ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, March 4, 2012

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၄)

>
**ငမိုး**
(နတ်မောက် ဘုန်းကျော်)

ကှု ဇူလိုင်လ အတွင်းသို့ ရောက်ပြီဆိုလျှင် ကျွန်တော်သည် သွားလေသူ (ငမိုး)ကို တကယ့်လှိုက်လှဲစွာပင် လွမ်းမိလေသည်။ အခြားအခြားသော ပုဂ္ဂိုလ်များက ငမိုးကို လွမ်းဆွတ် တမ်းတကြသည်ကိုလည်း သိပါ၏။

သို့သော် ကျွန်တော့အဖို့တွင်ကား ငမိုးကို ဆရာသမားတစ်ဦးအနေနှင့် လည်း လွမ်းရ၏။ သွေးသား အနေနှင့်လည်း လွမ်းရ၏။ ကျွန်တော့ချွတ်ယွင်းချက်များကို မညှာမတာပြောတတ်ပြီး ဇွတ်အပြင်ခိုင်းခဲ့သူ တစ်ဦး အနေနှင့်လည်း လွမ်းရပါသည်။ ခေါင်းဆောင်တစ်ဦး အနေနှင့်လည်း ကြည်ညိုရှိခိုး၇၏၊ အကိုကြီးတစ်ဦး အနေနှင့်လည်း လွမ်းရ၏။ သူေ၇တိမ်တွင် နစ်ခဲ့ကတည်းက ကျွန်တော့်မှာလည်း အားကိုးအားထားကင်းမဲ့ကာ နေရသဖြင့် ငမိုးကို လုပ်ကြံသူတစ်စုကို စိတ်အနာကြီး နာမိသည်။ လုပ်ကြံမှုတည်းဟူသော အကြမ်းဖက်မှုကို ရှုတ်ချမိသည်။ သူ့ကို တမ်းတမ်းတတ ဖြင့် ပိုမိုထူးကဲစွာ လွမ်းမိခဲ့ရပါပေသည်။

ငမိုး ------------ ငမိုး--------------ငမိုး----။ ။

သူ့လို ထိပ်သီးကြီးအား ကျွန်တော့လိုလူက ``ငမိုး``ဟုခေါ်ဝေါ်ရေးသားသဖြင့် ကျွန်တော့အား ဒေါသ မာန်မာန မထားကြစေလို။ သူ့အား သူ၏တပည့် တပန်း ရဲဘော်များက ``ငမိုး``ဟုပင် ကင်ပွန်းတပ်ထားကြ၏။ ငမိုး ဟူသည် သူ့ရဲဘော်များက သူ့အားချစ်စနိုးခေါ်သည့် အမည်မဟုတ်လော။ ဂျာမန်စစ်သူကြီး `` ရွမ်းလ်``အား သူ့ရဲဘော်များက ``ကန္တာရမြေခွေး``ဟုရု် ပင် ခေါ်ခဲ့သေးသည်။ သို့ဖြစ်ပါသောကြောင့် ကျွန်တော်ကလည်း သူ့ရဲဘော်များ လေသံအတိုင်း ``ငမိုး``လိုက်၇လေသည်။

ငမိုးနှင့် ကျွန်တော် မမျှော်လင့်ဘဲ နီးစပ်ခဲ့ရလေသည်။

၁၉၄၄ ခုနှစ်နောက်ပိုင်းတွင် ကျွန်တော်သည် ဒုတိယ စစ်နယ်မြေဟု သတ်မှတ်ထားသော (ဗိုလ်မှုး ရန်အောင်) နှင့် (ဗိုလ်မှုးအောင်)တို့ အုပ်ချုပ်သည့် အနောက်တိုင်း စစ်ဋ္ဌာနချုပ်ဠ် တွဲဘက်ရုံးအုပ်တာဝန်ကို ထမ်းရွက်နေရသည်။ ထိုအချိန်က ကျွန်တော်တို့ တပ်အတွင်းသို့ နိုင်ငံရေး မယောဂများ ဝင်လာရု်နေပေပြီ။ အချို့က ကွန်မြူနစ်နှင့် ဆက်သွယ်ထား၏။ အချို့က ပြည်သူ့အရေးတော်ပုံ ပါတီထဲဝင်နေကြ၏။ ဗိုလ်မှုးအောင်နှင့် ကျွန်တော်သာလျှင် ထိုအစုအဝေးမှ ကင်းဝေးလျှက် ဗိုလ်ချုပ်မှ ဗိုလ်ချုပ်ဟု ဗိုလ်ချုပ်အောင်ဆန်းကိုသာ တမ်းတမ်းစွဲ ဆွဲထား၇၏။

