ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မှာယနေ့ ည(၇နာရီ)လောက်ကထိုင်း-တရုတ်
လူမျိုးတဦးပိုင်ဈေးဆိုင်တဆိုင်မှာဈေးဝယ်ခဲ့သူမ၀င်း(၂၁နှစ်)ဟာ``သူခိုး´´
လို့အသားလွတ်စွပ်စွဲခံရပြီး ၅ချက်တိတိပါးရိုက်ခံခဲ့ရပါတယ်.....
မ၀င်းဟာဤဈေးဆိုင်ကနေ ငါးသေတ္တာဈေးမေးရာဈေးကြီးတာမို့ မ၀ယ်ပဲနဲ့ 
ဈေးသက်သာတဲ့တခြားဆိုင်မှာသွားဝယ်ရာနောက်ကလိုက်လာပြီးသူခိုးလို့ 
ပြောလည်းပြော,ရိုက်လည်းရိုက်တော့ပါပဲ...ပြီးတော့ငါးသေတ္တာဖိုးငွေ၁၆ဘတ်
ကိုအဲဒီထိုင်းတရုတ်ကအတင်းတောင်းနေတာမို့ မ၀င်းမှာကြောက်ကြောက်နဲ့ 
ပေးခဲ့ရပါသတဲ့......မ၀င်းဟာမဲဆောက်ဈေးမှာအသီးအနှံရောင်းသူဖြစ်ပြီး
သူရဲ့ မိတ်ဆွေဈေးသည်တွေနဲ့ အတူမိမိတို့ မြန်မာပြည်သူများအရေးပူးတွဲ
လှုပ်ရှားမှုကော်မတီ(JACBA)ထံကိုည(၇း၃၀)လောက်မှာဆက်သွယ်လာ
တာမို့ ထိုင်းဥပေဲဒပါပြဌာန်းချက်အတိုင်းအကြံပေးလမ်းညွန်ပြီးအခင်းဖြစ်ပွား
ရာဘွန်ခွန်းရပ်ကွက်ကရပ်ရွာလူကြီးထံအသိပေးတိုင်ကြားစေပါတယ်.....
ကျမတို့ မြန်မာပြည်သားတွေဆင်ခြင်သတိပြုစရာဖြစ်ရပ်လေးတခုပါ.....
တင်ပြသူ....ေဲဒလီယာ

No comments:
Post a Comment