ဇာတိချက်ကြွေ
မြန်မာ့မြေမှ
မှိုင်းဝေတောင်တန်း
ကျော်ဖြတ်သန်း၍
ထိုင်း-ရှမ်းဌာနေ
မဲဆောက်မြေသို့
နယ်စပ်သောင်ရင်း
ခြေစုံဆင်းကာ
ငါလေတခေါက် ရောက်ခဲ့ပြီ……..။
နယ်စပ်သောင်ရင်း
မြစ်သောင်ရင်းပေါ့
ရိုင်းပင်းနှစ်ပြည်
လက်တွဲညီ၍
``ချစ်ကြည်တံတား``
တည်ဆောက်ထားပြီး
သက်ထားအဖော်
လက်တွဲခေါ်၍
အပျော်ဝေငှ၊ အတူတကွနှင့်
လျှောက်လှမ်းကြပြီ…..လှမ်းကြပြီ…….။
ပေးပို့ သူ ... အိုးရှင်း
( ရွှေ့ပြောင်းအလုပ်သမားတစ်ဦး)
(24 Oct, 2008)
ဇာတိချက်ကြွေ
မြန်မာ့မြေမှ
မှိုင်းဝေတောင်တန်း
ကျော်ဖြတ်သန်း၍
ထိုင်း-ရှမ်းဌာနေ
မဲဆောက်မြေသို့
နယ်စပ်သောင်ရင်း
ခြေစုံဆင်းကာ
ငါလေတခေါက် ရောက်ခဲ့ပြီ……..။
နယ်စပ်သောင်ရင်း
မြစ်သောင်ရင်းပေါ့
ရိုင်းပင်းနှစ်ပြည်
လက်တွဲညီ၍
``ချစ်ကြည်တံတား``
တည်ဆောက်ထားပြီး
သက်ထားအဖော်
လက်တွဲခေါ်၍
အပျော်ဝေငှ၊ အတူတကွနှင့်
လျှောက်လှမ်းကြပြီ…..လှမ်းကြပြီ…….။
ပေးပို့ သူ ... အိုးရှင်း
( ရွှေ့ပြောင်းအလုပ်သမားတစ်ဦး)
No comments:
Post a Comment