ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 9, 2012

ခေါင်းညိတ်ကြသူများ

>
ခေါင်းညိတ်၊ ခေါင်းခါဆိုတာ ငယ်စဉ် ချိုမိုင်မိုင် စလုပ်တတ်တဲ့ နို့နံ့မစင်သေးတဲ့ ကလေး ဘ၀ထဲက တတ်ခဲ့ကြတာမျိုးပါ။ စစချင်း ကလေးဘ၀မှာတုန်းကတော့ ခေါင်းတွေ ညိတ်တာကို ဟုတ်တယ်၊ မှန်တယ်၊ သိတယ်။ ခေါင်းခါတာဆိုတာ မဟုတ်ဘူး၊ မမှန်ဘူး၊ မသိဘူးရယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်မှန်း သိလို့ ပြုမူခဲ့တာမဟုတ်ဘူး။ သဘာဝက ပေးတဲ့ အလိုအလျှောက် တုန့်ပြန်တတ်တဲ့ သဘောအရ မိမိစိတ်သဏ္ဍာန်မှာ ထင်ဟပ်လာတဲ့အတိုင်း ခေါင်းညိတ်၊ ခေါင်းခါ ပြုမူမိလိုက်မိတာပါ။ အဲ့ဒီ အရွယ်တုန်းက ခေါင်းညိတ်ခြင်း၊ ခေါင်းခါခြင်းတွေက အပြစ်ကင်းစင်ခဲ့တယ်။ ဘာပရောဂမှ ပူးကပ် တွယ်ငြိနေခြင်း မရှိခဲ့ဘူး။

အရွယ်ရောက်လာတော့ ကိုယ့်ရဲ့စိတ်ထဲမှန်တယ်၊ ဟုတ်တယ်၊ သိတယ်ဆိုတာကိုပြဖို့ ခေါင်းညိတ်ရမှန်း သိလာတယ်။ ဂါရ၀တရားအရ ဖြစ်စေ၊ လေးစားမိလို့ပဲ ဖြစ်စေ၊ ဦးခေါင်းကို ညိတ်ယုံသာမက ကိုယ်ကိုကိုင်း၊ ခါးကိုညွတ်လို့တောင် ညိတ်မိတတ်လာတယ်။ ခေါင်းညိတ်ရတယ်ဆိုတာ ကောင်းတဲ့အလုပ်၊ ကိုယ့်အတွက် အဆင်ပြေမှု တစ်ခုခုရှိလာရင် ဦးခေါင်းကို ညိတ်မိလာတတ်တာမျိုးလို့ သိလာရပြန်ရော။ ဒီလိုနဲ့ ခေါင်းတွေ ညိတ်နေရင်းကနေ ခေါင်းညိတ်နေရတာကို တချို့တွေက နှစ်ခြိုက်လာကြတယ်။ သဘောကျလာကြတယ်။ ဦးခေါင်းတွေကိုပဲ တွင်တွင်ညိတ် ချင်လာမိကြတယ်။ အဲ့ဒီကနေ ခေါင်းညိတ်ရတဲ့ အရသာကို စွဲမှန်းမသိ စွဲလာကြပြန်တယ်။

အသက်အရွယ်အရ ဒီထက်ပိုမို ရင့်ကျက်လာရပြန်တော့လည်း ခေါင်းညိတ်သူအများအပြား ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုတာကို တွေ့သိလာရပြန်တယ်။ မိမိရဲ့ လုပ်ရပ်အပေါ်မှာ ယုံကြည်မှုတွေ အပြည့်နဲ့၊ ဒါမှမဟုတ် တခြားသူ တစ်ဦးဦးရဲ့ လုပ်ရပ်အတွက် မှန်ကန်တယ်ဆိုတာကို သက်သေပြဖို့ ညိတ်ခဲ့တဲ့ ဦးခေါင်းတွေကို လေးစားစိတ်နဲ့ တွေ့ခဲ့ရဘူးတယ်။ အလားတူ ကိုယ်ပိုင်ခံယူချက်၊ ယုံကြည်ချက် မြူတစ်မှုန်မျှသော်မရှိပဲ အများယောင်လို့ လိုက်ယောင်၊ အမောင်တောင်မှန်း မြောက်မှန်း မသိပဲ တဆတ်ဆတ် ညိတ်ကာ အသုံးတော်ခံနေရတဲ့ဦးခေါင်းတွေကိုလည်း အော့နှလုံးနာစွာနဲ့ တွေ့မြင် နေရတတ်ပြန်တယ်။

