တွေကြားက မြင်ကွင်းတွေဟာ တုန်ခါချောက်ခြားလို့ အံတကြိတ်ကြိတ် တောက်ခေါက်သံတချက်နဲ့ 
စကားတခွန်းထွက်အကျမှာပဲ သူ့ပါးပြင်တွေပူနွေးစွတ်စိုသွားခဲ့တယ်။
အလို…သူငိုလိုက်မိပါသလား..ဒါ..မျက်ရည်မဟုတ်
မျက်ရည်ဆိုတာရှုံးနိမ့်ခြင်းရဲ့ပြယုဂ်တခု
သူသိလိုက်တယ်၊
ခံယူချက်နှလုံးသားက
ယိုစီးကျလာတဲ့ အမှန်တရားသွေးစက်တချို့သာ ဖြစ်လိမ့်မယ်…….
သူ……..သံတိုင်တွေကို တင်းတင်းဆုပ်ကိုင်လို့ တဆတ်ဆတ်တုန်ရီနေတဲ့ နှုတ်ခမ်းတွေကိုထိမ်းချုပ်လို့ ဗျာပါဒသောကတွေဆူညံနေကြတဲ့
တရားရုံးမြင်ကွင်းတွေကြားမှာ မျက်စိအစုံကို အတင်းမှိတ်ချလိုက်မိတယ် ။ မှောင်အတိကျသွားတဲ့
မြင်ကွင်းထဲ တရိပ်ရိပ်ပေါ်လာကြတဲ့
ပုံရိပ်တွေကတော့……. ငိုယိုနေကြ၊ ဆာလောင်နေကြတဲ့ နာဂစ်လေးဘေး ဒုက္ခသည်တွေနဲ့ ထောက်ပံ့
ရေးပစ္စည်းတွေ မနိုင်မနင်းသယ်မပြီး
ဝေငှပေးနေကြတဲ့ သူ့ရဲဘော်၊ သူ့သူငယ်ချင်းတွေ အနုပညာရှင်တွေနဲ့ သူ့ရဲ့လှုပ်ရှားမှုများ…….။
ဒီနောက်တော့ စစ်အာဏာရှင်ဝံပုလွေတအုပ်နဲ့ လက်ကိုင်တုတ်ခွေးအတွေက သူ့ကိုကိုက်ချီလို့
ဖမ်းချုပ်လိုက်ပါတော့တယ်။ မဟုတ်က၊
ဟုတ်ကပုဒ်မတွေ သူ့လည်ပင်းကိုချိတ်ဆလိုက်ပါတော့တယ်။ သူကတော့ ပိရိပြတ်သားတဲ့
နှုတ်ခမ်းအစုံကို တချက်တွန့်ပြီး ပြုံးလိုက်ရုံပါပဲ…..။
ကမ္ဘာပေါ်မှာ မကြားဘူးသေးတဲ့ လက်ထပ်မင်္ဂလာ……လက်ထိပ်သ, ခြေကျင်းသံတွေက
မင်္ဂလာတေးသံဖြစ်လို့ …..မင်္ဂလာသြဘာစာကတော့
မတရားတဲ့ အမိန့်ချမှတ်သံတွေပဲပေါ့။ (၁၀) နှစ်ဆိုတဲ့ အမိန့်သံနဲ့ အထောက်အထားမဲ့ စွပ်
စွဲချက်တွေက ထောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့
သတို့သားနဲ့
မျက်ရည်မကျအောင်
ထိမ်းထားနိုင်တဲ့
သတို့သမီးတို့အပေါ်
အကြင်နာတဖက်ကမ်းအထိ
မင်္ဂလာသက်တမ်းရှည်စေရေး
ဆုမွန်တေးတွေများလား…………
အရေးတော်ပုံအောင်ရမည်ဆိုတဲ့
ကြွေးကြော်သံတွေကို
သူအကြိမ်ကြိမ်ကြွေးကြော်ခဲ့
