သောကရင်တိုင်းရင်းသားတို့ ၏တရားသောစစ်ပွဲဆင်နွဲခဲ့သည့်နှစ်၆၀မြောက်က
ရင့်တော်လှန်ရေးနေ့ ဖြစ်ပေသည်။၁၉၄၉ခုနှစ်ဇန်န၀ါရီလ၃၁ရက်နေ့ တွင်ထိုစဉ်
ကပါလီမန်အစိုးရအားစတင်တော်လှန်ခဲ့ကြခြင်းဖြစ်ပြီးဤတော်လှန်ရေးခရီးရှည်
်ကြီးအတွင်းမှာပင်စောဘဦးကြီး ၊မန်းဘဇန်၊ဗိုလ်ချူပ်မြ၊ ဖဒိုစောဘ သင်စိန်၊ဖဒိုစော
တမလာဘော၊စသည့်ဥက္ကဌအဆက်ဆက်မှမိမိတို့ ပြည်သူလူထု
ကိုဦးဆောင်ဖြတ်သန်းခဲ့ကြပေသည်။KNU (ကရင်အမျိုးသားအစည်းအရုံး)နှင့်
့်KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)တို့ သည်မိမိတို့၏ပြည်သူ လူထုနှင့်အတူမြန်မာနိုင်ငံတွင်သက်တမ်းအရှည်ဆုံးလက်နက်ကိုင်တော်လှန်ရေး
ကိုဦးဆောင်ဆင်နွှဲခဲ့ကြပေသည်။ ကရင့်တိုင်းရင်းသားတို့ ၏တော်လှန်ရေးဘ၀အထွေ ထွေတွင်တော်လှန်ရေးရေစီးကြောင်းကားအနိမ့်အမြင့်၊အတက်အကျ၊အကွေ့ အ၀ိုက်၊ အနုအကြမ်းစသောတော်လှန်ရေးလမ်းများကိုအကောင်းဆုံးဖြတ်သန်းခဲ့ကြပေသည်။
၁၉၄၉ခုနှစ်မှ၁၉၆၂ခုနှစ်အထိကာလတွင်လွတ်လပ်ပြီးခေတ်ပါလီမန်အစိုးရအားလည်း
ကောင်း၊၁၉၆၂ခုနှစ်မတ်လမှ၁၉၈၈ခုနှစ်စက်တင်ဘာလအထိဗိုလ်နေ၀င်းအမှုးပြုသော
တစ်ပါတီအာဏာရှင်စနစ်နှင့်စစ်အစိုးရအားလည်းကောင်း၊၁၉၈၈ခုနှစ်စက်တင်ဘာလ
မှယနေ့ အထိ န၀တ(နအဖ)စစ်အုပ်စုအားလည်းကောင်းအသီးသီးတော်လှန်ခဲ့ကြသည်
ကိုတွေ့ ရသည်။ကရင့်တော်လှန်ရေးခရီးရှည်ကြီးတွင်-
(၁) ၁၉၅၀ခုနှစ်သြဂုတ်လ၁၂ရက်နေ့ ၌ဥက္ကဌကြီးစောဘဦးကြီးအားစစ်ဝါဒီများက
လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း(ထို နေ့ ကိုကရင်အာဇာနည်နေ့ အဖြစ်ယနေ့ တိုင်ကျင်းပ)။
့်(၂)၂၀၀၈ခုနှစ်ဖေဖော်ဝါရီလ၁၄ရက်နေ့ တွင်လည်းအထွေထွေအတွင်းရေးမှူးဖြစ်သူ
ဖဒိုမန်းရှာလဖန်းအားလုပ်ကြံသတ်ဖြတ်ခဲ့ခြင်း။
(၃)၁၉၉၄ခုနှစ်တွင်DKBA(တိုးတက်သောကရင်ဗုဒ္စဘာသာတပ်မတော်)ပေါ်ပေါက်လာခြင်း
……စသည်တို့ သည်စစ်ဝါဒီအဆက်ဆက်၏ သွေးခွဲလုပ်ကြံဖြိုခွင်းခဲ့သောမလိုလား အပ်သည့်ဖြစ်ရပ်များဖြစ်သည်။သွေးချင်းသားချင်းကရင်တိုင်းရင်းသားတို့ ၏နှစ်၆၀မြောက်
တော်လှန်ရေးနေ့ အခါသမယတွင်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းရေးနှင့်
့်အမျိုးသားတန်းတူညီမျှရေးတို့ အတွက်ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှကြိုးပမ်းအားထုတ်သွားပါ
မည်ဟုမိမိတို့ မှအလေးအနက်ဖော်ပြအပ်ပါသည်။ဥက္ကဌစောဘဦးကြီးလက်ထက်မှယနေ့ အ
ထိနှစ်ပေါင်း၆၀တိုင်အောင်မပြောင်းမလဲနှင့်တစ်ကြောင်းထဲသောလမ်းစဉ်များဖြစ်ကြသော....
(၁)လက်နက်ချခြင်းအလျဉ်းမရှိစေရ။
(၂)ကရင့်လက်နက်ကရင့်လက်ဝယ်ရှိရမည်။
(၃)ပြီးပြည့်စုံသောကရင်ပြည်နယ်ရရှိရမည်။
(၄)ကရင့်ကြမ္မာကရင်ဖန်တီးနိုင်ရမည်။........ဆိုသည်တို့ ကိုလည်းကောင်း၊
``ကရင်တွေရန်ကုန်ဆင်းပြီင်္းလည်စင်းမခံသမျှ၊ကရင့်တော်လှန်ရေးဟာဘယ်တော့မှမရှုံးဘူး´´
ဟူသောစောဘဦးကြီး၏မော်ကွန်းဝင်စကားသည်လည်းကောင်းမိမိတို့ ၏ညီနောင်သွေးချင်းများ
မိသားစုများ၏နှလုံးသားများတွင်စီးဝင်ပျံ့ နှံ့ ကျရောက်ပါစေသတည်း။
………………………တရားသောစစ်ပွဲ-ဆက်လက်ဆင်နွဲ ကြ။
………………………စစ်အုပ်စုအားဘက်ပေါင်းစုံမှဆန့် ကျင်တော်လှန်ကြ ။
(မြန်မာပြည်သားစာစောင် နှင့်ဘလော့ဂ်ဝိုင်းတော်သားများ)
မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
နေ့ စွဲ ။ ။ ၃၁ ဇန်န၀ါရီလ ၂၀၀၉။
ယနေ့ သည်မြန်မာပြည်သားသွေးချင်းသားချင်းညီအစ်ကိုမောင်နှမများဖြစ်ကြ

No comments:
Post a Comment