ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Wednesday, December 31, 2014
==ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်၌ ရပ်တန့် နေသည့် မြန်မာပြည်နှင့် ပြောင်းလဲမှုဖြစ်စဉ်များနှင့် ယနေ့ ကမ္ဘာ==
ယနေ ( ၂၁ )ရာစု့ ကမ္ဘာသည် တိုးတက် ခေတ်မီသော ဆက်သွယ်ရေး ယန္တယားများအောက်တွင် တနိုင်ငံတည်းအထီးကျန်စွာ ရပ်တည်၍ မရနိုင်တော့သည့်နည်းတူ ကမ္ဘာ့အခြေအနေဖြင့် လိုက်လျောညီစွာ တိုင်းပြည်၏ နိုင်ငံရေး ၊စီးပွားရေး အတွေးအခေါ်မှအစ မူဝါဒများ ပြုပြင်ပြောင်းလဲကာ ကျင့်ကြံနေထိုင်နေကြရပေသည် ။ ကမ္ဘာ့ စီးပွားရေး ၊ နိုင်ငံရေးဖြစ်စဉ်များသည် တခေတ်နှင့် တခေတ် ၊ တစ်နှစ်နှင့် တစ်နှစ် မတူညီပဲ သိသာထင်ရှားစွာ ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပေသည် ။ ထိုသို့ ပြောင်းလဲမှုဖြစ်စဉ်များတွင် အကောင်းဖက်သို့ ဦးတည်မှုများရှိသလို အဆိုးဖက်သို့ ဦးတည်နေမှုများကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ နေရပေသည် ။ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ စီးပွားရေး နိုင်ငံရေး မူဝါဒ အပြောင်းအလဲသည် တနည်းတဖုံ ကမ္ဘာ့နိုင်ငံများသို့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရိုက်ခတ်လျက် ဆက်စပ်ပတ်သက်နေပေသည် ။အမေရိကန်နိုင်ငံအနေဖြင့် စစ်အေးခေတ်ကာလ အတွင်း ရာစုနှစ် တစ်ဝက် ၊ နှစ်ပေါင်း ( ၅၀ ) ကျော်၇န်သူလို ဆက်ဆံခဲ့သော ကျူးဘားနိုင်ငံဖြင့် သံတမန်ဆက်ဆံရေးအား ပြန်လည်စတင်ခြင်းကို အမေရိကန်သမ္မတ အိုဘားမားမှ ၂၀၁၄ ဒီဇင်ဘာလတွင် ကမ္ဘာသို့ ပြောကြားခဲ့ပေသည် ။ အမေရိကန်အနေဖြင့် ကျုးဘားအပေါ်ထားရှိခဲ့သော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ မှုအပါအ၀င် ကျူးသားသို့ ခ၇ီးသွားလာရေးပိတ်ပင်တားမြစ်ခြင်းသည် အလုပ်မဖြစ်ကြောင်း အိုဘားမားမှ ပြောကြားခဲ့သည် ။ ကနေဒါနိုင်ငံအနေဖြင့် အမေရိကန် နှင့် ကျူးဘားဆက်ဆံရေးကောင်းမွန်စေရန် ဆွေးနွေးပွဲများအတွက် အဓိက စေ့စပ် ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း တစ်နှစ်ကျော်နီးပါး ရေငုံနှုတ်ဆိတ်နေရာမှ ကနေဒါအစိုးရမှ တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည် ။ အမေရိကန်အနေဖြင့် လက်ဝဲ လက်ယာ အားပြိုင်မှုများအစား ISIS လို အစွန်းရောက် အကြမ်းဖက်သမားများတိုက်ခိုက်နှိမ်နှင်းမှုကို နိုင်ငံတကာဖြင့် လက်တွဲကာ ဦးဆောင်လှုပ်၇ှားလာမှုသည် ခေတ်သစ်ကမ္ဘာ့သမိုင်း စာမျက်နှာ၏ အဖွင့်ဟု ဆိုရပေမည် ။ တခြားတဖက်တွင်လည်း ၂၀၁၄ခုနှစ်တွင် အမေရိကန်နှင့် နေတိုးနိုင်ငံများသည် အာဖဂန်နစ္စတန်နိုင်ငံမှ ( ၁၃ ) နှစ်ကြာ တပ်စွဲလှုပ်ရှားနေသော စစ်စခန်းများ ပြန်လည်ဆုတ်ခွာမှုသည် ကမ္ဘာ့ စစ်ရေးအပြောင်းအလဲတခု ဖြစ်ခဲ့ပေသည် ။ ယူကရိန်းအရေးတွင် ရုရှား၏ ပါဝင်ပတ်သက်မှုကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြစ်တင်ရှုတ်ချယုံမက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ မှုများပြုလုပ်ခြင်း အပါအ၀င် ၂၀၁၄ နှစ်ကုန်ပိုင်း ရေနံဈေးကျနေမှုသည် ရုရှားစီးပွားရေးအား အပြင်းအထန် ထိခိုက်နေကြောင်း စီးပွားရေးသတင်းအချက်အလက်များက ဖော်ပြနေပေသည် ။
ပထ၀ီ နိုင်ငံရေးအရ ဆက်ဆံပတ်သက်နေသဖြင့် မည်သို့ မျှေ၇ှာင်လွဲ၍ မရနိုင်သော တရုတ်နိုင်ငံနှင့် အာဆီယံ အရှေ့ တောင်အာရှနိုင်ငံများ ( ASEAN )အရေးတွင် စီးပွားရေး နိုင်ငံရေးအရ ထဲထဲဝင်ဝင် ပတ်သက်နေမှုများကို အကောင်းမြင်မှုများရှိစေကာမူ အင်အားကြီး နိုင်ငံမှ အင်အားသေးနိုင်ငံများအပေါ် စီးပွားရေး နိုင်ငံရေးအရ အသာစီးရနေမှုအပါအ၀င် တ၇ုတ်တောင် ပင်လယ်အရေးအပေါ် စိုး၇ိမ်ပူပန်မှုများရှိနေဆဲ ဖြစ်သည်မှာ ငြင်းချက်ထုတ်၍ မရပါ ။ ဆိုလိုသည်မှာ တရုတ်နိုင်ငံ၏ လူဦးရေသည် အာဆီယံ ( ၁၀ )နိုင်ငံပေါင်းထက် တစ်ဝက်ကျော် ပိုများသည်သာမက စီးပွားရေးတွင်လည်း တရုတ်နိုင်ငံ၏ GDP သည် အာဆိယံ ( ၁၀ )နိုင်ငံပေါင်း၏ GDP ထက် ( ၄ ) ဆ ပိုများနေမှုက တရုတ်နှင့် အာဆီယံ အနာဂတ် ဆက်ဆံရေးအနေဖြင့် ပုံဖော်တည်ဆောက်ရာတွင် တနိုင်ငံ၏ အကျိုးစီးပွား မျှော်လင့်ခြင်း အိမ်မက်သည် တခြားနိုင်ငံ၏ ဆိုးကျိုး အိမ်မက်ဆိုး မဖြစ်ဖို့ အထူးပင် လိုအပ်ပေသည် ။ မြောက်ကိုးရီးယား၏ နျူကရီးယား ပိုင်ဆိုင်လိုမှု အိမ်မက်မှသည် အမေရိကန် အပေါ် အင်တာနက်ဖြင့် ခြိမ်းခြောက်မှုသည် တိုးတက်မှုလိုလားသော အနာဂတ်ကမ္ဘာ၏ အဓိက ရန်သူမဖြစ်လာနိုင်ဘူးဟု မည်သူမျှမပြောနိုင်သေးပေ ။သေချာသည်မှာ သက်ဦးဆံပိုင် ဘုရင်စနစ်လို ဆွေစဉ်မျိုးဆက် အာဏာလက်ပြောင်းယူသော အာဏာရှင် အမွေအနှစ်ကို မြောက်ကိုးရီးယားမှာ လုပ်ဆောင်သလို မြန်မာပြည်တွင် အရပ်သား အစိုးရ သည် အသွင်ပြောင်း စေကာမူ ယခင် စစ်အာဏာရှင်တို့ ၏ အတွေးအခေါ်အတိုင်း လုပ်ဆောင်ရန် ကြိုးစားနေပြီလားဟု လက်တလော ဖြစ်စဉ်များကြည့်ကာ မေးခွန်းထုတ်ရမလို ဖြစ်နေပေသည် ။ ကနေဒါတွင် ၂၀၁၄ နှစ်၌ အကြမ်းဖက်သမား၏ တိုက်ခိုက်မှုကြောင့် စစ်သား ( ၂ )ယောက် သေဆုံးမှုကို တနိုင်ငံလုံး ကြေကွဲ ကာ အလံ တစ်ဝက်ချယုံမက စစ်သားများ၏ ဈာပနကို နိုင်ငံတော် အခမ်းအနားဖြင့် လုပ်ဆောင်ခဲ့ပေသည် ။ မြန်မာပြည်တွင်မူ တိုင်းရင်းသားများနှင့် နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဖြစ်ပွားလျက် တိုင်းရင်းသားဒေသများတွင် ကိုပါကြီးအပါအ၀င် တိုင်းရင်းသား ပြည်သူများအား သတ်ဖြတ်နေမှုက လူ့ အခွင့်အရေးချိုးဖောက်နေသည်ကို ပြသလျက်ရှိပြီး တပ်မတော်သည် မကောင်းသည့် ဖက်၌ နာမည်ကျော်ကြားကာ တပ်မတော်အပေါ် တိုင်းရင်းသားပြည်သူ လူထုများမှ လေးစားဂုဏ်ယူရသည့် နေ့ ရက်များရောက်ရှိရန် ဝေးကွာနေဆဲ ဖြစ်သည်ကို စိတ်မကောင်းစွာ တွေ့ မြင်နေရပေသည် ။ ။မြန်မာပြည်တွင် အပစ်အခတ်ရပ်ဆဲရေးအစား အဆက်မပြတ် ပစ်ခတ်နေမှုများသည် စစ်အာဏာရှင်စနစ်၏ အမွေဆိုးဖြစ်သော ပြည်တွင်းစစ်အား လက်ရှိအရပ်သား အစိုးရမှ ခြေရာလက်ရာမပျက် ထိမ်းသိမ်းထားချင်နေပုံရပေသည် ။ တံခါးပိတ် ၀ါဒအောက်တွင် လူလားမြောက်ခဲ့ကြသော စစ်အာဏာရှင် လူတန်းစားများသည် အတွေးအခေါ် အမြင်ကျဉ်းမြောင်းလျက် အသိခေါက်ခက် အ၀င်နက်သည်ကို သန်းပေါင်းများစွာသော မြန်မာပြည်သူလူထုသည် စစ်အာဏာရှင် စနစ်အောက်တွင် ဆင်းရဲမွဲတေမှုအောက်၌ နိုင်ငံရေး စီးပွားရေး လူမှုရေး ဒုက္ခပေါင်းများစွာ ခံစားလျက် နဖူးတွေ့ ဒူးတွေ့ နှစ်ပေါင်းများစွာ ခံစားခဲ့ပြီးဖြစ်သည် ။ သို့ သော် ကမ္ဘာကြီးသည် မြန်မာပြည်သူလူထု ၏ အဖြစ်ဆိုးအား သနားဂရုဏာသက်လျက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ တက်လာသော အတိုက်အခံ လူထုခေါင်းဆောင် ဒေးအောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်၇ှိချိန်တွင် စစ်.