(ဂုရုဖုန်း ၏စကားမဆုံးခင်မှာပင် သင်တန်းသား ဆိတ်ကျောင်းသားများ က… …)
(ဆိတ်ကျောင်းသား ဂုတ်ဘွိုင်များ တပြိုင်နက်) အဲဒါလည်း ဘာဆန်း လို့ လဲဗျ… ဂုရုဖုန်းပြောတဲ့လစ်ပိုဒီမိုကရေစီ ဆိုတာ ကျူပ်တို့ သောက် ဖူးနေတာပဲ။ မိုးရွာတဲ့အခါ လစ်ပိုကိုသောက်ရင်းကျူပ်တို့ ဆောင်းထား တဲ့ ခမောက်တွေပေါ်ကနေ ဒီမိုးကရေ စီးသလား မမေးနဲ့ ။ပေါက် ကနဲ , ဖောက်ကနဲ နေတာပဲ… ..။
(ဂုရုဖုန်း) အိန်း … အိန်း၊ ငါက ကောင်းဘွိုင်တွေ, ရှိ(တ်)ဘွိုင်တွေ,ဂုတ် ဘွိုင်တွေဆိုပြီး အထင်စမော မိတာကိုး … …။ ကြည့်စမ်း …သိနေတာ မှ …တခါထဲ ဒေါက်တာဘွဲ့ ပေးရလောက်တယ်…။
ကဲပါလေ … ငါဖောရမှာက (အဲလေ) ငါပြောရမှာက ကုန်ပြီ…။ ငါလည်း ကျက်ထားမှတ်ထားသမျှ အိတ်သွန် ပြည့်တန်ဆာမှောက် ဆိုသလို……
(ဂုတ်ဘွိုင်များ တပြိုင်နက်) အိတ်သွန်ဖာမှောက် မဟုတ်ဘူးလား ဂုရု ဖုန်း။
(ဂုရုဖုန်း) အတူတူပါပဲကွာ…၊ မင်းတို့ ဟာက သိပ်တော်လွန်း၊ ကွက်တိ သိလွန်းနေတော့ အကျွန်ုပ်လို ဂုရုကြီးလည်း ပြောစရာကုန်ပြီ၊ ကိုင်း … ကိုင်း… ငါ့တပည့်နွားမရေးရာ ကျွမ်းကျင်သူတွေကို အလှည့်ပေးလိုက် ဦးမယ်။ ကဲ… …လာကြ၊လာကြ စည်ပိုင်းပြတ်ပေါ်တက်ကြကွဲ့ …။
(ဂုရုဖုန်း ၏ဖိတ်ခေါ်စကားအဆုံး၌ ဘယ်အချိန်ကတည်းက
စင်ပေါ်တက် ရန်ပြင်နေမှန်း မသိသော နွားမရေးရာ ကျွမ်းကျင်သူ ၄ဦး တို့ သည် အလုအယက် စည်ပိုင်းပြတ်ပေါ် တက်လာကြကုန်၏။)
(အီကြာကွေး) ကျနော်တို့ က နွားမရေးရာ ကျွမ်းကျင်သူတွေပါ။ နွားမ ဆိုရာမှာ အရှေ့ တောင် အာရှဘက်က နွားမရေးရာလည်း ပါသလို အရှေ့ နဲ့ ၊အရှေ့ မြောက်အာရှ ၊အရှေ့ အလယ်ပိုင်း၊ အနောက်အာရှ စသဖြင့် အာခေါင်ကိုရှတတ ဖြစ်စေမယ့် တောကွမ်းယာ တောဆေး ပြင်းလိပ်တွေ ၀ါးကြ, သောက်ရသလို ပေါ့ ခင်ဗျာ…။
(ကောင်းဘွိုင်များတပြိုင်နက်) နေတော့၊ထားတော့။ ကျူပ်တို့ က ကောင်းဘွိုင်တွေပါဆိုနေမှ ခင်ဗျားဖာသာ ခင်ဗျား နွားမရေးရာပဲ ကျွမ်း ကျင်, ကျွမ်းကျင် … နွားထီးတွေနဲ့ ပဲ နပန်းလုံးလုံး ကျူပ်တို့ က အရေး မကြီးဘူးဗျ… တော်ပါတော့ဗျာ၊ ရပ်ပါတော့… ။
(အီကြာကွေး) ဟိုဟာက …ဟိုလိုပါ၊ ဒီဟာက … ဒီလိုပါ။ သူငယ်ချင်း ရေ … ကိုနံပြားရေ … မင်းအလှည့်နော်..
