အဖေနှင့်အမေ
ရည်မှန်းချက်မြင့်မြင့်မားမား ထားပြီး
ပညာသင်ခွင့်ပေး
ပညာတတ်ကြီးဆိုပြီး
လွတ်လပ်ခွင့်တွေပေး
ရိုးသားနွမ်းလျပေမယ့်
ရွေးချယ်မှုတွေမှန်ကန်
တို့သားဟာ လမ်းမှန်ရောက်လို့ ကျေနပ်ခဲ့တယ် ...။
သြော်...
အဖေနှင့်အမေ
ရင်ထဲမှာဖွင့်ပြောဖို့မထွက်ခဲ့တဲ့
ခံစားမှုတွေထဲမှာ
တရားမျှတမှုမရှိတဲ့
စစ်အာဏာရှင် လက်တစ်ဆုပ်စာအောက်မှာ
လက်ဝေခံပြည်သူကိုနှိပ်စက်ဖို့ မလုပ်ခဲ့ဘူး
ရုန်းထွက်ခဲ့တယ်ဆိုတာသိစေချင်တယ်...။
သြော် ...
အဖေနှင့်အမေ
မျက်စိကိုဖွင့် နားကိုစွင့်ပြီး
ကံဥာဏ် ၊ ဝီရိယကို
အဖော်ပြုကာ
ကောင်းကင်ကဓူဝံကြယ်ကိုကြည့်
ပင်လယ်ပြင် ကိုလက်ပစ်ကူး
မြေပြင်ရဲ့ခလုတ်ကန်သင်း
ဆူးငြှောင့် ကိုရှင်း
တောတောင် ၊ မြစ်ချောင်း ၊ လျှိုမြောင်မြေပြင်အနှံ
လူထုအတွက်
တော်လှန်ရေးလမ်းကိုလျှောက်
မကြောက်တမ်း
သားလေး
တိုင်းပြည်ဝန်ကိုထမ်းဆောင်ဆဲပါလေ ..... ။
ပေးပို့သူ ... စစ်မင်းအောင်
(စက်တင်ဘာ မျိုးဆက်)
(စက်တင်ဘာ မျိုးဆက်)
သြော် ...
အဖေနှင့်အမေ
ရည်မှန်းချက်မြင့်မြင့်မားမား ထားပြီး
ပညာသင်ခွင့်ပေး
ပညာတတ်ကြီးဆိုပြီး
လွတ်လပ်ခွင့်တွေပေး
ရိုးသားနွမ်းလျပေမယ့်
ရွေးချယ်မှုတွေမှန်ကန်
တို့သားဟာ လမ်းမှန်ရောက်လို့ ကျေနပ်ခဲ့တယ် ...။
သြော်...
အဖေနှင့်အမေ
ရင်ထဲမှာဖွင့်ပြောဖို့မထွက်ခဲ့တဲ့
ခံစားမှုတွေထဲမှာ
တရားမျှတမှုမရှိတဲ့
စစ်အာဏာရှင် လက်တစ်ဆုပ်စာအောက်မှာ
လက်ဝေခံပြည်သူကိုနှိပ်စက်ဖို့ မလုပ်ခဲ့ဘူး
ရုန်းထွက်ခဲ့တယ်ဆိုတာသိစေချင်တယ်...။
သြော် ...
အဖေနှင့်အမေ
မျက်စိကိုဖွင့် နားကိုစွင့်ပြီး
ကံဥာဏ် ၊ ဝီရိယကို
အဖော်ပြုကာ
ကောင်းကင်ကဓူဝံကြယ်ကိုကြည့်
ပင်လယ်ပြင် ကိုလက်ပစ်ကူး
မြေပြင်ရဲ့ခလုတ်ကန်သင်း
ဆူးငြှောင့် ကိုရှင်း
တောတောင် ၊ မြစ်ချောင်း ၊ လျှိုမြောင်မြေပြင်အနှံ
လူထုအတွက်
တော်လှန်ရေးလမ်းကိုလျှောက်
မကြောက်တမ်း
သားလေး
တိုင်းပြည်ဝန်ကိုထမ်းဆောင်ဆဲပါလေ ..... ။
ပေးပို့သူ ... စစ်မင်းအောင်
(စက်တင်ဘာ မျိုးဆက်)
(စက်တင်ဘာ မျိုးဆက်)
No comments:
Post a Comment