အမိမြေသည် လုံးပါးပါးချေပြီ။ အမိမြေသည် အမျိုးသားခေါင်းဆောင်၏ ရုပ်ပုံလွှာကို တမြတ်တနိုးတန်ဖိုးထားကာ မြင်လို၊ တွေ့လို၊ တမ်းတလိုသူတို့အတွက် ၁၀-ကျပ်၊ ၅-ကျပ်တန်များပါးလာ၊ ရှားလာလေပြီတည့်။ အို… အမိမြေ၊ သင့်ရဲ့ရင်ခွင်မှာ အနိုင်ကျင့်တတ်သော ဓားပြများက နလဗိန်းတုံး အချောင်သမားများအာဏာလုအဖွဲ့(နအဖ)မှ ဗိုလ်ကျလွှမ်းမိုးနေဆဲ မဟုတ်ကလား။
“xxx အမိမြေကိုxxx တရားမျှစေလိုxxx အမိမြေကိုxxx ငြိမ်းချမ်းစေလိုxxx အမိမြေကိုxxx လွတ်လပ်စေလိုxxx တော်လှန်ရေးသည်xxx ငါတို့ကျောင်းxxx တော်လှန်ရေးသည်xxx ငါတို့ကျောင်းxxx (တော်လှန်ရေးသည်xxx ငါတို့တက္ကသိုလ်xxx)၂
xxx လာပြီxxx လာပြီxxx ခွပ်ဒေါင်းxxx အောင်ပြီxxx အောင်ပြီxxx ခွပ်ဒေါင်းxxx ပြည်သူတွေနဲ့ စုပေါင်းxxx သွေးချွေးxxx မျက်ရည်xxx ဒို့လောင်းxxx ခွပ်ဒေါင်း အိုးဝေပျိုxxx
(တော်လှန်ရေးသည်xxx ငါတို့ကျောင်းxxx)၂ တော်လှန်ရေးသည်xxx ငါတို့တက္ကသိုလ်xxx
တော်လှန်ရေး….တဲ့။ ရိုးရိုးလေးပါ။
တော်= တော်တည့်မှန်ကန်သော
လှန်= ပြောင်းပြန်လှန်ခြင်း (၀ါ) ပြုပြင်ပြောင်းလဲခြင်း။
ရေး= ကိစ္စ
ဒါကြောင့်မို့လို့ “တော်လှန်ရေး” ဆိုတာ(တော်တည့်မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စ) ဆိုရင်ကော ရှင်းရှင်းလေး မသိမြင်နိုင်ဘူးလားဗျာ။
“ချေဂွေဗားရား”တဲ့။ ဒါက တော်လှန်ရေးရဲ့ အမှတ်တံဆိပ်တစ်ခု (၀ါ)ကြီးမြတ်တဲ့ မဟာလူသားတစ်ဦး ရယ်ပါ။
“ဟိုချီမင်း”တဲ့။ ငုယင်အိုက်ကွတ်တဲ့။
ဗီယက်နမ်နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သလို တော်လှန်ရေးရဲ့ မြင့်မြတ်တဲ့ သင်္ကေတတစ်ခု (၀ါ) ကြီးမြတ်တဲ့ မဟာလူသားတစ်ဦးရယ်ပါ။
“ဗီအိုင်လီနင်”တဲ့။ ဗလာဒီမာအီးလီးယက်စ် လီနင်တဲ့။ ဆိုဗီယက်ရုရှားနိုင်ငံတော်ရဲ့ အမျိုးသားခေါင်းဆောင်တစ်ဦးလည်းဖြစ်သလို ကြီးမြတ်တဲ့ မဟာလူသားတစ်ဦး(၀ါ) တော်လှန်ရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
