ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 5, 2012

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၆)---ငါဟာ တစ်ယောက်တည်းသမားပါ

>
**ငါဟာ တစ်ယောက်တည်းသမားပါ**

(နတ်ဆွေမောင်)

၁၉၄၆ ခု၊ နိုဝင်ဘာလ ၂၀ ရက်နေ့ဟုထင်ရပါသည်။ အတိအကျတော့ မမှတ်မိပေ။ ကောင်းကင် တစ်ခုလုံးဋ္ဌ် လင်းထိန်အောင်ပင် နေသည် သာလျှက်ရှိ၏။

လောင်းဝစ္စလမ်း ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်ဝင်း အဝင်ဝတွင် စက်သေနတ်များဖြင့် ကင်းစောင့်နေသော ရဲဘော် ၆ ဦးခန့်သည် ကျောက်ရုပ်များပမာ တည်ညိမ်လျှက်ရှိကြလေသည်။ ကင်းထဲတွင် စကားပြောသံ လုံးဝ မကြားခဲ့ရ။

ကားဂိတ်မှ ဝင်သွားပြီး ကုန်းမြင့်ကလေးကို ကွေ့ပတ်ကာဖောက်လုပ် ထားသောလမ်းမှ တတ်သွားပြီး ဋ္ဌာနချုပ်ဝင်းထဲတွင် ကြည့်လျှင် ယူနီဖောင်းကိုယ်စီနှင့် သွားလာလှုပ်ရှားနေကြသော ဗမာတစ်ပြည်လုံးမှ ပြည်သူ့ရဲဘော် ခေါင်းဆောင်များကို မြင်ရပေမည်။ ထိုစဉ်က ကျွန်တော်သည် မကွေးခရိုင်၏ ကိုယ်စားလှယ် တစ်ယောက်အဖြစ် ထိုညီလာခံသို့ တတ်ရောက်ခဲ့၏။

အချိန်မှာ နေရှိန်တောက်နေသော နေ့ခင်း နှစ်နာရီကျော် ကျော်ခန့်ရှိပြီး နယ်မှ လာသော ကိုယ်စားလှယ်များမှာ ခါးတွင်ဗျောက်ကိုယ်စီထိုးရု် ယနေ့ နက်ဖြန်ပင် တော်လှန်ရေး ဆင်နွဲကြတော့မည့်အသွင် မျက်နှာကြီးများနှင့် ဟိုနားတစ်စု ဒီနားတစ်စု ဆွေးနွေးနေကြ၏။ အမှန် မူကား အင်္ဂလိပ်ကို တော်လှန်ရန် အကြောင်းမဟုတ်။ တစ်ပါတီတည်း ကြီးစိုးရေးစနစ်ကို ကျင့်သုံးစ ပြုနေသော ဆိုရှယ်လစ်ပါတီ၏ ကျင့်ကြံ နေပုံတွေကို နယ်အလိုက် ဆွေးနွေးနေကြခြင်းဖြစ်၏။ ထိုအချိန်အထိ ထမင်းမစားရသေး။ မကြာမီ စားဖိုဆောင်မှ သံချောင်းခေါက်သံကြားရမှ လူစုများသည် တစ်သုတ်ပြီးတစ်သုတ် ဝင်လာကြရာ စားဖိုဆောင်တွင် ပြည့်ကျပ်သွား၏။

ထိုအချိန်လောက်က အခြေအနေများသည် ယခုဖြစ်ပျက်နေသော ကာလ၏ အရိပ်နမိတ်များ ပင်ဖြစ်ခဲ့ လေသည်။ နိုင်ငံရေးကိစ္စများသည် သံကွင်းကဲ့သို့ ဆက်နေခဲ့၏။ ထိုစဉ်က ဂဟေဆော်ပေးသူသည် ဗိုလ်ချုပ် အောင်ဆန်းဖြစ်၏။ သူဆက်ခဲ့သော ဂဟေဆက်ကို နောက်ထပ် မည်သူမျှ မဆက်နိုင်သဖြင့် တိုင်းပြည်နစ်နာ ခဲ့ရဖူးလေသည်။