ကျွန်တော်ကလည်း လူတစ်မျိုးဖြစ်၏။ ဆက်ဆံေ၇းတွင် အေးအေး ဆေးဆေးဖြင့် ပြေပြစ်အောင် ဆက်ဆံပါ၏။ ကှုသို့ ဆက်ဆံသည့် အထဲမှပင် ကျွန်တော့အား တပတ်ရိုက်လာပါလျှင် ဘာကြီးဖြစ်ရ်ုသွားသွား ဘယ်သူ့မှ ဂရုမထားချင်သော စိတ်ဓါတ်မျိုးဝင်လာ၏။ ထင်သလိုပဲ ဇွတ်တရွတ် လုပ်ပြစ်ချင်တတ်၏။ ကှုနည်းဖြင့် နဂိုက အေးဆေးသော ကျွန်တော့လိုလူသည် လူဆိုးဖြစ်ခဲ့ရလေသည်။ ပတ်ဝန်းကျင်ဟောင်းကို စွန့်ချင်ရ်ုနေ၏။

မမျှော်လင့်ဘဲ ကျွန်တော့ဆန္ဒပြည့်ဝ ခဲ့သည်။

၁၉၄၄ ခု နိုဝင်ဘာလ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော တပ်မတော်ပြန်တမ်းတွင် စစ်ဝန်ကြီးရုံး အုပ်ချုပ်မှုအမိန့်အမှတ် ၃၉ အရ အနောက်တိုင်း စစ်ဋ္ဌာနချုပ် ရုံး၏ တွဲဘက်ရုံးအုပ် ကျွန်တော်သည် စစ်ဝန်ကြီး၏ သီးသန့်ဋ္ဌာနကြီးသို့ ပြောင်းေ၇ွှ့ခြင်းခံရ၏။

၎င်းနှစ် ဒီဇင်ဘာ ၆ ၇က်နေ့တွင် ငမိုးက ကျွန်တော့အား သူ၏ (ADC) ကိုယ်ရံတော်ဗိုလ် အဖြစ်လည်းကောင်း ၊ယင်းကိုယ်ရံတော်ကင်းတပ်၏ တပ်မှုးအဖြစ်လည်းကောင်း ၊ ခန့်အပ်ကာ သူ့အိမ်သို့ အိပ်ရာလိပ်များပါ ရွှေ့ခဲ့ဟု အမိန့်တော်ချမှတ် လိုက်လေသည်။ ငမိုးက လည်း ဂွကျကျ ကျွန်တော်ကလည်း ရွတ်တွတ်တွတ် ။ လူထူးနှစ်ယောက်တွေ့ကြရလေပြီ။ ဘာတွေဖြစ်ကြသနည်း။

***************

``ဟေ့ကောင် မြိုင်ရုံက ပြဇာတ် သွားကြည့်ရအောင်--``

အီ မဲလ်ဘန်းရေးသော ``ကွန်မြူနစ်ဝါဒဆိုတာ ဘာလဲ`` ဟူသောစာအုပ်ကို ကျွန်တော်က အိပ်ယာပေါ်တွင် ပက်လက်လှန်ကာ ဖတ်နေ၏။ ငမိုးသည် အိမ်မကြီးနှင့် ကပ်ရု်ဆောက်ထားသော ကျွန်တော့တဲထဲသို့ စွတ်ဝင်လာကာ အထက်ပါအတိုင်း ပြောလေသည်။ ကျွန်တော် အိပ်ယာမှ လူးလဲထပြီး သူ့အားအလေးပြုကာ သူထိုင်မှ ထိုင်လိုက်သည်။

ကျွန်တော်က ငိုင်နေသည်။ သူကပြောပြန်၏။

``မင်း --- လိုက်ခဲ့``

ပြဇာတ်ကို သူဘာကြောင့်ကြည့်ချင်သည်ကို ကျွန်တော်က ဓါတ်သိပြီးသားဖြစ်သည်။ သူ့လိုလူတစ်ဦးသည် ကှုအထိ နိုင်ငံရေးပြသ၁နာတွေ အရေးကြီးမားလာသည့်အချိန် ကုပ်ကုပ်နေစေချင်၏။ ဟိုသွားဒီသွား မသွားစေချင်။ တစ်ခါ နှစ်ခါပြောဘူး၏။ အငေါက်ခံရလေသည်။ ကျွန်တော်၏ စိတ်တွင် ပြောမရရု် ချဉ်စူးလာ၏။ ထိုချဉ်စူးပြီးသား စိတ်ကလေးက ခိုးလုခုလု ရှိလှသဖြင့် ကျွန်တော်လည်း သူ့အား ``ငေါ့``ချလိုက်မိ၏။

