လက်ဆေးကာကန်သင်းခုံမှာဝိုင်းဖွဲ့ ထမင်းစား၊ပုဂံမင်းသားနှင့်အဖွဲ့ကလည်း ထမင်းဝင်စား၏။မည်သည့်ကောက်စိုက်သမကလုပ်ချလိုက်သည်မသိ…။
ပုဂံမင်းသား၏ထမင်းထဲတွင်ငရုတ်သီးမြုပ်ထား၊ ပုဂံမင်းသားဝါးမိတော့ချွေး ပြန်အောင်စပ်လေ၏။ကောက်စိုက်သမများတ၀ါးဝါးရီမောရင်းသံပြိုင်ဟစ်
်ကြွေးလိုက်ပုံက…``အရှေ့ တောင်တရိုးက…မယ်ချိုးလို့လာ… စပ်ပါပေ
့ငရုတ်သီး… စပ်ပါ့ငရုတ်သီး…စပ်ပါ့ငရုတ်သီး
xxxစပ်ပါ့ပူလောင်….ဆားဆောင်ခဲ့လေး…..အစေ့ကိုမောင်စားရင်…..
ခါးပူလိမ့်လေး….´´။ညစ်ပတ်သည်ဟုမထင်စေချင်ပါ။စပ်လွန်လွန်း၍
(စပ်ပါ့)ဟုအညာလေယူလေသိမ်းနှင့်ပြောခြင်းဖြစ်ပါသည်။အထက်အ
ညာတွင်ဟုတ်ပါ့၊မှန်ပါ့၊ကောင်းပါ့၊စားပါ့၊စပ်ပါ့၊ပူပါ့၊စသည်ဖြင့်ပြောလေ့ရှိ
ပါသည်။ပုဂံမင်းသားတို့ ၁၀ ယောက်ကနောက်ကြ ပြောင်ကြ လွန်းတော့
့ကောက်စိုက်သမများကအလုပ်ပျက်၍ခရီးမတွင်လှပေ။
အလုပ်ဖင့် နှေးပြီးနေစောင်း၍လယ်မပိတ်လျှင်နောက်တနေ့ ဆက်အလုပ်ဆင်းဖို
့ပြင်ရပေမည်။ထို့ကြောင့်ခေါင်းဆောင်ဒေါ်အံ့ကြီးကသူ့ အဖွဲ့ ကိုတီးတိုးအမိန်
့ပေးလိုက်ပုံက…..(ကောက်စိုက်သမ ၄ယောက်လျှင်ယခုလာရှုတ်သူယောကျာ်း
တယောက်ရအောင်ဖမ်းရမည်။မိသူကနို့ လှန်ပြီးတိုက်စေ) ဟူ၏။ လေးယောက်တစ်ယောက်လူဖမ်းပွဲစပါပြီ၊လယ်ကွင်းပြင်ရေတဖွေးဖွေးတွင်ပြေးသူပြေး၊လိုက်သူ
ူလိုက်၊တကိုယ်လုံးရေစိုရွှဲကြ၊ပထမဆုံးအမိခံရသူကနန်းတွင်းသားမောင်ဆင်တဲ့။
ဖမ်းမိသူက…မယ်ခါတဲ့။မယ်ခါကအပျိုစစ်စစ်မို့ ဟိုဒင်းကိုလှန်တိုက်ဖို့ ရှက်သွေးဖြာ
နေသော်လည်းခေါင်းဆောင်ကြီးဒေါ်အံ့ကြီးရဲ့ အမိန့် သံကိုမလွန်ဆန်ရဲ ….။အမိန့်
့သံပြင်းထန်လိုက်ပုံက…`` ဟဲ့ မယ်ခါ၊ ဘာလုပ်နေတာတုန်း၊အဲဒီကောင်ကိုဝ
အောင်တိုက်လိုက်စမ်း…..´´ ဆိုလေတော့မငြင်းသာ။ချိုချိုတိုက်ရရှာ၏။ဒေါ်အံ့ကြီး
ကပုဂံမင်းသားကိုအဖွဲ့ ခေါင်းဆောင်မှန်းသိထားပြီးဖြစ်၍သူကိုယ်တိုင်ဦးဆောင်ကာ
လေးယောက်ဝိုင်းဖမ်း၏။
မိသော်ဒေါ်အံ့ကြီးကိုယ်တိုင်ချိုချိုလှန်တိုက်ရာပထမအစမှာပုဂံမင်းသားကမသောက်၊
မရရအောင်ပါးစပ်ဖြဲပြီးစို့ခိုင်းပါမှပုဂံမင်းသားမလွဲသာစို့ ရလေ၏။ဤတွင်ကောက်စိုက်
်သမများအနိုင်ရရှိကာပုဂံမင်းသားတို့ ၁၀ဦးနန်းတော်သို့ သုတ်ခြေတင်ပြေးလေသည်။
အမရပူရမြို့ တော်တွင်တဘောင်ပေါ်ချေပြီ။လမ်းသွားလမ်းလာများ၊လူအများသီဆိုနေကြပုံမှာ….