+++++++++++

နေ့ခင်းတစ်နာရီ ထိုးခဲ့လေပြီ-----။

ဗမာနိုင်ငံလုံးဆိုင်ရာ စတုထ္ထအကြိမ်မြောက် ပြည်သူ့ရဲဘော်များ၏ ဦးစီးညီလာခံ အစည်းအဝေး တတိယမြောက်နေ့ ဖြစ်သည်။ အစည်းအဝေးလုပ်သော တဲတန်းလျားမှာ တောင်မြောက် အရှည်ဖြစ်ရု် တောင်ဖက်ကနေ ဝင်ကြရသည်။ မြောက်ဘက်ထိပ်တွင် နံရံပေါ်ဋ္ဌ် ရှုတင်းတင်းနှင့် ထိပ်ပြောင်နေသော ဗိုလ်ချုပ် အောင်ဆန်း၏ ဓါတ်ပုံကြီးသည် ကျွုန်ုပ်တို့အား စူးစိုက်ကြည့်နေသည်ဟု ထင်ရ၏။

ကိုယ်စားလှယ်များ အစုံအညီရောက်နေပေပြီ။ အစည်းအဝေးစတော့်မည်။ ထိုအခိုက် တဲတန်းလျား တောင်ဖက်ရှိ အုတ်လမ်းကလေးပေါ်တွင် ဝက်စလေ ကားနက်တစ်စင်း ထိုးရပ်ပြီး ဦးခေါင်းငိုက်ဆိုက်ဖြင့် အသားဖြူဖြူ ရှုတင်းတင်းလူတစ်ဦး ပြည်သူ့ရဲဘော်ယူနီဖောင်းနှင့် ဆင်းလာ၏။ သူနှင့်တွဲရု် သခင်နုလည်း ဆင်းလာ၏။ အတွင်းရေးမှုးသည် ထိုသူကို မြင်သည်နှင့် တပြိုင်နက် (တပ်ဖွဲ့သေနာပတိ) ဟုအော်လိုက်၏။ ကိုယ်စားလှယ်များအားလုံး မတ်တပ်ရပ်ရု် အရိုအသေပြုနေကြ၏။ ဗိုလ်ချုပ်အောင်ဆန်းသည် စားပွဲထိပ်သို့ သူ့ကုလားထိုင်တွင် ဝင်ထိုင်ပြီး မည်သူ့မျှမကြည့်ဘဲ ဦးခေါင်းမော့ကာ စဉ်းစားနေ၏။ ကိုယ်စားလှယ်များလည်း ပြန်ထိုင်ကြပြီး ငြိမ်နေကြ၏။ စားပွဲ၏ ညာဘက်တွင် ဦးကိုကိုကြီး ဦးကျော်ငြိမ်း ဦးဘဆွေ ဗိုလ်အောင်ကြီး စသော ဆိုရှယ်လစ်ခေါင်းဆောင်များသည် ထရံကိုကပ်ထားသော ကုလားထိုင်များတွင် စီတန်းထိုင်နေကြ၏။ ဘယ်ဖက်တွင်ကား ပြည်သူ့ရဲဘော်ဋ္ဌာနချုပ် အမှုဆောင်များထိုင်ကြ၏။ ဗိုလ်ချုပ် ဘာပြောမှာလဲဟု အားလုံးက သူ့ကိုလှမ်းကြည့်နေ၏။

အတွင်းရေးမှုးသည်လည်း သူ့ကိုကြည့်နေ၏။ ဗိုလ်ချုပ်သည် ဦးခေါင်းကိုမော့ရု် စဉ်းစားနေရာမှ မျက်မှောင်ကုတ်ရု် အတွင်းရေးမှုးကို လှမ်းကြည့်ပြီး ---`` စ--လေ`` ဟုပြော၏။ အတွင်းရေးမှုးက ``ရွှေဘိုခရိုင်``ဟု အော်လိုက်၏။ အသားညိုညို ဆံပင်ကို ဆီမလိမ်းရု် ရှုတ်ပွနေသောရဲဘော်တစ်ဦး ထရု် ရပ်၏။