``မလိုက်ချင်ဘူးဗျာ------``

``ဘာလို့လဲ ကွ``

``ဟာ--- ဒီလောက် အရေးကြီးတဲ့ အချိန်ကာလထဲမှာ -- ပြဇာတ်သွားကြည့်ကြတယ်ဆိုတာ လူပေါတွေမှ လုပ်တာပဲ``

ငမိုးသည် ကျွန်တော့ကို ရှုးသိုးသိုးနှင့် ကြည့်ပြီး ထိုင်နေရာမှ ထသွား၏။ ကျွန်တော်က အလေးပြုသည်ကိုမျှ စောင်းငဲ့ရု် ပြန်မကြည့်တော့ချေ။ မြည်တွန်ရု် ထွက်သွားလေသည်။

``ငါ့ရီး -------- မလိုက်ချင်နေပေါ့ကွ--``

ကျွန်တော်လည်း ပြုံးရင်း ကျန်ရစ်ခဲ့၏။

***********

နေသည် လင်းရု် မြေဋ္ဌ် နေရောင်ခြည်ကြောင့် ဝင်းနေလေသည်။

ကန်တော်ကြီး ရေပြင်မှ ရှပ်တိုက်ပြီး ပြေးဝင်လာသော လေညှင်းနွဲ့နွဲ့ကလေးများသည် ခန်းဆီးအပြာစ ကို ပုတ်ခတ်ရု် ကစားနေသည်။ ကန်တော်ကြီးသရက် အုပ်ဆီမှ တစ်ကောင်တလေသော ဥသြ ငှက်တွန်သံများ ကိုပင် တသဲ့သဲ့ ကြားနေရ၏။ ကျွန်တော်မှာ ကောင်းကင်အပြာကြီးကို ပြူတင်းဝမှ မော့ကြည့်ကာ စိတ်ကူးယဉ်နေ၏.။

``ဝူး --------``

ကျွန်တော်ရပ်နေသော ပြူတင်းပေါက်နှင့် မလှမ်းမကမ်းရှိ မြေနီလမ်းကလေးအတိုင်း ဝက်ဆလေ နက်ပြာရောင် ကားကလေးသည် ညင်သာစွာ ပြေးလွှားထွက်ခွာရု် သွားနေလေသည်။ ကားပေါ်တွင် ငမိုးနှင့် မမကြည်တို့ ပါရု်သွား၏။ တစ်စုံတစ်ခုကို မြင်လိုက်ရသဖြင့် ကျွန်တော်လည်းစားပွဲပေါ်ရှိ တယ်လီဖုန်းကို ကောက်ကိုင်ကာ ကင်းဂိတ်ဝရှိ ကင်းဗိုလ်ထံ အရေးတကြီး လှမ်းရု် အမိန့်ပေးလိုက်ရလေသည်။

ကားကလေးသည် ပတ်လမ်းရှိ နေအိမ်ခြံဝင်းဝသို့ ထိုးဆင်းထွက်ခွာအံ့ဆဲဆဲ ကင်းရဲဘော်သည် လှံစွတ်တပ်ထားသော သေနတ်နှင့် လမ်းမပေါ်တွင်တက်ကာ ငမိုး၏ကားကို ဆီးရု်တားဆီး ထားလေသည်။

``ဟေ့--- ရပ် ``

ကားကလေးလည်း ရပ်သွားလေသည်။ စကားပြောသံများကို ကျွန်တော့တဲမှ ခပ်သဲ့သဲ့ ကြားနေရသည်။

``ရဲဘော် ဘယ်သူ့အမိန့်နဲ့ တားရသလဲ``

``တပ်မှုး အမိန့်နဲ့တားရပါတယ် ဗိုလ်ချုပ်--``

``ကဲ --- မင်းတပ်မှုး သွားခေါ်ချေစမ်း ---``

ရဲဘော်တစ်ဦး လာခေါ်သဖြင့် ကျွန်တော်လိုက်သွားပြီး ကားဘေးတွင်ရပ်ကာ ငမိုးကို အလေးပြုလိုက်ပါသည်။ ငမိုးမှာ ရှုးသိုးသိုးတွင် အတော်စိတ်ဆိုးနေပုံရ၏။ ခါးတွင် ဘန်ကောက်လုံခြည် တပတ်နွမ်းနှင့် တီရှပ်လက်ရှည်ကို ဝတ်ထား၏။

