ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 12, 2012

ကိုယ်တိုင်ဖန်ဆင်းယူတဲ့အရာ

>
မိုးညတစ်ညမှာ သူတောင်းစားတစ်ဦးဟာ သူကြွယ်အိမ်တစ်အိမ်နားရောက်လာပြီး ထမင်းကျန်ဟင်းကျန် ပေးသနားဖို့ တောင်းရမ်းခဲ့တယ်။ ဒါကို သူကြွယ်အိမ်ခြံစောင့်က မောင်းထုတ်တယ်။ သူတောင်းစားက အထဲဝင်ပြီး မိုးစိုနေတဲ့ အဝတ်အစားတွေကိုခြောက်အောင် မီးကင်ချင်တယ်လို့ ခယတောင်းပန်တယ်။ ငွေကြေးစွန့်စရာမလိုဘဲ အဝတ်ခြောက်ရုံမို့ ခြံစောင့်က ဝင်ခွင့်ပြုလိုက်တယ်။ သူတောင်းစားဟာ အဝတ်တွေကို မီးကင်ရင်း ကျောက်ခဲဟင်းရည်ချက်ဖို့ ခြံစောင့်ဆီမှာ အိုးတစ်လုံးငှားတယ်။ "ကျောက်ခဲဟင်းရည်"က ခြံစောင့်ကို ထူးဆန်းအံ့သြသွားစေတယ်။ အဲဒီလိုနဲ့ သိလိုစိတ်ကြောင့် အိုးတစ်လုံးပေးလိုက်တယ်။ သူတောင်းစားက ကျောက်ခဲတချို့ကိုကောက်ပြီး ရေစင်အောင်ဆေးတယ်။ ပြီးတော့ အိုးထဲရေထည့်ပြီး ပြုပ်လိုက်တယ်။

ရေဆူလာတော့ တစ်ဇွန်းခပ်မြည်းပြီး "ကောင်းလိုက်တာ.. ဒါပေမယ့် ဆားနည်းနည်းထည့်ရင် ပိုအရသာရှိမှာပဲ"လို့ဆိုတယ်။ ခြံစောင့်က သူ့ကိုဆားပေးလိုက်တယ်။ သူတောင်းစားက ဟင်းရည်တစ်ဇွန်းမြည်းလိုက် ခြံစောင့်ကတစ်မျိုးပေးလိုက်နဲ့ ပဲတချို့ပေးတယ်၊ ဟင်းခတ်အမွှေးအကြိုင်တချို့ ပေးတယ်။ နောက်ဆုံးမှာ အသားတချို့တောင်ပေးလိုက်ရတယ်။ နောက်ဆုံး ဟင်းရည်ကျက်တော့ သူတောင်းစားက ကျောက်ခဲတွေကိုဆယ်ပြီး လွင့်ပစ်လိုက်တယ်။ ဟင်းကောင်းတစ်ခွက်ကို သူရသွားတော့တယ်။

ဘဝမှာလည်း စိတ်ပါဝင်တစားနဲ့ အသိဉာဏ်တချို့ထည့်၊ စဉ်းစားတွေးခေါ်မှုတချို့ထည့်ရင် သာမန်ရိုးစင်းတဲ့ကံတရားကို မွှေးကြိုင်အရသာရှိတဲ့ ဟင်းရည်တစ်ခွက်ဖြစ်အောင် ချက်နိုင်ပါတယ်။

汪野Koizumiလို့ခေါ်တဲ့ အသက်၂၃နှစ်အရွယ် ဂျပန်ကောင်လေးတစ်ယောက်ဟာ နယ်မြို့လေးတစ်မြို့ကနေ တိုကျိုကို ရောက်လာခဲ့တယ်။ တိုကျိုက တိုးတက်ဖွံ့ဖြိုးတဲ့ စီးပွားရေးမြို့ကြီးတစ်မြို့ဖြစ်တယ်။ ဘာမဆို ငွေပေးဝယ်ရတယ်။ တိုကျိုမြို့သူဌေးတွေ ရေကိုငွေနဲ့ဝယ်သုံးတာတွေ့တော့ "ရေကိုတောင် ငွေပေးဝယ်ရတယ်?"ဆိုပြီး သူအရမ်းအံ့သြသွားတယ်။