``ရွှေဘို ခရိုင်မှာဆိုရင် ခရိုင်တစ်ခုလုံးအခြေအနေ အရ တပ်ဖွဲ့ အင်အား နှစ်သောင်းရှိပါတယ်။ မြို့နယ်အလိုက်ဆိုရင် အောက်ပါအတိုင်း အသီးသီး အင်အားရှိပါတယ်။ (ဖတ်ပြ၏) ။ နေပူ မိုးရွာမရှောင် အချိန် မရွေူး သွားနေကြရပါတယ်။ ဓါးပြသူခိုး နည်းနည်း ဆူနေပါတယ်။ ရှင်းရှင်းပြေကြစို့ဆိုရင် ဆိုရှယ်လစ် ပါတီကနေပြီး ပင်းထားတဲ့ဓါးပြတွေက ထနေတာပဲ။ ဓါးပြတွေကို သေနတ်လည်း ထုတ်ပေးထားတာ ကျွန်တော် တို့သိရတယ်။ အဲဒီဓါးပြတွေက နယ်လှည့်ထွက်ပြီး စည်းရုံးတဲ့ရဲဘော်တွေကို စာပေး နှောင့်ယှက်တယ်။ သေချင်ရင် စိန်မစားနဲ့ ဒို့နယ် လာခဲ့တဲ့----------။

အတွင်းရေးမှုး။ ။သေချာရဲ့လား ခင်ဗျားတို့ ဘယ်လိုဆက်စီစဉ်သလဲ။

ခရိုင်ကိုယ်စားလှယ်။ ။ကျွန်တော်တို့က စည်းရုံးရေးမကိုင်ဘဲ လေ့ကျင့်ခဏ်း မပေးဘဲ မဖြစ်ဘူး ဆိုပြီး သေနတ်ဝယ်ပေးပြီး စင်ပြိုင်ဓါးပြဂိုဏ်း ထောင်ခိုင်းလိုက်ပါတယ်။

ခန်းမကြီးတစ်ခုလုံး နေရောင်ရှိန်ကြောင့် ပျင်းရိရိဖြစ်နေရာမှ ဝါး---- ကနဲရယ်မောသံကြီး ပေါ်ထွက် လာလေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ပြုံးရု်နေ၏။ တထောင့်တွင်ရှိနေသော ကိုယ်စားလှယ်များ ထဲမှ ``ရှင်းသဟေ့`` ဟုအော်ရု် ချီးကြူးသံကို ကြားလိုက်ရပြန်၏။

ထို့နောက် ခရိုင် အသီးသီး ဆက်လက်ရု် အစီရင်ခံကြ၏။ ထိုအစီရင်ခံချက်များတွင် အများအားဖြင့် ဆိုရှယ်လစ်ပါတီမှ နယ်ဘက်အရာရှိများနှင့်ပင်းရု် ပြည်သူ့ရဲဘော်များကို ညစ်ပတ်ပုံ။ ဖ-ဆ-ပ-လ အတွင်း စစ်ရေးအရ ဖွဲ့စည်းထားသော ပြည်သူ့ရဲဘော်တပ်ဖွဲ့ ရှိပါလျှက်နှင့် လယ်သမား ရှပ်နီများ စင်ပြိုင်ဆောက်ပုံ ဆိုရှယ်လစ်ပါတီများ ကိုသာ သေနတ်လိုင်စင်တွေ ထုတ်ပေးပြီး ရဲဘော်ကျတော့ မပေးရု် ဇွတ်ရှာဖွေရု် ကိုင်တွယ် ကြရပုံ များသာ ဖြစ်၏။ ခရိုင်တိုင်း--ခရိုင်တိုင်း ထပ်တူထပ်မျှ ကှုအတိုင်းသာ ဖြစ်နေကြ၏။ တစ်ဖက်မှ ဆိုရှယ်လစ်များကလည်း ဘာမျှပြန်ရု် မဖြေရှင်းနိုင်ပေ။ ရဲဘော်များကား စိတ်ထဲရှိသမျှကို ပွင့်ပွင့် လင်းလင်း ပြောင်ပြောင်ကြီး ပြောချကြလေပြီ။