ယူနီဖောင်းချွတ် အသွင်ပြောင်း အရပ်သားဦးသိန်းစိန် အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုများဖြေလျော့ခြင်း အပါအ၀င် မြန်မာပြည်၏ တင်ရှိနေသော အကြွေးများအားလျော်ခြင်း ငွေကြေးထောက်ပံ့ခြင်းများကို စတင်လုပ်ဆောင်ခဲ့ပေသည် ။ သို့ သော် ၂၀၁၀ ရွေးကောက်ပွဲမှတက်လာသော ဦးသိန်းစိန်အစိုးရနှင့် စစ်အာဏာ၇ှင်များ၏ ကျောထောက်နောက်ခံ ကြံ ဖွံပါတီများ ကြီးစိုးရာ လွှတ်တော်သည် စစ်အာဏာရှင်စနစ်အားကြားကန်သော ၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံကို ပြင်ဆင်ခြင်းအား အချိန်ဆွဲနည်းဗျူဟာဖြင့် လုပ်ဆောင်နေမှုသည် လူထုဆန္ဒအား ဆန့် ကျင်ရာ ရောက်နေပေသည် ။ တခြားတဖက်တွင်လည်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသော စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး အတွက် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များကို လေ့လာသုံးသပ်လျှင် တွေ့ မြင်ရမည်မှာ ၂၀၁၃ ဆီးဂိမ်းကာလများနှင့် ၂၀၁၄ အာဆီယံ ဥက္ကဌ ရာထူးကို လက်ခံရယူသော ကာလများတွင် အစိုးရမှ အပစ်အခတ်ရပ်စဲရေးအား လုပ်ဆောင်ခဲ့မှုများသည် ကမ္ဘာကို ဟန်ပြကောင်းစေရန် အတွင်းအနှစ်သာရမရှိသော ဟန်ပြသက်သက် အသွင်ဆောင်နေပေသည် ။ ဦးသိန်းစိန် အစိုးရသည် မြန်မာပြည်တွင် ဆီးဂိမ်းအားကစားပြိုင်ပွဲများအောင်မြင်စွာ ကျင်းပပြီးစီးချိန်နှင့် အာဆီယံ ဥက္ကဌ ရာထူးရယူပြီးချိန်တွင် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို စိတ်ဝင်စားခြင်းမရှိသလိုဖြစ်ကာ ကချင်ဒေသတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် တိုင်းရင်းသားလက်နက်ကိုင် စစ်ဗိုလ်များ သေကြေခဲ့မှုအပါအ၀င် ကချင် ဒေသ ရှမ်းဒေသ ကရင်ပြည်နယ်တို့ တွင် ရံဖန်ရံခါ တိုက်ပွဲများ ကြိုကြားကြိုကြားဖြစ်ပွားနေမှုသည် မြန်မာပြည်၏ အနာဂတ် ဒီမိုကရက် တစ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အိမ်မက်ကို ခြိမ်းခြောက်နေဆဲဖြစ်သည် ။
ကျောင်းသားသမဂ တည်ထောင်ရေးအပါအ၀င် ပညာရေး ဥပဒေကို ဆန့် ကျင်ဆန္ဒပြနေသော ကျောင်းသားများအရေး ၊ လက်ပံတောင်းတောင်မှ လယ်သူမကြီးးသေဆုံးမှုအပါအ၀င် မတရားလယ်မြေသိမ်းခံ လယ်သမားများအရေး ၊ ၀မ်ပေါင် ကုမ္မဏီ၏ ရင်းနှီးမြုပ်နှံမှုအပါအ၀င် ဦးပိုင်နှင့် ခရိုနီကြီးများ ပါဝင် ပတ်သက် နေသည့် တနိုင်ငံလုံးအတိုင်းအတာအထိ ပျံနှံ့ နေသော ပွင့်လင်းမြင်သာမှုမရှိသော ရင်းနှီးမြုပ်နှံမှုများ အရေး၊ အခြေခံအလုပ်သမား လုပ်ခ သတ်မှတ်ရေးအပါအ၀င် အလုပ်သမားအရေးထက် ရွေးကောက်ပွဲ နည်းတိုင်း လစာတိုြးှမင့်ပေးမည်ဆိုသောမက်လုံးဖြင့် မဲဆွယ်သလို ဆေးမြီတိုများ ၊ ရခိုင်ဒေသတွင် ဖြစ်ပွားသော လူမျိုးရေး ဘာသာရေးပြဿနာများသည် တိုင်းပြည်၏ အိမ်ဦးခန်းတွင် ထိုင်စောင့်နေပြီး မည်သည့်အစိုးရတက်တက် ဖြေရှင်းရမည်မှာ သေချာပေသည် ။ ထို့ ကြောင့် နိုင်ငံရေး ပြဿနာကိုနိုင်ငံရေးနည်းဖြင့် အဖြေရှာမှု၏ ပဏာမ ခြေလှမ်းအဆင့်ဖြစ်သော
 ( ၄ )ပွင့်ဆိုင် ဖြစ်စေ ၊ ( ၆ )ပွင့်ဆိုင်ဖြစ်စေ တွေ့ ဆုံဆွေးနွေးရေးအား သမ္မတနှင့် လွှတ်တော်အကြား ဘော်လီဘော ပုတ်နေခြင်းသည် တိုင်းပြည်၏ အနာဂတ် အား ထိခိုက်စေသည်မှာ အမှန်အကန်ပင်ဖြစ်ပေသည် ။ ယခုမှ ဆက်ဆံပေါင်းသင်းသော ကမ္ဘာကြီးကို အချိန်ဆွဲ နည်းဗျူဟာဖြင့် လိမ်လည်နိုင်မည် ဖြစ်သော်လည်း ခေတ်အဆက်ဆက် ဒဏ်ရာဒဏ်ချက်များပြည့်နှက်နေသော မြန်မာပြည်သူလူထုကို မုသားများဖြင့် လိမ်လည်လှည့်ဖျား၍ ရမည် မထင်တော့ပါ ။၎င်း၏ အကျိုးဆက်အဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၏ လွတ်လပ်မှု တရားမျှတမှု အား သံသယဖြစ်စေပါသည် ။နောက်ဆုံးအနေဖြင့် အလေးအနက် တင်ပြလိုသည်မှာ ခေတ်နောက်ပြန်ဆွဲပြီး စစ်အာဏာရှင် စနစ်ကို အသက်သွင်းမည့် လုပ်ရပ်များ ၊ အပြောအဆိုများကို မြင်တွေ့ နေရသဖြင့် မြန်မာပြည်တွင် ကျင်းပပြုလုပ်ခဲ့သော အာဆီယံအစည်း အဝေးခရီးစဉ်တွင် ရန်ကုန်တက္ကသိုလ်၌် အာဆီယံဒေသတွင်းလူငယ်များအား မည်သို့ ပင် အခက်အခဲ အကြပ်အတည်း ၇ှိစေကာမူ မိမိယုံကြည်ချက်ကို မဖြစ်မနေလုပ်ဆောင်ရန် တိုက်တွန်းသော အိုဘားမားမြန်မာလို ပြောကြားခဲ့သည့် ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် စကားပုံသည် စစ်အာဏာရှင်စနစ်အား မဖြစ်မနေတည်ဆောက်ချင်သော စစ်ဝါဒီများအတွက် မဟုတ်ပါဟု ပြောကြားလိုပါသည် ။ ယနေ့ စစ်အာဏာရှင် အသွင်ပြောင်း အပြောင်းအလဲကြွေးကြော်နေသော လက်ရှိ ဦးသိန်းစိန် အစိုးရ၏ လုပ်ကိုင် အုပ်ချုပ်နေသော ဖြစ်စဉ်ကို တကယ့် အဖြစ်အပျက်တစ်ခု ဖြင့် ချိန်ထိုးတင်ပြလိုပါသည် ။ တိုက်ဆိုင်မှုများရှိသည်မှာ ၄င်းအဖြစ်အပျက်သည် ဦးသိန်းစိန်၏ ဇာတိဒေသဖြစ်သော ငပုတော မြို့ နယ်၌ ၁၉၈၈ မတိုင်မိတွင် ဖြစ်ပွားခဲ့သည် ။ယင်း အဖြစ်အပျက် ဖြစ်ပျက်ပုံမှာ ငပုတော မြို့ ပေါ်ရှိ ထမင်းဆိုင်များတွင် ဆိုင်းဘုတ်များ၌ ချိတ်ဆွဲထားသည်မှာ အ၀စား ( ၅ ) ကျပ် စံထူးမပါဟု ဆိုင်းဘုတ်ရေးထားခြင်းဖြစ်သည် ။ ထိုအချိန်က ထမင်းအ၀စားပါက မြန်မာငွေ ( ၅ )ကျပ်သာ ကုန်ကျချိန်ဖြစ်ပြီး လူအတော်များများက စိတ်ဝင်စား ၍ ဆိုင်းဘုတ်အကြောင်း ထမင်း ဆိုင်ရှင်များကို မေးမြန်းကြသည် ။ထမင်းဆိုင်ရှင်များ ပြန်လည် ဖြေကြားသည်မှာ စံထူးဆိုသော လူသည် အလွန်အစားသန်သူဖြစ်ပြီး ဆိုင်သို့ အ၀လာစားလျှင် ထမင်းဆိုင်တွင် ချက်ထားသမျှ ထမင်းဟင်းများကို ပန်းကန်ဖြင့် စားယုံနှင့် အားမရပဲ ငှက်ပြောဖက်ခင်းကာ ချက်ထားသမျှ အကုန်စားသည်ဟုဆိုသည် ။နောက်ဆုံးတွင် စံထူးအကြောင်း သိလို၍ မယုံကြည်သူများက စံထူးဆိုသော လူဖြင့် လောင်းကြေးထပ်ကာ လောင်းကြေးစားကြေး ဖြင့် တကယ် အ၀စားနိုင် မစားနိုင် စံထူးနှင့် လောင်းကျရာ စံထူးသည် ထုံးစံအတိုင်း ထမင်းဆိုင်ရှိ ထမင်း ဟင်းကို အကုန်စားကာ အနိုင်ရစမြဲ ဖြစ်ပေသည် ။ ၊။နောက်ဆုံးတွင် စံထူးဒဏ်ကို မခံနိုင်တော့သော ထမင်းဆိုင်ရှင်များသည် တညီညွတ်တည်း ထမင်းဆိုင်၏ ဆိုင်းဘုတ်တွင် အ၀စား ( ၅ ) ကျပ် စံထူးမပါဟု ချိတ်ဆွဲခဲ့ရပေသည် ။ 
 ယခုလည်း အိုသားမားက ပြောကြားခဲ့သော ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် စကားပုံသည် စစ်အာဏာရှင်များအတွက် မဟုတ်ပါဟု ပြောရမလို ဖြစ်နေပါသည် ။အဘယ်ကြောင့်ဆိုသော် စစ်အာဏာရှင် တစ်စုသည် စစ်အာဏာရှင်စနစ်ကို စစ်ယူနီဖောင်းချွတ်ထားစေကာမူ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုသော တလွဲဆံပင်ကောင်း ဇွဲနပဲဖြင့် စစ်အလံကို လွှင့်ထူနေကြဆဲ ဖြစ်သောကြောင့် ဖြစ်ပါသည် ။ ယနေ့ ကမ္ဘာ့နိုင်ငံတစ်ချို့ သည်ေ၇ရှည် စီမံကိန်းများရေးဆြွဲပီး လူသားအရင်းအမြစ်များကို ၇ှာဖွေ စုဆောင်းနေကြပေသည် ။ အမေရိကန် ၊ ကနေဒါနိုင်ငံ ၊ ဂျပန် ၊ ႀသစေႀတလ် ၊စကာၤပူ စသောနိုင်ငံများနှင့် ဥရောပနိုင်ငံများသည် နောင်လာမည့် အနှစ် ( ၂၀ )ကျော်၌ လုပ်ငန်းခွင် အမျိုးမျိုး၌ လက်ရှိ အလုပ်လုပ်နေသူများ ပင်စင်ယူခဲ့သော် ယင်းနေရာတွင် အစားထိုးမည့် လူသားအရင်းအမြစ်များကို ယခုကပင် စတင် စုဆောင်းနေကြောင်း အနောက်တိုင်း ဆောင်းပါးတစ်ပုဒ်ဖတ်ဘူးပါသည် ။မြန်မာပြည်တွင်မူ ဒုက္ခသည် ခံဘူးသူများ ၊ တခြားနိုင်ငံတွင် နိုင်ငံသားခံဘူးသူများအား မြန်မာပြည်တွင် အမြဲတမ်းနေထိုင်ခွင့် အတွက် လျှောက်ထားခြင်းမပြုသော ဥပဒေကို ထုတ်ပြန်ခဲ့ပေသည် ။