``မင်း အတားခိုင်းတယ် ဆို-----``

``ဟုတ်ပါတယ် ဗိုလ်ချုပ်---``

``ဘာပြုလို့လဲ ကွ---``

ကျွန်တော်ကား ပါးစပ်မှ ပြန်ရု် အဖြေမပေးပါ။ ကားထိပ်အလံတိုင် ရှိရာသို့သွားပြီး စစ်ဝန်ကြီးရာထူး။ စစ်သေနာပတိရာထူး ။ မေဂျာဂျင်နရယ်ရာထူးဟူသော ရာထူးအလိုက် တပ်ဆင်ထားသည့် အလံသုံးဆင့်စလုံးကို ဖြုတ်ယူကာ ပြန်လာပြီး ကားပြူတင်းမှနေရု် သူ၏ လုံခြည်အိတ်ထောင်ထဲသို့ ပစ်ချပေးလိုက်ပါသည်။

``ဗမာ့တပ်မတော်ရှိ အရာရှိများသည် မိမိတို့၏ အဆင့်အတန်းအလိုက် ရရှိထားသော မော်တော်ကား အလံများကို စစ်ဘက်ယူနီဖောင်း အဝတ်အစားမဝတ်ဘဲ နှင့် တပ်ဆင်သွားလာခြင်း မရှိစေရ။ အရပ်သားအဝတ်အစားကို ဝတ်ဆင်သွားလာနေစဉ်အတွင်း မတပ်ဆင်ရ `` ဟု တပ်မတော်တစ်ခုလုံးသို့ အထက်ပါအတိုင်း ``ငမိုး``က အမိန့်ထုတ်ထား၏။

ယခု ကိုယ်ထုတ်ထားသော အမိန့်ကို ကိုယ့်ဘာသာ သတိမေ့နေရု် ``ငမိုး``သတိမထားမိ ဘဲ ဂွလုပ်လာ၏။ မော်တော်ယဉ် ရဲဘော်ကလည်း သတိမေ့နေ၏။ တမင်သက်သက် ပကာသနမလုပ်ကြကြောင်း ကိုကား ကျွန်တော်ကောင်းစွာသိ၏။

ငမိုးသည် အလံများကို ငုံ့ကြည့်လိုက် ကျွန်တော့်ကိုမော့ကြည့်လိုက်နှင့် အူကြောင်ကြောင် ဖြစ်သွား၏။ နောက်မှ တဖြည်းဖြည်း ပြုံးရယ်လာကာ တဟားဟားနှင့် သူ့ဘာသာသူ ရယ်မောနေ၏။

``ကဲ ငါသွားနိုင်ပြီလားကွ``

ကျွန်တော် ပါးစပ်မှ အဖြေမပေးပါ။ ခြေစုံရပ်ရု် အလေးပြုလိုက်၏။ ကားကလေးသည်ကတ္တရာ လမ်းမကြီးပေါ်သို့ ပုတုန်းကောင်ပမာ ပြေးလွှားရု် သွားလေသည်။

ကှုဖြစ်ရပ်များအတွက်နှင့် ပတ်သတ်ရု် ကျွန်တော်သည် ငမိုးကို အသေအလဲ ရိုသေလေးစားမိသည်။ အခြား ကြီးကြီးမာစတာ တစ်ဦးကို သာ ကှုအတိုင်း ပုံတူကူးချမိမူ ကျွန်တော့်အဘို့ သက်သာဖွယ်ရာမရှိ။

ကျွန်တော်က သူ့အား ``လူပေါ`` ဟုပြောသော စကားတစ်ခွန်းအတွက် နှင့်ပင် ဒုက္ခလှလှကြီးတွေ့ နိုင်၏။ သူ့အား ဘာကြောင့် ``လူပေါ``ဟူရု် ဘုတောသည်ကို ``ငမိုး``က ကွက်ကျော်မြင်ထား၏။ ထို့ကြောင့် ``ငါ့ရီး`` ဟူရု်သာ ဆဲသွား၏။

