ကိတ်ဝင်းဆလက်က သူမသည် အော်စကာဆုကို လက်ခံရရှိသည့် အထိမ်းအမှတ်အဖြစ်
် ဧည့်ခံပွဲတစ်ခု ပြုလုပ်ကျင်းပသွားရန်ပင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထုတ်ဖော်
ပြောဆိုခဲ့သည်။ အသက်(၃၃)နှစ်ရှိ မင်းသမီးသည် ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင်
ကျင်းပပြုလုပ်မည့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု
ရရှိမည်ဟု ထိပ်ဆုံးနေရာမှ ရေပန်းစားနေသူဖြစ်သည်။ သူမသည် ရွှေကမ္ဘာလုံးဆုနှင့်
Baftasဆုများကို လက်ခံရရှိပြီးဖြစ်သလို The Readerဇာတ်ကားဖြင့် အော်စကာဆု ဆွတ်
်ခူးလိမ့်မည်ဟု တစ်ပြေးနေသူလည်းဖြစ်သည်။ သူမသည် အော်စကာ ဆန်ခါတင်စာရင်းတွင်
် ခြောက်ကြိမ်မြောက် ပါဝင်ပြီးနောက် သူမသာ ယခုနှစ် ဆုပေးပွဲ၏ အကောင်းဆုံး အမျိုးသမီး
ဇာတ်ဆောင်ဆုကို ရရှိလိမ့်မည်ဟု ယုံကြည်ထားကြောင်း ၀င်းဆလက်ကဆိုသည်။
သူမ၏ ဧည့်ခံပွဲသို့ မိတ်ဆွေအပေါင်းအသင်းများနှင့် မိသားစုများကိုသာ ဖိတ်ကြားသွားရန် ရည်
်ရွယ်ထားကြောင်းလည်း မင်းသမီးက ပြောကြားခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ
ဆမ်မန်းဒက်စ်ကလည်း ၎င်း၏ဇနီးသည် အော်စကာဆုနှင့် ထိုက်တန်ကြောင်း ထောက်ခံပြော
ဆိုခဲ့သည်။ ကိတ်ဝင်းဆလက်က အော်စကာဆုကို လက်ခံရရှိမည့် အခိုက်အတန့်သည် အလွန်ရင်
်ခုန်စရာ ကောင်းလိမ့်မည်ထင်ကြောင်း၊ သူမယခုကဲ့သို့ အောင်မြင်မှုများ ရရှိစေရန် ကူညီခဲ့သည့်
ခင်ပွန်းသည်ကိုလည်း ကျေးဇူးတင်မိကြောင်း သတင်းထောက်များထံ ပြောကြားသွားသည်။
သူမအနေနှင့် အော်စကာဆုကို သေချာပေါက် ရရှိမည်ဟု ယုံကြည်ကြောင်း၊ အလွဲအမှားအချို့
ကြောင့် သူမအနေနှင့် အော်စကာဆု မရခဲ့လျင်လည်း သူမ၏ အရည်အသွေးကို ယုံကြည်သော
အားဖြင့် ဧည့်ခံပွဲကို ကျင်းပမည်သာဖြစ်ကြောင်း ကိတ်ဝင်းဆလက်က ထုတ်ဖော်ပြောဆိုသွားသည်။
(အင်တာနက်သတင်း)
xxxအော်စကာဆုညစာစားပွဲအတွက် ကိတ်ဝင်းဆလက်ကြိုတင်ပြင်ဆင်ထား

No comments:
Post a Comment