မန်ချက်စတာယူနိုက်တက်ကလပ်နှင့်ဘူဂေးရီးယားလက်ရွေးစင်ဖြစ်သူဘာဘာတော့ဗ်၏
ဇနီးဖြစ်သူကသူငယ်ချင်းအားအိမ်ထောင်ရေးကိစ္စများကိုရင်ဖွင့်နေသည်။သူမက“ငါကအိမ
်ထောင်ရေးအဆင်မပြေတော့စိတ်ညစ်တယ်ဟယ်”ထိုအခါသူငယ်ချင်းမကအံ့သြသွားပြီး…
“ဟင်…ဘာပြောတယ်။ညည်းယောကျာ်းကဒီလောက်အေးပြီး ဒီလောက်ရိုးတယ်ဥစ္စာ။ ပြီးတော့မညည်းမငြူငွေရှာပေးတာပဲမဟုတ်လား”“ဒါကတော့ဒါပေါ့အေ…ဒါပေမဲ့ငါတို့  လက်ထက်တဲ့၅နှစ်လုံးလုံးဟင်းချက်တာလက်ရာမကောင်းတဲ့အကြောင်း၊စားမကောင်းတ
ဲ့အကြောင်းအမြဲတမ်းတဗျစ်တောက်တောက်ပြောတယ်။ဟင်းမချက်တဲ့အကြောင်းမပြောပ
ဲအိပ်ယာမ၀င်တဲ့ညကိုမရှိဘူး”“ဒါကတော့အရမ်းဆိုးတာပေါ့။ယောကျာ်းရင့်မာကြီးဖြစ်ပြီးဒါကို
အပြစ်ပြောရတယ်လို့ဒါကိုအပြစ်ပြောရတယ်လို့။ဒါနင်သိက္ခာကျတာပေါ့ဟာ၊ နင်တော်တော်လေးဒုက္ခရောက်မှာပေါ့နော်။”ထိုအခါသူမက…“ အဲဒါပြောတာပေါ့ဟ၊ အခုဆိုထမင်းဟင်းချက်တဲ့တာဝန်ကိုငါယူရမလိုဖြစ်နေပြီ…”
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ..။
xxx “ချစ်သက်သေ” …
မိမိမွေးနေ့ မနက်ခင်းတွင်ပရီးမီးယားလိဂ်ဘောလုံး စတား ဖြစ် သူ
ပီတာခရော့ခ်ျ၏ဇနီးဖြစ်သူကသူ၏ အနားသို့ ကပ်၍ချွဲ နွဲ့  ကာပြောသည်။
“မောင်…ဒီနေ့ ခင့်မွေးနေ့ ဆိုတာ မောင် သတိရတယ်မဟုတ်လားဟင်…။
ညကခင် အိပ်မက်မက်တယ် သိလား…။အဲဒီမှာမောင်ကခင် ကိုစိန်လက်စွ့ပ်ကြီးလက်ဆောင်ပေးတယ်တဲ့။အဲဒါဘယ်လိုနိမိတ်ဖြစ်တယ်လို့ခင်ယူဆရမလဲ။
ဒါဟာချစ်သက်သေဆိုရင်မောင့်အနေနဲ့ ဒီနေ့ သက်သေပြနိုင်မလား….”ထိုအခါ ပီတာခရော့ခ်ျက“ပြနိုင်တာပေါ့ကွာ။ခင့်အိပ်မက်ဘယ်လိုအတိတ်နိမိတ်ဆောင်
လည်းဆိုတာဒီညနေတွေ့ရမယ်စိတ်ချ…”။ ညနေရောက်၍ပီတာခရော့ခ်ျပြန်လာပြီး သူ့မိန်းမအားလက်ဆောင်ပေးရာမိန်းမဖြစ်သူမှာအားရ၀မ်းသာဖြစ်သွားသည်။
ထို့နောက်လက်ဆောင်ကိုဖွင့်ကြည့်ရာစာအုပ်တစ်အုပ်ကိုတွေ့ ရ၍ခေါင်းစဉ် ကိုဖတ်ကြည့်သောအခါ“အိပ်မက်များကိုအတိတ်နိမိတ်ကောက်နည်း”ဟူ၍တွေ့ 
့လိုက်ရပါသတည်း…။
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ…။
xxx ဆုံးအောင်နားထောင်မှပေါ့...... ဗစ်တိုးရီးယားသည်ရုပ်ရည်နုပျိုစေသောအလှပြင်ပစ္စည်းများအားဈေးကြီးပေးဝယ်လာသည်။
ထိုနောက်အိမ်ရောက်သောအခါမှန်တင်ခုံရှေထိုင်ကာတစ်နာရီမျှခြယ်သသည်။ပြီးနောက်အလှပ
ဆုံးဝတ်ဆင်ကာသူမ၏ခင်ပွန်းဖြစ်သူကမ္ဘာကျော်ဘောလုံးစတားဒေးဗစ်ဘက်ဟမ်းထံအရောက်
သွား၍ဤသို့ မေးသည်။
"ဒါလင်... ကျမမလှဘူးလားဟင်...အခုဆိုဒါလင့်အနေနဲ့ ကျမအသက်ဘယ်လောက်လဲဆိုတာ
ခန့် မှန်းနိုင်ပါ့မလားဟင်"
ထိုအခါဒေးဗစ်ဘက်ဟမ်းက...
