ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 2, 2008

အမေရိကန်သမ္မတများနှင့် ကျနော်သိသော အမေရိကန် ပြည်အကြောင်း…အပိုင်း-၁

> (2 Nov, 2008)

“အမေရိကန်ဟေ့” ဟု ဆိုလိုက်လျှင် ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးမှန်း ပြေး၍မြင်ယောင်ကြည့်ကြသည်။ ကမ္ဘာ့စူပါ ပါဝါနိုင်ငံ ကြီး(၀ါ) ကမ္ဘာ့နံပါတ်တစ်နေရာကို ပြိုင်ဘက်မရှိရယူထားသောနိုင်ငံကြီးမှန်းပြောစရာ၊ မေးစရာမလိုအောင် အထင်ကြီး လေးစားကြရသည်။
လူဆိုတာက အထင်ကြီးစရာရှိပါမှ သူ့စံနှုန်းနှင့်သူ အထင်ကြီးမည်။ လေးစားလောက်သော စွမ်းရည်ရှိပါမှ လေးစားကြ မည်မှာ သဘာဝနိယာမပါလေ။ ကျနော်မှတ်မိသမျှ အမေရိကန်ပြည်ထောင်စုအကြောင်းကို စီကာစဉ်ကာတင်ပြရာတွင် လိုအပ်ချက်များတွေ့ရှိပါက အားမနာတမ်းဝင်ရောက်ထောက်ပြကာ ဖြည့်စွက်ပေးပါရန် တခါတည်း၊ တပြိုင်တည်း ပန် ကြားအပ်ပါသည်။
အမေရိကန်ပြည်ထောင်စုသည် မြောက်အမေရိကတိုက်တွင် တည်ရှိပြီး(အမေရိက)ဟူသော အမည်သည် ကမ္ဘာ့စွန့်ဦး ခရီးသွားလှုပ်ရှားရေးဝါဒီဖြစ်သူ(အမေရိကိုစပုချီ)၏ အမည်ကို ဂုဏ်ပြုဖော်ပြထားခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင် စု၏ ရှေ့ဦးသမိုင်းဘ၀များကို (39)ခေါ် ၃၉ ပင်လယ်ပြင် သီချင်းထဲတွင် ဤသို့တွေ့ရသည်။ သွားလေသူ အဆိုကျော် မင်းမင်းလတ်က (၃၉-ပင်လယ်ပြင်)သီချင်းတွင် ဤသို့ ဤပုံဆိုခဲ့လေသည်။
“၃၉xxx ခုနှစ်က xxx ရွက်သင်္ဘောတွေဒီမှာစုစည်းxxx အဲဒီတုန်းကxxx မြေကရှားသတဲ့xxx ပင်လယ်ပြာကြီးထဲxxx ရွက်သင်္ဘောတွေရေကိုကျော်xxx ကျွန်ုပ်ရဲ့အလှxxx မဟာရူခင်းxxx
နေ့ကဆုံးxxx ညသို့အကူးxxx ရာဇ၀င်မှာxxx သတ္တိတွေကိုxxx အဲဒီထဲကxxx ယူခဲ့ကြသတဲ့xxx ပျင်းရိဘွယ်xxx နေ့များအား xxx ပင်လယ်လှိုင်းတွေxxx စီးဖြတ်သန်းxxx နောက်သို့မကြည့်xxx လုံးဝမကြောက်xxx အမြဲတမ်းမငိုxxx
CHO,(နင်နဲ့ နှစ်များကွဲxxx ငါကဟစ်အော်xxx မကြားပြီလားxxx ငါကဟစ်အော်xxx မကြားဘူးလားxxx ရွှေစာလုံး သဲထဲ xxx အလွမ်းများရေးxxx ငါတို့မြေးများရှိတဲ့အရပ်xxx မင်းနဲ့ ငါxxx လက်ထပ်တာ ဘယ်ခါမမေ့xxx)