တခြားတစ်ဖက်တွင်လည်း ၁၉၈၈ မြန်မာပြည် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း ၂၀၁၀ခုနှစ်ထိ အထိ အကျဉ်းကျခံနေရသော အတိုက်အခံအင်အားစုတွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးကို လုပ်ဆောင်ခဲ့သည်မှာ အဆိုပါ နိုင်ငံတကာရောက် အဝေးရောက် မြန်မာများ မဟုတ်ပေဘူးလား။ ၄င်း ဥပဒေသည် ပြည်တွင်း ပြည်ပ အတိုက်အခံဒီမိုကရေစီ အင်အားစုကို အားနည်းအောင် ( ၂ )ခြမ်းခွဲအောင်လုပ်ဆောင်သော ဥပဒေ မဖြစ်နိုင်ဘူးလား၊အနာဂတ်တွင် အစိုး၇မှ ပြန်လည်သုံးသပ်လျက် အတိုက်အခံဖက်မှ လည်း တစ်စုံတရာ ပြောသင့်သည် ဟုထင်ပါသည် ။တစ်ခါတစ်ရံတွင် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် သည် မလိုလားအပ်သည့် နေရာတွင် မြန်ဆန်ပြီး လူထုကို ဖိနှိပ်သည့်ဥပဒေများသည် အချိန်ကိုက်ထွက်ပေါ်နေသလောက် အာဏာပိုင်များ၏ ဖောက်ပြန် ခြစားမှုများကိုမူ ဥပဒေများက လက်ပိုက်ကြည့်နေပေသည် ။ သို့ မဟုတ်ပါက ဒီမိုကရေစီ အတိုက်အခံ အင်အားစုများသည် တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွားအတွက် အမျိုးသား ပြန်လည်သင့်မြတ် ရင်ကြားစေ့ရေးစကားပြောနေချိန်မှာ စစ်ဘောင်းဘီချွတ် ပုဆိုးပြောင်းဝတ်တာမကြာသေးသည့် အရပ်ဝတ်စစ်တပိုင်း အစိုရက ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နှင့် လူထုကို အောက်စလွှတ်ပြနေသလို ဖြစ်နေပါသည် ။ စစ်အာဏာရှင်တစ်စုသည် တိုင်းပြည်ကို ၁၉၈၈ အာဏာသိမ်းပြီးချိန်မှသည် ၂၀၀၈ နာဂစ် ဖွဲ့ စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ မပေါ်ချိန်အထိ ဥပဒေမဲ့ အုပ်ချုပ်ကာ တိုင်းပြည်ကို ဖျက်ဆီးခဲ့တာ အားမရသေးပဲ စစ်အာဏာရှင် စနစ်ကို ကြားကန်သော ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ ဖြင့် ယခုအချိန်ထိ တိုင်းပြည်အား ဖျက်ဆီးနေစဲလားဟု မေးခွန်းထုတ်ရမလို အဖြစ်အပျက်များက တွန်းပို့ နေပေသည် ။ မြန်မာပြည်သည် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်၌ ရပ်တန့် နေပြီဟု ပြစ်တင် ဝေဖန်မှုများ ဆင့်ကဲ ဖြစ်ပေါ်နေသည်မှာ ကြာမြင့်ခဲ့ပေပြီ ။ တကယ်ဖြစ်သင့်သည်မှာ အစိုး၇သည် လူထု၏ သာတူညိမျှ ကောင်းစားရေးအတွက် ပွင့်လင်း မြင်သာသော မူဝါဒများ ချမှတ်လျက် အတိုက်အခံများဖြင့် ယုံကြည်မှုများတည်ဆောက်ကာ ၂၀၁၅ အနာဂတ်နှစ်သစ်တွင် အိမ်နီးချင်းနိုင်များထက် သာလွန်ကောင်းမွန်သော ဘ၀များ ပြည်သူများ ပိုင်ဆိုင်နိုင်ရန် အများလက်ခံသည့် ဒီမိုကရေစီ စနစ်အားတည်ဆောက်ကာ ကမ္ဘာ့အလယ် ခေါင်းမော့ ရင်ကော့နိုင်သော လူမျိုးအဖြစ် ရပ်တည်ရန် လွတ်လပ်မှု ။တရားမျှတမှု နှင့် ငြိမ်းချမ်းရေးကို လိုလားသော အတွေးအခေါ်တော်လှန်ရေးအား စတင်ရမည့် အခါသမယဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါသည် ။ 
 နောက်ဆုံး နိဂုံးချုပ် အနေဖြင့် အကြံပေးများ ၀ိုင်းရံပြီး ဟုတ်တိပတ်တိ ဘာမှ ပြုပြင်ပြောင်းလဲမှုများ အရာမထင်ဟု ဝေဖန်သုံးသပ် ခံနေရသော သမ္မတကြီးအား ကြားဘူးနား၀၇ှိသော ပုံပြင်ကို ဖောက်သည်ချကာ ယခုဆောင်းပါးကို အဆုံးသတ်ပါရစေ။ တစ်ခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်ကြီးသည် တိုင်းခန်း လှည့်လည်ကာ နန်းတော်၌ အကြံပေးမည့် ပညာရှိ အမတ်ရှာပုံတော် ဖွင့်လေသည် ။မြို့ ပေါင်း နယ်ပေါင်းများစွာ ရှာဖွေခဲ့ရာ နေရာအတော် နှံပြန့် အောင်ရှာဖွေပြီးဖြစ်သော်လည်း ဘုရင်မင်းကြီး လိုချင်သော ပညာရှိအမတ်ကို ၇ှာမတွေ့ ပဲဖြစ်နေပေသည် ။ 
သို့ ဖြစ်၍ ဘုရင်ကြီးသည် စိတ်ပျက် လက်ပျက်ဖြင့် ဆင်စီးပြီး နန်းတော်သို့ လှည့်ပြန်လေရာ အပြန်ခရီးတွင် ဆင်ရှေ့ ၌ လဲနေသော လူတစ်ဦးကို တွေ့ ရှိလေသည် ။ဘုရင်၏ အထင်တွင်မူ ဘုန်းကြီးသော ငါဘုရင်အား ဦးတည် လျောက်ထားလို၍ ဦးခေါင်းကို ငုံ့ ပြီး အရိုအသေပေးလျက် ထိုသူ လဲနေသည်ဟု ထင်မြင်ယူဆကာ ထုံးစံအတိုင်း ပညာစမ်းသည့် အနေဖြင့် ဘုရင်မှ လက် ( ၅ ) ချောင်း ထောင်ပြလေသည် ။ ထိုအခါ လဲနေသော ထိုလူသည် လက် ( ၁၀ ) ချောင်းထောင်ပြရာ ဘုရင်သည် သဘောတော်တွေ့ လျက် ရင်ဘတ်ကို ပွတ်သပ်ပြရာ အဆိုပါ ဆင်ရှေ့ လဲနေသူမှ ကျောကော ရင်ကော ပွတ်သပ်ပြလေသည် ။ထိုအခါ ဘုရင်သည် တိုင်းခန်း လှည့်လည်ပြီး ပညာရှိ ရှာရကျိုးနပ်ပြီဟု ထင်မြင် ယူဆလျက် ဘုန်းတော်ကြောင့် အကြံပေးပညာရှိကို တွေ့ ရှိပြီဟု ၀မ်းမြောက် ၀မ်းသာ မိန့် ကြားကာ နေပြည်တော်နန်းတော်သို့ အဆိုပါလဲနေသူကို အပါးတော်ဆင်ဖြင့် ခေါ်ဆောင် ခဲ့ပေသည် ။ ဘုရင် ၏စိတ်ထဲတွင် အကြံပေး ပညာရှိ ရသဖြင့် ၀မ်းသာ ပီတိ ဂွမ်းဆီထိရသည့် အဖြစ်မှာ ဘုရင် လက် ( ၅ )ချောင်းထောင်ပြသည့် ဆိုလိုရင်းမှာ ( ၅ )ပါး သီလမြဲသလားဟု အဓိပ္ပါယ်ရောက်လေရာ အဆိုပါ လဲနေသူက ထိထိမိမိ သိရှိလျက် လက် ( ၁၀ ) ချောင်းထောင်ပြခြင်းမှာ ( ၅ )ပါး သီလသာမက ( ၁၀ )ပါး သီလပါမြဲသည် ဟု ဘုရင်မှ ရွှေဥာဏ်တော်စူးရှကာ စိတ်ထဲမှ မှတ်ချက်ချခဲ့ပေသည် ။တစ်ချိန်တည်းတွင် ပင် ဘုရင်သည် သဘောတော်တွေ့ လျက် ရင်ဘတ်ကို ပွတ်သပ်ပြခြင်းမှာ တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ရဲ့ လားဟု ဆိုလိုလေရာ အဆိုပါ ဆင်ရှေ့ လဲနေသူမှ ကျောကော ရင်ကော ပွတ်သပ်ပြလေရာ ဘုရင်မင်းမြတ်မှ သဘောတော်ခွေ့ မိသည်မှာ အဆိုပါ လဲနေသူသည် တိုင်းသူပြည်သားတွေကို ကျောသားရင်သားမခွဲခြားပဲ အုပ်ချုပ်မည်ဟု ဖြေဆိုလေသည်ဟု ဘုရင်မှ အထင်ရောက်ကာ ဘုန်းတော်ကြောင့် ပညာရှိတော့ တွေ့ ပြီဟု နေပြည်တော် နန်းတော်သို့ ခေါ်ဆောင်ကာ စည်းစိမ်များပေးအပ်လျက် ပညာရှိ အကြံပေး အမတ်ကြီး ခန့် အပ်လိုက်လေသည်။ အမှန်တကယ်တွင် မူ ဘု၇င်မင်းမြတ် ဆင်တော်ရှေ့ လဲကျသူ၏ စိတ်ထဲတွင် ဘုရင်မှ လက် ( ၅ ) ချောင်း ထောင်ပြရာတွင် ရာရာစစ ငါလို အရက်သမားကို အရက် ( ၅ ) လုံး သောက်နိုင်သလားမေးသည် အထင်ဖြင့် အရက် ( ၅ ) လုံးသာမက 
( ၁၀ ) လုံးပါ သောက်နိုင်သည်ဟု လက် ( ၁၀ ) ချောင်းထောင်ပြခြင်း ဖြစ်ပေသည် ။တစ်ချိန်တည်းတွင် ပင် ဘုရင်သည် ရင်ဘတ်ကို ပွတ်သပ်ပြခြင်းကို အရက်မူး လဲနေသော အရက်သမားအမြင်တွင် ဘုရင်မှ အရက်သောက်လျှင် ရင်ပူသလားမေးနေသည် အထင်ဖြင့် အရက်သောက်ရင် ရင်ပူယုံမက ကျောကော ရင်ကောပူပါသည် ဟု ဆိုလိုရာ ကျောကောရင်ကော ပွတ်ပြခြင်း ဖြစ်လေသတည်း ။
 +အောင်ခိုင်မြင့်+ 
၃၁ ဒီဇင်ဘာလ ၂၀၁၄
Read More...
