ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 26, 2011

ဝေဖန်ဆွေးနွေးတာမရှိတော့တဲ့ မြန်မာ့လူ့အဖွဲ့အစည်း

>
ဓါတ်ဆီဆိုင်တွေကို အစိုးရ ဌာနတွေကနေပြီး ပုဂ္ဂလိက ကိုလွှဲပြောင်းပေးလိုက်တာ လူတိုင်းသိမှာပါ။ အဲဒီနောက် ထောက်ပံ့လျှော့ဈေးနဲ့ ရောင်းတဲ့ မြန်မာ ဓါတ်ဆီကို လိုသလောက်ရောင်းပေးရာကနေ တန်းစီတိုးလို့ နောက်ဆုံး ဒုံရင်း တစ်နေ့ ၂ဂါလံပေးတဲ့ ပုံစံကိုပြန်ရောက်သွားတာပါ။ တကယ်တော့ အရင်က တစ်လ ဂါလံ ၆၀ပေးတာပါ။ တစ်နေ့ ၂ဂါလံထုတ်ခွင့်ရှိပြီး လကုန်လို့ ၆၀မပြည့်သေးရင် ပေါင်းထုတ်လို့ရပါတယ်။ ဓါတ်ဆီဆိုင်က ဝန်ထမ်းတွေကလည်း ဆီလာထုတ်သူတွေကို လေးလေးစားစား ဆက်ဆံပါတယ်။ မေးရင် ကောင်းကောင်းပြန်ဖြေပါတယ်။ အဲဒါအစိုးရဆိုင်တွေလက်ထက်ပေါ့လေ။ အကုန်လုံးကိုတော့ မဆိုလိုပါဘူး။ အခုတော့ ပုဂ္ဂလိက ဖြစ်သွားပြီးနောက်ပိုင်း စခါ စကတော့ ဆိုင်တွေက လူတွေကိုလေးလေးစားစားနဲ့ ဆက်ဆံတယ်။ ပိုက်ဆံကို ကားပေါ်ကပေးလိုက်ရုံပဲ။ နောက် တန်းစီတိုးလည်းဖြစ်သွားရော ဆီလာထည့်တဲ့သူတွေကို အပေါ်စီးကလေးက ဖြစ်လာတယ်။ ပိုက်ဆံလာယူပြီး ထည့်ပေးဖို့မပြောနဲ့ လေသံတောင် မာချင်လာတယ်။ အခုတစ်ခါ တစ်နေ့ ၂ဂါလံလည်းဖြစ်ပြန်လည်းပဲ အရင် ဆီတန်းစီတိုးသူတွေအပေါ်မြင်သလိုမျိုးပဲ ကိုယ့်ကားကိုယ်သုံးဖို့ ဆီလာထည့်တဲ့သူတွေကို လေသံမာနေကြတုန်း။ တစ်ချို့ဆိုင်တွေကတော့ ကောင်းပါတယ်။ ၁၆ကွေ့က New Day ဆိုင်ကတော့ စာအုပ်လာယူပေးတုန်း။ စာအုပ်ကို ပြန်ပေးတာတောင် လက်နှစ်ဖက်နဲ့သေသေချာချာပါပဲ။ ဓါတ်ဆီဆိုင်မှာ နှစ်တန်းရှိတာကို တစ်တန်းကို Octane/Diesel လုပ်ထားပေးမယ့် အဲဒီဘက်မှာ ကားရှင်းနေရင် ရိုးရိုးဓါတ်ဆီထည့်တဲ့ကားတွေကို ခေါ်ပြီးထည့်ပေးတယ်။ မြန်အောင်လို့လေ။ ဦးနှောက်သုံးတာပေါ့။