(နံပြား) အဟမ်း… အဟမ်း ၊ အလှည့်ကျတော့လည်း ဆိုက္ကားထွက် ရမှာပေါ့ဗျာ …(အဲလေ) အလှည့်ကျတော့လည်း ပြောရမှာပေါ့ဗျာ။ ကျနော်က စီးပွားရေး ကျွမ်းကျင်သူဆိုတော့ ဇီးကွက်စီးပွားရေး အကြောင်း နည်းနည်းပါးပါး ရှင်းပြ …. ….
(နံပြား၏ စကား မဆုံးခင်ပင် … )
(ဂုတ်ဘွိုင်များ တပြိုင်နက် ) အမေလေးဗျာ .. ဇီးကွက်စီးပွားရေးများ ပြောမနေစမ်းပါနဲ့ ၊ ပြူးတူးပြဲတဲ ဇီးကွက်မျက်နှာကြီးနဲ့ လုပ်စားတဲ့ စီးပွားရေးစနစ် မဟုတ်လား။ နောက်တစ်ခုက ညမှာ ထွက်တဲ့ ဇီးကွက် တွေလို စားဝတ်နေရေး အခက်အခဲကြောင့် ပြည့်တန်ဆာတွေ ပိုမို များ ပြားလာစေတဲ့ မြန်မာပြည်က (နအဖ) နွားအဖွဲ့ ရဲ့ တစ်ဘို့ တည်းထား စီးပွားရေးစနစ် မဟုတ်ပါလား။ သိပြီးသားပါဗျာ၊ အသစ် တစ်ခုခု ကျူပ် တို့ ကိုပြောပြပါလား။
(ဆရာနံပြားလည်း ဖင်ကုတ်တော့မလို၊ ခေါင်းကုတ်တော့မလိုနှင့် အကုန်လုံး မကျန်ကုတ်ကာ စည်ပိုင်းပြတ် စင်မြင့်ပေါ်က ဆင်းသွား လေ၏) ဟော …လာပြန်ပါပြီ နောက်ထပ်ကျွမ်းကျင်သူတစ်ယောက်…
(စမူဆာ) ကဲ.. ကဲ ..မိတ်ဆွေတို့ က ထော်လာဂျီတွေ မြင့်မားကြသူ တွေဆိုတော့ ဒီလိုလုပ်ဗျာ၊ ခင်ဗျားတို့ အောက်ကနေ နားထောင်ရတာ လည်း ညောင်းလှရောပေါ့ ၊ ဒီဝပ်ရှော့(တ်)လုပ်တာက သာလာယံဇရပ် မှာဆိုတော့ ပိုပြီး ပေါ့ပေါ့ပါးပါး , လှုပ်လှုပ်ရှားရှား ဖြစ်သင့်တယ်ထင် တယ်ဗျ။ ကဲ… ဒါကြောင့် အားလုံးမတ်တပ်ရပ်ပြီး သေး ပေါက် (အဲလေ) ကျနော် လုပ်သလို လိုက်လုပ်ပေးကြပါခင်ဗျာ။ သီချင်းလေး ဆိုမယ်နော် …" လက်ကလေး .. ရှေ့ ထုတ် အုံး …လက်ကလေး…ရှေ့  ထုတ်အုံး… ဗေဒါ … ဂိုဏ်းသားများ … ၀၀ စားရလား… လက်ကလေး ..ရှေ့ ထုတ်အုံး… လက်ကလေး ရှေ့ ထုတ်အုံး…။ "
အားလုံးမတ်တပ်ရပ်ကြသောအခါ ဆရာ စမုဆာသည် လက်နှစ်ဖက် ကို ရှေ့ သို့ ဆန့် ထုတ်ကာ တရုတ်သိုင်းကား , တရုတ်သိုင်းဝထ္တု များ ထဲမှ ဗေဒါ ဂိုဏ်း(ခေါ်) တေလေဂိုဏ်း သားများ၏ တောင်းရမ်းပုံ တောင်းရမ်းနည်း လေ့ကျင့်ကွက်ကိုလည်းကောင်း၊ ရေသန့် ဗူးကို လက်မှာ ပီပီပြင်ပြင်ကိုင်ကာ လစ်ဂျစ်စီ ပုလင်းအလား , ဘီယာချမ်း အလား , အကောင်းစား နိုင်ငံခြားဖြစ် ယမကာ ပုလင်းများအလား သဘောထားကြကာ အရည်သောက်တော်လှန်ရေးကို ဆင်နွဲနေသည့် အလား စတိုင်လ်ထွားကာလည်းကောင်း၊ ခေါင်း လေ့ကျင့်ခန်း၊အမူးနှင့် အရှုးများ၏ ခြေလှမ်း လှမ်းပုံ၊ လေ့ကျင့်ခန်းပေါင်းစုံတို့ ကိုလည်း ကောင်း၊ မနှစ်ခြိုက်သော်ငြားလည်း အများက မိုးခါးရေကိုသာမက ဆေးခါးပေါင်းစုံ , အရည်ခါးပေါင်းစုံကို အမှန်တရား ကဲ့သို့ ထူထောင် နေတာများအားစည်ပိုင်းပြတ်ပေါ်မှ လုပ်ပြနေတာကိုတွေ့ ရသည်။
