Xxx ရေနံတင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့(အိုပက်)၏ ရေနံထုတ်လုပ်မှုလျော့ချခြင်း၏ တစိတ်တပိုင်းအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)က ရေနံထုတ်လုပ်မှုလျော့ချရန် အစီစဉ်များကို ကြေညာပြီးနောက် ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ရေနံစိမ်းဈေးနှုန်းများပြန်လည်ဦးမော့လာခဲ့သည်။ နယူယောက်ဈေးကွက်တွင် ရေနံစိမ်းတစည်လျှင် (၃၇-ဒဿမ ၇၁-ဒေါ်လာ)နှင့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး လန်ဒန်ဈေးကွက်တွင် ရေနံစိမ်းတစည်လျှင် (၃၈-ဒဿမ ၆-ဒေါ်လာ)ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်။
(အင်တာနက်သတင်း)
29Dec,2008…. ၂၀၀၉ခုနှစ်ကို.နိုင်ငံတကာနက္ခတ္တဗေဒနှစ်ဟုသတ်မှတ်…
၂၀၀၉ခုနှစ်ကိုနိုင်ငံတကာနက္ခတ္တဗေဒနှစ် (International Year of Astronomy)အဖြစ်
်သတ်မှတ်ထားကြောင်းအီတလီလူမျိုးရူပဗေဒပညာရှင်နှင့်နက္ခတ္တဗေဒပညာရှင်ဂယ်လီ
လီယိုကအာကာသကိုလေ့လာနိုင်ရန်အဝေးကြည့်မှန်ပြောင်းအသုံးပြုမှု၏နှစ်၄၀၀ပြည့်
နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်သတ်မှတ်ခြင်းဖြစ်ကြောင်း အင်တာနက်သတင်းတွင်
်ဖော်ပြသည်။ ကုလသမဂ္ဂ၏ပညာရေး၊သိပ္မံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို)သည်ပြင်
သစ်နိုင်ငံပါရီမြို့ တွင်ဇန်န၀ါရီအတွင်း အခမ်းအနားတရပ်ကျင်းပကာ၂၀၀၉ခုနှစ်ကိုနိုင်ငံတကာနက္ခတ္တနှစ်အဖြစ်ဖွင့်လှစ်ပေးမည်ဟုမျှော်လင့်ရသည်။ဂယ်လီလီယိုသည်
နက္ခတ်တာရာများအားလေ့လာနိုင်ရန်(အဝေးကြည့်မှန်ပြောင်း)ကိုပထမဆုံးအသုံး
ပြုခဲ့သူဖြစ်သည်။(အင်တာနက်သတင်း)
(ဒီဇင်ဘာလ ၂၈ရက် ၂၀၀၈) xxx ဘင်္ဂလားဒေ့ရှ်မှာ ကြက်ငှက်တုပ်ကွေးဖြစ်ပွား…
ဘင်္ဂားဒေ့ရှ်နိုင်ငံတွင် ဆောင်းရာသီအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ခရိုင် ၅-ခု အတွင်း ကြက်ကောင်ရေ (၁၀၀၀၀)နီးပါး ရှင်းလင်းခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ယခုလအတွင်း နာတိုရီ၊ ဂါဇီပူရာ၊ နာဆင်စဒီ၊ ရိုင်ဘင်ဒါနှင့် ကူရီဂရမ်ခရိုင်များရှိ ငှက်ကောင်ရေ (၉၉၅၀)ခန့်ကို ရှင်းလင်းခဲ့ကြောင်း ယင်းတို့ကပြောကြားသည်။ (အင်တာနက်သတင်း)
