နည်းပြကြီးဖာဂူဆန်သည် ၎င်းတည်းခိုရာဟိုတယ်အတွင်းမှထွက်ပြီး အပြင်သို့  လမ်းလျှောက်
ထွက်လာသည်။ ထိုအချိန်၌ လမ်းပေါ်တွင်သွားလာနေသည့် ကလေးငယ်တစ်ဦးက ဖာဂူဆန်
အားရပ်ခိုင်း၍ နာရီမေးသည်။
“ ဦး…နာရီဘယ်နှစ်နာရီထိုးပြီလဲမသိဘူး” ဖာဂူဆန်ကပြုံးပြီး…. “၁၀ နာရီထိုးပြီကွ ငါ့သားရ”
ထိုအခါ ကလေးငယ်က “ ဒါဆိုနောက်တစ်နာရီကြာရင် ကျွန်တော့်ဖင်ကိုလာနမ်းနော်”ဟု ဆို
ကာ ပြေးထွက်သွား၍ ဖာဂူဆန်ကဒေါသတကြီးဖြင့် ကလေးငယ်နောက်ကို ပြေးလိုက်သည်။
ဖာဂူဆန်ကြီးပြေးလာသည်ကိုမြင်၍ တာဝန်ကျရဲသားကတားပြီးမေးမြန်းမှုများပြုလုပ်ရာ
ဖာဂူဆန်က ဖြစ်ကြောင်းကုန်စင်ရှင်းပြသည်။ဤတွင်ရဲသားက မိမိ၏နာရီပြန်ကြည့်ပြီး သက်
ပြင်းချကာ “ ဒါများ ဦးရယ်၊ ဘာလောနေတာလဲ။ အခုမှ ၁၀ နာရီပဲရှိသေးတယ်။ သူကတစ်နာ
ရီပြည့်မှလာလို့  ပြောတဲ့ဥစ္စာ”
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံး ဟာသများမှ….
`စောပါသေးတယ်´

No comments:
Post a Comment