၃၉ ပင်လယ်ပြင်xxx ရွက်သင်္ဘောတစီးဝင်လာတယ်xxx သူရဲကောင်းများအားပါးတရxxx ကမ္ဘာသစ်တွေ့ရှိတဲ့သတင်း xxx သူတို့အရပ်မှာအော်နေကြxxx သူ့တို့နှလုံးသားxxx မြူးလို့ပျော်တယ်xxxxxx
(CHO, ကို ပြန်ကျော့ဆိုပါ…)
ဤသီချင်းသည် ရွှေဓါတ်ပြားဆုရခဲ့သော ပရက်စလေ၏ အကျော်ကြားဆုံး သီချင်းများထဲမှ တပုဒ်ဖြစ်သည်။
မင်းမင်းလတ်… ပြန်ဆိုသော ကော်ပီသီချင်းကလည်း အားကောင်းလှသည်။ ၃၉… ၃၉… ၃၉… ၃၉……။ ဘာ,၃၉ လဲ…? ၁၆၃၉ ခုနှစ်တွင် အမေရိကတိုက်ကို တွေ့ရှိသော ခုနှစ်ဖြစ်သည်။ ဗြိတိသျှကျွန်းတွင် ဘုရင်စနစ်ကိုဆန့်ကျင်သော သမ္မတ ဂိုဏ်းသား အော်လီဗာခရွှမ်းဝဲ၏ ပျူရီတန်လူထုဂိုဏ်းသားများမှ ကျွန်းကိုစွန့်ခွာကာ အမေရိကတိုက်သစ်သို့ ရွက်လှေများ ဖြင့် ပင်လယ်ပြင်သူရဲကောင်းဆန်ဆန် တော်လှန်လာခဲ့ကြခြင်းဖြစ်သည်။ အမေရိကတိုက်သစ်သို့ရောက်စက ဒေသခံ ရက်အင် ဒီးယန်း(လူနီ)များ၊ စပိန်များ၊ ပြင်သစ်များနှင့် နေ့ညမဆိုင်းတိုက်ခိုက်ခဲ့ရသည်။ (၁၆၃၉)ခုနှစ်က အမေရိက တိုက်သစ်သည် အတ္တလန္တိတ်သမုဒ္ဒရာဆီသို့ ရွက်လွင့်လာကြသော ပျူရီတန်(ခေါ်) အမေရိကန်သူရဲကောင်းများ၏ ရှေးဦး ပုံရိပ်လွှာများမှာ အံ့မခန်းဖြစ်ခဲ့ကြသည်။ အမေရိကန်တိုက်မြေကို ဆင်းဆင်းချင်း နင်းခွင့်မရခဲ့ကြပေ။ ဒေသခံ ရက်အင်ဒီး ယန်း(လူနီ)များ၏ မြားများ၊ လှံများက အမေရိကတိုက်တိုက်မြေကို နင်းခွင့်မပေးချင်မှန်းသိသာလှသည်။ ထို့အပြင် ၁၆ ရာစုကတည်းက ကိုလိုနီနယ်ချဲ့ဖြစ်ပြီး အမေရိကတိုက်သစ်သို့ ရောက်နှင့်နေကြသော စပိန်နှင့် ၁၇ ရာစုလောက်တွင် ရောက်လာသော ပြင်သစ်များကလည်း ရေတပ်သင်္ဘောကိုယ်စီ အမြောက်နှင့် သေနတ်ကိုယ်စီဖြင့် အဆိုပါအမေရိကန် သူရဲကောင်းများကို ကမ်းလင့်ကာ လှမ်းလင့်ကြိုခဲ့ကြပေသည်။ ထိုသို့သော လက်နက်ကိုင်တော်လှန်ရေးများကို အန်တု ရင်ဆိုင်ကာ အမေရိကတိုက်သစ်သို့ ရောက်ရှိလာကြသူများသည် မိမိတို့ကိုယ်ကို ဗြိတိသျှကျွန်းဆီက ပျူရီတန်ဂိုဏ်း သားများအဖြစ်မှ (ကျနော်တို့အားလုံးဟာ အမေရိကန် We are American) ဟူ၍ ဖြစ်လာခဲ့ကြပေသည်။

အပိုင်း-၂ ဆက်လက်ဖော်ပြပါမည်။
ပေးပို့သူ… သောင်ရင်းနဂါး

(2 Nov, 2008)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)