“သောမတ်စ်ပိန်း(တွမ်ပိန်း)”တဲ့။ အမေရိကန်အတွက်ရော၊ ပြင်သစ်အတွက်ပါ တော်လှန်ရေးနယ်ပယ်ရဲ့ သဘောတရားရေးရာမှူးတစ်ဦးအနေနဲ့ကျော်ကြားခဲ့သူဖြစ်ပါတယ်။
“ဂျော့ခ်ျဝါရှင်တန်”တဲ့။ အမေရိကန်ပြည်ရဲ့ အမျိုးသားခေါင်းဆောင်အဖြစ်သာမက အင်္ဂလိပ်နယ်ချဲ့တို့ ကို တော်လှန်ခဲ့သူ တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး တစ်ဦးလည်း ဖြစ်ပေသပေါ့ဗျာ။
“ဗိုလ်ချုပ်အောင်ဆန်း”တဲ့။ မြန်မာပြည်ရဲ့ အမျိုးသားခေါင်းဆောင်၊ ဖက်ဆစ်ဂျပန်ကိုရော၊ နယ်ချဲ့အင်္ဂလိပ်ကိုပါ တော်လှန်ခဲ့သူ တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်ပေသပေါ့ဗျာ။
တော်လှန်ရေးဟူသော အကျိုးတရားနှင့် အမျိုးအစားမတူညီတာက (အော်လန်ပြေး)ပင်ဖြစ်သည်။ မျှစ်နှင့် ငပိမစားနိုင်သဖြင့် (၀ါ)တတိယနိုင်ငံသွားချင်သဖြင့်(၀ါ) တော်လှန်ရေးဒဏ်တမျိုးမျိုးကို မခံစားနိုင်ကြသောကြောင့် (အမေလေး ကြောက်ပါပြီဗျ)ဟူ၍ အော်ဟစ်ကာ တပ်လှန်ကာ ထွက်ပြေးကြတာတွေရှိသည်။ သို့သော် သူတို့ကို သွားမမေးပါနှင့်။ တော်လှန်ရေးစကားမှ တဖ၀ါးမခွာကြပါချေ။
တော်လှန်ရေးသည် နိုင်ငံရေးနည်းလမ်းဖြင့် မရသဖြင့် အခြားနည်းဖြင့် ဖြေရှင်းရသော စစ်ရေးနည်းလမ်းပင်ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)ဟူသည် ကမ္ဘာ့အလယ်တွင် တစ်တပ်တည်းရှိသော ကျောင်းသားတပ်ဖြစ်သဖြင့် ပီပြင်စေချင်ပါသည်။ ပြည်သူတို့နှလုံးဘ၀င်တွင် ကြည်ရွှင်စေချင်ပါသည်။ တဆက်တည်းမှာပင် ပြည်ချဉ်သော ကြေးစားတပ်ဖြစ်သည့်(နအဖ-စစ်တပ်)ကိုလည်း မြန်မာ့လွတ်လပ်ရေးတပ်မတော် (BIA)က အင်္ဂလိပ်နယ်ချဲ့ကို တိုက်ခိုက်သကဲ့သို့ တိုက်ခိုက်စေချင်ပါသည်။
ဤဆန္ဒအ၀၀တို့သည် ကျနော်တစ်ဦးတည်း၊ တစ်ယောက်တည်း၏ သဘောထားများမဟုတ်ပဲ ကျနော်သွား လာကြုံတွေ့စဉ် တွေ့မြင်ခဲ့ရသော အများပြည်သူတို့၏ သဘောထားများသာ ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
တင်ပြသူ…သောင်ရင်းနဂါး….