ဆင်ခြင်ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ်ရှိတဲ့ ဦးနှောက်တွေ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ခွင့်ရနေကြလျှက်နဲ့ မှားတာ၊ မှန်တာ၊ ကောင်းတာ၊ ဆိုးတာ၊ ဟုတ်၏၊ မဟုတ်၏ မျက်ဝါးထင်ထင်တွေ့ မြင်နေကြလျှက်နဲ့ ညိတ်နေလိုက်ကြတဲ့ ဦးခေါင်းတွေ…။ ဦးခေါင်းတွေ..။ အနည်းဆုံးတော့ မဟုတ်တာ..၊ မမှန်တာ သိနေလျှက်နဲ့ ရေလိုက်ငါးလိုက်နဲ့ တဆတ်ဆတ်ညိတ်နေတဲ့ ဦးခေါင်းတွေထက် မိမိ မယုံကြည်တာကို သွေဖီပြီး အခွင့်အရေးရတာတောင် လွယ်လွယ်နဲ့ မညိတ်မိစေဘဲ ဇက်ကိုခိုင်ခိုင်ထားလို့ ထောင်မတ်နေတဲ့ ဦးခေါင်းပိုင်ရှင်တွေက ပိုပြီး လေးစားစရာ မကောင်းနေဘူးလား။ အင်း… ဒီလို ဦးခေါင်းမျိုးကလည်း ရှိတော့ရှိတယ်၊ ရှားတယ်ဆိုတဲ့ အမျိုးပါဘဲ။

ပတ်ဝန်းကျင်မှာ ဖောဖောသီသီတွေ့ မြင်နေရတာတော့ တစ်ယောက်က ဦးဆောင်လို့ ခေါင်းငြိမ့်လိုက်တာနဲ့ ယိမ်းကသလို တစ်ပြိုင်ထဲနောက်ကနေ လိုက်ညိတ်လိုက်ကြတဲ့ ဦးခေါင်းတွေ။ ကျီးအာသီးလို အနှစ်မဲ့၊ အသိမဲ့ ဦးခေါင်းခွံတွေ..။ ကိုယ်ကိုယ်ကို ဖြူမှန်း၊ မဲမှန်းမသိ ခေါင်းတွေ တွင်တွင် ညိတ်လျှက်က သူများရဲ့ အနောက်ကနေ ခံယူချက်မဲ့ ပုဆိုးစ ဒရွတ်တိုက်ဆွဲ လိုက်နေကြတဲ့ ပုတ်သင်ညိုလို ဦးခေါင်းပိုင်ရှင်တွေကြားမှာ နေနေရတော့၊ သူတို့ကို နှမြောစွာ.. စိတ်ပျက်စွာ.. သနားစွာ ရှိလျှက်က တစ်ခါတစ်ခါ ကိုယ်ကိုယ်တိုင်တောင် ရောယောင်လို့ ခေါင်းများ ညိတ်မိလိုက်လေသလား.. လို့ ဇဝေဇ၀ါဖြစ်မိရတယ်။

ပုတ်သင်ညိုဆိုတာ တွားသွားသတ္ထ၀ါတွေထဲမှာ ထူးထူးခြားခြား ခေါင်းတညိတ်ညိတ်လုပ်တတ်တဲ့ သတ္ထ၀ါပါ။ ငယ်ငယ်တုန်းကမသိတော့ “ပုတ်သင်ညို အပျိုလိုချင်ခေါင်းညိတ် ” ဆို အော်ခဲ့ကြတယ်။ ကိုယ်အော်လို့ပဲ သူတို့ ခေါင်းညိတ်တယ်ထင်နေမိတာ။ ဘယ်ကသာ သူတို့ရဲ့ သဘာဝကိုက ခေါင်းညိတ်တတ်တဲ့အမျိုး။ သူတို့ ရောက်တဲ့နေရာကိုလိုက်ပြီး အဲ့ဒီနေရာက အသွေးအရောင်အတိုင်း လိုက်ပြောင်းနိုင်ကြသေးတယ်။ ငါးရာ့ငါးဆယ် နိပါတ်တော်ထဲမှာ ဆွဲပြား အဆွဲခံလိုက်ရလို့ မာန်တက် ဘ၀မေ့သွားတဲ့ ပုတ်သင်ညိုကို မှတ်မိကြဦးမယ် ထင်ပါရဲ့။