ဤသို့ ဖြင့် ညနေ(၀၅း၀၀)နာရီခန့် တွင် သင်တန်းသားဂုတ်ဘွိုင် ,ရှိ(တ်)ဘွိုင်, ကောင်းဘွိုင်များမှာ ဆိတ်သိမ်း,သိုးသိမ်း,နွားသိမ်းချိန် ရောက်ပြီဖြစ်၍ ၀မ်းဒေး ၀ပ်ရှော့(တ်)ကို စခန်းသိမ်းကြကာ စိတ်ဝင်တစားစောင့်ကြည့်နေကြသော ထိုင်း -မြန်မာနယ်စပ်မှ အဝေး ရောက်မြန်မာပြည်သားများနှင့် ရွေ့ ပြောင်း အလုပ်သမားများ သိစေရန် အဆိုပါ ၀ပ်ရှော့(တ်)မှ သုံးသပ်ကြေညာချက်တစ်ရပ်အား ထုတ်ပြန် လိုက်သည်ကို ဖတ်ကြရ၏။
ကြေညာချက်ထဲတွင် သာလာယံ ၀မ်းဒေး ၀ပ်ရှော့(တ်)မှ ၀ူရှူး လက်ကွက် ရှေ့ ဆန့် ထုတ်သော လေ့ကျင့်ခန်းကို သင်တန်းဆရာနှင့် သင်တန်း သားများ ဆက်လက်လေ့ကျင့်ရန် သဘောတူကြကြောင်း၊ မဲဆောက်မြို့ ရှိခန်းနားလှသော ရီဆော့ တစ်ခုတွင် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့သော သရီးဒေး ၀ပ်ရှော့(တ်)ကြီးအတွက် အဖွဲ့ အစည်း အသီးသီးမှ အနည်းဆုံး MA, MSC အဆင့်ရှိ ပညာတတ်များအား ဧည့်ခံကျွေးမွေး စားရိတ်က မည်မျှကုန်ကျကြောင်း၊ သင်တန်းသား များအား ဖျော်ဖြေရေးက ဘယ်ကလောက် ကုန်ကျကြောင်း၊ ရီဆော့ ငှားရမ်းခက ၀ှီလို ၀ှီလို အကုန်အကျရှိကြောင်း၊သင်တန်းသားများအ တွက် လမ်းစရိတ်နှင့် သင်ထောက်ကူပစ္စည်းကလည်း ဤရွေ့ ဤမျှ အကုန်အကျရှိကြောင်း ၊ သင်တန်းတွင် သင်တန်းဆရာ ငှားရမ်းခ အလွန် တရာဈေးကြီးပါကြောင်း ၊ သင်တန်းဆရာများ ဆွေးနွေးပို့ ချ သွားသော နွားမအရေး၊ နွားထီးအရေး၊ နွားထီးမဟုတ်, နွားမမဟုတ် စပ်ကြား နွားအရေး ၊ဇီးကွက်စီးပွားရေး ၊လစ်ပိုဒီမိုကရေစီ ၊ ထော်လာဂျီ စသည် စသည်တို့ ကို နိုးကြားတက်ကြွစွာ ဆွေးနွေးခဲ့ပါကြောင်း အစီရင်ခံတင်ပြလိုက်ပါ သတည်း။ ။
တင်ပြသူ။ ။ ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)
မှတ်ချက်။ ။စင်္ကာပူ ဟု မှားယွင်းမဖတ်မိပါစေနှင့် …..
(ဂုရုဖုန်း) အိန်း… …ဒီလောက်တောင် ဖျံကျတွေးနည်း (အဲလေ) ဖြန့်  ထွက်တွေးနည်းDivergent Thinking Method (D.T.M နည်းနာ ) တော်လှ၊ချွန်လှတဲ့တပည့်ရှော် တွေကို လစ်ဘရယ် ဒီမိုကရေစီ ဆိုတာလေး ပြော… ပြော…။

No comments:
Post a Comment