ဒီလိုအဖြစ်ကိုတွေ့တော့ သူနဲ့အတူ တိုကျိုကိုရောက်လာတဲ့လူတွေက ဒီလိုတွေးတယ်။ တိုကျိုမြို့က ရေကိုတောင် ငွေနဲ့ဝယ်ရတယ်ဆိုတော့ အစစအရာရာဈေးကြီးမှာပဲ။ ကြာကြာရပ်တည်လို့ရမှာ မဟုတ်ဘူးဆိုပြီး တိုကျိုမြို့ကိုခွာခဲ့ကြတယ်။ ဒါပေမယ့် Koizumiက ဒီလိုမတွေးခဲ့ဘူး။ တိုကျိုမြို့မှာ ရေနဲ့တောင် ငွေရှာနိုင်တယ်၊ ဒါဟာ အခွင့်အရေးတစ်ခုလို့ သူမြင်တယ်။ ဒါကို သူစိတ်ဝင်စားတယ်။ အဲဒီလိုနဲ့ သူ့ဘဝကိုသူ စဖန်ဆင်းလိုက်တယ်။ နောက်ပိုင်းမှာ သူဟာ ဂျပန်နိုင်ငံရဲ့ "ဘိလပ်မြေဘုရင်"ဖြစ်ခဲ့တယ်။ တူညီတဲ့ ရေတစ်ပုံးပေမယ့် မတူတဲ့လူတွေရဲ့အကြည့်မှာ မတူတဲ့အမြင်၊ မတူတဲ့ကံကြမ္မာကို တွေ့ခဲ့တယ်။

နာမည်ကြီးဂီတပညာရှင် Beethovenဟာ ငယ်ငယ်လေးကတည်းက အကြားချိုတဲ့သူဖြစ်တယ်။ အရွယ်ရောက်ချိန်မှာ နားလုံးဝကန်းသွားခဲ့တယ်။ ဒီလိုအခက်အခဲကြားမှာတောင် ငြိမ့်ညောင်းသာယာတဲ့ symphony 9ကို သူရေးစပ်နိုင်ခဲ့တယ်။

လူမည်းကျွန်တွေကို လွတ်မြောက်ရေးပေးခဲ့တဲ့ အမေရိကန်သမ္မတလင်ကွန်းက မိဘမဲ့ကလေးဖြစ်တဲ့အပြင် ရုပ်ဆိုးပြီး အပြောအဆို၊ အပြုအမူလည်း ကြမ်းတမ်းသူဖြစ်တယ်။ ဒီလိုချွတ်ယွင်းချက်တွေကို ဖာထေးဖို့ ပညာရေးဖက်မှာ သူအင်အားတွေယူခဲ့တယ်။ ကိုယ်တိုင်သင်ယူစနစ်နဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ ကလေးဘဝက ဆင်းရဲချိုတဲ့ခဲ့တဲ့ အသိဉာဏ်၊ ဗဟုသုတနဲ့ အထီးကျန်မှုကို သူဖြည့်ဆည်းခဲ့တယ်။ သူသင်ယူတယ်၊ သူကြိုးစားတယ်။ မျက်လုံးတွေ ချိုင့်ဝင်တဲ့အထိ သူစာတွေဖတ်ခဲ့တယ်။ စာထဲက အသိဉာဏ်၊ ဗဟုသုတတွေနဲ့ သူ့ချွတ်ယွင်းချက်တွေကို အစားထိုးခဲ့တယ်။ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုသိမ်ငယ်စိတ်၊ အားငယ်စိတ်ထဲကနေ သူရုန်းထွက်နိုင်ခဲ့ပြီး မြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ခဲ့တယ်။

လူတစ်ယောက်ရဲ့တကယ့်တန်ဖိုးဆိုတာ ကိုယ်တိုင်တည်ခင်းထားတဲ့ ထောင်ချောက်ထဲကနေ သူရုန်းထွက်နိုင် မထွက်နိုင်ဆိုတာနဲ့ ဆုံးဖြတ်တယ်။ ကိုယ့်ကိုတန်ဖိုးဖြတ်နိုင်၊ ပျော်ရွှင်စေနိုင်သူက ကိုယ့်ကိုယ်တိုင်ပဲဖြစ်တယ်။ ဒါကြောင့် "ကိုယ့်ကိုယ်ကို ကယ်တင်သူတွေကိုပဲ ဘုရားသခင်က အကူအညီပေးတယ်"လို့ ဆိုခဲ့ကြပါတယ်။

မူရင်း---- Hu Bao Lin (胡寶林) ပြုစုရေးသားသော "မိမိကိုယ်ကိုယ်ကောင်းမွန်အောင် ဆက်ဆံနည်း"စာအုပ်ထဲက ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

--
Be Happy,
**From-Moe Moe.**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)