Xxx အင်ဒိုနီးရှားမှာ အလုပ်သမား ၄၀၀၀၀ လျှော့ချနိုင်…
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်ပွားမှုကြောင့် ၂၀၀၈-ခုနှစ်ကုန်တွင် အင်ဒိုနီးရှားနိုင်ငံရှိ ကုမ္ပဏီ များမှ အလုပ်သမား (၄၀၀၀၀)လျှော့ချရန် အလားအလာရှိကြောင်း ဒီဇင်ဘာလ ၂၃ရက်နေ့၌ တာဝန် ရှိသူတဦးက ပြောကြားသည်။ ယင်းတို့၏ ကြိုတင်ခန့်မှန်းချက်အရ အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်နှင့် ကုန်ထုတ်လုပ်မှု ကုမ္ပဏီများတွင် နိုဝင်ဘာလက အလုပ်သမား (၁၇၀၀၀)လျှော့ချခဲ့ပြီး ဒီဇင်ဘာလ တွင် (၂၃၀၀၀)လျှော့ချမည်ဖြစ်ကြောင်း အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ၀န်ကြီး၏ ပြော ကြားချက်ကို ကိုးကားပြီး ဂျာကာတာပို့စ် သတင်းစာက ဖော်ပြသည်။
(ဒီဇင်ဘာလ ၂၂ရက် ၂၀၀၈)
(အိန္ဒိယတွင်ကွန်ပျုတာအသုံးပြုပြီးကျုးလွန်သောဆိုက်ဘာမှုခင်းများမြင့်တက်လာ)
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပေါ်တွင်အင်တာနက်သုံးစွဲမှုမှာ စတုထ္တအများဆုံးဖြစ်သည်။ ထို့အပြင်အင်တာနက်ကို အသုံး ပြု၍ကျုးလွန်သောဆိုက်ဘာမှုခင်း သည်လည်း ၂၀၀၆ခုနှစ်နှင့်နှိုင်းစာလျှင် ၂၀၀၇ခုနှစ်တွင်(ရာခိုင်နှုန်း-၅၀) အထိတိုးမြှင့်လာသည် ကိုတွေ့ရကြောင်းအင်ဒိုအေးရှသတင်းဌာနကဒီဇင်ဘာလ၁၈ရက်နေ့တွင်ဖော်ပြသည်။
ဆိုက်ဘာမှုခင်းသည်ယခုကာလတွင်မှပေါ် ပေါက်လာသော ပြစ်မှုခင်းအမျိုးအစား သစ်ဖြစ်ပြီးဖြစ်ပွားမှုနှုန်းသည် ကျယ်ပြန့်ပြီးမြန်ဆန်သည်ဟုဆိုသည်။ ဆိုက်ဘာမှုခင်းများအနက် ၄၆-ရာခိုင်နှုန်း သောမှုခင်းများမှာ ကွန်ပျူတာ ကွန်ရက်ကိုအသုံးပြု၍ညစ်ညမ်း ဓာတ်ပုံများဖြန့်ဖြူးခြင်းဖြစ်ပြီး ကျုးလွန်သူများမှာ (အသက်၁၈မှအသက်၃၀နှစ်) အကြားရှိသူများ ဖြစ်ကြောင်းအိန္ဒိယအမျိုးသားမှုခင်းမှတ်တမ်းဗြူ ရိုကဖော်ပြသည်။ (အင်တာနက်သတင်း)
(အလုပ်သမားသူပုန်များသတင်း….)