==အပြာရောင်ပန်းတွေ ဆက်လက်ပွင့်လန်းနေဆဲပါ==
**အလွှာဆောင်အလွမ်းတွေနဲ့ 
အပြာရောင်ပန်းတွေလည်းဆက်ဝေသီလို့ 
ဒီမြေမဟီတာ့ခ်ခရိုင်မကပါဘူး
အထူးတလည်နေပြည်တော်၊ရန်ကုန်ပါမကျန်ပါကွဲ
/>သူတို့ တတွေဟာဆရာမိုးဆရာဇော်တို့ ဦးဆောင်ပါဝင်နေတဲ့မြန်မာပြည်သားများ
အရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)အဖွဲ့ ကိုခင်မင်ာကတယ်။လေးစားကြတယ်။
သူတို့ မိသားစုဝင်တွေလိုသဘောထားလို့ ပဲဘာဘတ်ဂျက်မှမရှိလည်း
JACBAအဖွဲ့ ကအဖြူရောင်မြန်မာပြည်သားစာစောင်ကလည်းတစ်လတစ်ခါ
သူတို့ ဆီရောက်လာစမြဲ။
ဟော..အခုနှစ်၂၀၁၅-ပြက္ခဒိန်မည်တဲ့အပြာရောင်ပန်းတွေဟာသူတို့ ဆီမှာ
ဝင့်ဝင့်ကြွားကြွား၊တင့်တင့်ထွန်းးထွားထွား(အဲလေ)တင့်တင့်ထွားထွား၊
မြင့်မြင့်မားမား၊ဆင့်ဆင့်သားနားဖြစ်ခါနေလေရဲ့ ဗျို့ ။
သြော်..သူတို့ ဆိုတာကမဲဆောက်၊ဖုတ်ဖရာ့၊မယ်ရမတ်စတဲ့ထိုင်း-မြန်မာနယ်စပ်
တာ့ခ်ခရိုင်၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဖြစ်ကြပြီးအခုဓာတ်ပုံပါ
နေရာတွေကစက်ရုံထဲနဲ့ စက်ရုံရှေ့ ကပုံတွေသက်သက်ချည်းပါပဲ။
ဆိုရရင်ဗျာ။
ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာသာမကဘန်ကောက်မှာရော။
မြန်မာပြည်တွင်းကရန်ကုန်၊နေပြည်တော်မှာပါမကျန်အပြာရောင်ပန်းတွေ
ဆက်လက်ပွင့်လန်းနေဆဲပါ။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလူ့ ကြယ်+
Read More...
=== ၂၀၁၄ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆု ဆုကိုစီရိုနယ်လ်ဒိုနှင့် အန်ဆယ်လော့တီဆွတ်ခူး==
ရီးယဲလ်မက်ဒရစ် အသင်းမှ တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ကမ်္ဘာ လုံးဆိုင်ရာ ဘောလုံးကျွမ်းကျင်သူများ ကို ဆုချီးမြှင့် သည်The global soccer award 2014 အခမ်းအနားတွင် ၂၀၁၄ ခုနှစ်၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီသည် လည်း ၂၀၁၄ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူး နိုင်ခဲ့ သည်။ အဆိုပါဆုပေးပွဲကို ဒူဘိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ခုတည်းတွင် ဂိုးများစွာသွင်းယူ ပေးနိုင်ခဲ့ခြင်းနှင့် အတူ ရီးယဲလ် မက်ဒရစ်အသင်းကိုလည်း ချန်ပီယံ လိဂ် (၁၀)ကြိမ်မြောက် ချန်ပီယံ အဖြစ် ဆွတ်ခူးပေးနိုင်ခဲ့ခြင်းတို့ ကြောင့်  ၂၀၁၄ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ ခြင်းဖြစ် သည်။
တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ဖီဖာ၏ ကမ်္ဘာ့အကောင်းဆုံးကစား သမားဆုကိုလည်း ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီ၊ ဘိုင်ယန်မြူးနစ် ဂိုးသမား နျူအာတို့ အား ကျော်ဖြတ်ကာ ရယူဆွတ်ခူးနိုင်မည့်  ကစားသမား အဖြစ် ရေပန်းစားနေပြီး ဇန်န၀ါရီ ၁၂ တွင် ကြေညာမည့်  အဆိုပါကမ်္ဘာ့ အကောင်းဆုံး ကစားသမားဆုကို လည်း စီရိုနယ်လ်ဒိုအနေဖြင့်  မျှော်လင့်  ထားကြောင်း ၂၀၁၄ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု လက်ခံ ရယူပြီးနောက် ပြောကြားခဲ့ သည်။
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ပထမရာသီမှာပင် စပိန်ကိုပါဒယ်ရေး ဖလားကို ဆွတ်ခူးနိုင်ရေး စွမ်းဆောင် ပေးခဲ့ သည့် အပြင် မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်း ကိုလေးဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိကာ (၁၀)ကြိမ်မြောက်ချန်ပီယံလိဂ်ဖလား ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ ခြင်း ကြောင့်  ၂၀၁၄ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုရရှိခဲ့ ခြင်း ဖြစ်သည်။
နည်းပြအန်ဆယ်လော့တီသည် အီတလီမြေတွင် အေစီမီလန်အသင်း၊ အင်္ဂလန်မြေတွင် ချယ်လ်ဆီးအသင်း၊ ပြင်သစ်မြေတွင် ပီအက်စ်ဂျီအသင်း စသည့်  အသင်းများကို တာဝန်ယူ ကိုင်တွယ်ခဲ့ စဉ်ကလည်း ပြည်တွင်း အမှတ်ပေးဖလားများကို ဆွတ်ခူးပေး နိုင်ခဲ့ သူဖြစ်သည်။
 +နိုင်လင်းကြည်+
Read More...
==ကာတွန်းဟာသ(ဘုရားစူး....အထူးကုဆေးခန်းပါဗျာ)==
Read More...
==လူထုကျန်းမာရေး(ရှောင်စေချင်သည် တညင်းသီး)==
**Public Health**
**အဆိပ်ပြင်းသမို့ 
ဒင်းကိုရှောင်စားပါလားဗျို့ **
အဆိပ်တွေနဲ့ အသီးအားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကို အကျိုးပြုတဲ. ဗီတာမင် ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာ ကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ် ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိ ပါဝင် ပါတယ်။ တညင်းသီးဟာ အဆိပ်သင်. တတ်တဲ. အစားအစာ တစ်ခု ဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင်.တာကို Djenkilismလို. ခေါ်ပါတယ်။ အဆိုးရွားဆုံး ကတော. ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက် ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင်.မှု အများဆုံး တွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်. မှုကြောင်. အသက်ဆုံးရှုံး မှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက် ရောက်ပြီး စနစ်တကျ ကုသမှု မခံယူရင် သေဆုံးဖို.လမ်းပိုများတယ်လို. ဆိုပါတယ်။
**အဆိပ်သင်ခြင်း**
 တညင်းသီး အဆိပ်ရဲ. ဖွဲ.စည်းပုံ မော်လီကျုး ကတော. အပ်ချောင်း ပုံလေးတွေကို ပုတီးသီသလို သီထားတဲ. ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ. တစ်ခု အလွယ်တကူ ချိတ်တွယ် နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေ ၀င်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေး ပါတယ်။ ကျောက်ကပ် ကတော. ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန်.ထုတ် ပေးပါတယ်။ တညင်းသီး စားလိုက်ရင် ပါဝင်တဲ. အဆိပ်တွေဟာ သွေးထဲကို အရင်ရောက် သွားပါတယ်။ ပြီးတဲ.အခါ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို ပျက်ပြယ်အောင် လုပ်ပေး နိုင်ပေမယ့် တညင်းသီးမှာ ပါတဲ. အဆိပ်ကိုတော. ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို. ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန်.ထုတ်ဖို. ကြိုးစား ရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို. တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေက ထိုးလို. သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ. အခါ ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးလုံးဝ သွားလို.မရ ဖြစ်လာပါမယ်။ ကျောက်ကပ် နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ် နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံယူရင် အသက် သေဆုံး နိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acuterenal failure)လို. ခေါ်ပါတယ်။ ကျောက်ကပ် သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။
**တညင်းသီးစားမယ်ဆိုရင်**
 တညင်းသီးမှာ ပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာ အနည်းငယ်သာ ပျော်ဝင်တဲ. အဆိပ်မျိုး ဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာ ဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ် နည်းနည်းသာ ပျော်ဝင်ပြီး ပြည်.၀ သွားတဲ. အတွက် အဆိပ်တွေ ထပ်ပြီး မပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာ ဖြစ်ပါ တယ်။ ပြုတ်ပြီ တဲ. ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ် တော်တော် လျော.သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ် ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်. ဘယ်လိုမှ ဓာတ်မပြယ် နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီး စားရင် အဆိပ်တွေဟာ ဓာတ်လည်း မပြယ်၊ အပြင်လည်း မရောက်တော. 100% ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စာရင်တော. အဆိပ်တွေ တော်တော်လေး လျော.နည်း သွားတယ် လို.ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များ လေလေ ဖြစ်ပါတယ်။
**အနံ.ပြင်းပြင်း၊အဆိပ်ပြင်းပြင်း**
Add caption
တညင်းသီး စားပြီးတဲ.အခါ ပါးစပ်မှာ နံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine (1978) စသဖြင်. ထုတ်ပြန် ရေးသား ထားတာတွေလည်း ရှိပါတယ်လို. ဆိုတယ်။ ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလိုအသီးကို တတ်နိုင် သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။
+ဒေါက်တာ ခင်မောင်လွင်+
Read More...