ခရိုင် ကိုယ်စားလှယ် တစ်ယောက်က မူကား---

``ကျုပ်တို့ ဒီကပြန်အသွားမှာ ဒီမောင်တွေနဲ့ ချရတော့မှာတော့ သေချာနေပြီ။ နယ်ချဲ့ကို ချဘို့ သင်ထားတဲ့ စစ်ပညာကို ကိုယ့်အချင်းချင်း ချရမှာတော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီတပ်ဖွဲ့ကြီးတော့ အပျက်မခံနိုင်ဘူး။ မဟုတ်လား ရဲဘော်တို့ ---------``

ဟူရု်ပင် ဖွင့်ချ၏။ ဗိုလ်ချုပ်ကား ဘာမျှမပြော။ စဉ်းစားနေ၏။ ပြီးမှ သူ၏ဘေးနားတွင် ထိုင်နေသော မျက်မှန် တလက်လက်နှင့် ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်း (ဆိုရှယ်လစ်) ကိုလှမ်းကြည့်ကာ-----

``ဒီ ကျော်ငြိမ်း ဆိုတဲ့ အကောင်ကို ပြည်ထဲရေးပေးထားတာ ဘာမှလုပ်ဖော်မရဘူး။ ငါသိတာဖြင့် သူ့ပါတီဝင်တွေကို သေနတ်လိုင်စင်ပေးတာပဲ သိရတယ်``​ဟု ဘုပြောပြီး ရယ်မောကာ ``ဟေ့ကောင် မဟုတ်လား ``ဟုမေးလိုက်၏။ ဦးကျော်ငြိမ်းလည်း ရယ်နေ၏။ သခင်နုသည် ဗိုလ်ချုပ်အား လှမ်းရု်ကြည့်ကာ ငြင်သာစွာ ရယ်မောနေ၏။

ခွာညိုပန်းတွေ တလှိုင်လှိုင်နှင့် တကြိုင်ကြိုင်သင်းနေသော လပြာသို၏ ညနေဆည်းဆာ အချိန်တွင် ဖြစ်၏။ နေရာကား ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်ဝင်း ထဲရှိ ကုန်းမြင့်တစ်ခုပေါ်ရှိ တန်းလျားနှစ်လုံးအကြား မြေကွပ်လပ်တွင်ဖြစ်၏။ ထိုနေရာတွင် စားပွဲများ ကုလားထိုင်များ အစီအရီချထား၏။ တောင်ဖက် တန်းလျား အဝဆီမှ စိတ်ဝေလျံ ဒူရိယာအဖွဲ့၏ ``ဆိုရှယ်လစ်နဲ့ ပြည်သူ့ရဲဘော်-----အရေးပေါ်လာ --စည်းစည်း လုံးလုံး ရှိကြမှသာ-----``အစရှိသော ``ညီညွတ်ရေး သွေးဗိမ္မာန် သီချင်းဖြင့် စန္ဒယားသံသည် ငြိမ့်ငြိမ့် ကလေး ထွက်ပေါ်နေပေသည်။