မနေ့က အဖြစ်အပျက်ကတော့ ( ၂၂၊မေ၊၂၀၁၁) ST ရွှေတောင်ဆီဆိုင်မှာ ကိုယ်တွေ့ပါ။ ကန်တော်ကြီးပတ်လမ်းက ST ဆီဆိုင်မှာ ဆီသွားထည့်တော့ ကားဆယ်စီးလောက်ရှိလို့ တန်းစီရပါတယ်။ ဘေးနားမှာလည်း ဆီဘောက်ဆာကားက ဆီချနေပါတယ်။ ကိုယ့်အလှည့်နားရောက်ခါနီးမှ ဆီဘောက်ဆာကားက ကားတန်းရှေ့မှာ ပိတ်ပြီး ဆီချပြန်ရော။ ကိုယ့်ရှေ့က ကားလည်းထွက်မရ ကိုယ်လည်းရှေ့မတိုးသာ နောက်မှာလည်းကားတွေ ပြည့်လာပြီး နေပူထဲမှာ ( နေ့လည်း ၁၀း၃၀ လောက် ) ပါ။ ဟိုဘက်မှာ Octane/Diesel ဆိုတာထည့်ဖို့ လွတ်နေတဲ့နေရာလည်းရှိတယ်။ အဲဒီမှာလည်း ဘာကားမှ မရှိတာကို နောက်ကားတွေ ခေါ်ပြီးမထည့်ပေးဘူး။ ကြည့်လိုက်တော့ ဆီပန့်နှစ်ခုကြားမှာ ကားတစ်စီးစာ နေရာ ချောင်ချောင်လေး လွတ်ပြီး ဆိုင်းဘုတ်လေးချထားတယ်။ ဆီဖြည့်စဉ် စက်သတ်ထားပါ ဆိုတာမျိုးပေါ့။ အဲဒါလေးဖယ်လိုက်ရင် ကားတွေက ထွက်လို့ရနေပြီမို့ ကောင်လေးတွေကို ဟေ့အဲဒါလေး ဖယ်လိုက်လေ ရှေ့က ကားကို ပေးထွက်ပြီး နောက်ကားတွေဆီဖြည့်တာဆက်လုပ်ပါပြောတာ ကို အားလုံးကမကြားသလိုလုပ်နေတယ်။ အနားသွားပြောတော့ ထွက်သွားတယ်။ ဘာမှပြန်မပြောဘူး။ ဒါနဲ့ မန်နေဂျာဘယ်မှာလဲ မေးတော့ ဆီဘောက်ဆာကားနားကနေ တစ်ယောက်ထွက်လာပြီး “ဘာတုန်း” လို့လုပ်တယ်။ “ဘောက်ဆာပိတ်နေတာကွာ၊ ဆိုင်းဘုတ်လေး ဖယ်ပေးလိုက်ပါလား” လို့ပြောမလို့ကို “ဘောက်ဆာပိတ်နေတာ” ရှိသေးတယ် “စောင့်ပေါ့တဲ့” ကဲ လေသံကမာမာနဲ့ လူကြည့်တော့ ဘာအဆင့်မှမရှိတဲ့ကောင်က။ အဲဒါနဲ့ မင်းက ဘာတုန်းလို့ပြောတော့“ ကျုပ် ဆိုင်တာဝန်ခံ ၊ ဘာလုပ်ချင်လို့တုန်း” တဲ့။ စိတ်တိုလာပြီး မင်းနာမည်ဘယ်သူတုန်း ဆိုတော့ “ အောင်ကြီး ၊ ခင်ဗျားဘာလုပ်ချင်တုန်း” တဲ့။ “ အေး မင်းအဆင့် မင်းလုပ်ရည်ကိုင်ရည်မင်းသိပေါ့ကွာ။ စကားပြောတာ လူပါးမဝနဲ့။ ဆီလေးခိုးစားရတာနဲ့ မမြင်ဘူး မူးမြစ်ထင် လူပါးမဝနဲ့ ငါတို့က မင်းတို့ဆိုင်က ဆီလာဝယ်တာ။ အလကားလာယူနေတာမဟုတ်ဘူး” လို့ပြောတော့ ဝူးဝူးဝါးဝါးတွေပြန်အော်နေတယ်။ ကိုယ်လည်း