Tuesday, December 30, 2014
==အပြာရောင်နဲ့ အစိမ်းရောင်ပြက္ခဒိန်ပန်းတွေပွင့်လန်းကြတယ်လေ===
(မဲဆောက်မြို့ ကနာမည်ကြီးစည်ပင်အမှိုက်ပုံကြီး ရဲ့ ရပ်ရွာလူကြီး-ဦးဇော်လက်ထဲမှာတွေ့ ရတဲ့ အပြာရောင်ပန်းတွေနဲ့ မြန်မာပြည်သား(အဖြူရောင်)ဂျာနယ်)
(မဲဆောက်မြို့ အိုမီဂါအထည်ချုပ်စက်ရုံပြင်ပတန်းလျား မှာတွေ့ ရတဲ့ အပြာရောင်ပန်းတွေ)
**အသွင်ဆန်းပါဘိ
ပွင့်လန်းတဲ့ပြက္ခဒိန်ပန်းတွေတောင်
 အပြာရောင်နဲ့ အစိမ်းရောင်တဲ့ကွယ်**
မဲဆောက်နဲ့ ဖုတ်ဖရာ့မြို့ နယ်တခွင်မှာအပြာရောင်နဲ့ အစိမ်းရောင် ပြက္ခဒိန်ပန်းတွေပွင့်လန်းကြပြီပရိသတ်။ သိတယ်မဟုတ်လား။အပြာရောင်နဲ့ အစိမ်းရောင်အသွင်ဆန်းနဲ့ ၂၀၁၅ ပြက္ခဒိန်ပန်းတွေပွင့်လန်းနေကြပြီလေ။ ဘယ်နေရာဒေသတွေမှာပွင့်လန်းတာလဲဆိုတော့ကာထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်(ခရိုင်)ထဲကမဲဆောက်နဲ့ ဖုတ်ဖရာ့မြို့ နယ်တခွင်မှာ တင့်တင့်ဆန်းဆန်း၊မြင့်မြင့်မှန်းမှန်းပွင့်လန်း တာပါပရိသတ်။
(မဲဆောက်မြို့ ကနာမည်ကြီးစည်ပင်အမှိုက်ပုံကြီး မှာတွေ့ ရတဲ့ အပြာရောင်ပန်းတွေ)
မဲဆောက်မှာဆိုရင်စက်ရုံအလုပ်ရုံရှေ့ မှာနဲ့ မြန်မာအလုပ်သမားတန်းလျားတွေမှာ အပြာရောင်နဲ့ အစိမ်းရောင်ပြက္ခဒိန်ပန်းတွေပွင့်လန်းကြတယ်လေ။ ဖုတ်ဖရာ့မြို့ နယ်မှာဆိုရင်တော့စက်ရုံအလုပ်ရုံမရှိပဲစိုက်ပျိုးရေးဒေသဖြစ်တာမို့ မြန်မာအလုပ်သမား
တဲအိမ်တွေ၊သစ်သားအိမ်တွေမှာအပြာရောင်နဲ့  အစိမ်းရောင်ပြက္ခဒိန်ပန်းတွေပွင့်လန်းကြတယ်လေ။
(မဲဆောက်မြို့ အေကဖက်အထည်ချုပ်ရုံဈေးဆိုင်၁ခု မှာတွေ့ ရတဲ့ အပြာရောင်ပန်းတွေ)
အပြာရောင်ဆိုတာကထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA)က၇နှစ်မြောက်ဆက်တိုက်ထုတ်ဝေဖြန့် ချီတဲ့ ၂၀၁၄အပြာရောင်ပြက္ခဒိန်ကိုတင်စားတာပါနော်။ အဲ...အစိမ်းရောင်ဆိုတာကျပြန်တော့ထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ ပြောင်း အလုပ်သမားကွန်ရက်ကြီး(MMNT)ရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ၂၀၁၄အစိမ်းရောင်ပြက္ခဒိန်ကိုရည်ညွှန်းတာပါနော်။
(မဲဆောက်မြို့ အေကဖက်အထည်ချုပ်ရုံကအမျိုးသမီးအလုပ်သမား ၁ဦးလက်ထဲကအပြာရောင်ပန်းတွေ)
(မဲဆောက်မြို့ အိုမီဂါအထည်ချုပ်ရုံပြင်ပတန်းလျားရှိ*ကိုကျော်လက်ဘက်ရည်ဆိုင်*
ထဲကအပြာရောင်ပန်းတွေ)
အဲသဟာကြောင့်ကဗျာဆန်ဆန်ဖွင့်အံလိုက်ချင်တာက....
**အသွင်ဆန်းပါဘိ
ပွင့်လန်းတဲ့ပြက္ခဒိန်ပန်းတွေတောင်
 အပြာရောင်နဲ့ အစိမ်းရောင်တဲ့ကွယ်**
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ +ဒီလူ့ ကြယ်++
Read More...
==ကာတွန်းဟာသ(တရုတ်ပြည်သူ့ မြန်မာ့တပ်မတော်မဖြစ်ပါစေနဲ့ )==
Read More...
==လူထုကျန်းမာရေး(ပူစီနံရွက်ရဲ့ ကျန်းမာရေးအာနိသင်)===
**Public Health** 
ပူစီနံရွက်ဟာ ပရုတ်အုပ်စုဝင် အပင် တစ်မျိုးဖြစ်ပြီး အနံ့သင်းပျံ့မှု၊ နွေးထွေး စေမှုနဲ့ အနည်းငယ် ခါးသက်တဲ့ အရသာ ရှိပါတယ်။ အခြားဟင်း ချက်စရာ အရွက်တွေနဲ့ မတူတာက ပူစီနံကို ဟင်းခတ် အမွှေးအကြိုင် အပြင် ဆေးအဖြစ်လည်း အသုံးပြုလို့ ရပါတယ်။
 ၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။ နောက်ပြီး ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ယောနိ ရောင်ရမ်းခြင်း၊ ပါးစပ်အနာပေါက်ခြင်း တွေကို သက်သာ စေပါတယ်။ ၂။ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ် ပေးပါတယ်။
၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာ ပါဝင်တဲ့အ တွက် ခုခံအား စနစ်ကို မြှင့်တင် ပေးနိုင်ပါတယ်။
၎။ဗီတာမင်စီဓာတ် ပါဝင်မှုများတဲ့ အတွက် သွားဖုံးနာခြင်း၊ သွေးထွက်ခြင်း၊ သွားဖုံး ပြည်တည်ခြင်း တွေမှာ ပူစီနံကို ချေထားတဲ့ အရည်ကို သောက်သုံး ပေးသင့်ပါတယ်။
 ၅။ အစာချေဖျက်ခြင်းကို အားပေးပြီး အစာအိမ်ရောင်ခြင်း၊ နာခြင်းတွေကို ကာကွယ် ပေးနိုင်တဲ့ thymolနဲ့ carvacol ဓာတ်တွေ ပါဝင်နေပါတယ်။
 ၆။အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းမှာ ပူစီနံရွက်ကို ရှူပေးရင် သက်သာနိုင်ပြီး ရေနွေးမှာ ပူစီနံရွက်ကို ထည့်ပြီး သောက်သုံး ပေးရင် သွေးမပေါ်ခင် ဖြစ်တတ်တဲ့ နာကျင်မှုကို သက်သာ စေပါတယ်။
+သက်နှင်း+ 
credit to Health Updates Journal
Read More...
Monday, December 29, 2014
==မဲဆောက်နဲ့ ဖုတ်ဖရာ့မြို့ နယ်တခွင်မှာအပြာရောင်နဲ့  အစိမ်းရောင် ပြက္ခဒိန်ပန်းတွေပွင့်လန်းကြပြီ==
(မဲဆောက်မြို့  ရန်ကုန်အထည်ချုပ်စက်ရုံထဲမှာ ချိတ်ဆွဲဖို့ အတွက်ရယူသွားတဲ့အပြာရောင်)
(မဲဆောက်မြို့ မင်းသားလေးလက်ဘက်ရည်ဆိုင် မှာချိတ်ဆွဲထားတဲ့အစိမ်းရောင်)
(မဲဆောက်မြို့ မင်းသားလေးလက်ဘက်ရည်ဆိုင် မှာချိတ်ဆွဲထားတဲ့အပြာရောင်)
(မဲဆောက်မြို့ ကမင်းသားလေးလက်ဘက်ရည်ဆိုင်)
**အသွင်ဆန်းပါဘိ
ပွင့်လန်းတဲ့ပြက္ခဒိန်ပန်းတွေတောင်
အပြာရောင်နဲ့ အစိမ်းရောင်တဲ့ကွယ်**
မဲဆောက်နဲ့ ဖုတ်ဖရာ့မြို့ နယ်တခွင်မှာအပြာရောင်နဲ့ အစိမ်းရောင် ပြက္ခဒိန်ပန်းတွေပွင့်လန်းကြပြီပရိသတ်။ သိတယ်မဟုတ်လား။အပြာရောင်နဲ့ အစိမ်းရောင်အသွင်ဆန်းနဲ့ ၂၀၁၅ ပြက္ခဒိန်ပန်းတွေပွင့်လန်းနေကြပြီလေ။
 (မဲဆောက်မြို့ မယ်တော်ဆေးခန်း မှာချိတ်ဆွဲထားတဲ့အပြာရောင်)
ဘယ်နေရာဒေသတွေမှာပွင့်လန်းတာလဲဆိုတော့ကာထိုင်း-မြန်မာနယ်စပ်တာ့ခ်ပြည်နယ် (ခရိုင်)ထဲကမဲဆောက်နဲ့ ဖုတ်ဖရာ့မြို့ နယ်တခွင်မှာတင့်တင့်ဆန်းဆန်း၊မြင့်မြင့်မှန်းမှန်းပွင့်လန်း တာပါပရိသတ်။
 မဲဆောက်မှာဆိုရင်စက်ရုံအလုပ်ရုံရှေ့ မှာနဲ့ မြန်မာအလုပ်သမားတန်းလျားတွေမှာ အပြာရောင်နဲ့ အစိမ်းရောင်ပြက္ခဒိန်ပန်းတွေပွင့်လန်းကြတယ်လေ။ ဖုတ်ဖရာ့မြို့ နယ်မှာဆိုရင်တော့စက်ရုံအလုပ်ရုံမရှိပဲစိုက်ပျိုးရေးဒေသဖြစ်တာမို့ မြန်မာအလုပ်သမား
တဲအိမ်တွေ၊သစ်သားအိမ်တွေမှာအပြာရောင်နဲ့  အစိမ်းရောင်ပြက္ခဒိန်ပန်းတွေပွင့်လန်းကြတယ်လေ။
(မဲဆောက်မြို့ စိန့် ဟိန်း(သရဲ)သိုးမွှေးစက်ရုံထဲမှာချိတ်ဆွဲဖို့  ယူသွားတဲ့အပြာရောင်)
အပြာရောင်ဆိုတာကထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA)က၇နှစ်မြောက်ဆက်တိုက်ထုတ်ဝေဖြန့် ချီတဲ့ ၂၀၁၄အပြာရောင်ပြက္ခဒိန်ကိုတင်စားတာပါနော်။ အဲ...အစိမ်းရောင်ဆိုတာကျပြန်တော့ထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ ပြောင်း အလုပ်သမားကွန်ရက်ကြီး(MMNT)ရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ၂၀၁၄အစိမ်းရောင်ပြက္ခဒိန်ကိုရည်ညွှန်းတာပါနော်။ 
(မဲဆောက်မြို့ တောင်ဘက်ဖုတ်ဖရာ့မြို့ နယ်မှာတွေ့ မြင်ရတဲ့အပြာရောင်)
အဲသဟာကြောင့်ကဗျာဆန်ဆန်ဖွင့်အံလိုက်ချင်တာက....
