ထိုင်း-မြန်မာနယ်စပ်အခြေစိုက်မြန်မာအမျိုးသမီးများအတွက်လူမူကူညီစောင့်ရှောက်
ရေးအဖွဲ့ (SAW)ရဲ့ လူကုန်ကူးခံရသောအမျိုးသမီးနဲ့ ကလေးတွေအတွက်စိမ်းလန်းသော
မျှော်လင့်ချက်များ(Green Hopes Centre)ဂေဟာထပ်မံတိုးချဲ့  ဖွင့်လှစ်ခြင်းအခမ်းအနား
တရပ်ကိုယနေ့ နံနက်ပိုင်းကမဲဆောက်မြို့ တနေရာမှာကျင်းပခဲ့ပါတယ်...SAW အဖွဲ့ ကို
၂၀၀၀ခုနှစ်ဇွန်လ၂၅ရက်နေ့ မှာအခက်အခဲတွေ ကြားကစတင်တည်ထောင်ခဲ့ပြီးစတင်စဉ်
ကဘာမှရံပုံငွေမရှိတာမို့ မယ်တော်ဆေးခန်းမှာရံပုံငွေဆိုင်ခန်းဖွင့်လှစ်ပြီးရပ်တည်လာခဲ့ရ
ကြောင်း...ဆိုလိုတာကယနေ့ အခါလို အထောက်အပံ့တွေမရှိစဉ်ကတောင်လုပ်လက်စ
အလုပ်တွေကိုလုပ်လာခဲ့တာမို့ လို့ အခုအခါမှာလည်းအထောက်အပံ့ရသည်ဖြစ်စေ..
မရသည်ဖြစ်စေ...လုပ်လက်စအလုပ်တွေကိုလုပ်သွားမှာပဲဖြစ်ကြောင်း...အခုလိုအောင်
မြင်လာတာဟာအားလုံးသောအဖွဲ့ အစည်းအသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မူရရှိလို့ ဖြစ်
ကြောင်း....UNDPကနေ၂၀၀၈ခုနှစ်အတွက်ဖဲကြိုးနီဆုကိုSAWကရရှိထားတာမို့ လုပ်ရကိုင်
ရတာပိုမို အားရှိပါကြောင်း...ဆက်လက်ပြီးမိမိတို့ အဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်ကြပါရန်ဖိတ်
ခေါ်တိုက်တွန်းပါကြောင်း... ဒါရိုက်တာမအေးအေးမာကရှင်းလင်းတင်ပြသွားပါတယ်...
ဗွီဒီယိုဆလိုက်ရှိုးအထောက်အထားတွေနဲ့ တကွသူမကစုံစုံလင်လင်ရှင်းပြသွားသလိုတက်
ရောက်လာသောထိုင်း, မြန်မာအချို့ ကလည်းသိချင်တာတွေကိုသူမကိုမေးမြန်းတဲ့ အခါ
သူမကရှင်းလင်းဖြေကြားသွားတာတွေ့ရပါတယ်...
သတင်းမှတ်တမ်း...မြန်မာပြည်သား
SAWမှ (Green Hopes Centre) ဖွင့်လှစ်ပွဲ..အခမ်းအနား..

No comments:
Post a Comment