တစ်ယောက်တည်း အခြားသူများကလည်း ဘာမှ ကို ဝင်မပြောကြ။ သူတို့ဆိုင်ထဲမှာ ဝိုင်းရိုက်ခံရမှာစိုးလို့ ကားနားပြန်လာပြီး “ဟေ့ကောင်တွေ မြန်မြန်လုပ်ကွာ” လို့ထပ်အော်ပေးတယ်။ အဲဒီ အောင်ကြီးဆိုတဲ့ကောင်က ခင်ဗျားက ဘာဖြစ်ချင်လည်း ဘာကောင်လည်း လှမ်အော်တယ်။ ကိုယ်လည်း ငါဆီလာထည့်တယ် customer မင်းတို့မလိုအပ်ပဲ ကြာနေတာ လွယ်တာကို ခက်အောင်လုပ်ပြီး ကြာတာကို မစောင့်နိုင်ဘူး။ ငါ့အလုပ်က မကျေနပ်တာ complaint လုပ်တာပဲ။ မင်းတို့ မရှက်ရင် ဆက်လုပ်လို့ပဲ အော်ပေးလိုက်တယ်။ အဲဒီကောင် က ကျုပ်နာမည် အောင်ကြီး ပုဇွန်တောင်မှာနေတယ်။ ဘာလုပ်ချင်လဲ လုပ်သေးတာ။ နောက်ကားက ကောင်မလေးတစ်သိုက်ပါထပ်ဆင်းလာပြီး နည်းနည်း ပူညံပူညံလုပ်မှ(ဖွန်ကြောင်တာလည်းပါမယ်ထင်ပါရဲ့) ဆီဆိုင်က ကောင်လေးတွေကို ဖယ်ပေးလိုက်ကွာ ဘာညာလုပ်လို့ ဆီထည့်ပြီး ထွက်လာရပါတယ်။ အဲဒီမှာ မြန်မာ လူထုကိုလည်း အံ့သြပါရဲ့။ ရှေ့ဆုံးက အဖိုးကြီးတွေလည်း ဘာမှကိုဝင်မပြောဘူး။ လူငယ်တွေလည်း ဒီအတိုင်းငြိမ်လို့။ ကောင်မလေးတစ်သိုက်ကမှ ဝင် ပြီး အသံထွက်ပေးဖော်ရသေးတယ်။ ကိုယ့်ကို အဓိပ္ပါယ်မဲ့စွာ စောင့်ခိုင်းတာ၊ အချို့ကို ဆိုရင် နေပူထဲ ရပ်ခိုင်းထားတာတောင် ဒီလို ဆီဆိုင် တာဝန်ခံလောက်ကိုတောင်မှ အပြစ်မတင်ရဲ၊ မဝေဖန်ရဲ၊ မရှုံ့ချရဲ ဖြစ်နေကြတာ။ တော်တော်ကို စိတ်မကောင်းစရာပါပဲ။ နောက် လူတွေကလည်း သူတို့သာ အနှိမ်ခံဘဝ ( ဒီဆီဆိုင် တာဝန်ခံကော၊ ပန့်ကိုင်ကော ဘတ်စကားပေါ်တက်တာနဲ့ စပယ်ယာလောက်ကတောင် ဟောက်တာခံပြီး ဘာညာတိတ်တိတ် ဝေဖန်ပေမယ့် သူတို့ အလုပ်ထဲကျတော့ သူများကို ညစ်ပြန်ရော)။ ကောင်းတာပါပဲလို့သာတွေးမိတော့ တယ်။ ဒီလိုမျိုး အပြုအမူနဲ့ စိတ်ဓါတ်တွေ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်သူမှ ဝေဖန်ဆွေးနွေးတာလည်း မရှိတော့ ပိုဆိုးလာမှာ အသေအချာပါပဲ။

(ကိုဇေယျာကျော် ပေးပို့သော email မှ)

By: Apk Cartoonist

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)