၁) - တုပ်ကွေးရောဂါသည် ရာသီမရွေးဖြစ်ပွားနိုင်ပါသည်…
ရာသီဥတု အပြောင်းအလဲတွင်ပို၍ဖြစ်ပွားတတ်ပါသည်…
တုပ်ကွေးဖျားလျှင် ၃-၄ရက်ခန့် အပူချိန်တက်၍ (ဖျားခြင်း,
ကိုယ်လက်ကိုက်ခဲခြင်း, မျက်လုံးပူခြင်း, နှာရည်ယိုခြင်း,
နှာချေခြင်း, ချောင်းဆိုးခြင်း)များ ဖြစ်တတ်ပါသည်…
၂) - ဖြစ်ပွားရသည့် အကြောင်းမှာ ရာသီဥတု အပြောင်းအလဲကြောင့်
သဘာဝအရ ဖြစ်ပေါ်တတ်သော ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်ပြီး ကူးစက်တတ်ပါသည်…
တကိုယ်ရေကျန်းမာရေးကို ဂရုစိုက်လျှင် ဆောလျင်စွာပျောက်ကင်းပါသည်…
၃) - တုပ်ကွေးရောဂါမှ ကာကွယ်ရန်…
(က) နေပူမှလာပြီး ချက်ချင်း ရေချိုးခြင်းကို ရှောင်ကြဉ်ပါ…
(ခ) တကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ…
(ဂ) လူများပြားထူထပ်သော နေရာများကို ရှောင်ကြဉ်ပါ…
(ဃ)နှာချေလျှင်, ချောင်းဆိုးလျှင်လက်ကိုင်ပုဝါဖြင့်ဖုံးအုပ်ပါ...
(င)ဖျားနာမည်ဟုမိမိကိုယ်ကိုသံသယရှိပါကရေများများသောက်ပါ..အနားယူပါ..
(စ)အာဟာရပြည့်ဝအောင်စားသုံးပါ...
(ဆ)ဗီတာမင်စီအပြည့်အ၀ပါသောအသီးအနှံနှင့်အရွက်များကိုစားပါ..
xxx လိုအပ်ပါကနီးစပ်ရာဆေးပေးခန်း, ဆေးရုံများသို့ သွားရောက်ပြသပြီးစစ်ဆေး
မှုကိုခံယူပါ..
မှတ်ချက်... ကျန်းမာရေးဌာနသတိပေးနိုးဆော်ချက်မှကူးယူဖော်ပြပါသည်...
(မြန်မာပြည်သားအဖွဲ့)
Public Health

No comments:
Post a Comment