အီရတ်နိုင်ငံမြောက်ပိုင်းရှိကာဒစ်အလုပ်သမားပါတီ(ပီကေကေ)သူပုန်များကိုပစ်မှတ် ထားပြီးတူရကီ စစ်လေ ယာဉ်များက ဒီဇင်လာ၁၇ရက်နေ့တွင်လေကြောင်းမှတိုက်ခိုက်မ များကို၂ရက်ကြာပြုလုပ်ခဲ့သည်။ သို့သော် သေကြေဒဏ်ရာရရှိသူများကို ဖော်ပြခြင်းမရှိ ကြောင်းသိရသည်။(အင်တာနက်-သတင်း)
(ဒီဇင်ဘာလ ၁၈ရက် ၂၀၀၈) နယူးဇီလန်အဆိုတော် ကမ္ဘာ့စံချိန်ချိုးပြီ…
နယူးဇီလန်အဆိုတော် (ကာရင်းဒေဗီ)သည် အောက်ကလန်ဒေသတွင် ဒီဇင်ဘာလ ၁၅ရက်နေ့က ၄၈-နာရီနီးပါး (၂-ရက်ခန့်)ကြာ သီချင်းများ အဆက်မပြတ်သီဆိုခဲ့ပြီးနောက် ကမ္ဘာ့မှတ်တမ်း စံချိန်ချိုးခဲ့သည်။ ဒေဗီသည် အောက်ကလန်ဒေသအရှေ့တောက်ဘက်ရှိ ဘိုတာနီမြို့လယ်၌ ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက်ပိုင်းက သူမ၏ သီဆိုမှုအား မှတ်တမ်းစတင်ခဲ့ပြီး ၄၇-နာရီ ၂၉-မီနစ်အကြာတွင် သီဆိုမှုပြီးဆုံးခဲ့သည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွား….
အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် လွန်ခဲ့သောလက ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားပြီးကတည်းက နိုင်ငံအရှေ့ပိုင်းရှိ အနောက်ဘန်ဂေါပြည်နယ်သို့ (H5 N1) ကြက်ငှက်တုပ်ကွေးကူးစက် ပြန့်ပွားလာကြောင်း အင်ဒို-အာရှသတင်းဌာနက ဒီဇင်ဘာလ ၁၆ရက် နေ့တွင် ပြောကြားသည်။ အာသံပြည်နယ်တွင် လွန်ခဲ့သောလက ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် အိမ်မွေးတိရစ္ဆာန်(၃၀၀)ကျော် သေဆုံးခဲ့ပြီးနောက် ကျန်းမာရေး သတိပေးချက်ထုတ်ပြန်ခဲ့သည်။
(ဒီဇင်ဘာလ ၁၅ရက် ၂၀၀၈) စပိန်ဘဏ်ဝန်ထမ်း ၁၉၀၀ လျှော့မည့်
အင်္ဂလန်နိုင်ငံတွင် ဖွင့်လှစ်ထားသော စပိန်ဘဏ်(စတန်ဒါး)က လာမည့်နှစ်မှာ ၀န်ထမ်းအရေအတွက် ၁၉၀၀ ကိုလျှော့ချသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ၂၀၁၂-ခုနှစ်တွင် နှစ်စဉ်ကုန်ကျစရိတ်ပေါင်းသန်း ၁၈၀(အမေရိကန်ဒေါ်လာ ၂၆၈-သန်း) သက်သာစေရန် အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ဘဏ်ဝန်ထမ်းများ လျှော့ချခြင်းဖြစ်သည်။
တူရကီမှာ တရားမ၀င်နေထိုင်သူ ၅၀၀၈၀-ဦးအား ဖမ်းဆီး)
