Xxxအဲသည်နေ့ က အာဏာပိုင်တွေကဟွန်းဟောက်ပြီးသည်လိုခြိမ်းခြောက်ကြတယ်…
``အိမ်တွေဖျက်မလား ၊မီးရှို့ ဖျက်ဆီးပစ်ရမလား´´ တဲ့..။
xxxအဲသည်မှာပဲငါတို့ ရဲ့ လုပ်အားခဘတ်ခုနှစ်ဆယ်,ရှစ်ဆယ်နဲ့ တည်ဆောက်ထားရတဲ့နှလုံးသားအိမ်တွေကို
အချိန်တိုတိုအတွင်းသင်းတို့ ရှေ့ မှောက်မှာပဲဖျက်ဆီးပစ်ခဲ့ရတယ်…။
xxxသည်အိမ်တွေဟာရိုးရိုးအိမ်တွေမဟုတ်ဘူး
ငါတို့ ရဲ့ နှလုံးအိမ်တွေဖြစ်တယ်…။
Xxxသည်အိမ်စုမှာ
ဒေါ်ရွှေစိန်ရဲ့ ကျေးလက်ဆေးပေးခန်းရှိတယ်..။
Xxxဆရာထိုက်သူအောင်ရဲ့ 
ကျေးလက်စာကြည်ခန်းလည်းရှိတယ်..။
xxxIRCကတည်ဆောက်ထားတဲ့..
ရေသန့် စနစ်နဲ့ ရေလောင်းအိမ်သာတွေရှိတယ်..။
Xxxငါတို့ ရွှေ့ ပြောင်းအလုပ်သမားတွေဟာ
ထိုင်းနိုင်ငံကိုလုပ်အားနဲ့ အကျိုးပြုနေသူတွေဖြစ်တယ်..။
Xxxငါတို့ မှာနေထိုင်ခွင့်လက်မှတ်ရယ်
အလုပ်လုပ်ခွင့်လက်မှတ်ရယ်မရှိတာနဲ့ 
ငါတို့ ဟာအလုပ်လုပ်ခွင်မရှိကြတော့ဘူးလား..။
Xxxငါတို့ ဟာ(နအဖ)ဆိုတဲ့ကျားကိုကြောက်လို့ 
ထိုင်းနိုင်ငံဆိုတဲ့ရှင်ကြီးကိုကိုးကွယ်ကြတာဖြစ်တယ်..။
Xxxရှင်ကြီးကပါ ကျားထက်ဆိုးပြီဆိုရင်
နောက်လာတဲ့မောင်ပုလဲဟာ ဒိုင်းဝန်ထက်ကဲပြီဆိုရင်
ငါတို့ ဟာမြန်မာပြည်ပြန်ရင်လည်း
ငတ်သေမယ့်အတူတူ
ဒီမှာပဲပေတေပြီးနေကြရမှာပဲတဲ့..။
Xxxထိုင်းနိုင်ငံမှာကတနေ့  ၆၀ ၊ ၇၀ ၊ ၈၀ ဘတ်ဆိုပေမယ့်
တရက်လုပ်ပြီးရင် ၂ ရက်လောက်စားလို့ ရတယ်
မြန်မာပြည်မှာကတရက်လုပ်ခဟာတရက်ပဲရတယ်လေ..။
Xxxသေချာပြန်ဆန်းစစ်ရင်
ငါတို့ အယောက်(၃၀၀)ထဲမှာ
အလုပ်သမားလက်မှတ်ရှိသူဟာလူ ၆၀ရှိတယ်…
Xxxဒါပေမယ့်ငါတို့ ကိုငါတို့ အလုပ်ရှင်က
လက်မှတ်သက်တမ်းဆက်မပေးထားဘူး..။
Xxxဒါကြောင့်ငါတို့ ဟာလက်မှတ်ရှိနေပါလျက်နဲ့ 
ရဲရဲတင်းတင်းမပြရဲကြဘူး…။
(ဆက်လက်ဖော်ပြပါမည်)
ခံစားတင်ပြသူ….သောင်ရင်းနဂါး
(အပိုင်း-၂)

No comments:
Post a Comment