(ဖေဖော်ဝါရီလ၁၁ရက်၊၂၀၀၉)
ဖြစ်ရပ်-၁။ ။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ တော်ရှိမြန်မာသံရုံးရှေ့ တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လွတ်မြောက်နယ်မြေ(မလေးရှားဌာနခွဲ)မှဦးဆောင်ကာယနေ့ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက်မြန်မာပြည်တွင်းရှိအ
မျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှတောင်းဆိုချက်ကိုထောက်ခံဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
(RFA)
ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံ-ချင်းမိုင်မြို့ တွင်ရှမ်းတိုင်းရင်းသားအများစုပါဝင်သူတို့ ကိုအခုရက်ပိုင်းအတွင်း
ဆက်တိုက်ဆိုသလို့ ဖမ်းဆီးလာရာယခုအခါလူရာဂဏန်း အထိရှိသွားပြီဖြစ်ကြောင်းဗွီအိုအေသတင်း တပုဒ်ကဖော်ပြသည်။ပြီးခဲ့သောဖေဖော်ဝါရီလ၈ရက်နေ့ ကရှမ်းတိုင်းရင်းသားနှစ်ဦးမှချင်းမိုင်မြို့ (မယ့်ဂျိုး) တက္ကသိုလ်ကျောင်းသူတဦးအားအဓမ္မပြုကျင့်ပြီးသတ်ဖြတ်ခဲ့သည့်အတွက်တက္ကသိုလ်ကျောင်းသား
များကအလုပ်သမားများကိုရှင်းလင်းပေးရန်ဆန္ဒပြတောင်းဆိုခဲ့ကြသလိုအာဏာပိုင်များကလည်းတိုး
မြှင့်ဖမ်းဆီးခဲ့သည်။
(ဖေဖော်ဝါရီလ၉ရက်၊၂၀၀၉)
ထိုင်းနိုင်ငံချင်းမိုင်မြို့ တွင်ထိုင်းကျောင်းသူလေးတဦးကိုမြန်မာအလုပ်သမား၂ဦးကအဓမ္မပြု
ကျင့်ပြီးယင်းတို့ ၏အလုပ်သမားတန်းလျား၌ပစ်ထားခဲ့စဉ်ယမန်နေ့ ကထိုင်းရဲမှရှာ ဖွေဖမ်း
ဆီးခဲ့ကြောင်းသတင်းရရှိခဲ့သည်။ထိုင်းရဲကအဆိုပါအလုပ်သမား၂ဦးနေထိုင်ရာဆောက်လုပ
်ရေးလုပ်ငန်းခွင်တန်းလျားသို့ သွားရောက်ရှာဖွေဖမ်းဆီးရာ တဦးသာဖမ်းမိပြီးတဦးမှာထွက် ပြေးလွတ်မြောက်သွားကြောင်း၊ဤမူဒိန်းမှုနှင့်ပတ်သက်၍တက္ကသိုလ်ကျောင်းဆောင်အနီးရ
ှိမြန်မာအလုပ်သမားများ၏ဆောက်လုပ်ရေးတန်းလျားများကိုဖျက်သိမ်းပေးရန်နှင့်ယင်းတို့ ကိုထိုအနားတ၀ိုက်၌ထားရှိခြင်းမပြုရန်ထိုင်းကျောင်းသားများကစုပေါင်းဆန္ဒပြခဲ့သဖြင့်ထိုင်း
အာဏာပိုင်များကကျောင်းသားများ၏ဆန္ဒအတိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
(BBC)
(ဖေဖော်ဝါရီလ၈ရက်၊၂၀၀၉)
ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံဗာသ၀ပ်ပြည်နယ်က မုံဇ၀ါးပလပ်(ခေါ်)မြန်မာအလုပ်သမားများ နေထိုင်ရာရပ်ကွက်တွင်ဖေဖော်ဝါရီလ၈ရက်နေ့ ညကအလုပ်သမား၅၀ခန့် ကိုအာဏာပိုင်များ