ဘယ်သူ၏ မင်္ဂလာဆောင်မှ မဟုတ် ရဲဘော်တွေ ကမြင်းကြောထချင်ရု် ငှားထားသော အငြိမ့်ပွဲ လည်းမဟုတ်။ အမှန်မှာကား ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ် ထရု် နှောင်ဂျိမ်ကြတော့မည့်ဆဲဆဲ သခင်နု သိသွားသဖြင့် မေမြို့တွင်သွားကာ အနားယူနေသော ဗိုလ်ချုပ်အောင်ဆန်းအား ဝိုင်ယာလက်စ်နှင့် ပြန်ခေါ်ယူ ရု် စေ့စပ်ပေးရသော ညီညွတ်သွေးစည်းရေးပွဲသာ ဖြစ်၏။ ထို့နောက် တောခိုအံ့ဆဲဆဲ စဉ်းစားနေသော ပြည်သူ့ရဲဘော် ညီလာခံအမီ ဗိုလ်ချုပ်ပြန်ရောက်လာခြင်းဖြစ်၏။ ညီလာခံ စတုထ္ထမြောက်နေ့ ညနေခင်းဖြစ် ပြီး ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ် ညီညွတ်ရေးအတွက် တည်ခင်းသော ဖ-ဆ-ပ-လ ၏ စေ့စပ်ရေး လဘက်ရည်ပွဲသာ ဖြစ်တော့သည်။

လူတွေ တဖြည်းဖြည်းစုံလာကြ၏။ ယောလုံခြည်အကွက် ရင်ဖုန်းအင်္ကျီနှင့် ``ဆရာဦးဘချို``မှာ ညှိုးငယ်သော မျက်နှာဖြင့် ရဲဘော်များကို လှမ်းရု်ကြည့်နေရှာ၏။ စောစောရက်များတုန်းက ကျွန်တော်သည် ဆ၇ာချိုကို ဖြစ်သမျှ ရှင်းလင်းတင်ပြထားပြီး ဖြစ်၇ု် ဆရာချိုမှာ တိုင်းပြည်အတွက် စိုးရိမ်စိတ်ဝင်နေလေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဦးထုပ်မပါဘဲ ထိုင်နေရင်း သခင်နုနှင့် ရယ်မောစကားပြောနေ၏။ တခါတခါ ဦးဘချိုကို လှမ်းရု်စကားပြောနေ၏။ ဆိုရှယ်လစ် ခရိုင်တာဝန်ခံ များလည်း အစုံအညီ တတ်ရောက်လာကြ၏။ ရဲဘော်တွေလည်း စုံနှင့်နေပြီ။ စေ့စပ်ရေး စကားကို သခင်နုက စရု်ပြော၏။ ရာဇဝင် အကိုးအကားနှင့် သာဓက များပြရု် ``ညီညွတ်ကြပါ လို့ ကျွန်တော်တောင်းပန်ပါတယ်`` ဟုဆိုကာ ထိုင်နေ ၏။ ပြည်သူ့ရဲဘော်များဘက်မှ ဗိုလ်မှုးစိန်မှန်က ထရု်စကားပြော၏။ ဆိုရှယ်လစ်များဘက်မှ ဦးဘဆွေကပြော ၏။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် ရယ်မောကာ ထလာ၏။ လက်ထဲတွင် ၂ လက္မ ၃ လက္မ ဒိုင်ယာရီ စာအုပ်ကလေးကို ကိုင်ထား၏။

``မဟုတ်ပါဘူး --- ဘာစကားများနေစရာ ရှိလဲ ---မင်းတို့ အလကားစကားများနေတာဘဲ-- ဒီလောက်မိုက်တွင်း မနက်ကြနဲ့---ငါသာ အာဏာရှင် လုပ်ချင်ရင် မင်းတို့ကို ခွစီးထားရုံပဲ``