“အင်း... အသားအရေကိုကြည့်ရင် ၂၁နှစ်၊ဆံပင်ကိုကြည့်ပြီးပြောရင်၁၈နှစ်၊ကိုယ်လုံးကိုယ်ပေါက်
ကိုကြည့်ပြီးပြောရင် ၂၅နှစ်လောက်ရှိမှာပေါ့ကွာ....”
“အို..ဟုတ်လား၊သိပ်တော်တာပဲကွာ၊ ဒါဆိုရင်ကျမအနေနဲ့ ဘယ်လောက်တောင်နုသွားသလဲဆိုတဲ့
သဘောပေါ့နော်၊ဟုတ်လားဒါလင်”
“အာ...ဘယ်ကလာ၊ငါကစောစောကပြောတဲ့အသက်တွေကိုအကုန်လုံးမပေါင်းရသေးဘူးကွ”
(နိုင်ငံတကာဘောလုံးဟာသများမှ...)
xxx " ငါ ဘာလုပ်ရမလဲ.... "
မန်ယူကလပ်မှရူနီသည် အိပ်ရာကထလာသောအခါ ယင်း၏မိန်းမကောလင်းသည်မှန်တင်ခုံရှေ့ ၌ထိုင်ကာမျက်နှာ စူပုတ်လျက်ရှိသည်ကိုတွေ ရသည်။
၎င်း၏မိန်းမတစ်ခုခုစိတ်ဆိုးနေသည်ကိုသိ၍ရူနီကကောလင်းအနားသို့ သွား၍
"မိန်းမ ဘာတွေစိတ်ဆိုးနေတာလဲ" " ရှင်တို့ ပေါ့....ညက တစ်ညလုံးအကျယ်ကြီးဟောက်တယ်....ခွေးကတစ်ည
လုံးအကျယ်ကြီးအူတယ်...ကျမတစ်ညလုံးအိပ်လို့ မရဘူး"
ထိုအခါ...ရူနီက ဒေါသတကြီးဖြင့်...."ဘာလဲကွ...ဒါဆို ခွေးကအကျယ်ကြီးဟောက်ပြီး...ငါက..တစ်ညလုံးအူရမှာ
လားကွ.....ဟေ...."
စာကိုး။ ။ နိုင်ငံတကာဘောလုံးဟာသများမှ.......။
xxx ".တက္ကစီသမား"
ကမ္ဘာကျော်ဒေးဗစ်ဘက်ဟမ်းသည်သားငယ်ကိုခေါ်၍အီတလီနိုင်ငံအတွင်းတက္ကစီတစ်စီး
ဖြင့်လျှောက်လည်သည်။ထိုတက္ကစီပေါ်တွင်ဒရိုင်ဘာကမိမိ၏သားငယ်အားပေါက်တတ်
ကရများကိုသင်ပေးနေသဖြင့်ဘက်ဟမ်းကအလွန်ပင်စိတ်ဆိုးလေသည်။
တနေရာအရောက်တွင်မိန်းကလေးတစ်စုကိုတွေ့ ရာဘက်ဟမ်း၏သားရိုမီရိုက၄င်းတို့ 
အားလက်ညှိးထိုးပြ၍ '' သူတို့ တွေကဘယ်သူလဲဟင်''
ထိုအခါ တက္ကစီသမားက '' မိန်းမပျက်တွေပေါ့ကွာ"
''မိန်းမပျက်ဆိုတာဘာလဲဟင် '' " ယောကျာ်းတွေအများကြီးနဲ့ ပလူးပလဲနေတဲ့သူပေါ့"
တက္ကစီသမား၏အဖြေစကားများကြောင့်ဘက်ဟမ်းမှာအလွန်ပင်ဒေါသထွက်လာလေသည်။
ရိုမီရိုကလည်းဆက်မေးသည်။ "အဲဒါဆိုသူတို့ တွေမှာကလေးတွေအများကြီးရှိမှာပေါ့နော်"
ထိုအခါစိတ်ဆိုးနေသောဘက်ဟမ်းကတက္ကစီသမားမဖြေမီ " ''ဟုတ်တာပေါ့သားရဲ့ သူတို့ တွေက
တစ်ချိန်မှာတက္ကစီသမားတွေဖြစ်လာရော''

xxx * ကျမယောကျာ်းနဲ့ ပဲ........*
ဒေးဗစ်ဘက်ဟမ်း၏ဇနီးဗစ်တိုးရီးယားတစ်ယောက်ဆေးခန်းသို့ လာ၍ဆရာဝန်အားပြော
သည်။ " ဆရာရယ်.... ကျမလေမိန်းကလေးလိုချင်ပေမယ့် အခုထိမရဘူးဖြစ်နေတယ်....