အလံကိစ္စတွင်လည်း ကျွန်တော်ဂျောက်ကျနိုင်၏။ မည်သို့သော စေတနာနှင့် တားဆီးသည်ကို ``ငမိုး``သိသွား၏။ သူ့အမှားကို သူသိသွားရု် ဗြောင်ဝန်ခံသွား၏။ ``ငါ-- လူ့ထိပ်သီး``ဟူသော မာန်မာန ငမိုးတွင် မရှိ ။ ဟန်ကြီး ပန်ကြီး မလုပ်။ ဘွင်းဘွင်းနှင့် ရှင်းရှင်းရှိသည်။

အောက်လက်ငယ်သားနှင့် ဆက်ဆံရေးတွင် ဘယ်မျှအထိ ``ငမိုး`` သဘောထားကြီးသည်ကို ကှု်ဖြစ်ရပ်များဖြင့် သိသာနိုင်ပါသည်။ ထိုကြီးမားစွာသော မြင့်မြတ်သည့် သဘောထားကို လေးစားလှသဖြင့် ကျွန်တော်တို့၏ အသက်ကို ``ငမိုး``အားပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယခု ဇူလိုင်လရောက်ပြန်ပြီ။

တစ်တိုင်းတစ်ပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ငမိုး ကိုလွမ်းကြပေလိမ့်မည်။ ကျွန်တော်လည်း လွမ်းပါသည်။ မချိမရိပင် လွမ်းမိသည်။ လူနပ် ချမ်းသာတွေကလည်း လွမ်းကြပေမှာပါပဲ။
သို့သော် ကျွန်တော့်လို ခွေးဘဝသာသာ မျှနေရသူက ``ငမိုး``ကို တမ်းတ လွမ်းဆွတ်ခြင်းမှာ အချို့သူများလွမ်းကြသကဲ့သို့ ရာဇ ပလ္လင်နှင့်မဆိုင်ချေ။

အဲ --- ကျန်နေတာလေးတစ်ခု ရေးလိုက်ဦးမည်။

``ကျွန်တော့်ကို ဘယ်သူခြောက်ခြောက် မကြောက်ဘူး ဘယ်လိုမြှောက်မြှောက် မမြောက်ဘူး ``

ကှု်စကားလုံးမှာ ငမိုး မကြာခဏပြောလေ့ရှိသော စကားလုံးများဖြစ်သည်။ လူတိုင်း ကှုစကားလုံးကို ကြားမိသိရှိထားကြမည်။ ကျွန်တော်ကား ကြားဘူး သိဘူးရုံမျှသာမဟုတ် ငမိုးသည် တကယ်ပင် မြှောက်တိုင်း မမြောက်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ သိရှိခဲ့ပြီး ဖြစ်ခဲ့၏။

၁၉၄၄ ခု ၊ ဒီဇင်ဘာလ ကုန်ခါနီးရက်တစ်ရက်။

ကျွန်တော်သည် ငမိုး၏ အေ-ဒီ-ဘီ အဖြစ် တာဝန်ရှိသည့်အားလျှော်စွာ သူနှင့် မော်တော်ကား တစ်စီးတည်းတွင် အတူလိုက်ပါရ၏။ စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ရုံးတတ်တိုင်း သွားလာတိုင်း ကျွန်တော့မှာ ဘေးနားမှ ဒရဝမ်လို လိုက်နေရ၏။ ပျင်းရိစရာကောင်းပါဘိခြင်း။

တစ်နေ့သဋ္ဌ် ငမိုးသည် စစ်ဗိုလ်များ ကိုင်လေ့ကိုင်ထရှိသော သားရေ လက်ဆွဲအိတ်ကြီးကို ဆွဲကိုင်ပြီး သူ၏ရုံးခန်းမှ ထွက်လာကာ မော်တော်ကား ရှိရာသို့လာနေ၏။ လက်ဆွဲအိတ်ထဲတွင်ကား စာရွက်စာတမ်း ဖိုင်တွဲတွေ ထည့်ထားရု် ဖောင်းကြွနေ၏။ ဓါးကြီးကန့်လန့် လက်ဆွဲအိတ် မနိုင့်တနိုင် နှင့် ဖြစ်နေသဖြင့် ကျွန်တော်ကပင် သူ့ကို အလိုက်သိစွာ တောင်းပန်မိ၏။ အထက်လူကြီးဖြစ်ရု် အောက်လက်က လူဖြစ်သော ကျွန်တော်က အရိုအသေပေးရသည်မှာ လည်း ဘာမှမဆန်းပေ။