ပြီးပြီ….မည်းနက်ပြည့်သိပ်ကတ္တရာစေးတွေအောက်မှာ သွေးကွက်တွေနဲ့အတူ သူ့ရဲ့
ယုံကြည်ချက်တွေကို စိုက်ပျိုးခဲ့ ပြီးပြီ။ (၇) ဇူလိုင်မျိုးဆက်,
(၇၄) မျိုးဆက်, (၈၈) မျိုးဆက်, (၂၀၀၇) မျိုးဆက်ဆိုတဲ့ တော်လှန်ပန်းတွေ ရဲရဲပွင့်ကြတဲ့
အထဲ သူလဲပါဝင်ခဲ့ပြီ။ သူ့ကိုနားလည် သူ့ကိုမြတ်နိုး
သူ့ကိုကိုးကွယ်တဲ့ ချစ်သူအတွက် သူဟာအမြင့်မြတ်ဆုံး လက်ထပ်မင်္ဂလာပွဲ တခုကို
ကျောင်းနံရံတဝိုက် ဒေါင်းအလံပြန်စိုက်မယ် ဆိုတဲ့
ကြွေးကြော်သံနဲ့အတူ
ကမ္ဘာသိကျင်းပနိုင်ခဲ့ပါရောလား………
မပန်းဝါဆိုတဲ့
သူ့ရဲ့ချစ်သူကလဲ
မျက်ရည်မကျ၊
မျက်နှာမညှိုး၊အာဏာရှင်မိစ္ဆာဆိုးတွေနဲ့ တိုက်ပွဲဆက်ဖို့ ဖြူစင်နူးညံ့တဲ့ လက်ဖဝါးလေးကို
သူ့ရဲ့လက်ဖဝါးကြမ်းကြမ်းပေါ်တင်လိုက်တယ်
ပြီးတော့သူတို့တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ကြတယ်။
သူတို့ရဲ့
သူငယ်ချင်းတွေ
မိဘအသိင်းဝိုင်းတွေကတော့
ဒီမြင်ကွင်းအပေါ်
ကြေကွဲမှုတွေအပြည့်နဲ့ ငေးကြည့်ကြရင်း သူတို့ရင်တွင်းကိုလဲ မမြင်နိုင်တဲ့ စိတ်ဓါတ်လှိုင်း
တခုက ရိုက်ခတ်သွားခဲ့ပါတော့တယ်။
လက်ထပ်လက်စွပ်မပေးဘူး……….
သူ…အားမာန်အပြည့်နဲ့
အပြုံးတပွင့်ပေးခဲ့တယ်…..အကြင်နာအနမ်းမပေးဘူး
သူ…ယုံကြည်ချက်တွေပေးခဲ့တယ်
မင်္ဂလာခန်းမမငှားလိက်ရတဲ့ သံတိုင်ကြားကလက်ထပ်ပွဲ အပြီးမှာ
သူ….အနည်းငယ် လှုပ်ရှားနေတဲ့
စိတ်ကို ထိမ်းပြီးစကားတခွန်းပြောလိုက်တယ်……. ဒီမိုကရေစီရမှပြန်ဆုံတွေ့ကြမယ် မပန်းဝါ …..။
မပန်းဝါရဲ့ အပြုံးတပွင့် ခေါင်းတညိတ်မှာ ကမ္ဘာပေါ်က ပန်းတွေအားလုံးတပြိုင်နက် ပွင့်သွားကြပါတော့တယ်။
(မတရားထောင်ဒဏ်ချခံလိုက်ရတဲ့သူငယ်ချင်းခင်မောင်ဝင်းအတွက်...)
ပေးပို့ သူ.....ဇော်မြင့်(မလေးရှား)
သူ…..ပိရိပြတ်သားတဲ့ နှုတခမ်းဖျားတွေတုန်ရီလို့ ရဲရင့်တောက်ပတဲ့ မျက်ဝန်းတွေမှုန်ဝေလို့သံတိုင်

No comments:
Post a Comment