ကျမ ...ယောကျာ်းလည်းတော်တော်လေးစိတ်ပျက်နေတယ် ။ ကူညီပါဦး...."
ထိုအခါ ဆရာဝန်ကစမ်းသပ်ရန်အတွက်စိတ်ကူးပြီး .... ဗစ်တိုးရီးယားအား
" ဒါဆိုဟိုကုတင်ပေါ်သွားပြီး ပက်လက်လှန်လိုက်နော်...."
ယင်းစကားကြားသောအခါ ဗစ်တိုးရီးယားက.....
'' ဟင့်အင်း...ဆရာ.. ဟင့်အင်း...ကျမက ..ကျမယောကျာ်းနဲ့ ပဲ ကလေးယူချင်တာပါဆရာ"
စာကိုး။ ။ နိုင်ငံတကာဘောလုံးဟာသများမှ....။
xxx ကြောင်တစ်ကောင်နှင့် လင်တော်မောင်….
လူတစ်ယောက်က သူ့မိန်းမရဲ့ အချစ်တော်ကြောင်လေးကိုကြည့်မရဖြစ်နေတယ်။ ဒါနဲ့ပဲ တစ်နေ့မှာ အဲဒီ ကြောင်ကလေးကိုကားပေါ်တင်လိုက်တယ်။ လမ်း-၂၀ ကျော်လောက်ရောက်တဲ့အထိ ကားမောင်းပြီးတာနဲ့ ကြောင်ကလေးကို ပန်းခြံထဲပစ်ချလိုက်တယ်။ သူပျော်ပျော်ကြီး အိမ်ပြန်လာတဲ့အခါ အိမ်အ၀င်လမ်းမှာ ကြောင်ကလေးက သူ့ထက်ရောက်နှင့်နေတာကို တွေ့ရတယ်လေ။
နောက်တစ်ကြိမ်မှာတော့ ကြောင်ကလေးကို လမ်း ၄၀ကျော်အထိကားနဲ့တင်ခေါ်ပြီး လမ်းပေါ်ပစ်ချကာ အိမ်ပြန်လာတယ်။ ကြောင်ကလေး အိမ်ဝမှာသူ့ကို စောင့်နေတာကိုတွေ့ရပြန်ပါရော။ အဲဒါနဲ့ သူကနေ့စဉ်နေ့တိုင်း ပိုမိုဝေးတဲ့နေရာကို ကြောင်ကလေးကို ခေါ်သွားလိုက်, ပစ်ချလိုက်၊ ကြောင်ကလေးက အိမ်ပြန်ရောက်နေလိုက်နဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်လာတယ်ပေါ့ဗျာ။
အဲဒါကြောင့် ဒီတစ်ခေါက်တော့ အပိုင်လုပ်မှဆိုပြီး ကြောင်ကလေးကို ကားပေါ်တင်၊ မိုင်နည်းနည်းဝေးတဲ့ အထိမောင်းလိုက်တယ်။ အဲဒါနဲ့ အားမရသေးဘူး။ ညာကိုကွေ့တယ်။ ပြီးတော့ ဘယ်ကွေ့တယ်။ ပြီးတော့ ဘယ်ပြန်ကွေ့တယ်။ တံတားတစ်စီးပေါ်ဖြတ်မောင်းတယ်။ ညာထပ်ကွေ့တယ်။ နောက်တစ်ခါညာကွေ့တယ်။ သေချာလောက်တယ်လို့ သူထင်တဲ့ နေရာရောက်မှ ကြောင်ကလေးကို ပစ်ချလိုက်တယ်။ နာရီအနည်းငယ်အကြာမှာတော့ သူကအိမ်ကသူ့မိန်းမဆီကို ဖုန်းလှစ်ဆက်တယ်လေ။
(သူ) “ဂျင်းရေ၊ မိန်းမရေ…။ မင်းကြောင်ကလေးအိမ်ထဲမှာ ရှိလားကွ….”
