xxxx ရွှေကောက်ပင် ၀ါဝင်းလို့ 
လုပ်ခင်းတဲ့လယ်တာ
သာပါဘိလေး…..။
xxxx မလေးရဲ့ မောင်
ထုံးရွှေယောင် …နှောင်တကြော့နဲ့ 
ပျော်တော့မယ်လေး…..။
ငွေနှင်းခလို့ မီးကိုလှုံ
မယုံလို့ တုန်အေး….။
xxxx စိုးပါနဲ့ ကွယ်
တို့ လယ်မှာကောက်ပင်မွှေးပေါ့
ယမင်းဆွေ…မောင့်ရွှေသွေးကို
ရွှေဂွမ်းစောင်….နှစ်လွှာထွေးတော့
နွေးပါလိမ့်လေး….။
xxxx တံစဉ်ကိုဘေးမှာချိတ်လို့ 
ရိတ်တော့မယ်ပျိုတို့ လူ
အားသစ်လို့ ထူ….။
xxxx ကောက်သင်းနဲ့ တကြူကြူ
ဖောဖြူတော့ ပျိုထွေး
တို့ လယ်ပြင်…တပြည့်ဝအောင်
သိမ်းကြစို့ လေး…။
ရေးဖွဲ့ သူ ….. ဇေယျ(၁၉၄၇)
(ကောက်ပင်ဝါ၀င်း)
xxxx ရွှေကောက်ပင် ၀ါဝင်းလို့ 
လုပ်ခင်းတဲ့လယ်တာ
သာပါဘိလေး…..။
xxxx မလေးရဲ့ မောင်
ထုံးရွှေယောင် …နှောင်တကြော့နဲ့ 
ပျော်တော့မယ်လေး…..။
ငွေနှင်းခလို့ မီးကိုလှုံ
မယုံလို့ တုန်အေး….။
xxxx စိုးပါနဲ့ ကွယ်
တို့ လယ်မှာကောက်ပင်မွှေးပေါ့
ယမင်းဆွေ…မောင့်ရွှေသွေးကို
ရွှေဂွမ်းစောင်….နှစ်လွှာထွေးတော့
နွေးပါလိမ့်လေး….။
xxxx တံစဉ်ကိုဘေးမှာချိတ်လို့ 
ရိတ်တော့မယ်ပျိုတို့ လူ
အားသစ်လို့ ထူ….။
xxxx ကောက်သင်းနဲ့ တကြူကြူ
ဖောဖြူတော့ ပျိုထွေး
တို့ လယ်ပြင်…တပြည့်ဝအောင်
သိမ်းကြစို့ လေး…။
ရေးဖွဲ့ သူ ….. ဇေယျ(၁၉၄၇)
No comments:
Post a Comment