ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 21, 2008

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာတွင် ကျင်းပခဲ့သော ၄-ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့

>

နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့အား ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာတွင်ယနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သော်လည်း မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံများမှာ အလုပ်မပိတ်ပေးကြချေ။ အလုပ်ပိတ်သော အလုပ်သမားများနှင့် ခွင့်ယူ၍ လာရသောအလုပ်သမား ၃၀၀-ခန့်တက်ရောက်လာကြပြီး ကျန်အလုပ်သမားများမှာ ရွှေ့ပြောင်းအလုပ်သမားနေ့အားလာရောက်နိုင်ခြင်း မရှိခဲ့ကြောင်းသိရသည်။ ထူးခြားချက်မှာ...

မဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံး (ဆာဝါဒီကန်)တာဝန်ရှိလူကြီးနှင့် တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းချုပ် (FTI)မှ ဥက္ကဌ ကိုယ်တိုင်လာရောက်ကာ အလုပ်သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြားပြီး တက်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားများကိုယ်စား ပေးအပ်လာသော ပန်းချီကားလက်ဆောင်အား ယင်းတို့နှစ်ဦးက လက်ခံရယူခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် စက်ရုံအလုပ်ရုံ(မဲဆောက်)/ ဆောက်လုပ်ရေး(မဲဆောက်)/ စိုက်ပျိုးရေး(ဖုတ်ဖရားမြို့နယ်) လုပ်ငန်းခွင်များမှ ရွှေ့ပြောင်းအလုပ်သမားများကိုယ်စား အလုပ်သမားတဦးစီမှ ရင်ဖွင့်စကားပြောကြားခြင်း။ အလုပ်သမား ၆-ဦးမှ ကျဘမ်းစကားပြောယှဉ်ပြိုင်ကြခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ရင်သွေးငယ်ကျောင်းသားလေးများမှ ထိုင်းနိုင်ငံတော်သီချင်းသီဆိုခြင်း၊ ကာရာအိုကေသီချင်းဖွင့်ကာ ဒစ္စကိုအက ရော့အင်ရိုးအက တင်ဆက်ကပြခြင်း၊ အလုပ်သမားအဖွဲ့အစည်းအချို့မှ အလုပ်သမားသီချင်းများသီဆိုခြင်းတို့ကို စုပေါင်းညီညာစွာ ဆောင်ရွက်ကြပြီးနောက် ထိုင်းဘုရင်မင်းမြတ်အား ဖယောင်းတိုင်ထွန်းညှိကာ စုပေါင်းဆုတောင်းကြကာ အခမ်းအနားကိုအောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ထို့နောက် မွန်လွဲ ၀၁း၀၀နာရီမှာ ရွှေ့ပြောင်းအလုပ်သမားအလွှာပေါင်းစုံတို့မှ လူ ၆၀ သည် မဲဆောက်မြို့အထွေထွေရောဂါကုဆေးရုံကြီး ဇိဝိတဒါန သွေးလှူဒါန်းကြကာ အခမ်းအနားကို လုံးဝရုတ်သိမ်းလိုက်သည်။

မြန်မာပြည်သား သတင်းနှင့် မှတ်တမ်းအဖွဲ့

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)