ကျနော်တို့အမိမြေသည် သဘာဝသယံဇာတ မည်မျှအထိပေါကြွယ်ဝသည်ကို ကျနော်တို့သာမက နိုင်ငံတကာကပါ သိကြပေသည်။ သို့ရာတွင် ယနေ့အခါသမတွင်မူ စစ်အုပ်စု၏ န၀တ/ နအဖ အဖြစ် အနှစ် ၂၀ သူ့ရှေ့က ဗိုလ်နေ၀င် စစ်အုပ်စု၏ မဆလ တစ်ပါတီစနစ်က ၂၆ နှစ် စသည်ဖြင့် တိုင်းပြည်နှင့် လူမျိုးကို ဗိုလ်ကျအုပ်စိုးကာ အရယူခဲ့သည်ဖြစ်သဖြင့် အဆိုပါ သယံဇာတများ ဟူသည် အနည်းအကျဉ်းသာ ကျန်ပါတော့သည်။
အမိမြေသည် လုံးပါးပါးချေပြီ။ အမိမြေသည် အမျိုးသားခေါင်းဆောင်၏ ရုပ်ပုံလွှာကို တမြတ်တနိုးတန်ဖိုးထားကာ မြင်လို၊ တွေ့လို၊ တမ်းတလိုသူတို့အတွက် ၁၀-ကျပ်၊ ၅-ကျပ်တန်များပါးလာ၊ ရှားလာလေပြီတည့်။ အို… အမိမြေ၊ သင့်ရဲ့ရင်ခွင်မှာ အနိုင်ကျင့်တတ်သော ဓားပြများက နလဗိန်းတုံး အချောင်သမားများအာဏာလုအဖွဲ့(နအဖ)မှ ဗိုလ်ကျလွှမ်းမိုးနေဆဲ မဟုတ်ကလား။
“xxx အမိမြေကိုxxx တရားမျှစေလိုxxx အမိမြေကိုxxx ငြိမ်းချမ်းစေလိုxxx အမိမြေကိုxxx လွတ်လပ်စေလိုxxx တော်လှန်ရေးသည်xxx ငါတို့ကျောင်းxxx တော်လှန်ရေးသည်xxx ငါတို့ကျောင်းxxx (တော်လှန်ရေးသည်xxx ငါတို့တက္ကသိုလ်xxx)၂
xxx လာပြီxxx လာပြီxxx ခွပ်ဒေါင်းxxx အောင်ပြီxxx အောင်ပြီxxx ခွပ်ဒေါင်းxxx ပြည်သူတွေနဲ့ စုပေါင်းxxx သွေးချွေးxxx မျက်ရည်xxx ဒို့လောင်းxxx ခွပ်ဒေါင်း အိုးဝေပျိုxxx
(တော်လှန်ရေးသည်xxx ငါတို့ကျောင်းxxx)၂ တော်လှန်ရေးသည်xxx ငါတို့တက္ကသိုလ်xxx
တော်လှန်ရေး….တဲ့။ ရိုးရိုးလေးပါ။
တော်= တော်တည့်မှန်ကန်သော
လှန်= ပြောင်းပြန်လှန်ခြင်း (၀ါ) ပြုပြင်ပြောင်းလဲခြင်း။
ရေး= ကိစ္စ
ဒါကြောင့်မို့လို့ “တော်လှန်ရေး” ဆိုတာ(တော်တည့်မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စ) ဆိုရင်ကော ရှင်းရှင်းလေး မသိမြင်နိုင်ဘူးလားဗျာ။
“ချေဂွေဗားရား”တဲ့။ ဒါက တော်လှန်ရေးရဲ့ အမှတ်တံဆိပ်တစ်ခု (၀ါ)ကြီးမြတ်တဲ့ မဟာလူသားတစ်ဦး ရယ်ပါ။
“ဟိုချီမင်း”တဲ့။ ငုယင်အိုက်ကွတ်တဲ့။
ဗီယက်နမ်နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သလို တော်လှန်ရေးရဲ့ မြင့်မြတ်တဲ့ သင်္ကေတတစ်ခု (၀ါ) ကြီးမြတ်တဲ့ မဟာလူသားတစ်ဦးရယ်ပါ။