``နေ၀င်ပြီပြန်ခဲ့ကွဲ့ ၊ ညိုနွဲ့ ရယ်လေး၊မိနို့ ချိုနှစ်ခါစို့တယ်၊နန်းမြို့ ကိုပေး…´´ဟူ၍ဖြစ်သည်။
ဤတွင်ပုဂံမင်းသားစဉ်းစားပုံမှာ…. နေ၀င်ပြီပြန်ခဲ့ကွယ့်၊ညိုနွဲ့ ရယ်လေးဆိုသည် မှာဖခမည်းတော်ကံကုန်တော့မည်၊နန်းတော်ကိုပြန်လာပါ၊မိနို့ ချိုနှစ်ခါစို့ တယ။်နန်းမြို့ 
ကိုပေးဟူသည်ငယ်စဉ်ကမိခင်နို့ ကိုစို့ ခဲ့ရသည်။ ယခုဒေါ်အံ့ကြီးနို့ ကိုစို့ ရသည်။မိမိ
ဘုရင်ဖြစ်တော့မည်ဟုဆိုလို ရင်းကောက်ယူရာမကြာမ သောကာလ၌ပင်သာယာ
ဝတီမင်းနတ်ရွာစံ၏။ ပုဂံမင်းသားနန်းတက်လေသည်။ ဘိသိတ်ခံပြီးနောက်တနေ့တွင်မင်းဧကရာဇ်အဆောင်အယောင်နှင့်နောက်လိုက်နောက်ပါများခြံရံလျက်ဒေါ်အံ့ကြီးတို
့ကောက်စိုက်ရာလယ်ကွင်းသို့ ပုဂံမင်းချီတက်သွား၏။ဒေါ်အံ့ကြီးမှာ အလွန်ကြောက်ဒူးတုန်နေပြီးပုဂံမင်းကိုတုန်တုန်ရီရီဖြင့်ဦးခိုက်နေရာပုဂံမင်းကမယ်တော်ဒေါ်အံ့ကြီး၏
သူ့အပေါ်ကျေးဇူးကြီးမားပုံမှအစ၊အတိတ်တဘောင်နိမိတ်များကြောင့်မင်းဖြစ်လာရပုံ
ကိုရှင်းပြ၏။ထိုနောက်ဒေါ်အံ့ကြီးကိုနန်းတော်သို့ ခေါ်၍ဒုတိယအမေ အရာထား ရာ ကျွေးပြုစုလေသည်။ဘာသာရေးလိုက်စားသောဒေါ်အံ့ကြီးမှာအမရပူရတွင်ကျောင်း
ကြီးတဆောင်ဆောက်လုပ်လှူဒါန်းရာယခုတိုင်(မယ်တော်အံ့ကြီးကျောင်းတိုက်)ဟု
တွင်လေသည်။အထက်တွင်ဖော်ပြခဲ့သောမောင်ဆင်နှင့်မယ်ခါတို့ ကိုဇာတ်ပေါင်းရ
သော်ချို ချိုတိုက်သည့်နေ့မှစ၍ တဦးနှင့်တဦးချစ်ကြိုက်သွားခဲ့ရာ ပုဂံမင်းမှသူကိုယ်တိုင်ဦးစီးကာထိမ်းမြားလက်ထပ်ပေးလိုက်လေသတည်း။
ပေးပို့ သူ…..မဟာဇော်-(မကွေး)
ကျေးဇူးရှင်ဆရာကြီးဦးချမ်းမြ(မြကေတု)သို့ ဦးခိုက်လျက်......
ထို့နောက်ကောက်စိုက်သမများလယ်ကန်သင်းပေါ်တက်လာကြပြီးခြေဆေး၊

No comments:
Post a Comment