 **အသွင်ဆန်းပါဘိ
 ပွင့်လန်းတဲ့ပြက္ခဒိန်ပန်းတွေတောင်
အပြာရောင်နဲ့ အစိမ်းရောင်တဲ့ကွယ်** ၊
(မဲဆောက်မြို့  CLအထည်ချုပ်စက်ရုံထဲမှာ ချိတ်ဆွဲဖို့ အတွက်ရယူသွားတဲ့အပြာရောင်)
(မဲဆောက်မြို့ ဖိခိုင်အထည်ချုပ်စက်ရုံထဲမှာ ချိတ်ဆွဲဖို့ အတွက်ရယူသွားတဲ့အပြာရောင်)
(မဲဆောက်မြို့ အမိုးစိမ်းစက်ရုံ့ရှေ့ ပြင်ပတန်းလျား မှာချိတ်ဆွဲထားတဲ့အပြာရောင်)
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလူ့ ကြယ်++
Read More...
==ဒီနေ့ မှဖတ်ရလို့ ဒီနေ့ ပဲတင်လိုက်တဲ့မြန်မာပို့ စ်ဂျာနယ်က မဲဆောက်ဒေသသတင်း၂ပုဒ်ပါ===
ဆရာမိုးနဲ့ မြ၀တီဘက်ကနာမည်ကြီးမြတ်နိုးသူလက်ဘက်ရည်ဆိုင်မှာ မကြာခဏလက်ဘက်ရည်အတူသောက်နေကျနေမြ၀တီကသတင်းထောက် ဦးသက်ဦးနိုင်(သက်ဦးနိုင်-မြ၀တီ)ကမြန်မာပို့ စ်ဂျာနယ်မှာတင်ဆက်ထားတဲ့ မဲဆောက်ဒေသသတင်း၂ပုဒ်ပါဗျ။
**ဟိုး-၃ရက်ကနောက်ခံလူကိုသက်ဦးကကွင်းလယ် ဖန်ဂေါါ်လီရှင်(အဲလေ)ကွင်းလယ် ဖန်တီးရှင်ကိုရွှေသိန်း(မြ၀တီ)ကိုပေးတယ်။ကိုရွှေသိန်း(မြ၀တီ)က ဒီနေ့ မှဦးထွန်းထွန်းဦးဆီကိုအလောတော်လေးချပေးလိုက်တယ်။ ဦးထွန်းထွန်းဦးကမြ၀တီ-မဲဆောက်ချစ်ကြည်ရေးတံတားကရှေ့ တန်း တိုက်စစ်မှူး-ကိုအညာကိုအပိုင်ခင်းပေးရာကနေဒီနေ့ တော့ရွှေဂိုးမည်လောက်တဲ့ ဟောဒီဂျာနယ်၂စောင်ကို
လက်ဝယ်ပိုင်ပိုင်ဆုပ်ကိုင်နိုင်ခဲ့ပါကြောင်း။ ၁စောင်ကဒီလ(ဒီဇင်ဘာလ၁၀ရက်နေ့ )ထုတ်မြန်မာပို့ စ်ဂျာနယ်ဖြစ်ပြီး ၁စောင်ကဒီလ(ဒီဇင်ဘာလ၂၄ရက်နေ့ )ထုတ်မြန်မာပို့ စ်ဂျာနယ်ဖြစ်ပါတယ်။
 ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+သောင်ရင်းနဂါး+
Read More...
===ကာတွန်းဟာသ(အရက်ဆိုင်ဖွင့်မယ်ဆိုလို့ ကတော့ရက်ပိုင်းအတွင်းကျလာမယ်)===
Read More...
==လူထုကျန်းမာရေး(ရှောက်ရည် သောက်ခြင်း၏ အကျိုးကျေးဇူးများ)==
**Public Health**
 ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြု ခဲ့ကြပါတယ်။ ရှောက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။
(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း
 (၂)အစာခြေရန် ကူညီနိုင်ခြင်း
 (၃)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း
(၄)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း
 (၅)အစာစားချင်စိတ်ကို ချိုးနှိမ်ပေးခြင်း
 (၆)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း
 (၇)အနာကျက်မြန်စေခြင်း
(၈)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း
 (၉)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း
 (၁၀)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း
(၁၁)ရင်ကျပ်ပန်းနာ သက်သာစေခြင်း
(၁၂)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း
 (၁၃)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း
(၁၄)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း
(၁၅)ဆံပင်သန်မာစေခြင်း
+ဒေါက်တာ ခင်မိုးမိုး+
 Health Articles
Read More...
Sunday, December 28, 2014
==ချယ်လ်ဆီးနောက်ခံလူဂျွန်တယ်ရီအား မော်ရင်ဟိုက ချီးကျူး==
ချယ်လ်ဆီးနောက်တန်းကစား သမား ဂျွန်တယ်ရီသည် လွန်ခဲ့သည့်  ၁၀ နှစ်နီးပါးက ပရီမီယာလိဂ်ဖလား ရယူပေးနိုင်ခဲ့သကဲ့သို့ ချယ်လ်ဆီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်သည့်  ကစားသမား တစ်ဦးဖြစ်ကြောင်း ချယ်လ်ဆီးအသင်း နည်းပြ မော်ရင်ဟိုက ချီးကျူးစကား ပြောကြားလိုက်သည်။ နောက်တန်းကစားသမား ဂျွန်တယ်ရီ သည် ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ ခုနှစ် များတွင် ချယ်လ်ဆီးအသင်းနှင့် အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့ သူဖြစ်ပြီး လက်ရှိတွင် အသက်(၃၄)နှစ်ရှိနေပြီ ဖြစ်သည်။ 
သို့ ရာတွင် အသက်အရွယ် ပိုင်းအရ ကြီးရင့် သော်လည်း ၀က်စ်ဟမ်း အသင်းနှင့်  ကစားခဲ့ သည့်  ပွဲစဉ်တွင် ပွဲကစားချိန် ၃၁ မိနစ်တွင် ချယ်လ်ဆီး အသင်းအတွက် အဖွင့်ဂိုးသွင်းယူ ပေးနိုင်ခဲ့ ခြင်းကြောင့် မော်ရင်ဟိုက ချယ်လ်ဆီးအသင်းအား ပရီမီယာလိဂ် အမှတ်ပေးဇယားတွင် ဆက်လက် ဦးဆောင်နိုင်ရေး စွမ်းဆောင်ပေးခဲ့  သူဟု ချီးကျူးစကားပြောကြားခဲ့ ခြင်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ဒီဇင်ဘာ ၂၈ ရက်တွင် ဆောက်သမ်တန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး နှစ်သစ်ကူးနေ့ဖြစ်သည့် ဇန်န၀ါရီ ၁ ရက်တွင် စပါးအသင်း နှင့် လည်းကောင်း၊ ဇန်န၀ါရီ ၄ ရက် တွင် ၀က်ဖို့ ဒ်အသင်းနှင့်  အက်ဖ်အေ ဖလား တတိယအဆင့် ပွဲစဉ် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
+ငွေကြယ်+
Read More...
===ကာတွန်းဟာသ(၀ယ်လယ်.....၀ယ်လယ်)==
Read More...
==လူထုကျန်းမာရေး(မိမိ အကြောင်းကို မကြာခဏ ထုတ်ဖော် ပြောကြားသူများ စိတ်ကျရောဂါ ပိုမိုဖြစ်ပွား)==
+++Public Health++ 
''ကျွန်တော်က။ ကျွန်ုပ်ကိုယ်တိုင်''စသည်ဖြင့် မိမိအကြောင်းကို ဖွင့်ဟ ပြောကြား သူများမှာ စိတ်ကျရောဂါ ပို၍ ခံစားရနိုင်ကြောင်း သိရသည်။ ဂျာမနီရှိ Kassel တက္ကသိုလ်မှ သိပံ္ပ ပညာရှင်များက ''ကျွန်တော်'' စသော မိမိကိုယ်ကိုယ် ညွှန်းသော နာမ်စား အသုံးပြုမှု များသူများမှာ အများဆိုင် နာမ်စား ''ကျွန်တော်တို့'' ကဲ့သို့ နာမ်စား အသုံးပြုသူ များထက် ပို၍ စိတ်ကျရောဂါ ဖြစ်ပွားမှုများေ ကြာင်း ဒေါက်တာ ဂျိုဟန်နီဇင်မာ မန် ဦးဆောင်သော သုတေသန ပညာရှင်များက အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁ဝ၃ ဦးကို တွေ့ဆုံ မေးမြန်းခြင်းမှ သိခဲ့ရသည်။ စမ်းသပ်ခံသူ အများစုမှာ စိတ် ကျရောဂါ ခံစားရသူများ ဖြစ်ကြသည်။ ''ကျွန်တော်'' ''ကျွန်ုပ်'' စသော နာမ်စား အသုံးများသူ များမှာ အဖွဲ့အစည်းနှင့် ဆက်ဆံရေး ခက်ခဲတတ်ပြီး ပုဂ္ဂိုလ်ရေးရာ ခံစားမှုများ များပြားစွာ ရှိနေတတ်ကြောင်း သိရသည်။
အပြန်အလှန် အားဖြင့် ''ကျွန်ုပ်တို့'' ဟူသော နာမ်စား အသုံးများသူ များမှာ လူမှု ဆက်ဆံရေး ကောင်းမွန်သည်ကို တွေ့ရပြီး ကျန်းမာသော လူမှု ဆက်ဆံရေး ဘဝ ပိုင်ဆိုင်ထားကြောင်း သိရသည်။ Dr. Zimmerman က ''မိမိကိုယ်ကိုယ် ညွှန်းသော နာမ်စားက မိမိ အကြောင်းသာ စဉ်းစားကြောင်း ပြသပြီး အများဆိုင် နာမ်စား အသုံးပြုခြင်းက မိမိ အဖွဲ့ အစည်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင် တာကို ပြသပါတယ်'' ဟု ဆိုခဲ့သည်။ Colorado Boulder တက္ကသိုလ်မှ သိပံ္ပပညာရှင် များကလည်း ပုံမှန် လေ့ကျင့်ခန်း လှုပ်ရှားခြင်းနှင့် မိမိကိုယ်ကိုယ် ထိန်းချုပ် ခြင်းက စိတ်ကျန်းမာရေး အတွက် ကောင်းမွန်ကြောင်း ပြောကြားခဲ့ပြီး မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ရသူ များမှာလည်း အကျိုး သက်ရောက်မှု အတူတူဖြစ်ကြောင်း ပြောကြားခဲ့သည်။ ။
 +အေးချမ်းခင်+
 မြ၀တီ
Read More...