ဥရောပတိုက်ရှိ အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်ရာ နိုင်ငံဖြစ်သော တူရကီနိုင်ငံတွင် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း(၅၀၀၈၀)ဦးအား ထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများကို အခြေခံပြီး ဒေသဆိုင်ရာ သတင်းစာ “တူဒေးစ်ဇမန်” ကဖော်ပြသည်။ ၂၀၀၇-ခုနှစ်က တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ (၄၇၉၅၈)ဦးအထိရောက်ရှိပြီး လူမှောင်ခို (၉၄၂)ဦးအား ထောင်ချခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
(ဒီဇင်ဘာလ ၁၃ရက် ၂၀၀၈) ကမ္ဘာပေါ်မှာ ငတ်မွတ်သူ ဦးရေ သန်း ၁၀၀၀-နီးပါးရှိလာပြီဟု FAO-ပြောကြား…
စားသောက်ကုန်ဈေးနှုန်းများမြင့်တက်လာသဖြင့် ကမ္ဘာတ၀ှမ်းတွင် ငတ်မွတ်သူဦးရေမှာ သန်း ၄၀-တိုးလာကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ()က ဒီဇင်ဘာလ ၉ရက်နေ့က ပြောကြားသည်။ ထို့အပြင် မ၀ တ၀စားရပြီး အာဟာရချို့တဲ့သူဦးရေမှာလည်း ၉၆၃ သန်းအထိတိုးမြှင့်လာကြောင်း ယင်းအဖွဲ့က ပြောကြားသည်။ အထူးသဖြင့် အာဟာရပြည့်ဝစွာ မစားသုံးရသောလူဦးရေသည် အာရှနှင့် အာဖရိကဒေသရှိ နိုင်ငံများတွင် ပို၍များပြားကြောင်း သိရသည်။ ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများသည် ၂၀၀၆ခုနှစ်တွင် တရှိန်ထိုးမြင့်တက်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇွန်လမှာ အမြင့်ဆုံးသို့ရောက်ခဲ့သည်။ (အမ်အင်အေ၊ ရိုက်တာ)
(ဒီဇင်ဘာလ ၁၂ရက် ၂၀၀၈) xxx ဘရာဇီးနိုင်ငံရှိဗေးလ်သတ္ထု ကုမ္ပဏီမှအလုပ်သမား(၁၃၀၀)လျော့ချ....
(ရီယိုဒီဂျနေးရိုး ၊ ဒီဇင်ဘာလ ၉ ရက်)
တောင်အမေရိကတိုက် ၊ ဘရာဇီးနိုင်ငံတွင်အကြီးအကျယ်လုပ်ကိုင်လျက်ရှိသော သတ္ထုတွင်းလုပ်ငန်း (ကွန်ပင်ဟီး ယားဗေးလ်ဒူးရီယို့ ဒို့ စ်(ခေါ်)ဗေးလ်)ကုမ္ပဏီသည် ကမ္ဘာတ၀ှမ်းရင်ဆိုင်နေရသော စီးပွားရေးအကျပ်အတည်း ကြောင့်ယင်း ကုမ္ပဏီ တွင် လုပ်ကိုင်နေသောအလုပ်သမား ၁၃၀၀ယောက်ကို အလုပ်မှလျော့ချခဲ့သည် ဟုဒီဇင်ဘာ လ-၃ရက်နေ့ တွင်ကြေညာ ခဲ့သည်။ ဗေးလ် ကုမ္ပဏီက ယခုလိုအလုပ်သမားမလျော့ မီကအလုပ်သမားအင်အား (၆၂၀၀၀)ဖြင့် လုပ်ငန်းလည် ပတ်လျက်ရှိသည်။ (အမ်အင်အေ ၊ဆင်ဟွာ)
(ဒီဇင်ဘာလ ၉ရက် ၂၀၀၈) အိန္ဒိယနှင့် ရုရှားညူကလီးယားစာချုပ် ချုပ်ပြီ…
အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိသော ရုရှားသမ္မတမက်ဗီဒက်ဇ်သည် အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာ ဒူးပြည်နယ် ဧရိယာထဲတွင် ညူကလီးယားလျှပ်စစ်ဓာတ်ပေါင်းဖို (၄)လုံးတည်ဆောက်ရန်အရေးပါသော စာချုပ်တစ်ခုကို အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ (အင်တာနက်)
xxx အမေရိကန်မှာ အလုပ်သမား(၅)သိန်းကျော် အလုပ်ထုတ်ခံရ (၀ါရှင်တန်၊ ဒီဇင်ဘာ- ၆)
တနှစ်တာမျှကြာလာပြီဖြစ်သော အရောင်းအ၀ယ်ကျဆင်းမှု စီးပွားရေးဂယက်ကြောင့် (၃၄)နှစ်အတွင်း အများဆုံး အဖြစ် နိုဝင်ဘာလတါင် အလုပ်သမား(၅၃၃၀၀၀)ကို အမေရိကန်အလုပ်ရှင်များက အလုပ်ထုတ်ပစ်ခဲ့ကြောင်း ဆင်ဟွာသတင်း တစ်ပုဒ်မှာ ဖော်ပြသည်။ နိုဝင်ဘာလအတွင်းက အလုပ်လက်မဲ့နှုန်းသည် (၆-ဒဿမ ၇)နာခိုင်နှုန်းရှိကြောင်း၊ ၁၉၉၃-ခုနှစ်က စတင်တွက်ချက်လျှင် အမြင့်ဆုံးဖြစ်ကြောင်း အလုပ်သမားဌာနက ဒီဇင်ဘာလ-၅ရက်နေ့တွင် ပြောကြားသည်။ (အမ်အင်အေ-ရိုက်တာ)
(ဒီဇင်ဘာလ ၈ရက် ၂၀၀၈) ဖိလစ်ပိုင်ရဲနှင့် ဓားပြတိုက်ပွဲ ၁၆-ဦးသေဆုံး…
ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာဒေသတွင် ဒီဇင်ဘာလ ၅ရက်နေ့ ညပိုင်းက ဖိလစ်ပိုင်ရဲတပ်ဖွဲ့နှင့် ဓားပြဂိုဏ်းသား များအကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အရပ်သား ၅-ဦးအပါအ၀င် ၁၆-ဦးသေဆုံးခဲ့ကြောင်း ဒီဇင်ဘာလ ၆ရက်နေ့ ထုတ် အင်တာနက် သတင်းတပုဒ်ကဖော်ပြသည်။
(ဒီဇင်ဘာလ ၇ရက် ၂၀၀၈) အီရတ်မှာ သေဆုံးသူ အမေရိကန်တပ်ဖွဲ့ဝင် ၄၀၀၀-ကျော်ပြီ….
၂၀၀၃-ခုနှစ် မတ်လမှ စတင်ကာ အမေရိကန်တို့က အီရတ်နိုင်ငံကို ၀င်ရောက်တိုက်ခိုက်ချိန်မှ စတင်ပြီး ယခု ၂၀၀၈-ခုနှစ် ဒီဇင်ဘာလ ၆-ရက်နေ့အထိ အီရတ်မှာ သေဆုံးသော အမေရိကန်တပ်ဖွဲ့ဝင် စုစုပေါင်းမှာ (၄၂၀၉)ဦး ရှိပြီဖြစ် ကြောင်း အင်တာနက်သတင်း တပုဒ်ကဖော်ပြသည်။ ထို့အပြင် အီရတ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဗြိတိန် ၁၇၆-ဦး၊ အီတလီ ၃၃-ဦး၊ ယူကရိန်း ၁၈-ဦး၊ ပိုလန် ၂၁-ဦး၊ ဘူဂေးရီးယား ၁၃-ဦး၊ စပိန် ၁၁-ဦး၊ ဒိန်းမတ် ၇-ဦး၊ အယ်လ် ဆာဗေဒို ၅-ဦး၊ ဆလိုဗက်ကီးယား ၄-ဦး၊ လစ်ဗျားနှင့် ဂျော်ဂျီယာတို့မှ ၃-ဦးစီ၊ အက်စတိုးနီးယား၊ နယ်သာလန်၊ ထိုင်းနှင့် ရိုမေးနီးယားတို့မှ ၂-ဦးစီ၊ ဟန်ဂေရီ၊ ကာဇက်စတန်နှင့် တောင်ကိုရီးယားတို့မှ ၁-ဦး စီသေဆုံးခဲ့သည်။ (အင်တာနက်)
30 Dec, 2008… ရေနံဈေးနှုန်းများ ပြန်လည်ဦးမော့လာပြီ…

No comments:
Post a Comment