``ရဲဘော်တွေထဲကလဲ စောက်သုံးမကျတဲ့အကောင်တွေ အများကြီးဘဲ-- ဆိုရှယ်လစ်ထဲကလဲ ဘဝင် မြင့်ပြီး အလကားအထင်ကြီးနေတာတွေ တပုံကြီး။ ပြောချင်သေးတာက မင်းတို့ ဆိုရှယ်လစ်တွေဟာ ကွန်မြူနစ်ကို (ဖ-ဆ-ပ-လ) ထဲက ထုတ်မပစ်ခင် တုန်းက အပေါက်မျိုးတွေ အားကြီးလုပ်နေတာကို တွေ့ရတယ်။ ဒါတွေကို ရပ်တန်းကရပ်ရင် ကောင်းမယ်---``

ထို့နောက် ကမ္ဘာ့ရာဇဝင်တွင် ကြီးကျယ်ခဲ့သော သေးငယ်သည့် ရောမ အကြောင်းကို ပြောပြပြီး ညီညွတ်ရေးရှိလို့ဟု ပြောပြသည်။ ``ပြောချင်သေးတယ် ငါဟာ ဘယ်တော့ကမှ နောက်လိုက် မစုဘူး။ သိသားပဲ။ တချို့ခေါင်းဆောင်တွေ ရာထူးပေး အာဏာပေးပြီး နောက်လိုက်စုနေကြတယ်။ ငါတို့တော့ ဘယ်တော့မှ အဲလိုမလုပ်ဘူး။ ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်သွားမှာဘဲ။ ဘယ်တော့မှ နောက်လိုက် မမွေးလို့ အခုလည်း တစ်ယောက်ထီးထီးသမားပဲ``

``မင်းတို့ကောင်တွေ အလကား စာအုပ်ကလေး နှစ်အုပ် သုံးအုပ်ဖတ်ပြီး စကားများနေကြတယ်။ ကဲ ငါမေးပါမယ်--What is Revolution ? ကဲ---ဖြေကြစမ်း---``

``ရဲဘော်တွေ မေးရင် တစ်မျိုးရမယ်။ ဆိုရှုယ်လစ်တွေမေးရင် တစ်မျိုးရမယ်။ အဲဒီတော့ ဒီ ``တော်လှန်ရေး``ရဲ့ အယူအဆကိုတောင် တစ်ဦးနဲ့တစ်ဦး တူညီအောင် မညှိနှိုင်းနိုင်သေးဘဲ၊ မစုစည်း နိုင်သေးဘဲနဲ့ ဘာလို့ ဖင်ကောင်းကျယ်ချင်ရတာလဲ ။အချင်းချင်းလည်း တည့်အောင် ဘယ်တော့မှ မနေချင် ကြဘူး။ မင်းတို့မညီညွတ်ရင် ``အားလုံး ဖင်စုတ်သွားမယ်``သိရဲ့လား``

``မင်းတို့တတွေ မညီညွတ်ရင် ဘာတွေဖြစ်သွားမယ်ဆိုတာ သိရဲ့လား။ ပြီးတော့ မင်းတို့ နှစ်ဦး သဘောတူဖွဲ့ထားတဲ့ ငါးဦးကော်မတီ ဆုံးဖြတ်တဲ့အတိုင်း လိုက်နာကြပေါ့။ မညီညွတ်ဘူး ဆိုတာနဲ့ပတ်သက်ပြီး ညီညွတ်အောင် လုပ်ဘို့ကတော့ အလွယ်လေးဘဲ။ တစ်ဦးနဲ့တစ်ဦး တစ်ဖက်စကား နဲ့ အထင်လွဲ ဟိုလုပ် ဒီလုပ် လုပ်ရင် ဘယ်တော့မှ ညီညွတ်မှာမဟုတ်ဘူး။``

``ငါ့တော့ ဘာမှ မနာလိုမရှိကြနဲ့။ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက ထွက်မှာဘဲ။ လွတ်လပ်ရေး ရပြီးလျှင် ဆွဲထားတောင်မနေဘူး။ စကားများမနေကြနဲ့--- ။ဒါဘဲ---။``