“ဗီအိုင်လီနင်”တဲ့။ ဗလာဒီမာအီးလီးယက်စ် လီနင်တဲ့။ ဆိုဗီယက်ရုရှားနိုင်ငံတော်ရဲ့ အမျိုးသားခေါင်းဆောင်တစ်ဦးလည်းဖြစ်သလို ကြီးမြတ်တဲ့ မဟာလူသားတစ်ဦး(၀ါ) တော်လှန်ရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
“သောမတ်စ်ပိန်း(တွမ်ပိန်း)”တဲ့။ အမေရိကန်အတွက်ရော၊ ပြင်သစ်အတွက်ပါ တော်လှန်ရေးနယ်ပယ်ရဲ့ သဘောတရားရေးရာမှူးတစ်ဦးအနေနဲ့ကျော်ကြားခဲ့သူဖြစ်ပါတယ်။
“ဂျော့ခ်ျဝါရှင်တန်”တဲ့။ အမေရိကန်ပြည်ရဲ့ အမျိုးသားခေါင်းဆောင်အဖြစ်သာမက အင်္ဂလိပ်နယ်ချဲ့တို့ ကို တော်လှန်ခဲ့သူ တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး တစ်ဦးလည်း ဖြစ်ပေသပေါ့ဗျာ။
“ဗိုလ်ချုပ်အောင်ဆန်း”တဲ့။ မြန်မာပြည်ရဲ့ အမျိုးသားခေါင်းဆောင်၊ ဖက်ဆစ်ဂျပန်ကိုရော၊ နယ်ချဲ့အင်္ဂလိပ်ကိုပါ တော်လှန်ခဲ့သူ တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်ပေသပေါ့ဗျာ။
တော်လှန်ရေးဟူသော အကျိုးတရားနှင့် အမျိုးအစားမတူညီတာက (အော်လန်ပြေး)ပင်ဖြစ်သည်။ မျှစ်နှင့် ငပိမစားနိုင်သဖြင့် (၀ါ)တတိယနိုင်ငံသွားချင်သဖြင့်(၀ါ) တော်လှန်ရေးဒဏ်တမျိုးမျိုးကို မခံစားနိုင်ကြသောကြောင့် (အမေလေး ကြောက်ပါပြီဗျ)ဟူ၍ အော်ဟစ်ကာ တပ်လှန်ကာ ထွက်ပြေးကြတာတွေရှိသည်။ သို့သော် သူတို့ကို သွားမမေးပါနှင့်။ တော်လှန်ရေးစကားမှ တဖ၀ါးမခွာကြပါချေ။
တော်လှန်ရေးသည် နိုင်ငံရေးနည်းလမ်းဖြင့် မရသဖြင့် အခြားနည်းဖြင့် ဖြေရှင်းရသော စစ်ရေးနည်းလမ်းပင်ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)ဟူသည် ကမ္ဘာ့အလယ်တွင် တစ်တပ်တည်းရှိသော ကျောင်းသားတပ်ဖြစ်သဖြင့် ပီပြင်စေချင်ပါသည်။ ပြည်သူတို့နှလုံးဘ၀င်တွင် ကြည်ရွှင်စေချင်ပါသည်။ တဆက်တည်းမှာပင် ပြည်ချဉ်သော ကြေးစားတပ်ဖြစ်သည့်(နအဖ-စစ်တပ်)ကိုလည်း မြန်မာ့လွတ်လပ်ရေးတပ်မတော် (BIA)က အင်္ဂလိပ်နယ်ချဲ့ကို တိုက်ခိုက်သကဲ့သို့ တိုက်ခိုက်စေချင်ပါသည်။
ဤဆန္ဒအ၀၀တို့သည် ကျနော်တစ်ဦးတည်း၊ တစ်ယောက်တည်း၏ သဘောထားများမဟုတ်ပဲ ကျနော်သွား လာကြုံတွေ့စဉ် တွေ့မြင်ခဲ့ရသော အများပြည်သူတို့၏ သဘောထားများသာ ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
တင်ပြသူ…သောင်ရင်းနဂါး….
No comments:
Post a Comment