ပုတ်သင်ညိုတွေဟာ အချင်းချင်းလည်း စိန်ခေါ်တိုက်ပွဲတွေ ၀င်လေ့ရှိကြတဲ့ သတ္ထ၀ါတွေပါ။ တစ်ကောင်နဲ့ တစ်ကောင် မျက်လုံးချင်း အလွတ်မပေး စေ့စေ့ကြည့် နေတတ်ပါတယ်။ ကြည့်နေရင်းက ဦးတဲ့အကောင်က ဇတ်ကနဲ့ နောက်တစ်ကောင်ရဲ့ လည်ပင်းကို ခဲလိုက်ပါတယ်။ သူတို့က အဲ့လိုသာ အချင်းချင်း ရန်ဆောင်ကိုက်ခဲကြတာ။ တကယ့်တကယ်တမ်းက လည်ပင်းကို ပေါက်ပြဲသွားအောင် မကိုက်ကြပါဘူး။ ကိုက်ခဲလိုက်တဲ့အကောင်က တစ်မိနစ်လောက် ကိုက်ခဲထားပြီးရင် လွှတ်ပေးလိုက်တယ်။ အဲ့ဒီလို လွှတ်ပေးလိုက်တာနဲ့ နောက်တစ်ကောင်က အလှည့်ကျ ပြန်ကိုက်ပြန်ရောလို့ ဖတ်ဘူးတယ်။

အံ့သြစရာက ကိုက်ခံနေရချိန်မှာ အကြောက်အကန် အပြန်အလှန်မကိုက်ကြပဲ ငြိမ်သက်စွာနဲ့ သည်းခံနေကြတယ်။ သူတို့ အရှုံးပေးတော့မယ်ဆို သူတို့ရဲ့ မူလ ခန္ဓာကိုယ် အရောင်စိမ်းနေရာကနေ သူတို့ နားနေတဲ့ နေရာရဲ့အရောင်၊ ဥပမာ- သစ်ပင်ပေါ်နားနေရင် သစ်ပင်အရောင်ကို သဘာဝက ပြောင်းပေးလိုက်တယ်။ ဒီလို ပြောင်းသွားတာနဲ့ အရှုံးပေးလိုက်ပြီ ဆိုတာ အချင်းချင်းသိကြပြီး လွှတ်ပေးလိုက်ကြတယ်တဲ့။

ပုတ်သင်ညိုတွေက ခေါင်းညိတ်တတ်၊ အရောင်ပြောင်းလဲတတ်ယုံမျှမကပဲ အံ့သြဖွယ်ကောင်းအောင် အချင်းချင်း စာနာစိတ်ရှိနေကြပြန်ရော..။

ဦးခေါင်းတွေ တဆတ်ဆတ် ညိတ်တတ်ကြပြီး အရောင်ပြောင်းလွယ်သူများကို တွေ့နေရတော့ ပုတ်သင်ညိုတွေနဲ့ နှိုင်းယှဉ် စဉ်းစားမိပြီး အခုလို တွေးမိပြန်တယ်။ ကျွန်မတို့တတွေ ဦးခေါင်းကို စံနစ်တကျ ညိတ်တတ်ဖို့တော့ လိုလိမ့်မယ်ထင်တယ်နော်… လို့။

( ပို့စ်အသစ် မရေးနိုင်သေးတာမို့ ပိတ်ရက်လေးမှာအဟောင်းလေးပဲ ဆားပြန်ချက်ခဲ့ပါရစေ…)

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

** မြသွေးနီ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)