(သူ့မိန်းမ) “ ရှိသားပဲ။ ဘာဖြစ်လို့မေးတာလဲ…”
ထိုအခါ ဒေါသတကြီးနဲ့ သူက မိန်းမကို ပြောလိုက်တာက…..
(သူ) “အဲဒီကြောင်စုတ်ကို ဖုန်းခွက်ထိုးပေးလိုက်စမ်း။ ငါအခု လမ်းပျောက်နေလို့ သူ့ကိုဘယ်လို ပြန်ရမလဲ မေးမလို့ကွ…”
ရည်ညွှန်း…. Joke4u.com
xxx “အနံ့ရလို့လား”
မူးယစ်ဆေးသုံးစွဲ၊ မစွဲနှင့် အခြားကျန်းမာရေးကိစ္စများအတွက် ပရီးမီးယားလိဂ်ကစားသမားများအား တာဝန်ရှိသူများက စစ်ဆေးနေသည်။
မန်ယူမှ နောက်ခံလူ ဖာဒီနန်မဲကျသော အလှည့်ရောက်သောအခါ တာဝန်ရှိသည့် ဆရာဝန်က ဖာဒီနန်အား ဘောင်းဘီချွတ်စေ၏။
သူ့ကို ကုန်းခိုင်းပြီး ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်သည်။ ထို့နောက် ဖာဒီနန်၏ တင်ပဆုံနားကပ်၍
“ခင်ဗျား ဆေးလိပ်တွေ အရက်တွေ အများကြီးသောက်တယ် မဟုတ်လား”
ထိုအခါ ဖာဒီနန်က
“ဘာလဲ…. ဆရာက အနံ့ရလို့လား…”
မှတ်ချက်။ ။ 9:00 minutes Journal ပါ ဘောလုံးဟာသများမှ ကူးယူဖော်ပြပါသည်။
xxx အရွယ်ကိုအားနာဦးဘကြီးရေ....
ဟိုတယ်တခုဧ။် အရက်ဘားတွင်တယောက်တည်းထိုင်သောက်နေသောမိန်းမလှလေး
တဦးကိုအသက်၄၀-ကျော်အရွယ်ယောကျာ်းကြီးတဦးကတွေ့ မြင်သဖြင့်သူမအနား
ချဉ်းကပ်သွားပြီးအခုလိုမေးသည်။
(လူကြီး) ငါ့ဘ၀တလျှောက်လုံးမှာ ... မင်းဘယ်ရောက်နေသလဲ။ သိပ်လှလို့ ပြောတာ...
(မိန်းမလှလေး)သြော်ဒါလား... ၊ ရှင့်ဘ၀ရဲ့  ပထမတ၀က်နှစ်တွေ့ မှာကျမ မမွေးသေး
ဘူးရှင့်...။ မူရင်းရေးသားသူ...ရောဘတ်ဂက်ဘီတပ်စ်
xxx “လူကြီးလူကောင်းနှင့် အရူး...”
မန်ယူနည်းပြ ဖာဂူဆန်က Respect Campaign အစီအစဉ်နှင့် ပတ်သက်၍ ဒိုင်အကြီးအကဲ ဟက်ကတ် ကို “ဦးနှောက်မရှိတဲ့ အရူးကြီး” ဟု ဝေဖန်သဖြင့် တရားစွဲဆိုခံရသည်။
တရားရုံး၌ စစ်ဆေးရာ ဖာဂူဆန်မှားသည်ဟု တရားသူကြီးက ဆုံးဖြတ်ပြီးဒဏ်ငွေရိုက်ကာ ဟက်ကတ် ကိုလည်းပြန်တောင်းပန်ရန် ဆုံးဖြတ်ချက်ချသည်။ စီရင်ချက်အပြီး ဖာဂူဆန်က…
“တရားသူကြီးခင်ဗျား… ဟက် ကတ်ကို ဦးနှောက်မရှိတဲ့ အရူးကြီးလို့ခေါ်တာ အပြစ်ရှိတယ်ဆိုတာ အမှန်ပဲ နော်”
“အမှန်ပါပဲ”
“တကယ်လို့ အရူးကြီး တယောက်ကိုရော ဂုဏ်သရေရှိလူကြီးမင်း ဟက်ကတ်လို့ ခေါ်ရင် အပြစ်ရှိလား”
“မရှိပါဘူး”
“တကယ် မရှိဘူးနော်”
“ဟုတ်ပါတယ်”
ထိုအခါ ဖာဂူဆန်က ဟက်ကတ်ဘက်သို့ လှည့်ပြီး
“ခင်ဗျားကို စော်ကားမိလို့ တောင်းပန်ပါတယ် ဂုဏ်သရေရှိ လူကြီးမင်း ဟက်ကတ်ခင်ဗျား…”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများ 90:00 minutes Journal မှ ကူးယူဖော်ပြပါသည်။
xxx တန်ကြေးပဲရမယ်….