မှဖမ်းဆီးခဲ့သဖြင့်မိမိတို့ လုံခြုံရေးအတွက်ကင်းစောင့်နေကြကြောင်းကာယကံရှင်အလုပ်သမား
များကပြောဆိုသည်။(NMG-သတင်း)
ဖြစ်ရပ်-၂။ ။ထိုင်းစီးပွားရေးကျဆင်းနေမှုကြောင့်ထိုင်းအစိုးရအနေဖြင့်အမေ
ရိကန်ဒေါ်လာသန်း၃၃၀၀ရှိသောစီးပွားရေးစီင်္မံကိန်းတရပ်ကိုချမှတ်ပြီးစီးပွားရေး
ပြန်လည်ဦးမော့လာအောင်ဆောင်ရွက်သွားရန်ရှိကြောင်းဝန်ကြီးချူပ်အဘီဆစ်
ကယနေ့ ပြောကြားလိုက်သည်။(RFA)
ဖြစ်ရပ်-၃။ ။ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့ တောင်ဘက်တွင်ရှိသောဖုတ်ဖရာ့
မြို့ နယ်၄၄ကီလိုမီတာကျေးရွာတွင်ဒေါ်ခင်သန်းမော်ဝန်း(ပြောင်ကြီးဝန်းအနီး)မှ
မြန်မာအလုပ်သမား၎ဦးနှင့်စောထူးဝန်းထဲမှမြန်မာအလုပ်သမား-၁ဦးတို့ အား
တရားမ၀င်နေထိုင်မှု၊တရားမ၀င်ဈေးရောင်းမှုတို့ ဖြင့်ထိုင်းအာဏာပိုင်များကယနေ့ 
လာရောက်ရှာဖွေဖမ်းဆီးသွားကြောင်းဒေသခံများကမြန်မာပြည်သားသို့ ပြောပြသည်။
(ဖေဖော်ဝါရီလ၇ရက်၊၂၀၀၉)
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှလူအင်အား၂၀၀၀ကျော်ပါဝင်သောစက်ဘီးစီးချစ်
်ကြည်ရေးအဖွဲ့ သည့် ဖေဖော်ဝါရီင်္လ၇ရက်နေ့ တွင်မြ၀တီမြို့ သို့ စက်ဘီးစီးကာတနေ့ 
တာလည်ပတ်ခဲ့ကြောင်းသတင်းရရှိသည်။ဤစက်ဘီးစီးလှုပ်ရှားမှုကိုလွန်ခဲ့သော၁၀နှစ်ခန့် မှစတင်ခဲ့ခြင်းဖြစ်ပြီးယခုနှစ်၁၀ကြိမ်မြောက်လှုပ်ရှားမှုတွင်၂နိုင်ငံခရီးသွားလုပ်ငန်းတိုးမြှင့်မှု
အတွက်မဲဆောက်ဒေသမှထိုင်းနိုင်ငံသားများအားမြ၀တီမြို့ သို့ တနေ့ တာလည်ပတ်စေ ခြင်းဖြစ်ကြောင်းတာ့ခ်ခရိုင်စက်မှုလုပ်ငန်းရှင်များနှင့်ကုန်သည်ကြီးများအသင်း(FTI)က
ပြောဆိုသည်။(BBC)
(ဖေဖော်ဝါရီ၆ရက်၊၂၀၀၉)
ဖြစ်ရပ်-၁။ ။ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော(UNHCR)၏အထူးသံတမန်တဦးဖြစ်
သူဟောလီးဝုဒ်စူပါစတားမင်းသမီးအင်ဂျလီနာဂျိုလီကလှေစီးရိုဟင်ဂျာဒုက္ခသည်များ
ကိုလူသားချင်းစာနာထောက်ထားရန်နှင့်ကာကွယ်စောင့်ရှောက်ပေးလိမ့်မည်ဟုမိမိ
မျှော်လင့်ကြောင်းထိုင်းနိုင်ငံအာ့းဖေဖော်ဝါရီလ၆ရက်နေ့ တွင်တိုက်တွန်းပြော
ဆိုလိုက်သည်။(RFA)
ဖြစ်ရပ်-၂။ ။ကမ္ဘောဒီးယားဝန်ကြီးချူပ်ဟွန်ဆန်ကဧည့်သည်တော်ထိုင်းကာကွယ်ရေး
ဝန်ကြီးနှင့်တွေ့ ဆုံအပြီးတွင်အငြင်းပွားနေသောဘုရားကျောင်းကိစ္စနှင့်ပတ်သက်၍မိမိ
တို့ နှစ်နိုင်ငံသည်ငြိမ်းချမ်းစွားဆွေးနွေးအဖြေရှာနိုင်ခဲ့ကြောင်းယနေ့ ပြောကြားလိုက်သည်။