ဟု ရယ်မောပြောဆိုပြီး သူ့နေရာသို့ပြန်ရု်ထိုင်နေ၏။ သခင်နုနှင့် နှစ်ယောက်သား ဘာတွေပြောမှန်း မသိ ရယ်မောပြောနေကြ၏။ မိုးဖွဲကလေးများသည် တဖွဲဖွဲကျဆင်းကာ မှောင်ရီရု်နေလေပြီ။ စိန်ဝေလျှံ ဒူရိယာ အဖွဲ့မှ ``ညီညွတ်ရေး သွေးဗိမ္မာန် ``သီချင်းသံသည်။ လောင်းဝစ္စလမ်း ဋ္ဌာနချုပ် ဝမ်းထဲတွင် ဝဲပျံကာ လွင့်နေကြလေသည်။

မြော်မြင်ရု် သဘောထားကြီးသော ဗိုလ်ချုပ်။ ရိုးသားရု် ဖြောင့်မတ်တည်ကြည်သော ဗိုလ်ချုပ်။ ပါးစပ်က ဒီအတိုင်းပြောရု် အလုပ်ကိုလည်းပြောတဲ့အတိုင်း လုပ်တဲ့ဗိုလ်ချုပ်။ ကျမျက်ရည် ဆည်မဆုံးအောင် လွမ်းမိပါတော့သည်။

မသာ တစ်ခုကို အရင်းပြုရု် စီးပွားရှာခဲ့ကြသူများလည်း ပွခဲ့ကြပြီ။ ကိုယ်ကျိုးမငဲ့ကွက် ဟူရု် ကြွေးကျော်ပြီး စိန်တွေ ရွှေတွေ စုခဲ့သူ နိုင်ငံရေးသမားများလည်း စုခဲ့ပါပြီ။ ကျုပ်တို့ နောက်လိုက်ကို ရာထူးပေး မစည်းရုံးဟု အသံကောင်းဟစ်ကာ တပည့်တွေကို တိတ်တိတ်ပုန်း ဓါးပြတိုက်ခိုင်းနေသော ခေါင်းဆောင် တချို့လည်း ကြီးပွားခဲ့လေပြီ။ ဆယ်နှစ်--ဆယ်မိုး ဖြစ်ချင်တာတွေ ဖြစ်ခဲ့ကြသည်။ လူတိုင်းအသိပင်။

ဒီလို လူတွေမြင်မိတိုင်း ကြားရတိုင်း ``ဗိုလ်ချုပ်အောင်ဆန်းသည် တစ်သက်ပတ်လုံး ရိုးရိုးနှင့် ဖြောင့်မှန် မြင့်မြတ်သူဖြစ်၏။ ဗမာပြည်သူ ဗမာပြည်သားများသည် ထိုမြင့်မြတ်သော ဗိုလ်ချုပ်အောင်ဆန်း ကြောင့် ဂုဏ်ယူလောက်ပေရာ ကြီးကျယ်ခြင်း မြင့်မြတ်ခြင်း အဘတိုင်းပြည်အား အဆမတန်မြတ်နိုးခြင်း ----စသည်တို့သည် မည်သည့်အရာများဖြစ်သည်ကို ထိုပုဂ္ဂိုလ်ကြီးထံမှ သင်ခန်းစာ ခံယူရရှိနိုင်ပေသတည်း`` ဟူသော စာပိုဒ်ကို ရီဝေနေသော မျက်လုံးများဖြင့် ထပ်တလဲလဲ ဖတ်မိနေပါသေးသည်။ မေ့ချင်ရု်လည်း မေ့မ၇။

ထိုသူကား မည်သူနည်း။

ယခုတိုင် မေ့ပျောက်ရု်မ၇သည့် သူကား ``ဗိုလ်ချုပ်အောင်ဆန်း``ဖြစ်သတည်း။ ။

မြဝတီ မဂ္ဂဇင်း အတွဲ ၅ ၊ အမှတ် ၉ ၊ ၁၉၅၇ ဇူလိုင်လ။

**From-ကိုစိုးနိုင်။။။။။။။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)