ကစားသမားအပြောင်းအရွှေ့အတွက် ငွေထုတ်ပေးရန် ကပ်စေးနှဲလှသော အာဆင်နယ်ကလပ် အသင်းဥက္ကဌ-ဖြစ်သူ ပီတာဟေးလ်ဝုဒ်သည် အပျော်စီးလှေစီးစဉ် ရေနစ်သွားသည်ကို တွေ့ရသည်။ သူ့အားကမ်းပေါ်မှ လူတယောက် က အသည်းအသန်ကယ်လိုက်သည်။
ကမ်းပေါ်ရောက်သည်နှင့် ဟေးလ်ဝုဒ်က ထိုလူအား ကျေးဇူးတင်စကားပြော၍ တစ်ဒေါ်လာထုတ်ပေးပြီး “ကျေးဇူး ပါကွာ။ ငါ့မှာအကြွေးတွေများလို့ ဒီလောက်နဲ့သည်းခံနော်” ဟုပြောကာ နှစ်သိမ့်သည်။
ကိုယ့်အသက်ကယ်လိုက်သည်ကို တစ်ဒေါ်လာပဲပေးရကောင်းလားဆိုပြီး ကမ်းပေါ်ကကြည့်နေသည့်သူများက ဆူဆူညံညံလုပ်သောကြောင့် အသက်ကယ်သမားက ပရိသတ်များကို လက်ကာပြလိုက်ပြီး….
“ ဒေါသမထွက်ကြပါနဲ့ခင်ဗျာ။ သူ့အသက်ဘယ်လောက်တန်တယ်ဆိုတာ သူကိုယ်တိုင် သိပါတယ်…” ဟု ပြော လိုက်လေသည်။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများ… 90;00 minutes Journal မှ ကူးယူဖော်ပြပါသည်။
xxx မကြာခင်မှာပဲ သူရာထူးတိုးတော့မှာပါ…
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တီကေလေး(ခေါ်) စီအမ်စီသိုးမွှေးစက်ရုံပတ်ဝန်းကျင်သည် မြန်မာပြည်သားအသိုင်းအ၀ိုင်းများဖြင့် စည်ကားလှ၏ လ္ဘက်ရည်ဆိုင်ချည်း ၃-ဆိုင်၊ ယမကာဆိုင်က ၂-ဆိုင် စသည်ဖြင့် မြန်မာပြည်သားပရိသတ်တွေက ၀င်လိုက်၊ ထွက်လိုက်နှင့်ပါ…။
(အလုပ်သမားအီကြာကွေး) ဟေ့… မော်ဒန်၊ သူငယ်ချင်းရေ၊ မင်းအခန်းမှာ လာနေတဲ့ သင်ဇာဝင့်ကျော်လိုစတိုင်နဲ့ ကောင်မလေးက ဘယ်သူလဲကွ….။
(အလုပ်သမားမော်ဒန်) အေး… အဲဒါ ငါ့ခယ်မလေးပါကွာ၊ ဘာလဲမင်းစိတ်ဝင်စားလို့လား…။
(အီကြာကွေး) အေး…. ဟေးဟေး၊ ရှေ့မျက်နှာ ရှေ့ထားပြီးပြောရရင် ဟတ်(Heart)ထိတယ်ကွ၊ ငါက သင်ဇာဝင့်ကျော် ခရေဇီလေကွာ…။
(မော်ဒန်) စိတ်လျော့လိုက်တော့ သူငယ်ချင်း အခုငါ့မိန်းမကို ဆေးရုံတင်ထားလိုက်ပြီ…။ ငါ့ခယ်မက မကြာခင် ရာထူးတိုး ခံရတော့မှာကွ…။
ပေးပို့သူ…. မော်ဒန် (သိုးမွှေးလုပ်သားတစ်ဦး)
မြန်မာပြည်သား ဘလော့ဂ်မှ စုစည်းတင်ပြပါသည်။
xxx အာဂယောက်ျား….

No comments:
Post a Comment