(RFA)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံမြောက်ပိုင်းမီရတ်ပြည်နယ်တွင်လက်ရှိအာဏာရပါတီကိုဆန့် ကျင့်သောအတိုက်အခံပါတီဦးဆောင်သည့်လူထုဆန္ဒပြပွဲတရပ်ဖေဖော်ဝါရီလ၆ရက်ကဖြစ်ပွား
ကြောင်းသိရသည်။(VOA)
(ဖေဖော်ဝါရီ၅ရက်၊၂၀၀၉)
ရှမ်းပြည်နယ်အရှေ့ ပိုင်း၊ထိုင်း-မြန်မာနယ်စပ်တာချီလိတ်မြို့ တွင်မှောင်ခိုတင်ဆောင်လာ
သောလက်နက်ခဲယမ်းမီးကျောက်အချို့ ကိုမြန်မာအာဏာပိုင်များကသိမ်းဆည်းရမိခဲ့ကြောင်း
သတင်းရရှိသည်။အဆိုပါလက်နက်များနှင့်အတူစစ်တပ်မှအရာရှိနှင့်ရဲဘော်အချို့ ကိုစစ်ဆေး
မေးမြန်းနေဆဲရှိပြီးတြိဂံဒေသတိုင်းစစ်ဌာနချူပ်တိုင်းမှူးဗိုလ်မှူးချူပ်ကျော်ဖြိုးမှလည်းလာရောက်
ကွင်းဆင်းစစ်ဆေးသွားကြောင်းသတင်းရရှိသည်။(VOA)
(ဖေဖော်ဝါရီ၎ရက်၊၂၀၀၉)
ထိုင်းတက္ကသိုလ်ကျောင်းသူ၇၀%သည်အင်တာနက်ပြည့်တန်ဆာခန်းဝက်ဝ်ဆိုက်များသို့ 
မိမိတို့ ခန္စာကိုယ်ကို အချိန်ပိုင်းရောင်းစားရန်ဆက်သွယ်ခဲ့ကြသည်ဟုတက္ကသိုလ်လူထု
ဆန္ဒစစ်တမ်းကိုကိုးကားပြီးထိုင်းသတင်းစာများတွင်ဖော်ပြထားသည်။(ခေတ်ပြိုင်)
(ဖေဖော်ဝါရီ၃ရက်၊၂၀၀၉)
ဖြစ်ရပ်-၁။ ။ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာအထူးသံတမန်တဦးဖြစ်သူကမ္ဘာကျော်ဟော
လီးဝုဒ်မင်းသမီးအင်ဂျလီနာဂျိုလီနှင့်ခင်ပွန်းဖြစ်သူဘရက်ပစ်တို့ ဇနီးမောင်နှံသည်ထိုင်း-မြန်မာ
နယ်စပ်ရှိကရင်နီဒုက္ခသည်စခန်းသို့ ဖေဖော်ဝါရီလ၃ရက်နေ့ ကလေ့လာရေးခရီးရောက်ရှိခဲ့ပြီး
ဒုက္ခသည်များအားလွတ်လပ်စွာနေထိုင်ခွင့်ကိုယခုထက်ပိုပြီးတိုးမြှင့်ပေးပါရန်ပန်ကြားလိုက်
ကြောင်းသတင်းရရှိသည်။(VOA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့ တွင်ရိုဟင်ဂျာလူမျိုးများအတွက်ကုလသမဂ္ဂ၏ဒုက္ခသည်
များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)ရုံးမှဒုက္ခသည်စခန်းတည်ဆောက်မည်ဆိုခြင်းကြောင့်ဖေဖော်ဝါရီ
လ၃ရက်နေ့ ၌ဒေသခံထိုင်းလူမျိုး၁၀၀၀ခန့် ဆန္ဒပြခဲ့ကြကြောင်းသတင်းရရှိသည်။(RFA)
(ဖေဖော်ဝါရီ၂ရက်၊၂၀၀၉)
ယနေ့ ကျရောက်သော၆၂မြောက်မွန်အမျိုးသားနေ့ ကိုမြန်မာပြည်တွင်းရှိမွန်ဒေသများတွင်သာမက
ထိုင်း-မြန်မာနယ်စပ်စံခလဘူရီမြို့ ရှိမွန်တော်လှန်ရေး အင်အားစုများကပါပြည်သူများနှင့်အတူအမှတ်
တရကျင်းပခဲ့ကြကြောင်းသတင်းရရှိသည်။

No comments:
Post a Comment