီထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် ဟုဘ်လော့ကုမ္ပဏီမှ ဥက္ကဌ ဂျိန်းဒန်နီရယ်ပက်ချီက ပြောကြားသည်။ (အင်တာနက်)

**နေမုန်တိုင်း ကမ္ဘာမြေသို့ ကျရောက်သော်လည်း အကျိုးသက်ရောက်မှုအနည်းငယ်သာဖြစ်ခဲ့**
(နယူးယောက်၊ မတ် ၁၀)
နေဂြိုဟ်မှ ထွက်ပေါ်လာသော စူးရှပြင်းထန်သည့်အလင်းတန်းများ၊ သို့မဟုတ် နေမုန်တိုင်းများသည် ကမ္ဘာမြေသို့ မတ် ၉ ရက် နံနက်ပိုင်းက ကျရောက်ခဲ့သော်လည်း အနည်းငယ်မျှသာ အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း အမေရိကန်သိပ္ပံပညာရှင်ဂျိုးဆက်ကန်ချက်က မတ် ၁၀ ရက်၌ ပြောကြားသည်။ နေမုန်တိုင်းဒဏ်ကြောင့် ၀င်ရိုးစွန်းဒေသများရှိ လေယာဉ်ခရီးစဉ်အချို့နှင့် ဆက်သွယ်ရေးကွန်ရက်များ ထိခိုက်နိုင်မည်ဖြစ်ကြောင်း၊ ငါးနှစ်အတွင်း အဆိုးရွားဆုံးနေမုန်တိုင်းဒဏ်ခံရဖွယ်ရှိကြောင်း ပြီးခဲ့သည့် မတ် ၇ ရက်နှင့် ၈ ရက်တို့က ခန့်မှန်းခဲ့သော်လည်း ထိခိုက်မှုမရှိသလောက် နည်းပါးခဲ့သည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ရထားများခုတ်မောင်းမြေးဆွဲမှုနှင့် လေကြောင်းခရီးစဉ်ပျံသန်းမှုအပြင် ဓာတ်အားဖြန့်ဖြူးမှုစနစ်များကို ထိခိုက်မှုမရှိခဲ့ကြောင်း၊ ထို့အတူဂြိုဟ်တုဆက်သွယ် ရေးကွန်ရက်စနစ်များလည်း ထိခိုက်မှုမရှိခဲ့ကြောင်း ဘာမင်ဂမ်တက္ကသိုလ်မှ သုတေသနပညာရှင်တစ်ဦးဖြစ်သူ ပေါလ်ကင်နွန်က ပြောကြားသည်။ (အင်တာနက်)

**ဥရောပအာကာသအေဂျင်စီ၏ တတိယမြောက်အာကာသကုန်တင်ယာဉ်လွှတ်တင်မည်**
(ပါရီ၊ မတ် ၁၀)
ဥရောပအာကာသအေဂျင်စီ၏ တတိယမြောက် အာကာသကုန်တင်ယာဉ် အေတီဗွီ-၃ကိုလာမည့် ၂၃ ရက်တွင် နိုင်ငံတကာအာကာသယာဉ်စခန်းသို့ လွှတ်တင်မည်ဖြစ်ကြောင်း ဥရောပအာကာသအေဂျင်စီမှ မတ် ၁၀ ရက်က သတင်းထုတ်ပြန်သည်။ အဆိုပါအာကာသကုန်တင်ယာဉ်ကို ပြင်သစ်နိုင်ငံဂိုင်ယာနာအာကသယာဉ်လွှတ်တင်ရေးစခန်းမှ အာရီရာနေ ၅ ဒုံးပျံဖြင့် လွှတ်တင်ရန် စီစဉ်ထားသည်။ ထိုသို့ လွှတ်တင်ပြီးနောက် ငါးရက်အတွင်း နိုင်ငံတကာအာကာသယာဉ်စခန်းနှင့် ချိန်ဆက်ရန်လည်း စီစဉ်ထားသည်။ ၄င်းအာကာသကုန်တင်ယာဉ်ကို မတ် ၂၃ ရက် ဂရင်းနက်စ်စံတော်ချိန် ၀၄ နာရီ ၃၁ မိနစ်၌ လွှတ်တင်ရန်စီစဉ်ထားပြီး နိုင်ငံတကာအာကာသယာဉ်စခန်းနှင့် မတ် ၂၈ ရက်သို့မဟုတ် ၂၉ ရက်တွင် ချိတ်ဆက်မည်ဖြစ်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)