ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့ မြောက်ပိုင်းရှိမယ်ပကျေးရွာအုပ်စု၊ရွှေကျွန်းတောရပ်ကွက်တွင်
မြန်မာ့ရိုးရာထမနဲပွဲကိုအဝေးရောက်မြန်မာပြည်သားတိုင်းရင်းသား၃၀၀ကျော်တို့ ကယနေညနေပိုင်း
မှာပြုလုပ်ခဲ့ကြကြောင်းမြန်မာပြည်သားကကွင်းဆင်းမှတ်တမ်းတင်ခဲ့ပါသည်။အဆိုပါရပ်ကွက်တွင်
ကျင်းပသောစုပေါင်းထမနဲပွဲသို့ ဗမာ၊မွန်၊ကရင်၊ရခိုင်စသည့်တိုင်းရင်းသားများ(စုစုပေါင်း၃၀၀)ခန့် 
အပြင်ဘေးပတ်ဝန်းကျင်ရှိကြယ်စီလိုက်စက်ရုံ၊ဆာရာမစ်စက်ရုံစသောစက်ရုံအလုပ်ရုံအချို့ မှအလုပ်
သမားများလည်းလာရောက်ကာပျော်ရွှင်စွာဆင်နွဲကြသည်ကိုဤသို့ တွေ့ မြင်ရပါသည်။
သတင်းမှတ်တမ်း..........မြန်မာပြည်သား

No comments:
Post a Comment