Saturday, December 27, 2014
==အပြာရောင်နဲ့ အစိမ်းရောင်၂၀၁၅ပြက္ခဒိန်၂ခုကပြောပြတဲ့ယုံစားမှုများ==
(မဲဆောက်မြို့ ကနာမည်ကြီးဖိုးထူးလက်ဘက်ရည်ဆိုင်မှာ)
မဲဆောက်အပါအ၀င်၂၀၁၅ပြက္ခဒိန်တာ့ခ်ခရိုင်ကဒို့ လူထုအားကိုဒို့ ယုံစားစွာနဲ့  ၂၀၁၅ပြက္ခဒိန်၂ခုကိုဖြန့် ဝေနေပြီမိတ်ဆွေတို့ ရေ။ မနေ့ တစ်နေ့ ကထွက်ရှိတဲ့၂ခုကိုဒို့ လူထုကခပ်လွယ်လွယ်ပဲ *အပြာရောင်*နဲ့ *အစိမ်းရောင်*လို့ ကင်ပွန်းတပ်ကြတယ်လေ။ *အပြာရောင်*ဆိုတာကမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) အဖွဲ့ ရဲ့ ၂၀၁၅ပြက္ခဒိန်ဖြစ်ပြီး*အစိမ်းရောင်*ဆိုတာကထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ ပြောင်းအလုပ်သမား
ကွန်ရက်(MMNT)ရဲ့ ၂၀၁၅ပြက္ခဒိန်ပဲဖြစ်ပါတယ်။
(မဲဆောက်မြို့ ကနာမည်ကြီးမယ်တော်ဆေးခန်းမှာ)
ဖြန့် ဝေတဲ့စနစ်ဇယားကလည်းကွက်တိပါပဲ။မဲဆောက်မြို့ မှာ
ဆိုရင် *ဖိုးထူးလက်ဘက်ရည်ဆိုင်*ကလူသိများတယ်။လူဝင်လူထွက်များတယ်။ဒါကြောင့်  ဖိုးထူးလက်ဘက်ရည်ဆိုင်မှာအဲဒီအပြာရောင်ကော၊အစိမ်းရောင်ပါရှိစေဗျာ။ ဒီနေ့ မနက်စောစောနဲ့ မှစီးစီးလူသူရှင်းချိန်မှာသွားချိတ်စေဗျာ။
(မဲဆောက်မြို့ ကနာမည်ကြီးမယ်တော်ဆေးခန်းမှာ)
အဲဒီနောက်ဒီနေ့ မနက်မှာပဲလူဝင်လူထွက်များပြီးအများမြင်နိုင်တဲ့မဲဆောက်မြို့  မယ်တော်ဆေးခန်း(အရပ်အခါါ်-ကျောင်းသားဆးခန်း)မှာဆက်ချိတ်စေဗျာ။ အဲ...မနေ့ ကတော့မဲဆောက်မြို့ တောင်ဘက်ကဖုတ်ဖရာ့မြို့ နယ်မှာစအိုတိုက်နယ်၊ ဖုတ်ဖရာ့မြို့ ထဲပိုင်း၊ချောင့်ခက်မြို့ နယ်ခွဲတို့ ကိုဖြန့် ဝေခဲ့ ပြီးပြီလေ။
(မဲဆောက်မြို့ တောင်ဘက်ဖုတ်ဖရာ့မြို့ နယ်ဆီခိုထိုင်းရွာက နာမည်ကြီးအာလူးလက်ဘက်ရည်ဆိုင်မှာ)
ဒါကြောင့်ခဏခဏပြောနေရတာပေါ့။လူထုအား(ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ ပြောင်း အလုပ်သမား)အားကိုယုံကြည်ကိုးစားမှုအပြည့်နဲ့ လှုပ်ရှားပါလို့ ။
*ပြည်သူ့ အားကို
ဒို့ ကိုးစားလျှင်
ဓားသွားလည်းထက်
 ခြေလှမ်းသွက်၏.....တဲ့။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလူ့ ကြယ်+
Read More...
===ဆက်နွှဲ၇မယ့်ချန်ပီယံရှစ်ပွဲစဉ်(၂၄)==
ချန်ပီယံရှစ်ပွဲစဉ်(၂၄)ကို ဒီဇင် ဘာ ၂၈ ရက်မှာ ဆက်လက်ယှဉ်ပြိုင် ကစားမှာမို့  ပွဲတွေကတော့ ဆက်တိုက် ဆင်နွှဲနေရပြီဖြစ်ပါတယ်။ အကြိတ် အနယ်ရှိမယ့် ဒီပွဲစဉ်မှာတော့ ပွဲကောင်းတွေ အများအပြားပါဝင် နေပြီး အမှတ်ရသမျှအပြိုင်အဆိုင် စုဆောင်းကြမှာမို့  ပရိသတ်တွေ အတွက်တော့ စိတ်တိုင်းကျအားပေး ခွင့်ရဦးမှာ ဖြစ်ပါတယ်။ ** ဘလက် ဘန်းနှ င့် မစ် ဒယ် ဘရော့** ပထမအကျော့မှာ တစ်ဂိုးစီသရေ ပွဲဖြစ်ထားတဲ့အတွက် ဒီပွဲမှာတော့ အမှတ်ပြည့်သိမ်းပိုက်နိုင်ရေး အား ထုတ်ကြတော့မှာ ဖြစ်ပါတယ်။ ဘလက်ဘန်းကွင်းမှာကစားတိုင်း မစ် ဒယ်ဘရော့တို့  ၊ှုံးပွဲကြုံတာနည်းပါ တယ်။ ဘလက်ဘန်းတို့ ကတော့ အခု အချိန်မှာကစားအားကောင်းလာတာ မို့  မစ်ဒယ်ဘရော့တို့ တစ်မှတ်ရဖို့ တောင် အားစိုက်ရမယ့် အနေအထား ရှိလာနိုင်ပါတယ်။ **ဘလက် ပူးလ် နှင့် ၊ို သာဟမ်** ခံစစ်ပိုင်း အားနည်းနေတဲ့  ဘလက်ပူးလ်အတွက် ဒီပွဲဟာ ပွဲကျပ် အဖြစ်ကစားရမယ့် ကိန်းပါပဲ။ ၊ိုသာ ဟမ်အတွက် တန်းဆင်းဇုန်က ကင်း ဝေးအောင် အားထုတ်ရမယ့်  အနေ အထားမို့ အဝေးကွင်းဆိုပေမယ့်  ရလဒ်ကောင်းအောင် ပုံဖော်ပါလိမ့်  မယ်။ ဘလက်ပူးလ်တို့ ကလည်း ခံစစ် ပိုင်းပြင်ဆင်နိုင်ခဲ့ ရင် သရေတစ်မှတ် တော့ ရနိုင်တဲ့ ပွဲပါ။ **ကာဒစ် နှ င့် ၀က် ဖို့ ဒ်** အဝေးကွင်းမှာ နိုင်ပွဲတွေ ရနေတဲ့  ၀က်ဖို့ ဒ်ကို ကာဒစ်တို့ ခုခံကာကွယ်ရမယ့်  အနေအထား ပါပဲ။ ကာဒစ်ရဲ့  အိမ်ကွင်းအားထုတ် မှုက သာမန်အဆင့်သာရှိပေမယ့်  ၀က်ဖို့ ဒ်ကို အခွင့်အရေးပေးမှာ မဟုတ်ပါဘူး။ ပထမအကျော့မှာ ကာဒစ်တို့ နိုင်ပွဲရထားတာမို့  ဒီပွဲ မှာလည်း အိမ်ရှင်တို့ပဲ မျက်နှာပန်း လှနိုင်ပါတယ်။ ** ဒါဘီ နှင့် လိ ဒ် ယူ နို က် တက်** ပထမအကျော့မှာ လိဒ်တို့ နှစ်ဂိုး ပြတ်နဲ့ နိုင်ပွဲရထားတာမို့ အခုပွဲမှာ ဒါဘီတို့အလှည့် လို့သတ်မှတ်ရမယ့် အနေအထားပါပဲ။ ဒါဘီဟာအိမ်ကွင်း အားထုတ်မှုကောင်းတာမို့  လိဒ်တို့ ထင်သလောက်လွယ်မှာ မဟုတ်ပါ ဘူး။ အဝေးကွင်းမှာ ခြေစွမ်းကျဆင်း တတ်တဲ့  လိဒ်တို့ ဒီပွဲမှာအမှတ်ရဖို့ ခက်ခဲပါလိမ့် မယ်။ **ဟက် ဒါဖီးလ် နှင့် ဘော် လ် တန်** ဘော်လ်တန်တို့ ပထမအကျော့ အိမ်ကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲ ရထားသလို အခုပွဲအဝေးကွင်းမှာ လည်း အနိုင်ရအောင်အားထုတ်ပါ လိမ့်မယ်။ ဟက်ဒါဖီးလ်တို့ဟာ ဘော်လ်တန်နဲ့ဆုံတိုင်း ရလဒ် မကောင်းတတ်တာမို့  အခုပွဲမှာလည်း အဲဒီမှတ်တမ်းဆိုးကို ချေဖျက်ဖို့  မလွယ် ပါဘူး။ ** အစ် ဆွစ် နှင့် ချာလ် တန်** ချာလ်တန်ရဲ့  အားထုတ်မှုက ကောင်းမွန်နေသလို အစ်ဆွစ်ရဲ့  ခြေ စွမ်းက ပုံစံကောင်းပြသနိုင်နေပါ တယ်။ ပထမအကျော့ချာလ်တန်ကွင်း မှာ အစ်ဆွစ်က တစ်ဂိုး-ဂိုးမရှိနဲ့  နိုင် ပွဲရထားတာမို့  အခုအိမ်ကွင်းမှာ အမှတ်ပြည့် ရယူဦးမှာ ဖြစ်ပါတယ်။ ** မီဝေါလ် နှင့် ဘုန်းမောက်** ပထမအကျော့မှာ နှစ်ဂိုးစီသရေ ပွဲဖြစ်ထားတာမို့ အခုပွဲမှာတော့ မီ ဝေါလ်တို့ပြတ်သားတဲ့ရလဒ်ကို ပုံ ဖော်ပါလိမ့် မယ်။ ရလဒ်တွေဆိုးရွား နေပေမယ့် အိမ်ကွင်းမှာ ခြေပေါ် အောင်ကစားတတ်တဲ့  မီဝေါလ်ဟာ အမှတ်ရအောင်တော့ ရယူဖို့ ကြိုးစား ပါလိမ့်မယ်။ ** နော် တင် ဟမ် နှင့် ဘာမင် ဂမ်** အပြန်အလှန်အနိုင်ယူနေကြတဲ့  နှစ်သင်းမို့  ဒီပွဲလည်း အကြိတ်အနယ် နွှဲကြရမယ့် ပွဲဖြစ်ပါတယ်။ အိမ်ကွင်း မှာ ကစားအားကောင်းတဲ့ နော်တင် ဟမ်ကို ဒီပွဲမှာ ယုံကြည်မှုပေးရမှာ ဖြစ်ပါတယ် +မိုးမြင့်လင်းလက်+
Read More...