``ဗိုလ်ချုပ်---- ကျွန်တော့ပေးပါလား `` ဟု မနိုင့်တနိုင်ဆွဲလာသော သူ့သားရေအိတ်ကြီးကို ကျွန်တော်က တောင်း၏ ငမိုးက ကျွန်တော့ကို စွေစောင်းကြည့်ကာ ဘုကျကျပင် အဖြေပေး၏။

``မင်းအလုပ်က ငါ့ကိုယ်ရံတော်ဗိုလ် အလုပ် ၊ မင်းဟာ ငါ့ရဲ့ ကူလီမဟုတ်ဖူး ငါ့ဘာသာ ငါ နိုင်သားပဲ``

သူ့အဖြေက တကယ်ဂွကျသည်ထင်ရသည်။ သူ့စကားကို ဆန်းစစ် ကြည့်လျှင် ကျွန်တော်က သူ့ကို မျက်နှာလို မျက်နှာရ လုပ်နေသလိုထင်ရု် စွတ်ပြောလိုက်ဟန်တူ၏။ ကျွန်တော့စေတနာ ကလည်း တကယ်သန့်ရှင်းပါသည်။ သူ့ကို ဖော်လံဖား လုပ်ခြင်းကား မဟုတ်ချေ။

ကှူ်အချက်ကို ကြည့်ခြင်းဖြစ်လည်း ငမိုးမှာ သူ့ကို မျက်နှာလိုမျက်နှာရ လုပ်သည်ဟုထင်မြင်က ကှု်သို့ပင် ဘုကျကျ နှက်တတ်လေသည်။ သူ့အား သူရဲကောင်းကြီးဟု ချီးကြူးမိကြသူများအားလည်း ``ကျုပ် ဘယ်ကလာ အာဇာနည်ရမှာလည်း အာဇာပန်းရောင်တောင် မဖြစ်သေးဘူး```ဟု ခဏခဏ ဘုမှုတ်ဖူးသည်။

ငမိုးသည် လူပေါမဟုတ်။ သူတစ်ပါး မျှောက်ပေးတိုင်း ဘဝင်မြင့်ပြီး အောက်ခြေလွတ်သူမဟုတ်ချေ။ ငယ်သားများ၏ ထင်မြင်ချက်နှင့် အကြံအဥာဏ်ကောင်းများကိုပါ တကယ်လေးစား ညှိနှိုင်းလေ့ရှိသူဖြစ်၏။ ယခုခေတ်တွင် ငမိုးလောက်မှ မထက်မြတ် မသန့်ရှင်းသူတွေက ကိုယ့်ဖာသာ ကိုယ် အထင်ကြီးနေကြ၏။ အောက်ခြေလွတ်နေ၏။ ``ရဲဘော်စိတ်တွေ`` ကင်းဝေးပပျောက်နေကြ၏။ ထိုသို့သော လူတွေကို မြင်တွေ့ရသော ကျွန်တော့အဖို့မှာ ငမိုးကိုပြေးခေါ်ပြီး လက်ညိုးထိုးပြချင်လှသည်။ ဆဲလိုက်မယ့် ဖြစ်ခြင်း။။

ကှု်လတွင် ငမိုး ရေတိမ်တွင်နစ်ခဲ့ရပြီ ။ငမိုး ကိုတစ်ကယ်ချစ်သလား-----၊ ငမိုးကို တကယ်ကြည်ညိုတယ်ဆိုတာ အဟုန်ပဲလား မေးချင်တယ်။

တကယ်ချစ်ကြလျှင် ငမိုးလိုစိတ်ဓါတ်မျိုးကို ဘာလို့မမွေးကြသလဲ။ တကယ်ကြည်ညိုလျှင် ငမိုးလုပ်သလိုလုပ်ကိုင်ကြပါ။ ငမိုးလိုချင်သော တိုင်းပြည်မျိုး တည်ဆောက်ရာတွင် တာဝန်တကယ်တန်းသိကြပါ ဟု ကျွန်တော်ဆိုချင်၏။

ငမိုးရေ ခင်ဗျားမရှိလို့ ကျွန်တော်လည်း အခြေအနေကြည့်ပြီး ကုတ်ကုတ်လေး နေရတာပါပဲ။ ကျွန်တော် ပြုခဲ့ရတဲ့ ကိုသိုလ်တွေအတွက် အမျှပေးဝေပါသဗျ။ ။

**နတ်မောက် - ဘုန်းကျော်**

**From-ကိုစိုးနိုင် **
(အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)