==ကာတွန်းဟာသ(ဒါက ဖြစ်ချင်နေတဲ့ စင်္ကာပူ လူသွားလမ်း)==
Read More...
==လူထုကျန်းမာရေး (အစာအိမ်ရောဂါ)==
**Public Health** 
၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။ အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။
၂။ ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ အုပ်စုက ဘယ်သူတွေလဲ။
လူတိုင်းမှာ အစာအိမ် ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ လူဦးရေရဲ့ ၁၀% အထိ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။
 ၃။ ဒီရောဂါ ဖြစ်မှန်း ဘယ်လိုသိမလဲ။
ဝမ်းဗိုက် အထက်ပိုင်း ရင်ညွန့် နေရာမှ အောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ် ပေါက်သွား ခြင်းကြောင့် ၀မ်းဗိုက် အထက်ပိုင်း အလွန် အမင်းအောင့်ခြင်း၊ အစာအိမ် အနားမှ သွေးယို စီးတဲ့အတွက် သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ် ခံစားရပါတယ် အစာအိမ် နာရောဂါ ဖြစ်တာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ၊ အစာအိမ် ထွက်ပေါက် ကျဉ်းပြီး ပိတ်ဆို့ တတ်သောကြောင့် စားပြီးသော အစာများ မကြာခဏ ပြန်အန်ခြင်းတို့ ဖြစ်ပွား တတ်ပါတယ်။ အချို့သော သူများမှာ အစာအိမ် ကင်ဆာရောဂါ အဖြစ်နဲ့ လာတတ် ပါတယ်။ အစာအိမ် ရောဂါဖြစ်မှန်း သေချာအောင် သက်ဆိုင်ရာ ဆရာဝန်၏ အဆုံးအဖြတ် အစီအစဉ်ဖြင့် ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ် လမ်းကြောင်း မှန်ပြောင်းနှင့် ကြည့်ရှု လေ့လာခြင်း၊ H.pylori ပိုးရှိမရှိ မှန်ပြောင်းနှင့်ကြည့်ခြင်း၊ အစာအိမ်နာ ဖြစ်သောနေရာမှ အသားစ ယူကာ စစ်ဆေးခြင်း(သို့) အစာအိမ် မှန်ပြောင်း မကြည့်ဘဲ H.pylori ပိုးအတွက် ပဋိပစ္စည်းများ၊ ခုခံပစ္စည်းများ ထွက်နေခြင်း ရှိမရှိ သွေးကို ဓာတ်ခွဲစစ်ဆေးခြင်း အားဖြင့်လည်း သိရှိနိုင်ပါတယ်။
  ၄။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။ 
ဆိုဒါမှုန့် ဆေးဝါးနှင့် ခေတ္တခဏ ဝေဒနာ သက်သာ စေနိုင်ပါတယ်။ ATACID ဆေးပြားများ သောက်ခြင်းဖြင့် အတော်အတန် အစာအိမ်နာရောဂါကို ဖုံးကွယ် ပေးထား နိုင်ပါတယ်။ CIETIDINE,RANITIDINE စတဲ့ ဆေးများနှင့် အစာအိမ် အနာ အများအပြားကို အနာကျက် စေနိုင်ပါတယ်။ OMEPRAZOLE ဆေးနှင့် အစာအိမ်နာ များကို အလျင်အမြန် ပျောက်ကင်း စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါများဟာ သဘာဝအလျောက် တစ်နှစ်အတွင်း ၈၀%မှာ ရောဂါ ပြန်ပေါ် တတ်ပါတယ်။ H.pylori ပိုးလုံးဝ ကင်းစင်နိုင် သောကုသမှု စတင်အသုံးပြုလာခဲ့တဲ့ ၁၉၈၀-၉၀ ပြည့်နှစ်နောက်ပိုင်းမှာ အစာအိမ်နာရောဂါကို လုံးဝ ပျောက်ကင်းအောင် စွမ်းဆောင် နိုင်ပြီဖြစ်ပါတယ်။ 
၅။ အစာအိမ်ရောဂါဖြစ်နေတယ်လို့ သိရင်ဘာလုပ်ရမလဲ။ 
သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီး လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရပါမယ်။
 ၆။ အများပြည်သူအား မှာကြားချင်သော အဓိကအကြံပေးချက်။ 
အစာအိမ်နာ ရောဂါဟာ ယခု ၂၁ ရာစုနှစ်တွင် ဆေးဝါးနှင့် လုံးဝ ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါ တစ်ခုဖြစ်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက လက်ခံ ထားကြပါပြီ။ သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန် လိုပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း မိမိသဘောနှင့် မိမိ အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင် ကြဉ် သင့်ပါကြောင်း မှာကြား ချင်ပါတယ်။
 +မြ၀တီ+
Read More...
Friday, December 26, 2014
==ဒို့ လူထုဆီကို၂၀၁၅ပြက္ခဒိန်ဖြန့် ဝေရင်းနဲ့ သူတို့ အကြောင်းတစေ့တစောင်း လေ့လာကြရအောင်ထိုက်သူအောင်ရေ==
**ပြည်သူ့ အားကို
 ဒို့ ကိုးစားလျှင်
 ဓားသွားလည်းထက်
 ခြေလှမ်းသွက်၏** တဲ့ကွ။
ဒို့ လူထုဆီကို၂၀၁၅ပြက္ခဒိန်ဖြန့် ဝေရင်းနဲ့ သူတို့ အကြောင်းတစေ့တစောင်း လေ့လာကြရအောင်
ထိုက်သူအောင်ရေ။
ဘယ်နေရာတွေကိုသွားကြမှာလဲဆိုတော့ကာထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့  တောင်ဘက်က
ဖုတ်ဖရာ့မြို့ ဆီကိုပေါ့ကွာ။မဲဆောက်ကနေတောင်ဘက်၂၈ကီလိုမီတာဆိုရင်မဲဆောက်မြို့ နယ် အဆုံးကြယ်ဒီခို့ တိုက်နယ်အပိုင်ဆုံးတာနဲ့ ဖုတ်ဖရာ့မြို့ နယ် ချောင့်ခက်မြို့ နယ်ခွဲကစအိုတိုက်နယ်စတော့
တာပဲမဟုတ်လား။ ဖုတ်ဖရာ့မြို့ နယ်ဆိုတာမြန်မာရွှေ့ ပြောင်းအလုပ်သမား(၇၀၀၀၀)လောက်ရှိပြီး ခြံတောင်ယာဆိုတဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေကိုလုပ်ကိုင်ကြတယ်လေ။စက်ရုံအချို့  ရှိပေမယ့်စိုက်ပျိုးရေးလုပ်ငန်းတွေကိုထောက်ကူပေးတဲ့အာလူးရုံ၊ပြောင်းဖူးရုံစသဖြင့်ပဲ ရှိကြပါတယ်ကွာ။
နေ့ စားခ(၀ါ)လုပ်အားခကတော့မင်းသိတဲ့အတိုင်းဖုတ်ဖရာ့မြို့ နယ်မော်ကဲရွာ ဘက်မှာဆိုရင်အလိုက်(၁၀၀၀)ဆိုတဲ့၈ျပန်နည်းပညာနဲ့ သိပ္ပံနည်းကျ သခွားခြံဝန်းကြီးသိတယ်မဟုတ်လား။အဲဒီမှာကနေ့ စားခ(၉၀-၁၀၀-၁၂၀)ဘတ်ဆိုပြီးသုံးမျိုးသုံးစားခွဲခြားထားတော့ ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်(ပြည်နယ်)၉မြို့ နယ်ထဲမှာဟောဒီဖုတ်ဖရာ့မြို့ နယ် လောက်လုပ်အားခဈေးနည်း
တာရယ်၊ဖုတ်ဖရာ့မြို့ နယ်ထဲမှာမှဟောဒီမော်ကဲရွာက ပြောတော့ဂျပန်ကုမ္ပဏီဆိုပြီးနေ့ စားခ(၀ါ)လုပ်အားခ
မတရားနည်းပါးတာ ရှိရှိပါဦးမလားကွာ။  
တိုက်သူအောင်ရေ...။ 
အဆိုတော်ရုပ်ရှင်မင်းသားကြီးဦးမြတ်လေးဆိုခဲ့တဲ့သီချင်းတစ်ပုဒ်ရှိတယ်ကွ။ **ဗူး....ဖရုံ..သခွား..ပဲ..ပြောင်း..စပါးတွေ....အလွန်ပေါပါတဲ့..မြိုင်တောခြေ... မြူးးပုံမနားပဲ....အကြောင်းတရား.
.အနှစ်တွေ..ထွန်နှောသာတဲ့..မြိုင်တောခြေ..**
ဦးမြတ်လေးရည်ရွယ်တာကမောမြေ(ရှမ်းပြည်)ပေါ့ကွာ။အဲဒီသီချင်းထဲကအတိုင်း ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်ဖုတ်ဖရာ့မြို့ နယ်ထဲမှာစိုက်ပျိုးကြပြီးထပ်မံဖြည့်စွက် ရမှာကပန်းတွေပါပဲ။နှင်းဆီပန်း၊ကုလားပန်း(ခ)ရွှေဒဂါံးပန်း၊သပြေပန်းစတာတွေနဲ့ ငြုပ်၊ကြက်သွန်နီ
ကြက်သွန်ဖြူတွေကိုထည့်လိုက်ရင်ဒီဖုတ်ဖရာ့ဒေသကလည်း ဦးမြတ်လေးသီဆိုသလိုပါပဲကွာ။
တိုက်သူအောင်ရေ...။ ဒီနှစ်တော့ကျောက်စိမ်းငြုပ်နဲ့ မျှော့ငြုပ်တွေအရောင်းမသွက်ဘူးကွ။ငြုပ်သီး စိုက်တဲ့မုံ(မြန်မာတွေအခေါါ်-မျှော့)လူမျိုးတွေကတော့ဒီနှစ်မလန်းဘူးတဲ့ကွာ။
 အေးကွ..ဒို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဟာ ၇နှစ်မြောက်ဆက်တိုက်ထုတ်ဝေဖြန့် ချီခဲ့တဲ့ပြက္ခဒိန်ကိုဖုတ်ဖရာ့မြို့ နယ်နဲ့ ချောင့်ခက်မြို့ နယ်ခွဲထဲကကျေးရွာ
တချို့ ကိုဒီနေ့ မနက်ကနေညနေအထိငါတို့  ကွင်းဆင်းခဲ့ကြတာလွတ်လပ်ပျော်ရွှင်စရာပါကွာ။လူထုကလည်းငါတို့ ကို အတော်ခင်မင်ကြတာကွ။
 အဲဒါကြောင့်ပြောတာပေါ့ကွာ။ 
 **ပြည်သူ့ အားကို
 ဒို့ ကိုးစားလျှင် 
ဓားသွားလည်းထက်
 ခြေလှမ်းသွက်၏** တဲ့ကွ။
 ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ +
+ဒီလူ့ ကြယ်+
Read More...
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)